သေပြီးတဲ့လူတွေကိုတောင် စော်ကားနိုင်တဲ့ အောက်တန်းစားလူမျိုးတွေရှိတဲ့ နိုင်ငံ

(တောင်ကုတ်မှာ အပြစ်မဲ့ မြန်မာမွတ်စလင်မ်ဆယ်ဦးကို ရာနဲ့ချီတဲ့ လူတွေက ၀ိုင်းပြီး ရိုက်သတ်ကြတယ်။ သေတဲ့အလောင်းတွေကို အလယ်မှာချပြီး မိန်းမယောက်ျားတွေ ကခုန်ပြီး အောင်ပွဲခံတယ်။ အရက်ပုလင်းခွံတွေကို အလောင်းတွေပေါ် ပစ်ချတယ်။အလောင်းတွေကို သေးနဲ့ပန်းတယ်။ အလောင်းတွေပေါ် အန်ချတယ်။ မိန်းမတွေ အရှက်မဲ့တဲ့ပုံသဏ္ဍာန်တွေနဲ့ အလောင်းတွေပေါ် တက်နင်းပြီး ကပြအောင်ပွဲခံတယ်။ နောက်ဆုံး အလောင်းတွေကို သံတွဲကိုသယ်သွားတော့ ကားပေါ်ကို တိရစ္ဆာန်တွေလို ရက်ရက်စက်စက် ပစ်တင်ပေးလိုက်တယ်။ ကျနော်ပြောခဲ့သလိုတွေ သူတို့ လုပ်ခဲ့လား၊ မလုပ်ခဲ့လားဆိုတာကိုတော့ ဒီပုံကိုသာ ကြည့်လိုက်ကြပါ။ ဒါ သံတွဲမြို့ကို အလောင်းတွေ ပြန်ယူလာတော့ ကားပေါ်မှာ အလောင်းတွေနဲ့ ကပ်ပါလာတဲ့ သူတို့လုပ်ရပ်တွေရဲ့ သက်သေတွေပေါ့။ အဲ့ဒီမြင်ကွင်းဗွီဒီယိုတွေကို ရယူဖို့ ကြိုးစားနေပါတယ်။)

Win Naing

♦ ‎”သေပြီးတဲ့လူတွေကိုတောင် စော်ကားနိုင်တဲ့ အောက်တန်းစားလူမျိုးတွေရှိတဲ့ နိုင်ငံသားဖြစ်ရတာ ရှက်တယ်” ဆိုတဲ့ စကားတော့ ပြင်ဖို့ကောင်းတယ်ဗျ။ ရိုးရိုးသားသား သတိပေးတာပါ၊

♦ အခုဖြစ်ခဲ့တဲ့ ပြဿနာတွေအပေါ်မှာ ဘာမှ မပြောလိုပါ၊ အောက်တန်းစားလူမျိုးတွေရှိတဲ့ နိုင်ငံလို့ပြောတာတော့တော်တော်လေး လွန်နေပြီလို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းကလဲ မြန်မာလိုပဲ ရေးနေတဲ့ မြန်မာနိုင်ငံသားပဲ မဟုတ်လား။

♦ သိတ်ရှက်နေရင်တော့ တခြားနိုင်ငံတစ်ခုခုကိုသွားပြီး နိုင်ငံသား ခံယူလိုက်ပါ။ ပြီးရင် မြန်မာနိုင်ငံမှာ မွေးခဲ့တယ်ဆိုတာလဲ ခဝါချပစ်လိုက်ပါ။

Kay Te Zat O

♦ ကို Win Naing ရေ မိတ်ဆွေပြောသလိုသာ လုပ်လို့ရရင်လေ လုပ်ခဲ့ပြီးတာကြာပေါ့ဗျာ။ တစိတ်လောက် မိတ်ဆွေ ကူညီပေးနိုင်မယ်ဆိုရင် ကူညီလိုက်လေ။ ကြိုဆိုပါတယ်။

