Who is the translator?
Shamelessly COVER-UP with wrong translation.
The First sentence is,”We Muslims are suppressed” but the translator TWISTED the meaning and translated as, WE need assistance”.
Turkey and OIC must insist to send the Independent, efficient and experienced UN Investigation team.
Myanmar will try to cover up their crimes.
THIS IS THE PROOF that Myanmar Government is not sincere.
August 11, 2012 at 10:56 am |
တူရကီ နိုင်ငံခြားရေးဝန်ကြီး ရခိုင်ဒေသ အလှုအတန်းနှင့် လေ့လာရေး ခရီးစဉ်
၁၀ ဩဂုတ် ၂၀၁၂ Source: RFA Burmese, Mizzima, World Bulletin, AFP http://myanmarmuslimsvoice.com/archives/710#more-710
တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး H. E .Mr Dhermet Davutogle ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဇနီး Mrs Sare Davutogle ၊ တူရကီနိုင်ငံခြားရေးရာဝန်ကြီးချုပ်ဇနီး Mrs Emine Erdogan နဲ့ သမီး Miss Sumegye Erdogan အပါအဝင် သီးခြားကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံက နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ မြန်မာ စစ်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဌေး စတဲ့ လူ (၉၀)ခန့် နှင့်အတူ သွားရောက်ခဲ့ပါတယ်။မနက် ၁၀ နာရီလောက်မှာ စစ်တွေမြို့အနောက်ဘက်မှာရှိတဲ့ ဘောဒူဘ ဒုက္ခသည်စခန်း၊ ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။ ဆုတောင်းပြည့် ဒုက္ခသည်စခန်းမှာ ဒုက္ခသည် တွေကို ဦးဆောင်နေတဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တညာဏဝံသနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကို လက်တွဲ တည်ဆောက်ဖို့အတွက် ပြောကြားခဲ့ပါတယ်။ နေ့လည်ပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် ဗလီမှာ ဒေသခံ မွတ်စလင်များနဲ့အတူ ဝတ်ပြုဆုတောင်းခဲ့ပြီး ညနေ(၅)နာရီခန့်မှာ လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။
၁၀-၈-၂၀၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာပါတဲ့ နိုင်ငံတော်သမ္မတနဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံစဉ် တူရကီ နိုင်ငံခြားရေးဝန်ကြီး H. E .Mr Dhermet Davutogle ပြောကြားချက်များအရ -
မြန်မာနိုင်ငံတွင် တူရကီနိုင်ငံသံရုံး ဖွင့်လှစ်ရန် ဆုံးဖြတ်ချင်းမှာ မဟာဗျူဟာမြောက် စဉ်းစား သုံးသပ်ပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံတူညီသော သမိုင်းကြောင်းများ ရှိသဖြင့် တူညီသောနိုင်ငံ နှစ်နိုင်ငံဖြစ်သည်ဟု ခံစားမိကြောင်း၊ တူရကီနိုင်ငိံအနေဖြင့် မြန်မာနိင်ငံအား အရှေ့တောင်အာရှတွင် မဟာဗျူဟာ မိတ်ဖက်နိုင်ငံအဖြစ် ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ တူရကီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆာင်ရွက်ရေး အေဂျင်စီ (TICA) အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ရန် ဆန္ဒရှိကြောင်း၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကဏ္ဌတွင် ပူးပေါင်းဆောင်ရွက် နိုင်ရန် ယဉ်ကျေးမှု သင်တန်းသားများအတွက် ပညာသင်ဆုများ ပိုမိုပေးအပ်လိုကြောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တူရကီ အထက်တန်းကျောင်း နှစ်ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား (၈၀၀) ခန့် ပညာသင်ကြားလျက်ရှိကြောင်း တို့ကို ထည့်သွင်းပြောကြားသွားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သတ်ပြီး လာမည့်သီတင်းပတ်တွင် ဆော်ဒီအာရေဗျ နိုင်ငံတွင် ကျင်းပမည့် OIC အစည်းအဝေးတွင် ရခိုင်ဒေသအရေးကိစ္စကို ရှင်းလင်းတင်ပြပေးမည်ဖြစ်ကြောင်း၊ TICA၊ လခြမ်းနီအဖွဲ့အပြင် NGO အလှူရှင်မျာ: ထပ်မံလှူဒါန်းလိုသူ အများအပြား ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံတွင် ပကတိတွေ့မြင်ခဲ့ရမှုအား OIC အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာသန်း (၁၀၀)၊ အမေရိကန်ဒေါ်လာသန်း (၅၀၀)၊ အမေရိကန်ဒေါ်လာသန်း (၅၀) ထပ်မံလှူဒါန်းလိုသူ အများအပြားရှိကြောင်း၊ လူမှုအသိုက်အ၀န်းနှစ်ရပ် သဟဇာတ ဖြစ်စွာ နေထိုင်နိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်တို့ကိုပါ ပြောကြားသွားကြောင်း သိရှိရပါတယ်။