Archive for May 14th, 2012

“Peaceful” Burmese Buddhist Monks destroying a Muslim mosque in Bago,Myanmar

May 14, 2012

တို့ဗမာ ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် ရဲ့အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းတဲ့ တပ်မတော်ကြီး

May 14, 2012
“တို့ဗမာ ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်” တဲ့။
“ဟိုက်- သွားပဟ၊ လွဲပဟ”လို့ အာမေဋိတ်ရတယ်။
အဲဒါ တပ်တော်သီချင်း။
တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်လို့ ကြွေးကြော်ခဲ့တဲ့ တပ်မတော်ကြီးရဲ့ ချီရာလမ်းတစ်လျှောက်မှာ -
  • အမျိုးသားရေးကို လူမျိုးရေး၊ ဘာသာရေးနဲ့ရောကျိုပြီး
  • ကချင်နဲ့ စိတ်ဝမ်းကွဲအောင်၊ …
  • ကရင်နဲ့ စိတ်ဝမ်းကွဲအောင်၊
  • ခရစ်ယာန်နဲ့ စိတ်ဝမ်းကွဲအောင်၊
  • အစ္စလာမ်နဲ့ စိတ်ဝမ်းကွဲအောင် ဆောင်ရွက်ခဲ့တဲ့ သွေးခွဲဇာတ်။
အဆန်းတကြယ် ကိစ္စမို့ အရေးတယူ လုပ်ပြောတာမဟုတ်ပါဘူး။
အာဏာရှင်ဆိုတာ အာဏာရှင်အလုပ်ကို လုပ်တာပါပဲ။
အာဏာရှင်ဆိုတာ ပြည်သူကို သွေးခွဲအုပ်ချုပ်တဲ့ အလုပ်ကိုပဲ လုပ်တာပါပဲ။
အဲသလိုနဲ့ ရေဒီယိုနဲ့ တီဗွီ အစီအစဉ်ကနေ နိစ္စဓူဝ မကြားချင်မှ အဆုံး မြည်မြည်နေတဲ့ “တို့ဗမာ ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်”ဆိုတဲ့ ဟာကြီးက -
  • မရှိရင် ထမင်းကြမ်းခဲ ယပ်ခပ်စားပြီး အေးအေးလူလူနေတတ်တဲ့ ဗုဒ္ဓဘာသာဝင် တချို့ကို သွေးကြွစေခဲ့တယ်။
  • ဘာသာရေး အစွန်းရောက်စေခဲ့တယ်။
  • လူမျိုးရေးအစွန်းရောက် ဗမာတွေ ပေါ်ထွက်စေခဲ့တယ်။
  • အဲသလိုနဲ့ တို့ဗမာအကြမ်းဖက်သမားတွေ အုပ်စုဖွဲ့ အုံကြွလာတယ်။

(more…)

  • Blog Stats


  • Follow

    Get every new post delivered to your Inbox.

    Join 3,320 other followers