♦ ကျနော် ဆိုလိုနေတာ အစွန်းရောက်သူတစ်စုကိုပါ။ ကျနော်လဲ ဒီနိုင်ငံသားပဲ။ ဒီနိုင်ငံသားကလွဲပြီး ဘယ်နိုင်ငံသားမှ ဖြစ်လို့မရပါ။ ဒီနိုင်ငံရဲ့ပုံရိပ်ကို မှေးမှိန်အောင်လုပ်တဲ့ လူတစ်စုကို ကန့်ကွက်ရမဲ့အစား မိတ်ဆွေတို့က ကာကွယ်ပေးနေတယ်။ တစ်သက်လုံး ပုံရိပ်မကောင်းခဲ့တဲ့အုပ်စုတွေကို ရှေ့တန်းထုတ် ပွဲတင်လာမယ်ဆိုရင်တော့ ကျနော်ပြောတဲ့ လူအုပ်စုထဲ မိတ်ဆွေတို့ပါ ပါသွားမှာပါ။ ဒါကြောင့် ဘယ်သူမပြု မိမိမှုဆိုတဲ့စကားအတိုင်း မိတ်ဆွေတို့ လူသားဆိုရင် လူသားဆန်ဆန်ပဲ ကိုယ်ချင်းစာစိတ်နဲ့ အမှန်တရားကို လက်ခံတတ်အောင် ကြိုးစားပါ။

Win Naing

 ♦ Kay Te Zat O ကျနော်တို့ ဒီနေရာမှာ ယဉ်ယဉ်ကျေးကျေး ဆွေးနွေကြတာပေါ့ဗျာ၊ ဒီစကားကို အရင်ဆုံး ကျနော်ပြောထားပါတယ်နော။

♦ စပြီး ဖြစ်ကြတဲ့အချိန်ကတည်းက ကျနော် အဲဒီပြည်နယ်ဘက်ကို တစ်ခေါက်မှ မရောက်သလို သွားဖို့လဲ အချိန်မရှိပါဘူး၊ ကိုKay Te Zat O ရော ရောက်ဖြစ်ပါသလား၊ အခု လူကြီးတွေ သွားကြတော့ တရားဝင် သတင်းစာရှင်းလင်းပွဲတွေမှာ ထုတ်ပြန်ကြတာတွေနဲ့၊ သတင်းဗွီဒီယိုတွေပဲ ကြည့်ရတာပါ၊

♦ ဘယ်ဟာက အမှန်တရားလဲဆိုတာ ဖြေရှင်းဖို့ တာဝန်ရှိသူတွေ အဆင့်ဆင့် တာဝန်ယူ ဖြေရှင်းနေကြပါတယ်။ ကျနော်တို့နိုင်ငံက လူကြီးတွေရော ၊ ပြည်ပနိုင်ငံတွေက လူကြီးတွေပါ ဝိုင်းပြီး အဖြေရှာနေကြတဲ့အချိန်မှာ ဘာသာရေးစစ်ပွဲတစ်ခုဖြစ်လာအောင် ဦးတည်လှုံ့ဆော်နေတာမျိုးကိုတော့ အေးအေးချမ်းချမ်းနေချင်တဲ့ ကျန်ပြည်နယ်နဲ့တိုင်းတွေက လူထုအများစုက လက်မခံကြပါဘူး။

♦ နောက်တစ်ခုက မြန်မာနိုင်ငံဟာ မင်းမဲ့တိုင်းပြည်မဟုတ်တဲ့အတွက် မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်မနေပါဘူး၊ ဘယ်ဘာသာကိုပဲ ဖြစ်ဖြစ် မင်းမဲ့အပြုအမူမျိုး လုပ်လာရင် လိုအပ်သလို ကိုင်တွယ်ဖြေရှင်းခဲ့တာ တွေ့ဖူးသိဖူးပြီး ဖြစ်မှာပါ။

♦ နှစ်ပေါင်းအတော်ကြာကြာဖြစ်ခဲ့တဲ့ လူမျိုးရေးပြဿနာကို ဘာသာရေးပြဿနာတစ်ခုဆီ ဆွဲတင်မသွားမိအောင် ဘယ်ဘာသာဝင်တွေဘက်ကဖြစ်ဖြစ် သတိနဲ့တားဆီးကာကွယ်ပေးနိုင်မှ အဲဒီ ဒေသမှာရှိတဲ့ ဘယ်လူမျိုးမဆို အေးအေးချမ်းချမ်းနေရတဲ့ဘဝတွေကို ပြန်ရောက်မယ်ဆိုတာ သတိပြုစေချင်ပါတယ်။ အဓိက concept ပျောက်မသွားအောင် မြန်မာနိုင်ငံသားခံယူထားသူအားလုံးမှာတာဝန်ရှိပါတယ်။

