Kaung Kin Ko: 969 VS 786

Kaung Kin Ko shared a link. March 8

ဂဏန်းသုံးလုံးတွေကို အရမ်းခေတ်ထလာပြီး မျက်စေ့နောက်လာလို့ blog က post အဟောင်းကို ပြန်တင်တာပါ။
Blog post က ၇၈၆၊ ၉၆၉ ပြဿနာကိုသာ မက တိုင်းရင်းသားတွေ၊ တရုတ်နဲ့ ကုလားအပါအဝင် နိုင်ငံသားအားလုံး စိတ်ဝမ်းပိုကွဲမှာကို ထောက်ပြချင်လို့ ရေးတာပါ။
[ရုပ်ပိုင်းဆိုင်ရာအရ တိုင်းရင်းသားလူနည်းစုတွေ မြန်မာနိုင်ငံကနေ ခွဲထွက်မှာ ကြောက်တယ် ဆိုတဲ့သူတွေ များတယ်။
စိတ်ပိုင်းဆိုင်ရာ အရကျတော့ အဲလိုလူတွေကပဲ စိတ်ဝမ်းမကွဲကွဲအောင် လုပ်နေကြတာပါလား။
သူတို့နေတဲ့ နယ်မြေကိုတော့ ယူချင်တယ်၊
အဲ…လူတွေကိုကျတော့ ဘာသာတွေ ခြားနေတဲ့အတွက် ခွဲခြားဆက်ဆံမယ်ဆိုရင် ….
နယ်မြေအရ အပိုင်းပိုင်း မကွဲပေမဲ့ စိတ်ဓါတ်အရတော့ နိုင်ငံဟာ သုံးခြမ်း၊ လေးခြမ်း မက ကွဲသွားမှာပဲ။
အဲလို ခွဲခြားရာကနေ ကြာလာတဲ့အခါ တခုခု အရေးကြုံတဲ့အခါ ဒီလို communities တွေက ပူးပေါင်းဆောင်ရွက်မှု မလုပ်ရုံမက အချင်းချင်း ကန့်လန့်ကန့်လန့်နဲ့ ကိစ္စတိုင်းမှာ လုပ်လာကြလိမ့်မယ်။ ထိပ်တိုက်တွေ့လာ ကြတော့မယ်။
နယ်မြေကွဲတာကမှ နိုင်ငံပြိုကွဲတာ မဟုတ်ပါ။
အချင်းချင်း ထိပ်တိုက်တွေ့နေတာ၊ ကန့်လန့်ကန့်လန့် လုပ်နေပြီး ပဋိပက္ခတွေ ဖြစ်နေတာ၊ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတာတွေလည်း နိုင်ငံကွဲနေတဲ့ သဘောပဲ။
အဲလိုဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါ။ တခြား ဘာသာဝင်တွေလည်း ထိုနည်းတူပဲ ခွဲခြားခွဲခြား မလုပ်သင့်ပါ။

နယ်မြေကွဲတာကမှ အေးအေးချမ်းချမ်း လမ်းခွဲသွားတာဆိုရင် သူတို့လည်း သူတို့နိုင်ငံမှာ အေးအေးဆေးဆေး၊ ကိုယ်လည်း ကိုယ့်နိုင်ငံမှာ အေးအေးဆေးဆေး နေလို့ရဦးမယ်။

