Source:အစွန်းရောက်ဝါဒီဟက်ကာများကပြည်တွင်းပြည်ပ၀က်ဘ်ဆိုက်များအားတိုက်ခိုက်

![]() |
|
| Blink Hacker Group နဲ့ Operation Rohingya နှင့် အမည်ရှိသော မြန်မာ အစွန်းရောက်ဝါဒီ ဟက်ကာ အုပ်စုများက ရိုဟင်ဂျာဝက်ဆိုက်များ အပြင် ပြည်တွင်းရှိ မြန်မာမွတ်စလင်များ၏ စီးပွားရေး ၀က်ဆိုက်များ လူမူရေးဝက်ဆိုက်များ ၊ အစ္စလာမ်ဘာသာဝင်များ၏ လူမူကွန်ယက် ၀ဘ်ဆိုက်များကို ဟက်လုပ် တိုက်ခိုက် လျက်ရှိရုံမျှ မက ဆော်ဒီအာရေဗျ အစိုးရ၀ဘ်ဆိုက်များ လေကြောင်းလိုင်းများ ပါကစ္စတန်နိုင်ငံ ၀ဘ်ဆိုက်များ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ ၀ဘ်ဆိုက်များအား Cyber War ကြေငြာပြီး လိုက်လံတိုက်ခိုက်နေကြောင်းသတင်းရရှိပါသည်။
|
|
အဆိုပါ လှုံဆော်သူများအနေဖြင့် ရခိုင်အရေးအခင်းမဖြစ်ပွားမှီကပင် စနစ်တကျ လှုံဆော်မှုများပြုလုပ်ခဲ့သလို ပြည်တွင်းရှိမီဒီယာကြီး တစ်ချို့ ကလည်း အခင်းဖြစ်ပွားရာ ရခိုင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေး ခက်ခဲသော ဒေသများအထိ အခင်းမဖြစ်ပွားမှီ အရင် ကြိုတင်ရောက်နှင့်နေကြောင်း သတင်းများကို စဉ်ဆက်မပြတ်လေ့လာသူ IT ပညာရှင်တစ်ဦးက ….
” ဖြစ်သွားတာတွေကို သုံးသပ်ကြည့်မယ်ဆိုယင် စစ်တွေမှာ ဘာမှ မဖြစ်ခင်ကတည်းကဗျာ ရန်ကုန်မှာရှိတဲ့ တခြားမီဒီယာတွေ ဘာမှာ မရေးနိုင်ခင် ဒီမီဒီယာကြီး တစ်ခုတည်းကသတင်းထောက် တွေအများကြီး စစ်တွေ အနားတ၀ိုက်မှာရှိတဲ့ ရွာတွေ အထိကြိုရောက်နေတယ်ဗျာ .. သူတို့ မီဒီယာ တစ်ခုတည်းက အဲဒီနေ့ အဲဒီနေရာမှာ ဒီကိစ္စတွေဖြစ်မှာ ကြိုသိနေလို့ ဒီလောက်အများကြီး ကြိုပို့ထား သလားမသိဘူး စဖြစ်တာနဲ့ နာရီပိုင်းအတွင်း သတင်းတွေထွက်လာတယ်၊ ထွက်လာတဲ့ သတင်းတွေကလဲ တဖက်သက် သတင်းကြီးပဲ ၊ ဒီမတိုင်ခင်မှာ တောက်လျောက်ဖေ့ဘွတ်ပေါ်မှာ ကုလားခေါင်းဖြတ်ဂိုဏ်းတို့ ဘာတို့ဆိုပြီးပေါ်လာတယ၊် သူတို့က ရိုင်းစိုင်း ကြမ်းကြုတ်တဲ့ စကားလုံးတွေသုံးပြီး facebook ပေါ်မှာ ရှောက်ပြီး ဆဲကြဆိုကြသလို ၊ တချို့ ကို ကြည့်လိုက်ယင် နာမည်နဲ့ Profile အစစ် မဖေါ်ပဲ သမိုင်းကြောင်းနဲ့ အချက်အလက်တွေ ကို သာမန်ပြည်သူတွေ အထင်မှားအမြင်မှားဖြစ်အောင် သတင်းအမှန်နဲ့ အမှားတွေ ရောထွေးပြီး လူမျိုးရေး သွေးခွဲဝါဒဖြန့်တာ၊ တကယ် လှုံဆော်ဝါဒဖြန့်နေတဲ့ သူတွေက အများကြီးမဟုတ်ဘူး ဦးဆောင်တဲ့လူက အရောက် ၁၅ ယောက် လောက်ရှိတယ်၊ နောက်လူတွေက လိုက်ဖြန့်ပေါ့ဗျာ ၊ဒါမျိုးက အရင်က ထောက်လှမ်းရေးမှာ ကကကွန် ဆိုတဲ့ တပ်ကလုပ်သလိုမျိုးပေါ့ဗျာ၊ facebook ပေါ်မှာ ရှိတဲ့နေရာတိုင်း အုပ်စုတိုင်းကို ၀င်ပြီး စိတ်ဓါတ်စစ်ဆင်ရေး စလုပ်တယ်၊ တဆက်တည်းမှာပဲတဖက်က ပြည်တွင်းပြည်ပ နိုင်ငံရေး သမားတစ်ချို့ကလဲ သူတို့ အကျိုးအမြတ်အတွက် လှုံဆော်ဘေးတီးပေးကြတယ်၊ Blink Hacker Group ဆိုယင် စစ်တွေအရေးအခင်း မစခင်ကလေးကပဲ Cyber War ကြေငြာပြီးတော့ ငါတို့လက်တွေသွေးစွန်းဖို့လိုတယ်ဆိုပြီး Hacking လုပ်တယ် သူတို့က အစပိုင်းဦးတည်တာက ရိုဟင်ဂျာဆိုဒ်တွေကိုဗျ နောက်တော့ မြန်မာမွတ်စလင်မ် သတင်းဆိုဒ်တွေကို တောက်ရှောက်တိုက်တာပဲ။ နောက်တော့ တချို့ ဆိုက်တွေက ဟက်ခံရတာမဟုတ်ဘူး Unplug လုပ်လိုက်တာ ပြည်တွင်းက Service Provider တွေမှာ လုပ်နေတဲ့ သူတွေကလဲ ပူးပေါင်းပါဝင်တဲ့ အထောက်အထားတွေတွေ့ရတယ်၊ ပြည်တွင်းက စီးပွားရေးသမားတွေက ဝဘ်ဆိုဒ်တွေကို ပြည်တွင်း Provider တွေက တစ်ဆင့်ဝယ်တော့ အဲဒီက ၀န်ထမ်းတွေကို ပူးပေါင်းပြီး Site တွေကို Unplug လုပ်တာမျိုးတွေလဲ တွေရတယ်။ အဲဒီမှာတင်ရပ်ရင် တော်သေးတယ် ၊ ဒါပေမဲ့ အခု သူတို့ ကဆက်ပြီး မွတ်စလင်မ်ဖြစ်ယင်ပြီး ရောဆိုပြီး ဆော်ဒီ အဲယားလိုင်းပါမကျန်၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေရှ့် က ၀ဘ်ဆိုဒ်တွကို ဟက်ဖို့ကြိုးစားတယ်၊ ဟက်လို့ရတဲ့ ဆိုဒ်တွေကို ညစ်ညမ်းတဲ့ ဆဲဆိုမူတွေပါတဲ့ စကားတွေနဲ့ မြန်မာနိုင်ငံအလံပါတဲ့ စာမျက်နှာတင်ထားခဲ့တယ်။ တစ်ခါတစ်လေ အစ္စလာမ်ဘာသာဝင်တွေ ဘုရားရှိခိုးနေတဲ့လူအပေါ်ကို ၀က် ကတက်နေတဲ့ပုံမျိုးတွေပါ ပါသေးတယ် ၊အဲဒါ အဆိုးဆုံးပေါ့ သူတို့က DDoS သုံးပြီး တိုက်တာ။ myanmarmuslim.net ကိုတောင် တိုက်သေးတယ် သူတို့ကတော့ IP တွေမှတ်ထားတာတွေတော့ရှိတယ်လို့ပြောတယ်။” ဟု myanmarmuslim.net အားပြောကြားခဲ့ပါသည်။
အဆိုပါ ကိစ္စကြောင့် ပြည်တွင်းရှိဝက်ဆိုက်များ၏ လုံခြုံရေးအား ထိခိုက်လာနိုင်ကြောင်းသိရှိရပါသည်။
MMM

Tags: Denial-of-service attack, Facebook, Hacking, India, Internet Protocol, Internet service provider, Service provider, WePay