♦ ဘယ်ဘာသာရဲ့ အရှင်သခင်တွေကိုမှ နာမည်တွေတပ်ပြီးပြောမနေကြပါနဲ့၊ ကိုယ်ကိုးကွယ်တဲ့ဘာသာ မဟုတ်ရင် အဲဒီဘာသာကို စော်ကားရာရောက်ပါလိမ့်မယ်။ ဒါက ကျနော် အားလုံးအတွက် အေးအေးချမ်းချမ်းဖြစ်စေမဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုတာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Kay Te Zat O

-‎[Kay Te Zat O ကျနော်တို့ ဒီနေရာမှာ ယဉ်ယဉ်ကျေးကျေး ဆွေးနွေကြတာပေါ့ဗျာ၊ ဒီစကားကို အရင်ဆုံး ကျနော်ပြောထားပါတယ်နော။]

♦ ကျနော့်ဘက်ကလဲ ဒါကို ပြောထားချင်ပါတယ်။

[စပြီး ဖြစ်ကြတဲ့အချိန်ကတည်းက ကျနော် အဲဒီပြည်နယ်ဘက်ကို တစ်ခေါက်မှ မရောက်သလို သွားဖို့လဲ အချိန်မရှိပါဘူး၊ ကိုKay Te Zat O ရော ရောက်ဖြစ်ပါသလား၊ အခု လူကြီးတွေ သွားကြတော့ တရားဝင် သတင်းစာရှင်းလင်းပွဲတွေမှာ ထုတ်ပြန်ကြတာတွေနဲ့၊ သတင်းဗွီဒီယိုတွေပဲ ကြည့်ရတာပါ၊]

♦ တရားဝင်သတင်းစာရှင်းလင်းပွဲတွေက ဘယ်အတိုင်းအတာထိ မှန်ကန်တယ်လို့ ယူဆနိုင်ပါသလဲ။

♦ ကျနော့်ရဲ့ ကိုယ်ပိုင်ဆက်သွယ်မေးမြန်းချက်တွေကို ဖြစ်စဉ်တွေပေါ်ပေါက်လာကတည်းက အချိန်နဲ့တပြေးညီ တိုက်ရိုက်နီးနီး တင်ဆက်ပေးခဲ့တာတွေ ရှိပြီးသားပါ။ ကျနော့် tl မှာရော၊ notes တွေမှာရော တင်ထားပါတယ်။ သေချာ ပြန်ရှာဖတ်ကြည့်ပါ။ ကျနော် ဖြစ်တဲ့နေရာတွေက ကာယကံရှင်တွေဆီကို (ဖုန်း၊ အီးမေလ်၊ အင်တာနက်၊ စာ၊ လူကိုယ်တိုင်) နည်းလမ်းအမျိုးမျိုးနဲ့ သတင်းတွေကို ရသမျှ ဆက်သွယ်ခဲ့ပါတယ်။

[ဘယ်ဟာက အမှန်တရားလဲဆိုတာ ဖြေရှင်းဖို့ တာဝန်ရှိသူတွေ အဆင့်ဆင့် တာဝန်ယူ ဖြေရှင်းနေကြပါတယ်။ ကျနော်တို့နိုင်ငံက လူကြီးတွေရော ၊ ပြည်ပနိုင်ငံတွေက လူကြီးတွေပါ ဝိုင်းပြီး အဖြေရှာနေကြတဲ့အချိန်မှာ ဘာသာရေးစစ်ပွဲတစ်ခုဖြစ်လာအောင် ဦးတည်လှုံ့ဆော်နေတာမျိုးကိုတော့ အေးအေးချမ်းချမ်းနေချင်တဲ့ ကျန်ပြည်နယ်နဲ့တိုင်းတွေက လူထုအများစုက လက်မခံကြပါဘူး။]

♦ ဒါဟာ သေချာပေါက် ဘာသာရေးကို အခြေခံတယ်လို့ ကျနော့်ဘက်က ပြောလိုပါတယ်။ ဘာကြောင့်လဲဆိုတော့…

