???JAMES MMT ? Mg Mg Than???
Source: ကို James Mmt- အလွဲများစွာနဲ့ အမြဲမမှားစေချင်ပါ by Ye Yint Thitsar
[["သို့ ရဲရင့်သစ္စာ၊ မတရား အသတ်ဖြတ် ခံနေရတာကို ငြိမ်နေရမတဲ့လား......"]] တဲ့ ကို James Mmt ရေ တပ်ထားတဲ့ ခေါင်းစဉ်က စပြီးလွဲနေတယ်ခင်ဗျ။ မတရားအသတ်ဖြတ်ခံနေရတာကို ငြိမ်နေပါလို့ ဘယ်သူကပြောခဲ့လို့ဘယ်သူ့ကို ကိုJames Mmt က ပြန်ပြောနေတာလဲ မသိဘူး။ ထားပါလေ၊ ကျွန်တော့်နာမည်တပ်ပြီးရေးလာတာဆိုတော့လည်း ပြန်ရေးရတော့မပေါ့ဗျာ။
ကို James Mmt ခင်ဗျား
ကျွန်တော် ဦးဘိုကျော်ငြိမ်း ကို ရေးသားခဲ့တဲ့ အထဲမှာ…..မွတ်စလင်တွေဆန္ဒပြနေတဲ့ ပုံတွေ၊ ကလေးငယ် က ခါးမှာ ဗုံးပတ်ထားတဲ့သရုပ်ပုံတွေဟာ “မတရားဖိနှိပ်ညှင်းပန်း ခံနေရလို့ ပေါ်လာတဲ့ ပုံရိပ်တွေပါ။” လို့ဘဲရေးထားတာပါ။ အဲဒီလို တုန့်ပြန်ခြင်းဟာ တရားမျှတ၏ မမျှတ၏ ဘာမှမှတ်ချက်ပေးထားတာမရှိကြောင်း ကို James Mmt ကောင်းကောင်းသိနေလို့လည်း
[["ဒါဆိုရင် ဒီလို တုံ့ပြန်တာကို တရားတယ်လို့ ဆိုလိုချင်တာလား"]]
လို့မရေမရာ ရေးခဲ့တာဟုတ်သလား မဟုတ်ဘူးလားခင်ဗျ။ ကျွန်တော့်ဖက်က တရား၏၊ မတရား၏ ဘာမှလည်း မရေးထားဘူး၊ အဲဒီလို မရေးထားမှန်းကို James Mmt ကောင်းကောင်းသိနေတယ်၊ သိနေလို့လည်း ကို James Mmt က “ဆိုလိုချင်တာလား” လို့ ကိုယ့်အတွေးနဲ့ကိုယ် မသေချာလို့ပြန်မေးတယ်၊ အဲဒီလို မေးပြီးတော့ တစ်ခါ
[["ကလေးသူငယ်တွေကို ဗန်းပြ၊ ခုတုံးလုပ် အသုံးချတာလောက် လူ့ကျင့်ဝတ်မှာ ယုတ်ညံ့တာ မရှိဘူးဆိုတာ နားမလည်နိုင်တာအံ့သြမိတယ်ဗျာ......."]]
လို့ဆိုပြီးနားလည်မှုမရှိသူလို့ကျွန်တော့်ကို အားမနာပရမ်းသမ်း စွတ်စွဲ ထားပြန်ပါတယ်။ ဘယ်လိုနားလည်လိုက်ရမလဲ ကို James Mmt?
