ရိုဟင်ဂျာများ ဆက်လက်တိုက်ခိုက်ခံနေရကြောင်း လူ့အခွင့်ရေးအဖွဲ့ကြေညာ washingtonpost
မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများကြောင့် အစိုးရမှ အရေးပေါ်အခြေအနေ ကြေညာပြီး တစ်လခွဲအကြာတွင်မူ အုပ်စုဖွဲ့အကြမ်းဖက်မှုများ တအုံနွေးနွေးဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် မြန်မာမွတ်စလင်ရိုဟင်ဂျာများအား ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်မှုများ၊ မုဒိန်းမှုနှင့် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုများ ဆက်လက်တိုးပွားလျက်ရှိကြောင်း နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့(Amnesty International)က ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်သည်။
အစိုးရ၏ ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ၀င်းမြိုင် ဆိုသူက “စွပ်စွဲချက်များမှာ အခြေအမြစ်မရှိဘဲ နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့၏ တောင်းဆိုချက်များမှာလည်း ပကတိအခြေအနေနှင့်လုံးဝဆန့်ကျင်နေကြောင်း၊ အဆိုပါ ဒေသမှာ အေးချမ်းနေပြီဖြစ်ကြောင်း” ဇူလိုင်လ ၂၀ ရက်နေ့က ပြောဆိုသွားခဲ့သည်။
နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့က မြန်မာပြည်၏ နိုင်ငံခြားသားလူမျိုးစုအဖြစ်ရှုမြင်ခံရသော၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ခိုးဝင်လာသူများဟုဆိုကာ အစိုးရက နိုင်ငံသားအဖြစ် ငြင်းပယ်ခံနေရသော ရိုဟင်ဂျာလူနည်းစုအပေါ် အစိုးရ တပ်ဖွဲ့နှင့် ရခိုင်ဗုဒ္ဓဘာသာအစွန်းရောက်များက တိုက်ခိုက်မှုအသစ်များ ဖန်တီးလျက်ရှိကြောင်း စွပ်စွဲခဲ့သည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင် အဆိုးဝါးဆုံး အကြမ်းဖက်မှုများ ကျဆင်းသွားသော်လည်း ကြိုကြားကြိုကြား အုပ်စုလိုက် အကြမ်းဖက်မှုများ ဆက်လက်ရှိနေပြီး ရိုဟင်ဂျာလူမျိုးစုအပေါ် ဦးတည်တိုက်ခိုက်နေကြောင်း လူ့အခွင့်ရေးအဖွဲ့ ဆိုသည်။
စစ်တပ်နှင့်ရဲအပါအ၀င် အစိုးရလုံထိန်းတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကိုအစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းပြီး ရာပေါင်းများစွာကို လိုက်လံဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ၄င်းတို့အား အဆက်အသွယ်မရတော့ကြောင်း၊ လုံခြုံရေးနှင့်အမိန့်အာဏာကို ပြန်လည်ထိန်းသိမ်းရာတွင် လူ့အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ရန် အရေးကြီးကြောင်း၊ အများစုမှာ ဘာသာရေးခွဲခြားဆက်ဆံမှုနှင့် လွတ်လပ်ခွင့်ကို ချိုးဖောက်၍ ထင်ရာမြင်ရာ တဖတ်သက်ဖမ်းဆီးခံနေရကြောင်း လူ့အခွင့်ရေးအဖွဲ့(Amnesty)က ထုတ်ပြန်ကြေညာသည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ ၀င်းမြိုင်ကမူ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့မှ မွတ်စလင် အနည်းဆုံး အယောက် ၁၀၀ အဖမ်းဆီးခံရကြောင်း ၀န်ခံပြောဆိုသော်လည်း ယင်းမှာ ခွဲခြားဖိနှိပ်မှုမဟုတ်ကြောင်းနှင့် မောင်တောမြို့၌ ၉၅ ရာခိုင်နှုန်းကျော်မှာ မွတ်စလင်များဖြစ်သောကြောင့် သဘောသဘာဝအားဖြင့် အဖမ်းဆီးခံမွတ်စလင်များ အများအပြား ပါဝင်နေရခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။
နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့က မြန်မာအစိုးရအား ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိမှတ်ပြုလက်ခံဖို့ တိုက်တွန်းလိုက်သည်။
“နိုင်ငံတကာ လူ့အခွင့်ရေးဥပဒေများနှင့် စံချိန်စံညွှန်းများအရ မည်သူတစ်ဦးတစ်ယောက်မျှ နိုင်ငံမဲ့အဖြစ်နဲ့ ရပ်တည်နိုင်စရာ အကြောင်းမရှိပါဘူး၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးမှတ်တမ်းတွေမှာ သက်တမ်းအရင့်ဆုံး အမည်းစက်ကတော့ ရိုဟင်ဂျာတွေအပေါ် နိုင်ငံသားအဖြစ် ငြင်းပယ်မှုနဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေပဲဖြစ်ပါတယ် ”ဟု လူ့အခွင့်ရေးအဖွဲ့မှ Zawacki က ဆိုသည်။
ရိုဟင်ဂျာအရေး ကာကွယ်ပေးရန် အီရန်နိုင်ငံကလည်း ကုလသမဂ္ဂသို့ တောင်းဆိုခဲ့သည်။ “အကြောင်းရှာ ယိုးမယ်ဖွဲ့ပြီး မွတ်စလင်တွေကို လူမျိုးရေး၊ ဘာသာရေးသုတ်သင်ရှင်းလင်းမှုလုပ်နေတာဟာ လုံးဝတရားမျှတမှုမရှိပါဘူး။ နိုင်ငံတကာ ဥပဒေအရလည်း လက်ခံနိုင်စရာမရှိပါဘူး”ဟု ကုလဆိုင်ရာ အီရန်သံအမတ်ကြီးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ရေးသားသောစာတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံတွင် လူနည်းစုများ အထူးသဖြင့် နယ်စပ်ဒေသရှိ မျိုးနွယ်စုများမှာ ကာလကြာရှည်စွာ တင်းမာမှုများ ကြုံတွေ့ခံစားခဲ့ရပြီး အစိုးရသစ်မှ အပစ်အခတ်ရပ်ဆဲရေးများပြုလုပ်ခဲ့သော်လည်း မဖြေရှင်းနိုင်သေးသည့် ပြဿနာ များကျန်ရှိနေသေးသည်။ မြန်မာပြည်မြောက်ပိုင်းတွင် အစိုးရတပ်များနှင့် ကချင်မျိုးနွယ်စုများအကြား လက်နက်ကိုင်တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။
နှစ်ပေါင်း၂၀အတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်အသစ်ဖြစ်လာသည့် ဒဲရစ်မစ်ချဲလ်က ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်မှ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၃သန်းတန်ဖိုးရှိ စားနပ်ရိက္ခာအကူအညီများ ထောက်ပံ့မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၀ရက်နေ့က ကြေညာခဲ့သည်။ အစောပိုင်းရက်များကလည်း ရခိုင်နှင့်ကချင်ဒေသရှိ ဒုက္ခသည်များအတွက် အလားတူ အမေရိကန်ဒေါ်လာ ၃သန်းတန်ဖိုးရှိ လူသားချင်းစာနာထောက်ထားသော အကူအညီများ ပေးပို့သွားမည်ဟု အမေရိကန်အစိုးရမှ ကြေညာခဲ့ပြီးဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုများမှာ တိုင်းပြည်၏ အသေအပျောက်အများဆုံး လူမျိုးရေးပဋိပက္ခ သွေးထွက်သံယိုမှုဖြစ်လာပြီး ပြည်တွင်းက ရိုဟင်ဂျာများ၏ကံကြမ္မာနှင့်ပတ်သက်၍လည်း နိုင်ငံတကာမှ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။