  1. ဒီကိစ္စတွေ ဖြစ်မလာခင်ကတည်းက ကျောက်ပန်းတောင်း၊ ကံမ္မ၊ ဆိုင်းတောင်နေရာတွေက ဗလီတွေကို ဖျက်ဆီးလာခဲ့တယ်။
  2. ဖြစ်ပြီးတော့လဲ ပျော်ဘွယ်လိုနေရာမှာ ထပ်ဖြစ်လာအောင် လှုံ့ဆော်တယ်။
  3. အဲ့ဒီအရင်ကတည်းကလည်း မြန်မာပြည်မှာ ဗလီတွေကို ဘုန်းကြီးတွေက ဦးဆောင်တဲ့ ဖျက်ဆီးခြင်းကတစ်မျိုး၊ စစ်တပ်က ဖျက်ဆီးခြင်းတစ်ဖုံ၊ လူထုက ၀ိုင်းဝန်းဖျက်ဆီးခြင်းတစ်နည်းနဲ့ နှစ်စဉ်မပြတ် ဖြစ်နေရတာ ဘာကြောင့်ပါလဲ?
  4. အွန်လိုင်းမှာ ဘာသာရေးမုန်းတီးမှု လှုံ့ဆော်တာတွေက ဘယ်အချိန်ကတည်းက စတင်ခဲ့ပါသလဲ?
  5. ဘယ်သူတွေ စလုပ်ခဲ့ပါသလဲ?
  6. လက်ရှိအချိန်ထိ တောင်ငူမြို့မှာ ဘာကြောင့် ဗလီတွေ ပိတ်ထားပါသလဲ?
  7. တောင်ငူမှာ ဖြစ်တုန်းက ဗလီတွေအားလုံး အပိတ်ခံရပေမဲ့ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေကို ဘာလို့ တစ်ခုမှ မပိတ်ခဲ့ရပါသလဲ?
  8. တောင်ငူမြို့အ၀င်မှာ ရှေးဟောင်းမွတ်စလင်မ်သင်္ချိုင်းနဲ့ သမိုင်းဝင်ဗလီတွေကိုဖျက်ဆီးပြီး ဘာလို့ “ပေါ်တော်မူ”ဘုရားဆိုပြီး တည်ဆောက်ထားပါသလဲ?
  9. တောင်ငူမြို့နဲ့အနီးတ၀ိုက်မှာ ဖြစ်ခဲ့တုန်းက မွတ်စလင်မ်တွေ 98% ပြန်တောင် မခုခံခဲ့ကြပါဘူး။ အိမ်ပေါင်း ရာနဲ့ချီအောင် ပျက်ဆီးခဲ့ပါတယ်။ ဒါပေမဲ့ မွတ်စလင်မ်တွေ အိုးပစ် အိမ်ပစ်ဘ၀နဲ့ ရက်ပေါင်းများစွာ နေရပ်မပြန်နိုင်ခဲ့ကြတာကို ဘယ်သူများ ဒုက္ခသည်စခန်း ဖွင့် ကူညီခဲ့ပါသလဲ?
  10. အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ ဘာကြောင့် ကုလားလို့ ချိုးနှိမ်စော်ကားနေရတာလဲ?
  11. အစ္စလာမ်ဘာသာကိုယ်းကွယ်သူဆိုရင် ဘာကြောင့် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား ထုတ်ပေးဖို့ ညစ်နေရတာလဲ?
  12. အစ္စလာမ်ဘာသာဝင်တွေဖြစ်လို့ “ပသီ-ပါတီ”ကို မှတ်ပုံတင်ခွင့် မပေးတာလား?
  13. အခုဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ဘူးသီးတောင် မောင်တောမှာဆိုရင် မွတ်စလင်လူဦးရေများပေမဲ့ အရင်ကတည်းက ဗုဒ္ဓဘာသာဝင်တွေ အေးချမ်းစွာ နေထိုင်နိုင်ခဲ့တာရယ်၊ အခုမှ မွတ်စလင်မ်တွေက အကြမ်းဖက်သယောင် ပုံဖော်ပြတာတွေဟာ တမင်ဖန်တီးတာ မဟုတ်ဘူးလား?

