ရေးသူ :: Aungaung Thanမီဒီယာ :: Facebook ဒါတွေသိပါသလား ကိုခင်ရီ ခင်ဗျားပြောသလိုဆိုရင် မင်းတုန်းမင်း နဲ့ သီပေါမင်း တို့ မြန်မာတွေမဟုတ်ဘူးပေါ့အဲဒီ မင်းနှစ်ပါး ရိုဟင်ဂျာနဲ့ ဘင်ဂါလီ မဟုတ်တာတော့ ကျွန်တော် သက်သေပြနိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာမှာတော့ မိန်းမတယောက်ဘဲယူရတာ… အခုဟာကတအားများနေတယ်... လေးယောက်လောက်ရှိတယ်…”လ၀က ၀န်ကြီး ဦးခင်ရီ (၇.၈.၂၀၁၂ နေ့ စောင့်ကြည့်ဂျာနယ်)
ရှင်းလင်းချက်
“မောင်းမ လက်သုံးပုံ” မင်းတုန်းမင်း မိဘုရားများတာလူတိုင်းသိတယ်။ ရှင်းရှင်းပြောတော့ နန်းတော်ထဲက အမျိုးသမီးတွေအားလုံး သူ့မယားချည်းလို့ ပြောလို့ရတယ်။ ဒီတော့ နန်းတော်ထဲက အမျိုးသမီးတွေဟာ အရေးဟဲ့အကြောင်းဟဲ့ဆို သက်လုံးကောင်းဖို့ဆိုတာထက် အရှင့်အလိုကောင်းဖို့ လေ့ကျင့်သင်ကြားရဟန်တူပါတယ်။ ဒီတော့ လက်သုံးပုံကျမ်းအဖြစ် မှတ်တမ်းလုပ်ပြီး သင်ကြားပေးရပါတယ်။ အဲဒီကျမ်းကို ” မောင်းမ လက်သုံးပုံ “ လို့ ခေါ်ပါသတဲ့။ ဒေါက်သာသန်းထွန်း နယ်လှည့်ရာဇဝင် စာ၂၈၄မှာ ပြောထားတာက မင်းတုန်းမင်းကြီးရဲ့ မိဘုရားတစ်ပါးမှာ ပုရပိုဒ်တစ်ခုရှိတယ်။ လူယောက်ျား လူမိန်းမ နှစ်ယောက်တွဲသံ ဝါသပြုနေတဲ့ ပုံနှစ်ဆယ့်လေးပုံပါသတဲ့။ အသက်ကြီးလာတဲ့ မိဘုရားကြီးက မီးရှို့ဖျက်ဆီးခိုင်းလို့ အခိုင်းခံရတဲ့လူက တိတ်တဆိတ် ဓာတ်ပုံရိုက်ယူထားလို့ ပုံမှတ်တမ်းကျန်ရစ်ပါတယ်တဲ့။ အဲဒီဓာတ်ပုံကိုတော့ မြင်ဖူးချင်ပါရဲ့။ ဘယ်မိဖုရားဖြစ်တယ်ဆိုတာ နာမည်တပ်ပြီးမပြောခဲ့ပေမယ့် ထားဝယ်မှာနေသွားတဲ့ မင်းတုန်းမင်းရဲ့ နာမည်ကြီး မိဘုရားကြီးများဖြစ်မလားလို့ ခန့်မှန်းပါရဲ့။ရှေးက မြန်မာအမျိုးသမီးတစ်ယောက် နန်းတွင်းဝင်ပြီဆိုတာနဲ့ သင်ကြားရတဲ့ နန်းမူနန်းရာတွေထဲမှာ ” လိင်မှုဆိုင်ရာဟာလည်း မသင်မဖြစ်သင်ကြားရတဲ့ ပညာရပ်တစ်ခုဖြစ်တယ်။
မင်းတုန်းမင်းပြီးတော့ သီပေါမင်းလက်ထက် လှမ်းကြည့်ရအောင်ပါ။ ညီအမတွေကို မယား/မိဖုရားလုပ်တာ လူတိုင်းသိတယ်။ စုဖုရားလတ် ချုပ်ချယ်လို့ သိပ်မရှုပ်နိုင်ရှာဘူးရယ်လို့ လူတိုင်းသိထားကြတယ်။ ဒိုင်းခင်ခင်ကတော့ ဇာတ်လမ်း တစ်ပုဒ်အဖြစ်ကျန်ရစ်တယ်။ စုဖုရားလတ် ဝေဖန်ရေးတွေထဲမှာ ဆရာကြီးမြသန်းတင့်ရဲ့ ဝေဖန်ရေးမှာတော့ စုဖုရားလတ် သီပေါနဲ့ပေါင်းဖက်တော့ ဆယ်ကျော်သက်။ ပါတော်မူတော့ ၂၀ စွန်းစွန်းရယ်။
ဒီတော့ ဒီအသက်ရွယ် ဘုရင့်မိဘုရားတစ်ပါးဆီ ဒီလိုအပြုမူတွေရှိတယ်ဆိုသာ သာမန်မိန်းမသားတွေလို ပြုမူတာဘဲဆိုပြီး ဖေးဖေးမမပြောသွားခဲ့တယ်။ လူတချို့ကတော့ စုဖုရားလတ်ဟာ တစ်လင်တစ်မယား စနစ်ကိုတည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ နေဝင်ချိန်မိဖုရားတစ်ပါးအဖြစ် ခေါ်ဆိုတတ်ပါသေးတယ်။ ထားပါတော့။