ဦးဘိုကျော်ငြိမ်း ကို ကျွန်တော်ပြန်စာရေးရာမှာ ဦးဘိုကျော်ငြိမ်းရဲ့ မဟုတ်မဟတ်စွတ်စွဲချက်တွေ၊ ဝါဒဖြန့်ချက်တွေကို မီးမောင်းထိုးရေးပြခြင်းသာဖြစ်ပါတယ်၊ အချို့မွတ်စလင်တွေက အသေခံဗုံးခွဲပြီး အပြစ်မဲ့ လူသားတွေသေကြေပျက်စီးအောင်
လုပ်တဲ့လုပ်ရပ်တွေ၊ အခြားနည်းလမ်းတွေနဲ့အပြစ်မဲ့လူသားတွေကို အကြမ်းဖက်တာတွေစတဲ့ လုပ်ရပ်တွေ ကို မှန်ကန်ကြောင်း support လုပ်ရေးထားတာလုံးဝမရှိတဲ့အပြင်”ကျွန်တော့် အနေနဲ့တာလီဘန် တွေကိုထောက်ခံရေးမှာ မဟုတ်သလိုဘင်လာဒင်တို့အဖွဲ့ကိုလည်း ပံ့ပိုးရေးမှာမဟုတ်ပါဘူး။ အဲဒီလို မရေးတာဟာလည်းဘဲ သူတို့ရဲ့လုပ်ရပ်တွေကို လုံးဝဆန့်ကျင်လို့ပါ။ ကျွန်တော် အဲဒီလူဆိုးတွေကို ဆန့်ကျင်ရှုံ့ချရေးပါတယ်။” လို့ ဗြောင်ကျကျ ဆန့်ကျင်ရှုံ့ချ ရေးသားထားတာ အများအမြင်ပါဘဲ။ အဲဒီလို ရေးထားတာကို တောင်မမြင်နိုင်ဘဲ ကျွန်တော့် ကို တစ်ဖက်သတ် အပြစ်တင်ရေးသားလာတဲ့ ကို James Mmt တစ်ယောက် ဘာဇောတွေအကြီး အကျယ်ကပ်နေလို့လဲဆိုတာကိုတော့ ကိုယ့်ဟာကိုယ်သာ ဆင်ခြင်ကြည့်ပါဗျာ။
အပြစ်မဲ့လူသားတွေ သေကြေပျက်စီးစေတဲ့ လုပ်ရပ်တွေကို ကျွန်တော် တင်မကဘူး၊ ကျွန်တော့် ဘာသာတရားရဲ့ အုတ်မြစ်ဖြစ်တဲ့ ကုရ်အာန် ကျမ်းမှာကို ဒီလို ပြတ်ပြတ်သားသား ရှုံ့ချထားပါတယ်။ ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား
အသက်တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ၊တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်)ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည်လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတယောက် ကို (အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအား ဖြင့်) အသက်ရှင်စေခဲ့ပါမူ၊ ထိုသူသည်လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။
(ကုရ်အာန် ၅း၃၂)
ကုရ်အာန်ကျမ်း ကတောင် ရှုံ့ချထားတာ ပြပြီးပြီဗျာ။ ကျွန်တော်က တစ်ဦးချင်းစီ၊ အဖြစ်အပျက်တစ်ခုချင်းစီကို detail ရေးပြီး ထောက်ပြနေစရာမလိုတော့ဘူးလေ။ မဟုတ်လားခင်ဗျ?
ဒါဆိုရင် အမေရိကန်တို့ အစ္စရေးတို့ ရဲ့ အကြမ်းဖက်မှုတွေ၊ ဗလီဖျက်၊ ခရစ်ယျာန် ဘုရားကျောင်းဖျက်၊ online မှာရင့်ရင့်သီးသီးမိုက်မိုက်ရိုင်းရိုင်းဆဲဆို၊ တောင်ကုတမှာ တရားစခန်းဝင်ခရီးကပြန်လာတဲ့လူတွေအပါအဝင် အပြစ်မဲ့ မွတ်စလင် (၁၀) ဦးကိုလူအုပ်ကြီး က နေ့ခင်းကြောင်တောင် အများရှေ့ကြမ်းကြုတ်စွာသတ်ဖြတ်၊ အလောင်းတွေကို မဖွယ်မရာလုပ် အဲဒီလုပ်ရပ်တွေကိုတော့ ကျွန်တော် က ဘာလို့ရေးပြရလဲ?
အဲဒါ မေးစရာရှိတယ်။ မေးလဲမေးလာတယ် ကို James Mmt က မကျေမနပ်နဲ့။ ဘာလို့ ရေးရလဲဆိုရင် ဦးဘိုကျော်ငြိမ်း ရဲ့ အရေးအသားတွေမှာ အဲဒီ လုပ်ရပ်တွေကို ဆန့်ကျင်ရှုံ့ချရေးထားတာမရှိဘူးခင်ဗျ။ ကို James Mmt ကရော အဲဒီလုပ်ရပ်တွေကို အကြမ်းဖက်လုပ်ရပ်လို့ မြင်ပါသလား? အရိုင်းအစိုင်းလုပ်ရပ်လို့အများရှေ့ဝန်ခံရဲပါသလား? မေးလိုပါတယ်။ ကျွန်တော့် ဘက်ကတော့အလွန် ကိုပြတ်သားပါတယ်။ ရှင်းလင်းပါတယ်။ Mulla Omar ရော Bin Laden ရော ဒေါက်တာ ဇဝါဟရီ ရော၊ တာလီဘန်ရော ဘာသာရေးခေါင်းဆောင်ဆိုသူရော၊ သာသနာ့ဝန်ထမ်းဆိုသူရော ဘယ်သူဘဲ ဖြစ်နေပါစေ အပြစ်မဲ့လူသားတွေကို ရည်ရွယ်တိုက်ခိုက်ရင်၊ ဘုရားကျောင်းကန် ဝတ်ပြုရာတွေကို ဖျက်စီးရင် ၊ ငြိမ်းချမ်းရေးကိုပျက်စီးအောင်လုပ်ရင် အဲဒါ ခြွင်းချက်မဲ့ လူယုတ်မာတွေပါဘဲ။
အွန်လိုင်းက ဆဲရေးသူတွေ၊ တောင်ကုတ်က လူသတ်ကောင်တွေ၊ ဗလီဝတ်ကျောင်းတွေ၊ ခရစ်ယာန် ကျောင်းတွေကို ဖျက်ဆီးတဲ့လူတွေ၊ အဲဒီလူတွေကို၊ အဲဒီလူတွေရဲ့လုပ်ရပ်တွေကို ကာကွယ်ပြောဆိုရေးသားတဲ့လူတွေ၊ အဲဒီလူတွေရဲ့လုပ်ရပ်ကို အာပေးထောက်
ခံတဲ့လူတွေ ဟာ ဗာမီယန် ဗုဒ္ဓရုပ်ပွါးတော်ကို ဗုံးခွဲဖျက်စီးခဲ့တဲ့ လူတွေထက်ပိုယုတ်မာတာအမှန်ဘဲဗျ။ ကို James Mmt က ကျွန်တော် အဲလိုရေးတာကို ကျေနပ်ပုံမရပါဘူး။
“ဘာလို့အဲလို ရေးလဲ?” “မခံနိုင်ဘူး” ဆိုတဲ့ပုံစံမျိုး။ ဘာလို့အဲလိုရေးလဲဆိုရင် ရိုးရိုးလေးဘဲ စဉ်းစားကြည့်လေဗျာ၊ ဗာမီယန် ဗုဒ္ဓရုပ်ပွါးတော် ဖျက်စီးခံရတာကို နှလုံးသားနာကျင်သူတွေ ကမ္ဘာမှာ အရေအတွက်ဘယ်လောက်ရှိမလဲ? ဗလီတွေ ခရစ်ယာန်ဘုရားကျောင်းတွေ၊ မွတ်စလင်တွေ ခရစ်ယျာန်တွေ မတရား အသတ်ဖြတ်ခံနေရတာကို နှလုံးသားနာကျင်နေသူတွေ အရေအတွက်ဘယ်လောက်ရှိမလဲ? နောက်တစ်ချက်က တာလီဘန်လူယုတ်မာတွေ ဖျက်စီးခဲ့တဲ့ ရုပ်ပွါးတော်တွေက ကိုးကွယ်ရာမဲ့ စံပယ်နေခဲ့တာပါ။ တာလီဘန် တွေကို ကမ္ဘာကမသိခင် က ဘယ်သူကမှ အဲဒီရုပ်ပွါးတော်တွေ အကြောင်းစကားထဲ ထည့်ပြောခဲ့တာမဟုတ်ပါဘူး။ ဗလီ တွေ ခရစ်ယျာန်ဘုရားကျောင်းတွေကျတော့ အနေအထားခြင်းလုံးဝ မတူဘူးဗျ။ တင့်တယ်စွာ စည်ပင်လှုပ်ရှားနေပြီး၊ဝတ်ပြုသူတွေ မှ အများကြီး။ တာလီဘန် တွေ ရုပ်ပွါးတော် ဖျက်စီးတုန်းက ရှိသမျှမွတ်စလင် နိုင်ငံ အားလုံးနီးပါး က ကန့်ကွက်တယ်။ မွတ်စလင် ဗလီတွေ ခရစ်ယျာန်ဘုရားကျောင်းတွေ ဖျက်စီးခံရတော့ သက်ဆိုင်ရာ တရားခံတွေနဲ့ဘာသာတူသူတွေထဲမှာ ကန့်ကွက်ရှုံ့ချသူ ဦးရေ ဟာ လက်ချိုးရေတွက်လို့ရတယ်။ ရှင်းလား
ကို James Mmt ခင်ဗျာ? မရှင်းသေးရင်ပြောပါ ထပ်ပြီးအကျယ်ဖွင့်ရှင်းပြပါ့မယ်။
ရခိုင် အရေးအခင်းနဲ့ ပတ်သက်လို့ ကျွန်တော် ဘာတစ်ခုမှ မရေးခဲ့ဘူး။ဘာလို့လဲ ဆိုရင် ရခိုင်ကိစ္စမှာ ဘယ်သတင်းက အမှန်လဲ ဆိုတာ ကျွန်တော် မဆုံးဖြတ်နိုင်ဘူးခင်ဗျ။ နှစ်ဖက်မီဒီယာတွေက အမျိုးမျိုးရေးနေတာလေ။ နှစ်ဖက်စလုံး က ဓာတ်ပုံတွေ ဗီဒီယိုတွေကို အမျိုးမျိုးဖန်တီးပြခဲ့တာ အများ အမြင်ပါဘဲ။ နိုင်ငံတော် အစိုးရကတောင်မှ တိတိပပ မပြောသေးဘူး ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာကို။ ကျွန်တော် က ဘာလို့ နိုင်ငံတော်ရဲ့ဆုံးဖြတ်ချက် ကို မစောင့်နိုင်ဘဲ ကျော်ပြီး တစ်ဖက်ဖက်ကို အပြစ်တင်ပြောရမှာလဲ? စစ်တွေမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘုရားကျောင်းကို မီးမြှိုက်သွားတာကို ဝေဖန်ခြင်း အလျင်းမရှိသလို၊ ပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်းတွေ၊ဗလီတွေ အကြောင်းလည်း ကျွန်တော်ဘာမှ မရေးခဲ့ပါဘူးဗျ။ တစ်ဖက်ကပြောတော့ ဟိုလူတွေရှို့တာတဲ့။ ကျန်တစ်ဖက်ကပြောတော့ အဲဒီလူတွေရှို့တာတဲ့။ ဒီကိစ္စကို နိုင်ငံတော် က ကိုင်တွယ်ဖြေရှင်းနေတာဘဲလေ။ စောင့်ကြည့်ရမှာပေါ့။
ဒီအချိန်မှာ ကျွန်တော် ပြောနိုင်တာ တစ်ခုဘဲရှိတယ်။ ဆူပူအကြမ်းဖက် တဲ့လူတွေဟာ ဘယ်သူဘဲ ဖြစ်ဖြစ် ဘယ်လူမျိုးဘဲ ဖြစ်ဖြစ် အဲဒီလူအားလုံး ကို အကြမ်းဖက်သမားလို့ ကျွန်တော် ခံယူတယ်။
ကျွန်တော် ဦးဘိုကျော်ငြိမ်း ကို စာရေးဆွေးနွေးခဲ့တာက အစ္စလာမ်ဘာသာနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ဝါဒဖြန့်နေလို့သာဖြစ်ပါတယ်။ တစ်ခြား အကြောင်းအရာတွေ ကြောင့်ဆွေးနွေးခဲ့တာ မဟုတ်ဘူးဆိုတာ အပြန်အလှန် ဆွေးနွေးချက်တွေ ဖတ်ကြည့်ရင်သိနိုင်ပါတယ်။
[["ရဲရင့်သစ္စာဟာ World Trade Center ကို စီစဉ်ခဲ့တဲ့ Khalid Sheikh Mohammed ကို အမေရိကန်တွေက ကြမ်းကြမ်းတန်းတန်း စစ်ဆေးတာကို ဝေဖန်သွားတယ်"]]
လို့ကို James Mmt က ရေးထားသေးတယ်။ ကျွန်တော် ဘယ်မှာ ဝေဖန်ထားလို့လဲဆိုတာ အထောက်အထားပြပါ။ “Khalid Sheikh Mohammed ကို အမေရိကန်တွေက Water Boarding Torture အပါအဝင် အမျိုးမျိုးနှိပ်စက်ပြီး မှ အဲဒီ အမှုကြီးကို plan လုပ်တယ်လို့ ဝန်ခံခဲ့တာ” ဆိုတဲ့ စကားက ဘယ်နားမှာ မှားနေလို့လဲခင်ဗျ။ Khalid Sheikh Mohammed ကို အမေရိကန်တွေက မနှိပ်စက်ဘဲ သူ့ဟာသူ ဝန်ခံခဲ့တာလား? သူ့ရဲ့ လုပ်ရပ်ကို ကျွန်တော် ရှုံ့ချထားတာ မမြင်ဘူးထင်ပါတယ်။ သူ့ရဲ့ လုပ်ရပ်ကို သူကိုယ်တိုင်မှားကြောင်း အပြစ်ရှိကြောင်း ဝန်ခံသွားတဲ့အချက် ကို ကျွန်တော် က ဖော်ပြခဲ့တာပါ။ ဦးဘိုကျော်ငြိမ်း တောင် အဲလို မဖော်ပြခဲ့ပါဘူး။ ဒါနဲ့များ Khalid Sheikh Mohammed ရဲ့လုပ်ရပ် ကို ရဲရင့်သစ္စာ က မဝေဖန် ဘူးလို့ ကို James Mmt ပြောထွက်ဝံ့သေးတာ အံ့စရာဘဲ။
အစ္စလာမ်ဘာသာဟာ လူသတ်ဝါဒ မဟုတ်ဘူးဆိုတာ အမှန်ဘဲလေဗျာ။ မမှန်ဘူးထင်ရင် ကို James Mmt အထောက်အထားနဲ့လာငြင်းလှဲ့ပေါ့ဗျာ။ နွေးထွေးစွာ ကြိုဆိုလျှက်ပါ။
[[ "အခုလက်ရှိ ရခိုင်မှာ ဖြစ်သွားတဲ့ကိစ္စတွေမှာ ဘယ်သူတွေ သွေးထိုးလို့ ဘယ်သူတွေ လုပ်တယ် ကိုယ်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား မြင်လာရတယ်...."]]
ဆိုရင် မြန်မာနိုင်ငံအစိုးရ အဖွဲ့ (သို့) သမ္မတကြီးထံကို တိုက်ရိုက်သွားတင်ပြလိုက်ရင် မကောင်းဘူးလားခင်ဗျ? အမှန်ကိုသိရင် ပြောရမှာပေါ့ဗျာ။ ဒါနိုင်ငံသားတိုင်းရဲ့ တာဝန်ဘဲလေ။ လူကိုယ်တိုင် ဖြစ်ဖြစ် ၊ စာနဲ့ဖြစ်ဖြစ် ပြောလိုက်ပါဗျာ နိုင်ငံတော်အစိုးရကို။ မြုံမထားပါနဲ့။
ကို James Mmt ခင်ဗျား ကောင်းကောင်းသိထားသင့်တာက ကျွန်တော် က ရိုဟင်ဂျာ ကိုဆန့်ကျင်ရေးနေသူတွေ ကို ဝေဖန်နေတာလည်း မဟုတ်သလို၊အပြစ်တင်နေတာလည်း မဟုတ်ဘူး။ ကျွန်တော် ရှုံ့ချနေတာက အစ္စလာမ်ဘာသာကိုညစ်ညမ်းစွာ ဆဲဆိုနေသူတွေပါ။ ရခိုင် အရေးအခင်း ကိစ္စ ကို ကိုင်တွယ်ဖို့ကနိုင်ငံတော်ရဲ့ အဆုံးအဖြတ်ပါ။ တစ်ကယ်လို့ နိုင်ငံတော်က ကျွန်တော့်ကို တစ်ဖက်နိုင်ငံ က မြန်မာ့မြေကို ကျူးကျော်နေပြီ၊ အမိမြေကို ကာကွယ်ဖို့လာပါ လို့ဆင့်ခေါ်ရင် နိုင်ငံတော်ရဲ့ အမိန့်အတိုင်း နာခံပြီး ကျရာအခန်းက တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိပါတယ်။ မြန်မာနိုင်ငံသား မွတ်စလင်တွေအားလုံးလည်း အဲဒီလို အသင့်ရှိနေဖို့ အလေးအနက်တိုက်တွန်းပါတယ်။ရှိနေတယ်လို့လည်း ယုံကြည်ထားပါတယ်။
Janes Mmt မှားနေပြီ အကြီးအကျယ်၊ လွဲနေပြီ တစ်ပုံကြီး။ ကျွန်တော် အားလုံးကို ဖြောင်းဖျ ပါတယ်။ ဘာသာတရားတွေကို အလွဲသုံးစားလုပ်ပြီး တိုင်းပြည်ကို မီးလောင်တိုက်မသွင်းဖို့။ အဲဒီလို ဖြောင်းဖြချင်စိတ် အလွန်ပြင်းပြလို့လည်း ဦးဘိုကျော်ငြိမ်းကို ဆွေးနွေးခဲ့တာပေါ့ဗျ။ ကျွန်တော့် အရေးအသားတွေသေချာ ကြည့်ပါလေ။ မြင်လာမှာပါ။ ဇောတွေတော့ ဖယ်ကြည့်ပေါ့ဗျာ။
[["မှတ်ချက် ။ ။ ရဲရင့်သစ္စာ သိအောင် ပြောလိုက်ပါဦးမယ်.... ရဟန်းတွေသူတို့ကိုယ် သူတို့........."]]
ကို James Mmt ရေ။ ကျွန်တော့် ကို သိအောင်ပြောပြတဲ့စေတနာကိုတော့ အသိ အမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဖက်ကလည်း ကို James Mmt ကိုသိစေချင်တာ က ကမ္ဘာ့ဘာသာတရားတွေရဲ့ အဆုံးအမတွေ နဲ့ပတ်သက်ရင် “သိလှပါတယ်” ဆိုတဲ့ လူတွေထက် ကျွန်တော်သိတာ မလျော့ပါဘူး။ ဒါကြောင့် ဘာသာတရားတွေနဲ့ ပတ်သက်တဲ့ အဆုံးအမတွေ ကို James Mmt ကျွန်တော့် ကို လာပြောပြနေရင် ကို James Mmt ရဲ့အချိန်တွေကုန်တာဘဲအဖတ်တင်မှာဖြစ်ပါတယ်။ အဲဒါလေးကို အသိအာရုံထဲ စွဲစွဲမြဲမြဲ မှတ်ထားစေချင်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်က အဲဒီ ရဟန်းတွေသတ်သေတဲ့ အသုဘသမာပတ် တရားအကြောင်းအဖြစ်ကိုရေး တယ်ဆိုတာဗုဒ္ဓဘာသာကို ဝေဖန်တာလည်း မဟုတ်ပါဘူး။ ဦးဘိုကျော်ငြိမ်း အနေနဲ့ Absolutism တွေ Relativism တွေနဲ့ပတ်သက်ပြီး အလွဲရေးထားတာကို ရှင်းပြရုံလေးပါ။ ဘာသာရေးဟာ “Human interpretation” ဘဲလို့ အလွဲရေးခဲ့တဲ့ ဦးဘိုကျော်ငြိမ်းအရေးအသားကို အထောက်အထားအခိုင်အမာနဲ့ rebut လုပ်ရုံပါ။ ဦးဘိုကျော်ငြိမ်းရဲ့ အတွေးအခေါ် Ideology မှားနေကြောင်းသက်သေပြတာပါ။ ဦးဘိုကျော်ငြိမ်းကို ဘာသာရေးနဲ့လည်း ကျွန်တော်မဆုံးမပါဘူး။ ဘာကြောင့်လဲ
ဆိုရင် ဦးဘိုကျော်ငြိမ်း ဟာ ကျွန်တော့်ထက် အသက် ၂၁ နှစ်ကြီးရင့်ပါတယ်။ မိမိထက် အသက်ကြီးရင့်သူကို ဆုံးမတယ်ဆိုတာ မလျော်ကန်သလို၊ ဆုံးမတယ် လို့ မြင်နေဖို့လည်းမသင့်ပါဘူး။ ကျွန်တော် ဦးဘိုကျော်ငြိမ်းကို ဆုံးမတယ်လို့ ကို James Mmt လည်း ထင်မနေပါနဲ့ဗျာ။ အသက်အရွယ်ကြီးရင့်နေရှာပြီဖြစ်တဲ့ ဦးဘိုကျော်ငြိမ်းကိုလည်း အားနာဖို့ကောင်းပါတယ်။ အွန်လိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ ရိုင်းရိုင်းစိုင်းစိုင်းရေးတာ သိပ်မတွေ့မိပါဘူး။ ရှိရင်လည်းစုန်းပြူးနည်းနည်းပါးပါးပေါ့ဗျာ။ အဲဒီလိုစုန်းပြူးမျိုးတွေ့ရင် ပြပါဗျာ။ ကို James Mmt ကျွန်တော့်ကို တလေးတစားပေးတဲ့ အကြံအတိုင်းတရားဟောဆုံးမချင်လို့ပါ။
ကို James Mmt အနေနဲ့လည်း မိုက်ရိုင်းနေတဲ့ မိမိဘာသာတူတွေ ကို တစ်ဖက်တစ်လမ်းဆုံးမပေါ့ဗျာ။
လူတိုင်း လူတိုင်း မိမိတို့ရဲ့ဘာသာတရား အဆုံးအမ အတိုင်း ယဉ်ကျေးကြပါစေ လို့ ကျွန်တော် ဆန္ဒပြုပါတယ်ဗျာ။ ကို James Mmt လည်း ကျွန်တော်နဲ့အတူ ဆန္ဒပြုပါလားဗျာ။
ရဲရင့်သစ္စာ
ဆွေးနွေးချက် များစတင်ဖြစ်ပေါ်လာပုံ ဆောင်းပါးအစဉ်လိုက်
ရေးသူ ဦးဘိုဘိုကျော်ငြိမ်း- ဘာသာရေး ၊ ဒီမိုကရေစီ နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာ
ရေးသူ- ဦးဘိုဘိုကျော်ငြိမ်း – သိစေချင်ပါသည်—-
ရေးသူ-ရဲရင့်သစ္စာ -ဦးဘိုကျော်ငြိမ်းသို့
ရေးသူ ကို James Mmt … သို့ ရဲရင့်သစ္စာ၊ မတရား အသတ်ဖြတ် ခံနေရတာကို ငြိမ်နေရမတဲ့လား……

June 24, 2012 at 5:40 am |
Myint Myat Thu wrote in NLD FB about a Cyber-trooper. ???JM
အရေးအသားတွေ ကောင်းလွန်းလို့ ရေးလိုက်တိုင်း Like …Like ….Like လုပ်နေကြတဲ့ နေပြည်တော် က အိုင်တီ ပညာရှင်ကြီးရေ .. ခင်ဗျားရေးတာတွေ ကို ဖတ်ကြည့်ယင်းနဲ့ စကားထဲက ဇာတိတွေပြလာတာတွေ့ရတယ်ဗျာ ….
စစ်တပ်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်ဆိုတဲ့ အဖွဲ့အစည်း တစ်ခုဆိုတာ လက်ခံပါတယ်….. တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတာကိုလည်း သဘောတူပါတယ်….. မြန်မာနိုင်ငံမှာ ရှိသမျှ တက္ကသိုလ်တွေရဲ့ ပညာရေး စနစ်ကို စနစ်တကျ ချေမှုန်းလို့ သာမန်ပြည်သူလူထုတွေ ပညာရေး သားကြော ဖြတ်ခံရချိန်မှာ စည်းချက်မှန်မှန်နဲ့ ချီတက်နေတဲ့ တပ်မတော် တက္ကသိုလ်က ကျောင်းဆင်းတွေ အပေါ်မှာ မနာလိုစိတ် မရှိတာလည်း အမှန်ဖြစ်ပါတယ်……
( မသိယင်လူတွေ ဒီမိုကရေစီ အင်အားစု တွေက စစ်တပ်ကျောင်းဆင်းတွေကို မနာလိုစိတ်ရှိနေသလိုလို )
( ပြောတဲ့ကောင် က စစ်တပ်က နဲ့တူတယ်နော် )
ပညာတတ် စစ်ဗိုလ်တွေ၊ နိုင်ငံခြား ပညာတော်သင် စစ်ဗိုလ်တွေ နိုင်ငံတော်ရဲ့ အရေးပါတဲ့ နေရာတွေမှာ ၀င်လာရင် Capacity ပြည့်ဝတဲ့အတွက် တိုင်းပြည်ကို တစ်ဖက်တစ်လမ်းကနေ အကျိုးပြုမယ် ဆိုတာကိုလည်း ချွင်းချက်မရှိ ယုံကြည်ခဲ့ပါတယ်…… ဒါပေမယ့် သာမာန် ပြည်သူလူထု ပညာရေး၊ စီးပွားရေး သားကြော ဖြတ်လိုက်တဲ့ အကျိုးဆက်ရဲ့ ရိုက်ခတ်မှုဟာ စစ်ဗိုလ်တွေကိုပါ ထိခိုက်သွားတာကို သတိ မထားမိလိုက်ဘူး…….
( စစ်ဗိုလ်တွေက နိုင်ငံတော်ရဲ့ အရေးပါတဲ့ နေရာတွေမှာ ၀င်လာရင် Capacity ပြည့်ဝတယ်ဆိုတော့ စစ်တပ်က မဟုတ်ယင် Capacity မပြည့်ဝဘူးလို့ ပြောတဲ့ ကောင် ဘယ်သူလဲ)
( စစ်ဗိုလ်တွေ စီးပွားရေး ထိခိုက်သွားမှာ စိုးရိမ်လွန်းနေတဲ့ ကောင် )
နိုင်ငံတော်မှာ အရေးပါတဲ့ နေရာကို ၀င်ယူမယ့် တပ်မတော်က အရာရှိလောင်းတွေမှ တစ်ချို့ဟာ ရုရှမှာ ပညာတော်သင် သွားနေချိန်မှာ အွန်လိုင်းကနေပီး နိုင်ငံရပ်ခြားက မိန်းကလေးတွေစီက ငွေကြေး ခြူယူတာမှသည် အကြောင်းကြောင်းကြောင့် မြန်မာပြည် ပြန်ရောက်တာတောင် အဲ့ဒိ မိန်းကလေးတွေစီက ပိုက်ဆံလက်ဖြန့် တောင်းနေတဲ့အထိ စိတ်ဓါတ်တွေ အောက်တန်းကျမယ်လို့ မထင်ခဲ့မိတာတော့ အမှန်ပါ……. အဲ့ဒိလိုပါပဲ ရေ ကျတဲ့ မိန်းကလေးတစ်ယောက်ကို စစ်ဗိုလ် တစ်ယောက်ကနေ တစ်ယောက် လက်ဆင့်ကမ်းလို့ ပိုက်ဆံခြူယူတာမျိုး လုပ်မယ်လို့လည်း မထင်ခဲ့ရိုး အမှန်ပဲ ဖြစ်ပါတယ်…. အဲ့ဒိလိုသော ငါးခုံးမ တစ်လှေကြီးကြောင့် ရုရှမှာ ပညာတော်သင် သွားနေတဲ့ အချို့ အချို့သော စစ်ဗိုလ်များလည်း သိမ်းကြုံး အပြစ်တင်ခံနေရတာ တွေ့နေရပါတယ်…..
( နိုင်ငံတော်မှာ အရေးပါတဲ့နေရာကို ရုရှ မှာ ပညာသွားသင်နေတဲ့ ခွေးလွေ ခွေးလွင့် တွေက ၀င်ယူမှာတဲ့လား )
(ခွေးလွေခွေးလွင့် တစ်ကောင် ရဲ့ ခွေးဇာတ်ခင်းတဲ့ ဇာတ်လမ်းကို ဘ၀တူ တခြား ခွေးတွေ ကို မကူးစက်စေချင်တဲ့ စေတနာမျိုးဆိုတာ ရေးတဲ့လူက ခွေးမျိုးဖြစ်လို့ စာနာတတ်တာနေမှာ ပေါ)
ဒါကို ပေါ့သေးသေး တွေးလို့ မရပါဘူး…. တစ်ချိန်မှာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ တာဝန်တွေကို ၀င်ယူမည့် အရာရှိလောင်းတွေရဲ့ စိတ်ဓါတ်ကို မထင်မှတ်ပဲ ဖျက်ဆီးခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ် ခြ စားနေမှု တစ်ရပ်ပဲ ဖြစ်ပါတယ်….. အဲ့ဒိလို လုပ်ရပ်ကို မှန်တယ်လို့ ယုံကြည်လက်ခံပီး ကမ္ဘာမီးလောင် သားကောင် ချ နင်းမှာပဲ ဆိုတဲ့ စကားကို လက်ကိုင်ထားနေတဲ့ ကင်ဆာဖြစ်နေတဲ့ စိတ်ဓါတ်တွေကို ကုစားဖို့ လိုအပ်လာပါပီ….
(တစ်ချိန်မှာ နိုင်ငံတော် မှာ အရေးပါတဲ့ တာဝန်တွေကို ၀င်ယူမဲ့ အရာရှိလောင်းတွေလား ခွေးလွေခွေးလွင့်တွေလား ကြည့်လုပ်စမ်းပါကွာ)
အမြှီးကျက် အမြှီးစား ခေါင်းကျက် ခေါင်းစား စိတ်ဓါတ်ဟာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ တစ်ဖက်တစ်လမ်းမှာ နေရာဝင်ယူလာမယ့် အင်အားစုတွေမှာ ၀င်ရောက်နေတာ နိုင်ငံအတွက် အန္တရာယ် ကြီးမားတယ် ဆိုတာ အချိန်မီ တာဝန်ရှိသူတွေ သိရှိနိုင်ကြပြီး လိုအပ်တဲ့ ကုစားမှုတွေ မြန်မြန် ပြုလုပ်ဖို့ သင့်ပါပီ…. နောက်မို့ဆိုရင်ဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကင်ဆာ ဖြစ်နေတဲ့ အလေ့အကျင့်တွေဟာ ရောဂါရင့်မှ ဆိုရင်တော့………..
(စေတနာ ဘယ်သူကိုထားနေတာလဲ ဘယ်သူ့ကို ကုခိုင်းနေတာလဲ တကယ်တန်းလုပ်ရမှာ က ခွေးဇာတ်ခင်းဖို့ လွှတ်လိုက်တဲ့ ရုရှက ခွေးအားလုံးကို ပြန်ခေါ်ပြီး နိုင်ငံတော် လုပ်ကြံမှုနဲ့ ဇက်ကြိုးတတ် ခုံရုံးတင်ရမှာ)
(ဖေ့ဘွတ်က နံမည်ကြီး ခွေးမျိုးခွေးနွယ် လူသတ်ကောင် တစ်ကောင်ရဲ့ အကြောင်း တစ်စိတ်တစ်ဒေသ သိအောင်ထုတ်ပြလိုက်တယ် ….. သိပ်အထင်ကြီးနေတဲ့သူတွေ သတိထားစေချင်တယ် )
အသေးစိတ်သိချင်လာအုံးမယ်