ဒီ့ထက်မကတဲ့ သမိုင်းရာဇ၀င်တွေ ညစ်ထေးစွာ ရှိခဲ့လို့ အခုကိစ္စကိုလဲ တပ်အပ် ဘာသာရေးကို အခြေခံတဲ့ ပြဿနာလို့ စွတ်စွဲပြောဆိုခြင်းပါ။

-‎[နောက်တစ်ခုက မြန်မာနိုင်ငံဟာ မင်းမဲ့တိုင်းပြည်မဟုတ်တဲ့အတွက် မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်မနေပါဘူး၊ ဘယ်ဘာသာကိုပဲ ဖြစ်ဖြစ် မင်းမဲ့အပြုအမူမျိုး လုပ်လာရင် လိုအပ်သလို ကိုင်တွယ်ဖြေရှင်းခဲ့တာ တွေ့ဖူးသိဖူးပြီး ဖြစ်မှာပါ။]

♦ မင်းမဲ့တိုင်းပြည်မဟုတ်ဘူးလို့ပြောနေပေမဲ့ ဖြစ်လာသမျှပြဿနာရပ်တိုင်းမှာ လူနည်းစုဘက်ကိုပဲ တာဝန်ရှိသူတွေက ဘက်လိုက်ဖြေရှင်းခဲ့တာ အစဉ်အလာလို ဖြစ်နေပါပြီ။

♦ အခုလဲ မင်းမဲ့စရိုက်ဆန်ဆန်အရေးအသားတွေကို အင်တာနက်ပေါ်မှာတင် အစိုးရတာဝန်ရှိသူတွေကိုယ်တိုင်က ရေးသားသုံးစွဲနေတာ တွေ့ရသလို၊ အစိုးရသတင်းမီဒီယာတွေမှာပါ ရေးသားဖော်ပြနေတာ လူကြီးမင်းလဲ မြင်မယ်ထင်ပါတယ်။

♦ ဒီနေရာမှာ ကြုံလို့ ပြောပြပါအုံးမယ်။ ကျောက်ဆည်မှာ အသက်ကြီးသူတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ ပါဝင်တဲ့ မိသားစု ၁၁ယောက်ကို အိမ်ထဲမှာ မီးရှို့သတ်တုံးက ဖြစ်ပျက်မှုပြီးသွားတဲ့အခါ အဲ့ဒီမိသားစုထဲက ဖြစ်ပွားစဉ်မှာ မရှိလို့ အသက်ဘေးက လွတ်ခဲ့ရသူ မိသားစုဝင်တချို့ကိုတောင် မဆီမဆိုင် ဖမ်းဆီးထောင်ချ အရေးယူခဲ့တာတွေ၊

♦ တောင်ငူက ပြဿနာတွေ ဖြစ်ပြီးနောက်ပိုင်း ဟံသာဗလီအရှေ့ဘက်က “တားမြစ်နယ်မြေ”လို့ ဆိုင်းဘုတ်ချိတ်သိမ်းယူထားတဲ့ ဗလီပိုင်တိုင်ခန်းတွေနေရာမှာ နှစ်ပတ်လည် ဆွမ်းလောင်းအသင်းဖွဲ့ပြီး ဆွမ်းချက်ခြင်း၊ ဆန်အိတ်များထားခြင်းတွေအပြင်

♦ တောင်ငူ၊ ကန်တော်လမ်း၊ မန်းရပ်မှာရှိတဲ့ မွတ်စလင်မ့်အိမ်တွေကို “တားမြစ်နယ်မြေ”သတ်မှတ်ပြီးသိမ်းဆည်းခြင်း၊ သိမ်းဆည်းထားတဲ့နေရာတွေမှာ အခွန်လွတ်ဈေးဆောက်လုပ်ပစ်ခြင်း၊ မရမ်းကျောင်းရဲ့ တောင်ဘက်မုဒ်ဦးအဖြစ် သိမ်းပိုက် အသုံးချလိုက်ခြင်းတွေဟာ မင်းမဲ့စရိုက်တွေ မဟုတ်ပါလား?

♦ ဒါတွေဟာ လိုအပ်သလို ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့ ဆိုလို့ရပါသလား?

-‎[နှစ်ပေါင်းအတော်ကြာကြာဖြစ်ခဲ့တဲ့ လူမျိုးရေးပြဿနာကို ဘာသာရေးပြဿနာတစ်ခုဆီ ဆွဲတင်မသွားမိအောင် ဘယ်ဘာသာဝင်တွေဘက်ကဖြစ်ဖြစ် သတိနဲ့တားဆီးကာကွယ်ပေးနိုင်မှ အဲဒီ ဒေသမှာရှိတဲ့ ဘယ်လူမျိုးမဆို အေးအေးချမ်းချမ်းနေရတဲ့ဘဝတွေကို ပြန်ရောက်မယ်ဆိုတာ သတိပြုစေချင်ပါတယ်။ အဓိက concept ပျောက်မသွားအောင် မြန်မာနိုင်ငံသားခံယူထားသူအားလုံးမှာတာဝန်ရှိပါတယ်။]

နှစ်ပေါင်းများစွာ နှိပ်ကွပ်ခဲ့တဲ့ လူနည်းစုဘာသာဝင်များ (အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များ) အပေါ် အခုလို ပွင့်လင်းတဲ့ခေတ်မှာ ကမ္ဘာသိအောင် နိုးကြားစွာနဲ့ လုပ်နေကြတဲ့အပေါ် အမြင်ကြည်လင်နိုင်မယ်ဆိုရင် ဒီအစိုးရ သက်ဆိုးမရှည်နိုင်ပါဘူးဆိုတာ သတိထားစေချင်ပါတယ်။ အဓိက concept က အရောင်ပြောင်း စစ်အစိုးရရဲ့ လှည့်ကွက်ဆိုတာ မြန်မာနိုင်ငံသားအားလုံး သတိထား နားလည်ကြဖို့ အထူး လိုအပ်ပါတယ်။

[ဘယ်ဘာသာရဲ့ အရှင်သခင်တွေကိုမှ နာမည်တွေတပ်ပြီးပြောမနေကြပါနဲ့၊ ကိုယ်ကိုးကွယ်တဲ့ဘာသာ မဟုတ်ရင် အဲဒီဘာသာကို စော်ကားရာရောက်ပါလိမ့်မယ်။ ဒါက ကျနော် အားလုံးအတွက် အေးအေးချမ်းချမ်းဖြစ်စေမဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုတာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။]

အခုလို ငြိမ်းချမ်းစွာနဲ့ ဆွေးနွေးလာတဲ့ မိတ်ဆွေအတွက် အထူး ဂုဏ်ယူ လေးစားမိပါတယ်။

လေးစားစွာဖြင့်-

ခေဋီဈက်အို

သေပြီးတဲ့လူတွေကိုတောင် စော်ကားနိုင်တဲ့ အောက်တန်းစားလူမျိုးတွေရှိတဲ့ နိုင်ငံသားဖြစ်ရတာ ရှက်တယ်။ (တောင်ကုတ်မှာ အပြစ်မဲ့ မြန်မာမွတ်စလင်မ်ဆယ်ဦးကို ရာနဲ့ချီတဲ့ လူတွေက ၀ိုင်းပြီး ရိုက်သတ်ကြတယ်။ သေတဲ့အလောင်းတွေကို အလယ်မှာချပြီး မိန်းမယောက်ျားတွေ ကခုန်ပြီး အောင်ပွဲခံတယ်။ အရက်ပုလင်းခွံတွေကို အလောင်းတွေပေါ် ပစ်ချတယ်။အလောင်းတွေကို သေးနဲ့ပန်းတယ်။ အလောင်းတွေပေါ် အန်ချတယ်။ မိန်းမတွေ အရှက်မဲ့တဲ့ပုံသဏ္ဍာန်တွေနဲ့ အလောင်းတွေပေါ် တက်နင်းပြီး ကပြအောင်ပွဲခံတယ်။ နောက်ဆုံး အလောင်းတွေကို သံတွဲကိုသယ်သွားတော့ ကားပေါ်ကို တိရစ္ဆာန်တွေလို ရက်ရက်စက်စက် ပစ်တင်ပေးလိုက်တယ်။ ကျနော်ပြောခဲ့သလိုတွေ သူတို့ လုပ်ခဲ့လား၊ မလုပ်ခဲ့လားဆိုတာကိုတော့ ဒီပုံကိုသာ ကြည့်လိုက်ကြပါ။ ဒါ သံတွဲမြို့ကို အလောင်းတွေ ပြန်ယူလာတော့ ကားပေါ်မှာ အလောင်းတွေတင်လာတဲ့ ပုံပါ။ သူတို့လုပ်ရပ်တွေရဲ့ သက်သေတွေပေါ့။ အဲ့ဒီမြင်ကွင်းဗွီဒီယိုတွေကို ရယူဖို့ ကြိုးစားနေပါတယ်။)

