Source: Myanmar Muslim.Net မော်လ၀ီ ပသီကျော်ဦး ရဲ့ ပသီသမိုင်းလေ့လာချက်များ
မဆလ အစိုးရခေတ် ဖျောက်ဖျက်ခြင်းခံခဲ့ရသော ပသီတို့၏ သမိုင်းဆိုင်ရာလေ့လာချက်များ ကို စာတမ်းပြုစုထားခြင်းဖြစ်ပါသည်။ ဗိုလ်နေ၀င်းဦးဆောင်သော မဆလ အစိုးရလက်ထက်တွင် ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒ မိုင်းတိုက်ကာ မြန်မာ့ သမိုင်းအဆက်ဆက် ရှိခဲ့သည် များစွာသော တိုင်းရင်းသာ လူမျိုးများအား ဖွဲစည်းပုံ အခြေခံဥပဒေမှ ဖယ်ထုတ်ခြင်း သမိုင်းအဆက်ဆက် မည်သည့် အချိန်ကမှ မရှိခဲ့သော လူမျိုးများအား စစ်အုပ်စု၏ အကျိုးစီးပွားအတွက် တိုင်းရင်းသား အဖြစ် သတ်မှတ်ခဲ့ခြင်းများ ကို လျှို့ဝှက် ညွန်ကြားချက်မျိုးစုံဖြင့် စီမံခဲ့ပါသည်။
ထို့သို့စီမံရာတွင် တိုင်းရင်းသားများ၏ သမိုင်းစာအုပ်များ ထုတ်ဝေခွင့်ကို ပိတ်ပင်ခြင်း၊ တိုင်းရင်းသားဘာသာစကားများ သင်ကြားခွင့်ပိတ်ပင်ခြင်း အစရှိသည်ဖြင့် အစွန်းရောက် အမျိုးသားရေး မှိုင်းများတိုက်ကာ ပြည်သူများကို နည်းမျိုးစုံဖြင့် သွေးခွဲ ခဲ့ပါသည်။
ယင်းသို့သွေးခွဲ ရာတွင် မြန်မာမွတ်စလင်မ်များနှင့် ပတ်သက်သော သမိုင်းစာအုပ်များစွာထုတ်ဝေခွင့် ပိတ်ပင်ခဲ့ခြင်း မီဒီယာများတွင် လူနည်းစု ဘာသာတရားများ ကိုထိန်ချန်ကွယ်ဝှက်ထားခြင်း များကို စနစ်တကျ စီမံပြုလုပ်ခဲ့ပါသည်။
နှစ်ပေါင်း ၆၀ ခန့် ထုတ်လွင့်ခဲ့သော မြန်မာ သတင်းစာ ဗွီဒီယိုများတွင် ခရစ်ယာန်ဘာသာနှင့်ဆိုင်သော သာသနိက အဆောက်အအုံများ အစ္စလာမ်ဘာသာနှင့် ဆိုင်သော သာသနိကအဆောက်အအုံများ၏ ပုံရိပ် တစ်ခုတစ်လေမျှပင် တွေ့ရှိရမည်မဟုတ်ပါ။ မြို့လယ်ခေါင်တွင် ဆူးလေစေတီတော်နှင့် အတူရှိနေသောလည်း ဧမာနွေလ ချခ်ျကျောင်း နှင့် အတူ မွတ်စလင်မ် ဗလီဝတ်ကျောင်းတော်များ၏ ပုံရိပ်များကို ကွယ်ကာဖွက်ကာ ဖေါ်ပြခဲ့သည်မှာ မဆလ ခေတ်အစမှစတင်ခဲ့ ပါသည်။
ယခုစာအုပ်သည်လည်း မဆလ ခေတ်တွင် ထုတ်ဝေခွင့် မရသဖြင့် ပျောက်ကွယ်နေသော စာအုပ်များစွာအနက် မှ တစ်အုပ် ဖြစ်ပါသည်။
စာရေးသူ ပသီကျော်ဦးက သမိုင်းအထောက်အထား အကိုးအကား များစွာဖြင့် တင်ပြထားသော စာအုပ်သမိုင်းဆိုင်ရာ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
Tags: Asia, Burma, Human rights, Maps and Views, Myanmar