သီပေါမင်းခေတ် ဝက်မစွတ်ဝန်ထောက် သိမ်းထားတဲ့ ပုရပိုဒ်တွေထဲမှာ ဘုရင်အလိုရှိတိုင်း ကာမဂုံဖြည့်ပေးရတဲ့ အမျိုးသမီးစာရင်း ကျန်ရစ်တယ်။ အဲဒီစာရင်းကို ပြုစုပေးရတဲ့သူက ရေနံသာစားဖြစ်တယ်။ ရှင်းရှင်းပြောတော့ ဘုရင်လုပ်သူက အဟမ်း အဟမ်း ဆိုရင် ရေနံသာစားက စားရင်းထဲကအတိုင်း နီးစပ်ရာ အမျိုးသမီးပြေးခေါ်ပေးရဟန်တူပါတယ်။ စာရင်းကို ကြည့်ရအောင်ပါ။” ကာမဂုံ အခွင့်ရလျှင် အခါမရွေး ( x ) လိုကြောင်း ရေနံသာ ရေတွက်သည့်စာရင်း “သမီးပျို စာရင်းဖြစ်ပြီး စုစုပေါင်း ၁၆ ယောက်။၁။ အစ်မတော်ဘုရား ( ချွန်းတောင်း / မိုင်းခိုင်မင်းသမီး )၂။ ပြင်စည်မင်းသမီး (မကွေး မိဖုရားသမီး )၃။ မိုးမိတ်မင်းသမီး (စာပွဲတောင်းမိဖုရားသမီး )၄။ လှိုင်ကျွန်းသမီးကြီး (တောင်တွင်း/မင်းကတော်သမီး)၅။ ငန်စွန် (မိဖုရား)သမီး ထရန်ကာ (မင်းသမီး)၆။ ကြေးမြှင့် မိဖုရား၇။ ပင်းအတွင်းဝန် သမီး၈။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအကြီး၉။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအငယ်၁၀။ ညောင်ဝန် သမီး၁၁။ ဥယာဉ်အုပ် သမီး၁၂။ တရားမ အရေးပိုင်သမီး၁၃။ စာရေးကြီး ငအုံ သမီးအကြီး၁၄။ ကုလားဝန် သမီးအကြီး၁၅။ သီပေါဝန် သမီး၁၆။ ပင်သာ သမီး
သူတပါး မယားတွေလည်းပါတယ်။ စာရင်းကြည့်ပါ၁။ တောင်ခွင်မင်းကြီး ကတော်၂။ ပင်သာ (မင်းသား) မယား၃။ စာရေးကြီး ဦးဘိုးရှုတ် မယား၎။ ရေနံချောင်းမင်းကြီး မယား သီလ၅။ အမြောံဝန် မယား၆။ ကွပ်ရွာဝန်ထောံ မယား၇။ ခန်ပတ်ဝန်ကြီး မယား၈။ ရှေ့ဝင်းမှူး မယားစုစုပေါင်း သူတပါး မယား ၈ ယောက်ရှိတယ်။
သူတပါး တူမ နှင့် အခြား သမီးလား မယားလားမသိတဲ့ စာရင်းက၁။ ပင်းကလဲဝန်ထောံ တူမ၂။ ကုလားမ ဘီဘီ၃။ ပြင်စည်၎။ ကျောံပန်းတောင်းစုစုပေါင်း ၄ ယောက်။ သီပေါမင်းခေတ်မှာ အဖြူမ ကိုယ်လုပ်တော်တွေလည်းရှိတယ်။ သူတို့တွေဟာ သက်ဆိုင်ရာနယ်ချဲ့လိုတဲ့ အစိုးရကစေလွတ်တဲ့ လခစားကြေးစား မိန်မပျက် တစ်ဖြစ်လဲ သူလျှိုတွေပေါ့။ နာမည်ကြီးကိုယ်လုပ်တော် ကတော့ ယွန်းခင်ခင် (The Lacquer Lady)ပေါ့။
ဒီစာရင်းဟာ သီပေါမင်းရဲ့ မယားစာရင်းဆိုသေချာစေတာက လူအမည်တွေနှင့် အမိန့်တော်ထုတ်တဲ့နေ့ ( မှတ်တမ်းတင်တဲ့နေ့ ) ဟာ မြန်မာလို ၁၂၄၆-၁၂၄၇ ခု ( ၁၈၈၄-၅ ) ဖြစ်တာကြောင့်ပါတဲ့။
အထူးမှတ်သားရမှာက ရှင်ဘုရင့်အလိုရှိတိုင်း လာရောက်ပြီး ကာမဂုံ ဆက်ရမယ့်စာရင်းထဲမှာ သူတပါးမယားတွေပါနေတာပါဘဲ။ ဘာသာတရားအဆုံးမနှင့် သီလတရား ကျင့်ဝတ်တွေရှိစေကာမူ ဘုရင်တွေအတွက် အကျုံးမဝင်တာ သတိထားမိပါတယ်။ ဘုရင်ဆိုတာ ကာမေသု သီလစောင့်စရာမလိုတဲ့သဘောပေါ့။ မင်းကျင့်တရားဆယ်ပါးတော့ မပြောတော့ပါဘူး။