Win Naing

ကောင်းပါပြီ၊ ဒီလောက်အထိ ကျနော်တို့ အမြင်ချင်း ဖလှယ်ပြီး ဆွေးနွေးပြီးပြီဆိုတော့ အစိုးရက ဖြစ်စေ ၊ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ ဖြစ်စေ သူတို့ ဒီနေရာကိုရောက်လာကြလို့ ဖတ်ဖြစ်ကြမယ်ဆိုရင် သူတို့ အလုပ်ကို သူတို့ လုပ်ကြမှာပါ။ အခုချိန်အထိ ယဉ်ယဉ်ကျေးကျေး ပြန်ဆွေးနွေးပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။

နိုင်ငံတော်အစိုးရကလဲ အခု သူ့လက်ထက်ဖြစ်နေတဲ့ ပြဿနာတွေကို အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နေတယ်လို့ မြင်ပါတယ်၊ အရင် တောင်ငူမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ ကျနော် မသိခဲ့တဲ့အတွက် သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်၊ တကယ်ခံစားကြရသူတွေအတွက်လဲ စာနာမိပါတယ်။ လက်ဖဝါးတစ်ဘက်တည်းက မကြည့်ပဲ လက်ဖမိုးဘက်ကလဲ ကြည့်ပေး မြင်ပေးဖို့ လိုမယ်ဆိုတာ ကျနော် သဘောပေါက်ပါတယ်။

ကာလရှည်အမ်ြတွယ်နေတဲ့ ရခိုင်ပြည်နယ်က ပြဿနာကို ဒီနိုင်ငံ အစိုးရ က ရော၊ နိုင်ငံတကာကပါ အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းကြတဲ့နေရာမှာ ပြဿနာကို ဒီထက် ပိုပြီး ကြီးမလာစေချင်ပါဘူး၊ လူ့အသက်တွေ ထပ်ပြီး စတေးကြရတာမျိုးလဲ မဖြစ်စေချင်ပါဘူး၊ အထူးသဖြင့် ဘယ်ဘာသာဝင်ဖြစ်ဖြစ် ကလေးသူငယ်တွေဟာ အလွန် သနားစရာကောင်းပါတယ်၊ သူတို့ ဘာမှ မသိတဲ့ ပြဿနာကြီးက သူတို့ရဲ့ ဘဝ ရှေ့ရေးဘာမှန်းမသိနိုင်တော့အောင် ဖြစ်သွားရတာမျိုးပါ။ မြေစာပင်ဘဝ တကယ်ခံစားရတာက ကလေးတွေပါ။

လူကြီးတွေက အရင့်အရင် ယုံကြည်ချက်တွေနဲ့၊ သိထားတာတွေနဲ့ သူမှန်တယ် ငါမှားတယ် ထပ်ခါတလဲလဲ ငြင်းခုံနေကြရင် Solution တစ်ခု ရနိုင်မှာ မဟုတ်ပါဘူး။

ကျနော်တို့ လူကြီးတွေက နောက် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ရှိကြတော့မှာမဟုတ်တဲ့အတွက် ပြဿနာ ပိုဆိုးလာရင် မသိနိုင်တော့ပါဘူး၊ ကလေးသူငယ်တွေကတော့ မဆုံနိုင်တဲ့ လူမျိုးရေး/ဘာသာရေး/နိုင်ငံရေး စတဲ့ ပြဿနာအကျိုးဆက်တွေကို ဆက်ပြီး ခံစားကြရဦးမှာပါ။ ပြဿနာက ဆက် အဓွန့်ရှည်နေဦးမယ်ဆိုရင် နောင်လာမဲ့ မျိုးဆက် ၃ – ၄ ဆက်လဲ ဒီဘဝတွေက လွတ်ကြမှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် တတ်နိုင်သလောက် ငြိမ်းချမ်ွးာ အဖြေရှာကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

အားလုံးကို ကျေးဇူတင်လေးစားပါတယ်ဗျာ။

http://www.facebook.com/uwinnaing နှင့်  http://www.facebook.com/kaytezato တို့ (၁၂-၈-၂၀၁၂)ရက်နေ့က အပြန်အလှန်ဆွေးနွေးချက်များ ဖြစ်ပါတယ်။

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.

Join 4,228 other followers

%d bloggers like this: