မင်းတို့  ကုလားပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် ငါက ငါ့မြေမှာမွေး ငါ့ထမင်းငါစားတဲ့ မြန်မာနိုင်ငံသားစစ်စစ်ပဲ။ ဇာဂနာ (ခ) ဦးသူရ ပြောသလိုပဲ၊ မင်းတို့ လက်ခံတာ လက်မခံတာက မင်းတို့ အပိုင်း။ ငါ့မှာ ငါ့လွတ်လပ်ခွင့်၊ ငါ့အခွင့်အရေးအပြည့်ရှိတယ်။ ဒီမြေဟာ ငါ့မြေ၊ဒီရေဟာ ငါ့ရေ။ တိုင်းပြည်ကို ဘယ်တော့မှ သစ္စာမဖောက်သလို ငါရဲ့ တိုင်းပြည်ပိုင်ဆိုင်မှုကိုလည်း တစက်မှ လျော့မပေးနိုင်ဘူး။ မင်းပိုင်သလို ငါလည်းပိုင်တယ်။ ငါက မြန်မာပြည်ရဲ့ နိုင်ငံသား။ မြန်မာပြည်က ငါ့ရဲ့ ပြည်။တကယ်တော့ ငါဟာ အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုး။ နိုင်ငံခြားက၀င်လာပြီး ကပ်စားနှပ်စားမဟုတ်။ ငါဟာ ငါ့ဘီဘင်တွေခေါင်းချတဲ့ မြေပေါ်မှာမွေးတဲ့ ပထမအဆင့်နိုင်ငံသား (ဒုတိယအဆင့်နိုင်ငံသားမဟုတ်ဘူး)။ ငါ့မာန ငါ့သိက္ခာ ငါ့ခံယူချက် ငါ့ခန္ခာနဲ့ ငါ။ ဘယ်သူ့ ထမင်းမှ အလကားစားပြီး ကြီးလာတာမဟုတ်ဘူး။ ရိုးရိုးသားသားနဲ့  ကိုယ့်ဝမ်းကိုယ်ကြောင်းနေတဲ့လူ။ငါ့မှာငါ့အခွင့်အရေး အပြည့်အ၀ရှိတယ်။ ငါ့မှာ လွတ်လပ်မှု အပြည့်အ၀ရှိတယ်၊ မြန်မာပြည်ကလူတွေတန်းတူ မြန်မာပြည်ကို ပိုင်ဆိုင်တယ်၊ မြန်မာပြည်ရဲ့ အနာဂတ်ကိုဖန်းတီးခွင့်ရှိတယ်၊ ငါ့မှာ အခွင့်အရေး တန်းတူ ရှိတယ်။ ဒီအခ
ွင့်အရေးကို မြန်မာစစ်စစ်ဆိုတဲ့ အယူသီး အရိုင်းအစိုင်း ငဂေါက်တွေကသာ ချိုးဖောက်နေကြတာ။ ဒီအခွင့်အရေးတွေ ပြန်ရဖို့  ငါ့မှာ ပြန်လှန်ခုခံ တိုက်ပွဲဝင်ခွင့်ရှိတယ်။
ငါက ဘာကိစ္စ ဒုတိယတန်းစား နိုင်ငံသားလို့ ထင်ရမှာလည်း။ ငါ့မြေပေါ်မွေး ငါ့ထမင်းငါစားပြီး ငါ့အလုပ်ငါလုပ်တာပဲ။ ငါက အစ္စလာမ်ဘာသာ ကိုးကွယ်တာတ ခုတည်းနဲ့  အဆင့်နှိမ့်သွားရောလား။ ဒီမှာသူငယ်ချင်း ငါ့မှာ ငါ့အခွင့်အ ရေးအပြည့်အ၀ရှိတယ်။ ငါလည်း မြန်မာစစ်စစ်ပဲ။ ငါတို့ အ ခွင့်အရေးကို ချိုးဖောက်နေတဲ့ လူတွေရဲ့  အပြောအဆို အဆက်အဆံတွေ အမြင်တွေကို လက်ခံမှ ဒုတိယနိုင်ငံသားဖြစ်မှာ။ ငါလက်မခံတော့ဘူး သူငယ်ချင်း။ လက်ခံဖို့ လည်းမလိုဘူး။ လက်ခံစရာလည်းမဟုတ်ဘူး။ အရင်က ငါ့ကိုယ်ငါ သိမ်ငယ်မိခဲ့တာတွေအတွက် ငါနောင်တရတယ်။
ငါတို့ က ငါတို့ မြေပေါ်ငါတို့ နေတာ။ ဒီမြေ ဒီမြို့ ကြီးပေါ်မှာနေလာတာ ငါတို့  ဘီ (အဖိုးအဖွားမိဘ) လက်ထက်ကတည်းကကွ။ သူတို့ ကိုလည်း ကုလားပြည်က ၀င်လာတာလို့ မထင်လိုက်နဲ့ ၊ အနီးအနားက ရွာတွေက ဒေသခံစစ်စစ် လယ်သမားတွေ။ ငါတို့ ကကိုယ့်ထမင်းကိုယ်စား ကိုယ့်မြေပေါ်ကိုယ်နေတာ။ ဘယ်သူကိုမှလည်း မစော်ကားဘူး။ သားရေပေါ်နေ သားရေနားစားရအောင်လည်း ခွေးမဟုတ်ဘူး။ ကျွေးတဲ့လက် ပြန်ကိုက်တာ ငါ တို့ မဟုတ်ဘူး သူငယ်ချင်း။ မင်းလည်း မဟုတ်ပါစေနဲ့ လို့  ငါမျှော်လင့်တယ် (ဆုတော့ မတောင်းပေးတော့ဘူး၊ ငါ့ဘုရား မင်းကြိုက်မှာလည်းမဟုတ်ဘူး)။ ငါတခုတော့ သတိပေးမယ် သူငယ်ချင်း။ မင်းအဖေက ဗမာ (သို့ ) မြန်မာစစ်စစ်မဟုတ်ဘူးနော်။
Read the rest here @ MMSYကုလားခေါ်ခေါ် ဘာခေါ်ခေါ် ငါမြန်မာပဲ
Tags: Asia, Burma, Minority group, Myanmar, Ne Win