EQUAL RIGHTS for all the citizens is already in the 2008 CONSTITUTION

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) တွင် အောက်ပါအတိုင်း ဖေါ်ပြထားပါသည် -

၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ

  • လူမျိုး၊
  • ဇာတိ၊
  • ကိုးကွယ်ရာဘာသာ၊
  • ရာထူးဌာနနန္တရ၊
  • အဆင့်အတန်း၊
  • ယဉ်ကျေးမှု၊
  • အမျိုးသား၊ အမျိုးသမီး၊
  • ဆင်းရဲချမ်းသာ

တို့ကို အကြောင်းပြု၍ခွဲခြားမှုမရှိစေရ။

၃၄၉။ နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့် အလမ်း ရရှိစေရမည် -

(က) ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊

(ခ) အလုပ်လုပ်ကိုင်မှု

(ဂ) ကုန်သွယ်ရောင်းဝယ် ဖောက်ကားမှု၊

(ဃ) အတက်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊

(င) ၀ိဇ္ဖာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု။

အခန်း(၈)

နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ

၃၄၅။ အောက်ဖေါ်ပြပါ အရည်းအချင်း တစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ နိုင်ငံသားများဖြစ်ကြသည် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊

(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းလိုက်သည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ။

၃၄၇။ နိုင်ငံတော်သည်မည်သူ့ကိုမဆိုဥပဒေအရာတွင်တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့အပြင်ဥပဒေ ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။

၃၆၆။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ-

(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်။

(ခ) ဥပဒေဖြင့်ပြဌာန်းထားသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်။

(ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့်အနုပညာ ခေတ်မီတိုးတက်စေရန် တီထွင်ကြံဆ ဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ် ဆောင်ရွက်ခွင့်ရှိသည်။

၃၈၄။ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကိုလိုက်နာ စောင့်ထိန်းရန် တာဝန်ရှိသည်။

TQ my brother, Haji U Mg Mg for the information.

About these ads

Tags: , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.

Join 4,346 other followers

%d bloggers like this: