Archive for May 11th, 2012

ချစ်တီးကုလားလို မြန်မာပြည်ကိုငွေနဲ့  သိမ်းမှာကြောက်ရင်

May 11, 2012

Source MMSY မမေးလည်းဖြေ (၁) – ချစ်တီးကုလားလို မြန်မာပြည်ကိုငွေနဲ့  သိမ်းမှာကြောက်ရင်

မွတ်စလင်မ် မုန်းတီးရေးသမားတွေ လူသိရှင်ကြား နှိမ်ချရေးသားနေတာတွေကို သေချာ လိုက်ဖတ် ကြည့်တော့ နားလည်မှုလွဲနေတာတွေ အများကြီးတွေ့ ရတယ်။ တချို့ က နားမလည်လို့  ကြားဖူးနားဝ နဲ့ အမြင်မှားနေပေမဲ့ တချို့ ကျတော့ လူမျိုးရေး ဘာသာရေးမုန်းတီးအောင် သက်သက်မဲ့ သတင်းမှား တွေနဲ့  မှိုင်းတိုက်နေကြတယ်။ ဒါကြောင့် မမေးလည်းဖြေ ဆိုတဲ့ ခေါင်းစဉ်နဲ့  တခုချင်းစီ ဖြေသွားပါ မယ်။

ပထမဦးဆုံးအနေနဲ့  ခုနကတင် ဖေ့စ်ဘွတ်ခ်မှာ ဖတ်မိတဲ့ ကော်မန့် နဲ့  စချင်ပါတယ်။

ညီမငယ်လေးတစ်ယောက် က “ဟ ချစ်တီးကုလားတွေသွား ကြည့်ပါလား။ ငွေနဲ့ ပေါက်ပြီးသိမ်း သွား မယ်” လို့ ပြောပါတယ်။ မမေးပေမဲ့ဖြေပါမယ်။ ချစ်တီးနဲ့  မွတ်စလင်မ်ရောချတာ လုံးဝ လုံးဝ အဓိပ္ဗါယ် မရှိပါ။ မွတ်စလင်မ်နဲ့  ငွေချေးချစ်တီးဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ ဘာဖြစ်လို့ လဲ?

(more…)

မော်လ၀ီ ပသီကျော်ဦး ရဲ့ ပသီသမိုင်းလေ့လာချက်များ

May 11, 2012

Source: Myanmar Muslim.Net မော်လ၀ီ ပသီကျော်ဦး ရဲ့ ပသီသမိုင်းလေ့လာချက်များ

မဆလ အစိုးရခေတ် ဖျောက်ဖျက်ခြင်းခံခဲ့ရသော ပသီတို့၏ သမိုင်းဆိုင်ရာလေ့လာချက်များ ကို စာတမ်းပြုစုထားခြင်းဖြစ်ပါသည်။ ဗိုလ်နေ၀င်းဦးဆောင်သော မဆလ အစိုးရလက်ထက်တွင် ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒ မိုင်းတိုက်ကာ  မြန်မာ့ သမိုင်းအဆက်ဆက် ရှိခဲ့သည် များစွာသော တိုင်းရင်းသာ လူမျိုးများအား ဖွဲစည်းပုံ အခြေခံဥပဒေမှ ဖယ်ထုတ်ခြင်း သမိုင်းအဆက်ဆက် မည်သည့် အချိန်ကမှ မရှိခဲ့သော လူမျိုးများအား စစ်အုပ်စု၏ အကျိုးစီးပွားအတွက် တိုင်းရင်းသား အဖြစ် သတ်မှတ်ခဲ့ခြင်းများ ကို လျှို့ဝှက် ညွန်ကြားချက်မျိုးစုံဖြင့် စီမံခဲ့ပါသည်။

(more…)

ဗမာမွတ်စလင်

May 11, 2012

ဗမာမွတ်စလင် – အစ္စလာမ်၊ မွတ်ဆလင်မ်၊ မဟာမေဒင် 

“အစ္စလာမ်”ဟုသည် အရဘီစကား ဖြစ်ပါသည်။ “ငြိမ်းချမ်းစေခြင်း၊ အမိန့်နာခံခြင်း”ဟု အဓိပ္ပါယ်ရပါသည်။ (အလ်-ဖရာအိဒ် အရဗီ-အင်္ဂလိပ် အဘီဓါန် ၊ဘေရွက်မြို့ထုတ်)

“မွတ်ဆလင်မ်”ဟူသည်အရဘီသာသာစကားဖြစ်သည်။ “ငြိမ်းချမ်းစေသူ၊ အမိန့်နာခံသူ ” ဟု အဓိပ္ပါယ်ရပါသည်။ (အထက်ပါ အဘိဓါန်)

လက်တွေ့အသုံးချတွင် အစ္စလာမ် ဟူသည် ဘာသာတရားတစ်ခုဖြစ်၍ ယင်းဘာသာတရားကို သက်ဝင်ယုံကြည်သူ မည်သူကိုမဆို မွတ်ဆလင်မ် ဟု ခေါ်ပါသည်။ ထို့ကြောင့် “မွတ်ဆလင်မ် ” ဟူသည်မှာ “အစ္စလာမ်” ဘာသတရားကိုကိုးကွယ် သူမည်သည့်လူမျိုးမဆိုခေါ်ပြီးလူမျိုးတစ်မျိုး ၏ အမည်မဟုတ်ပါ။  (more…)
  • Blog Stats


  • Follow

    Get every new post delivered to your Inbox.

    Join 4,228 other followers