Archive for August 23rd, 2012

ကျွန်တော်တို့က ဘာတွေလဲ

August 23, 2012

ကျွန်တော်တို့က ဘာတွေလဲ by FB of U Kyawmoe Aung

မပြောချင်သောလည်းပဲ ပြောစရာ ရှိလာ၍ မပြောမဖြစ်ပြောရပါဦးမည်။ မပြောချင်ဆိုသည်က ခံစားချက်နှင့် ပြောမည်ဖြစ်၍ ဒေါသသံပါမည်ကို မလိုလားသောကြောင့်၊ ဖြစ်ရပ်တစ်ခုကို မိမိခံစားချက်ပေါ် အခြေခံပြောလျင် မိမိဘက်က ဘက်လိုက်ရာကျမည်ကို စိုးသောကြောင့်၊ မိမိရှုမြင်သည့်အတိုင်း တည်တည့် ပြောမည်ဖြစ်ရာ မလိုလားအပ်သည့် လူပုဂ္ဂိုလ်ဝေဖန်မှု ဖြစ်မည်ကို စိုးရိမ်သောကြောင့်။

၅.၅.၁၂က သတင်းစာမှာ ပါသည့် အသုံးအနှုန်း “မွတ်စလင်မ်ကုလား”ဆိုသည်က ဒီရက် ပြသနာမျိုးစုံ ကြားသိနေချိန်ကျမှ ပိုပြီးစော်ကားခံလိုက်ရသလို၊ မီးလောင်နေစဉ် ဓာတ်ဆီဖြန်းခံလိုက်ရသလိုခံစားရပါသည်။

(more…)

အစ္စလာမ်ဘာသာဝင်တွေ လဝကသွား တောလား

August 23, 2012

(လဝကသွား တောလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ ကျော်မိုးအောင်ရဲ့ ဆောင်းပါးကို ကူးယူ ဖော်ပြထားတာ ဖြစ်ပါတယ်)

ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေအကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုဝေဖန် နေကြသူများရဲ့ (အဆဲအဆိုမပါတဲ့) ဆွေးနွေးချက်တွေဆို သေသေချာချာ အချိန်ပေးပြီးတော့ ဂရုတစိုက် ဖတ်ကြည့်ဖြစ်ပါတယ်။ ကိုယ့်ဘက်သူ့ဘက် နှစ်ဖက်အမြင်ကို မျှမျှတတ သိချင်လို့ပါ။ အဲဒီထဲမှာ အများစု ဝေဖန်လေကန် ထောက်ပြကြတဲ့ အချက်တစ်ချက်က မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေး ကဒ်ပြား) ထုတ်ပေးမှုနဲ့လည်း ဆက်စပ်တာ တွေ့ရပါတယ်။

(more…)

အမိမြေ ပူလောင်တာ ရခိုင်တွေကြောင့်

August 23, 2012

အမိမြေ ပူလောင်တာ ရခိုင်တွေကြောင့်လား? from MMSY

ဆောင်းပါးမစခင် ကြိုပြောစရာရှိတာတွေကို ကြိုပြီးတော့ပြောထားချင်တယ်။ ဒီဆောင်းပါကို နာမည်ကြီးမြန်မာသတင်းဌာန ၂ ခု စီ အရင်ပို့ ပေမဲ့ ပါမလာတဲ့အတွက် M-Media ကိုပို့ ပါ တယ်။ နယ်စပ်က ကျနော့်အတွေ့ အကြုံအပေါ်အခြေခံပြီး ရခိုင်-ရိုဟင်ဂျာအရေး တင်ပြချင်ပါတယ်။

နောက်တခုက အမျိုးသမီးတဦး မတရားကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံရတယ်ဆိုတော့ ကျနော်က လက်ရှိ ကချင်ပြည်မှာ အမျိုးသမီးတွေ ဒီလိုပြုကျင့်ခံနေရတာနဲ့ ဆက် တွေးပြီး အတော် ကိုယ်ချင်းစာပါတယ်။ ဒေါသလည်းဖြစ်မိတယ်။ သတင်းတွေကို သေချာဖတ်ကြည့်လိုက် တော့ အစ္စလာမ်ဘာသာတွေက ခုလိုလုပ်တယ်ဆိုပြီးရေးထားတော့ ကျနော် ချက်ချင်းတွေးမိတယ်။ ဒါသွေးရိုးသားရိုးဟုတ်ပါ့မလား။ ပြသနာတွေများ ဆက်ဖြစ်လာတော့မလားပေါ့လေ။

(more…)

ဌေးလွင်ဦး – “ဘယ်လိုပညာရေးကို သင်ပေးမှာလဲ?” (၁)

August 23, 2012

ဘယ်လိုပညာရေးကို သင်ပေးမှာလဲ (၁) ဌေးလွင်ဦး

ရခိုင်ဒေသမှာ အဓိကရုန်းတွေ ဖြစ်ရတဲ့ ကိစ္စဟာ အဲ့ဒီ ဒေသက လူတွေ ပညာအင်အားနည်းပါးလို့ ဖြစ်ရတာ လို့ သမ္မတကြီး ဦးသိန်းစိန်က ၂၀၁၂ခု သြဂုတ်လ ၁၄ ရက် မှာ ဗွီအိုအေနဲ့ ဆွေးနွေးမှုမှာ ထည့်သွင်းပြောကြား ခဲ့တယ်။

အဓိက အရင်းအမြစ် ဘာကြောင့် ဆိုတာ သမ္မတကြီးလည်း သိနေမှာပါ။ ဒီ ပြသနာဖြစ်ရခြင်း အရင်း အမြစ်ကို အရောင်ဖျော့ထားပြီး- ပညာအင်အားနည်းလို့-၊ နောက်ဝင်လာသူများလို့ စွပ်စွဲခံရသူများက မနေ

တတ် မထိုင် တတ်လို့- သို့မဟုတ်က ပြင်ပက အင်အားစုများက လှုံ့ဆော်တာကို ပညာအင်အားနည်းပါးတော့ ဟုတ် သည် မှန်သည်ကို ဆင်ခြင်နိုင်အား နည်းလို့ ပြသနာက ကြီးသွားရတာပါလို့ သမ္မတကြီး တစ်ဦးအနေနဲ့ ဆင်ခြင်မိဟန် ရှိနေပါတယ်။
  • Blog Stats


  • Follow

    Get every new post delivered to your Inbox.

    Join 4,331 other followers