မြန်မာအများအပြားက ရိုဟင်ဂျာများကို တရားဝင်အခြေချခွင့်ငြင်းပယ်ခဲ့ကြပြီး ၁၉ ရာစု ဗြိတိသျှလက်အောက်ကျ ရောက်စဉ်က မြန်မာပြည်သို့ဝင်ရောက်လာသော ဘင်္ဂါလီနွယ်ဖွားများကိုသာ နိုင်ငံသားများအဖြစ် မှတ်ယူကာ လွတ်လပ်ရေးပြီး ၁၉၄၈ ခုနှစ်နောက်ပိုင်းဝင်ရောက်လာသူများကို တရားမ၀င်ရွှေ့ပြောင်းလာသူများဟု သတ်မှတ်ကြသည်။
ဘင်္ဂါလားဒေ့ရှ်အစိုးရဘက်ကလည်း ရိုဟင်ဂျာများမှာ မြန်မာပြည်မှ ထွက်ပြေးလာသူများဖြစ်ပြီး မိမိတို့ နိုင်ငံသားမဟုတ်ကြောင်း ငြင်းဆန်ပြီး မြန်မာနိုင်ငံတွင် ရာစုနှစ်ကြာနေထိုင်ခဲ့ကြသူများဖြစ်သဖြင့် မြန်မာအစိုးရကသာ နိုင်ငံသားအဖြစ်အသိအမှတ်ပြုရန် တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လက်ရှိမြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစုပေါင်း ၈ သိန်းခန့် နေထိုင်လျက်ရှိသည်။ နှစ်စဉ် ထောင်နှင့်ချီသော ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် အခြားဒေသများသို့ ထွက်ပြေးလျက်ရှိပြီး။ ရိုဟင်ဂျာ များသည် အဓမ္မလုပ်သားများအဖြစ် ခိုင်းစေမှု၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှု၊ လွတ်လပ်စွာခရီးသွားလာခွင့်၊ လက်ထပ်ခွင့်နှင့် ကလေးမွေးဖွားခွင့်များ ကန့်သတ်ချုပ်ချယ်ခံရသောကြောင့် ယခုကဲ့သို့ နှစ်စဉ်ထွက်ပြေးနေရခြင်းဖြစ် သည်ဟု လူ့အခွင့်ရေး အဖွဲ့များက ဆိုသည်။ – Ref: washingtonpost
August 1, 2012 at 12:13 pm |
ရခိုင်/ဗမာများ၏ ယုတ်မာပက်စက်မှုကို ပြည်ထောင်စု အစိုးရသို့ အိတ်ဖွင်ပေးစာ
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောအဖြစ်အပျက်များ၏ နောက်ပိုင်းရက်များတွင် ကျောက်ဖြူ၊ကျောက်နီမော်၊ ဘူးသီတောင် ၊မောင်းတော၊ ရသေ့တောင်၊မင်းပြား၊မြောက်ဦး၊ကျောက်တော်မြို့ များတွင်ရှိသောအစ္စလာမ် ဘာသာဝင်များမှာယနေ့ အချိန်ထိ
ရက်ပေါင်းများစွာ ပိတ်ဆို့ခြင်းခံနေရပါသည်။ စားနပ်ရိက္ခာများဝယ်မရပါ။ ပြင်ပမြိုရွာများသို့ ခရီးသွားလာခွင့်မရပါ။ ထို့ ပြင် မွတ်စလင်များ၏ စီပွားရေလုပ်ငန်းများ ရပ်ဆိုင်းထားရပါသည်။
စားနပ်ရိက္ခာရရှိရေးအတွက်အပြင်အထန် ကြိုးစားနေရပါသည်။ ရခိုင်ဗုဒဘာသာ ကြင်နာသနားတတ်သူတချို့ ၏ကူညီပေးမှု ဖြင့် ၀ယ်ယူ ရရှိထားသောစားနပ်ရိက္ခာအနည်းငယ်ကို မျှဝေစားသုံးနေရပါသည်။ ကျန်းမာရေးအတွက်ဆေးကုသရန်လိုအပ်နေသူများ သက်ဆိုင်ရာမြို
့များထံဆေးကုသရန်မသွားနိုင်ပါ။ ဒေသတွင်းရှိဆရာဝန်များကလည်း အစ္စလာမ်ဘာသာဝင်များကိုဆေးကုမပေးကြပါ။ ရပ်ဝေးရောက် ပညာသင်သွားနေသော ကျောင်းသားကျောင်းသူများ မိဘရပ်ထံပြန်ခွင့် မရပါ။
အစောပိုင်းရက်များမှခွင့်ဖြင့်ပြန်လာသောကျောင်းသား/သူ၊၀န်ထမ်းများမှာအချို့ အသတ်ခံရပြီး အသက်ရှင်လျက်ကျန်ရှိသော လူများမှာလည်း ရောက်ရှိနေသော ဒေသများတွင်ပိတ်မိနေပါသည်။ ကျောက်နီမော်တွင် အစောပိုင်းရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များ သာသနာပြုအဖွဲ့ (၁၆)ယောက် [မိထ္ထီလာမြို့ မှ(၁၀)ယောက်စစ်တွေ မှ(၆)ယောက်] တို့ မှာလွန်ခဲ့ သော၃ရက်၎ရက်ခန့် တွင်မှ တပ်ရင်အပြောင်းအရွေ့ အကူအညီဖြင့် ကျောက်ဖြူ သို့ ရောက်ရှိခဲ့ပါသည်။ ထိုမှတဆင့် လေယာဉ်ဖြင့် သက်ဆိုင်ရာမြို့ များသို့ ပြန်ခဲ့ ရပါသည်။ ထိုအကြောင်းအရာကိုလည်း ဘက်လိုက်ယုတ်မာသောမီဒီယာများက ကူးယူလာသောဘင်္ဂါလီကုလားများအား နေရပ်သို့ ပြန်ပိုလိုက်သည်ဟု တလွဲဖော်ပြခဲ့ပါသည်။
စစ်တွေထောင်တွင်းမှာလည်း အဖမ်းခံရထားသော အကျဉ်းသားအစ္စလာမ်ဘာသာဝင်များကို အ၀တ်အစား ၊စားနပ်ရိက္ခာနှင့် ဆေးဝါးများမပြည်စုံမှုတို့ ကြောင့်နောက်ပိုင်းတွင်အစုလိုက်အပြုံလိုက်သေဆုံးခဲ့ ရပါသည်။ကွယ်လွန်သေဆုံးသွားသောရုပ်အလောင်းများကိုကျင်းတစ်ကျင်းထဲတွင် စုပြုံမြုပ်နှံခဲ့ပါသည်။ ထိုကဲသို့ ဖြစ်ပျက်နေသောအခြေအနေများကို RNDP မှဦးဆောင်လှုပ်ရှားနေပြီးပြည်ခိုင်ဖြိုးပါတီ(UNDP)မှ ယင်းလှုပ်ရှားမှုကိုအားပေးအားမြှောက်ပြုနေပါသည်။ လှုံခြုံရေးတပ်ဖွဲ
့များ၏သက်ဆိုင်ရာတာဝန်ရှိသူများမှ အရေးယူဆောင်ရွက်ခြင်းလုံးဝမရှိဘဲ ၊တာဝန်မဲ့ လက်ပိုက်ကြည့်နေပါသည်။ ထိုကဲ့ သိုဘက်စုံပိတ်စို့ ခံရ ခြင်း၊စားနပ်ရိက္ခာနှင့်ဆေးဝါးများ ဖြတ်တောက်ခြင်းတို့ ကြောင့် သေဆုံးရမည့်အခြေအနေတွင် ရခိုင်ပြည်နယ် တစ်ပြည်လုံးရှိအစ္စလာမ်ဘာသာဝင်များရင်ဆိုင်ကြုံတွေ့ နေရပါသည်။ အဆင့်အတန်းမရှိ ယုတ်မာသောသူများ၊အကြင်နာ တရားခေါင်းပါးသောသူများ၊ သူတပါးအသက်အိုးအိမ်စည်းစိမ်ထိခိုက်ပျက်စီးစေလိုသောသူများ၊ အကျင့်ပျက်သီလပျက် မီဒီယာနှင့် FB ပိုင်ရှင်များမှလည်း မဟုတ်မတရားမမှန်သတင်းများလုပ်ကြံလီဆယ်ပြီးဖွကြပါသည်။ ထို့ ကြောင့်ကုလသမဂ္ဂ လုံခြုံရေးအဖွဲ့ အပါအ၀င် နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ ဝင်များမှ ၀င်ရောက်ကာကွယ်ပေးရန်အချိန်တန်နေပြီဖြစ်ကြောင်းယုံကြည်မိပါသည်။
ကုလသမဂ္ဂ လူ့ အခွင့်အရေးကော်မရှင်မှ Mr.ကင်တားနားရောက်လာခါနီးမှ စားနပ်ရိက္ခာဝယ်ယူခွင့်ဈေးဆိုင်ဖွင့်ခွင့်တို့ကိုခွင့်ပြုပေးခဲ့သည်။ ထောင်တွင်းရှိ အကျဉ်းချ အစ္စလာမ်ဘာသာဝင်များကိုလည်း ယခုအခါမှ အ၀တ်အစားများထုတ်ပေးပါသည်။ ပိတ်ဆို့ခံရသောဒေသခံ မွတ်စလင်များနှင့် ထောင်သားများကို ကုလသမဂ္ဂမှ တာဝန်ရှိသူများ လာရာက်မေးမြန်းသည့်အခါတွင်လည်း “ယခုရရှိခဲ့သောအခွင့်အရေးများ ယခင်ကတည်းကရရှိခဲ့ ပါ ကြောင်း၊ ပိတ်ဆို့ ခံရခြင်းများ မဟုတ်ခဲ့ ပါကြောင်း ” ဟု ဖြေဆိုရန်ညွှန်ကြားချက်များဖြင့်အကျပ်ကိုင်ခြင်းခံခဲ့ ရပါသည်။ ဗဟိုအစိုးရမှ အချိန်နှင့်တပြေးညီ အမြန်ဆုံးဒေသခံပြည်သူများထံမှ ဖုန်းသတင်းဖြင့် လည်းကောင်း၊ကွင်းဆင်းစစ်ဆေးချက်များဖြင့် လည်းကောင်း၊ အရေးယူဆောင်ရွက်ပေးပါရန် ဆက်သွယ်ပြောကြားချက်များကို အိတ်ဖွင့်ပေးစာအဖြစ် တင်ပြအပ်ပါသည်။
အောင်နိုင်မင်း @ http://myanmarmuslim.net/news.php?extend.764