နယ်မြေအရ ပြိုကွဲတာ မဟုတ်ဘဲ၊ စစ်တပ်ခြင်း တိုက်ရုံလောက်သာ မဟုတ်ဘဲ၊ လူနေမှု ဘဝထဲမှာပါ စိတ်ဝမ်းကွဲ၊ ထိပ်တိုက်တွေ့နေကြမယ် ဆိုရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းတဲ့ နိုင်ငံ၊ လုံခြုံတဲ့ နိုင်ငံ ဖြစ်လာမှာ မဟုတ်ပါ။]
တကယ်တော့ အဲဒါက တဘက်ကို စီးပွါးပျက်အောင် လုပ်ရုံထက် ပိုပါတယ်။
ဘာလို့တုန်းဆိုတော့ ရတနာသုံးပါးဂုဏ်ကို ရိုးရိုးသားသား ဖော်ကျူးတာမျိုး မဟုတ်တော့ဘဲ၊ တဘက်ကို CD တွေ စာတွေနဲ့ ပုတ်ခတ်ဝါဒဖြန့်မှု မပါဘဲ ကိုယ့်ဘာသာတူသူတွေရဲ့ ဆိုင်ကို ပိုပြီး အားပေးစေချင်ရုံ သက်သက်မဟုတ်တော့ဘဲ တဘက်ကို မုန်းတဲ့ hate speech တွေနဲ့ တွဲပြီးဖြန့်တာ ဖြစ်နေပါတယ်။
ရတနာသုံးပါး ဂုဏ်ကို ဖော်ကျူးဖို့ သက်သက်ဆို နားလည်ပေးလို့ ရပါသေးတယ်။ အဲဒီ့လုပ်ရပ်က တဘက်ကို စီးပွါးပျက်စေရုံ ဆိုတာမျိုးထက် ပိုပါတယ်။ ဆိုင်တွေမှာ မရောင်းမဝယ်ကြတာက စပြီး အစစ အရာရာ စိတ်ဝမ်းကွဲ၊ အဲဒီစိတ်ဓါတ် ကျယ်ပြန့်သွားပြီး
ကျောင်းဆရာ ဆရာမတွေက အစ ဝံသာနုစိတ်တွေ ဖောင်းပွပြီး ဘာသာမတူတဲ့ တပည့်တွေကို အပြန်အလှန် ခွဲခြားဆက်ဆံတာမျိုး၊
ဆရာဝန်တွေက လူနာတွေကို အပြန်အလှန် ခွဲခြားဆက်ဆံတာမျိုးတွေ အထိ ဖြစ်လာရင် မခက်ပါလား? …….
ဗုဒ္ဓဘာသာမှာ ဘာသာရေးအရ ကြည့်ရင် ငါစွဲတောင် မထားရဘူးလို့ ဆိုတယ်။ ဘာသာစွဲ၊ လူမျိုးစွဲတွေ၊ အရေပြားအသားအရောင်တွေပေါ် မူတည်ပြီး ခွဲခြားဖို့ဆို ဝေးရောပေါ့။ ခက်တာက သာသနာစောင့်မယ် ဆိုသူ တချို့ကပဲ ကိုယ့်ဘာသာနဲ့ မဆီလျော်တဲ့၊ ပြဒါးတလမ်း သံတလမ်းဖြစ်တဲ့ အတွေးအခေါ်တွေ လျှောက်ရေးနေကြတာက ခက်တယ်။

ဟိုးတလောက ဖတ်ဖူးတဲ့ အထဲက အဆိုးဆုံး တခုကတော့ ကောသလမင်းရဲ့ အိပ်မက် ၁၆ ချက်ကို မြတ်စွာဘုရားက အဓိပ္ပါယ်ဖွင့်ပေးတယ် ဆိုတဲ့ဟာကို လိုရာဆွဲပြီး ဘာသာပြန်ကြတာပါပဲ။ (အပေါ်မှာ ပြောခဲ့တဲ့ ဘုန်းကြီး ရေးတာတော့ မဟုတ်ပါဘူး။ တခြားလူ တယောက်ရေးထားတာပါ။ ဒါပေမဲ့ အဲလို သဘောမျိုးနဲ့ အဓိပ္ပါယ်ဖွင့်ထားတာကတော့ လူတွေရော၊ ဘုန်းကြီးပါ အများကြီး တွေ့ဖူးတယ်။) ကျမ်းတွေ အရ ကြည့်မယ်ဆိုရင် မြတ်စွာဘုရားဆိုတာ အမျိုး၊ဇာတ် ခွဲခြားတာတွေကို တိုက်ဖျက်ခဲ့တဲ့ ဘုရားပါ။ ငါစွဲကအစ ဖျောက်ဖျက်နိုင်တဲ့ ဘုရားက အဲလိုဟာတွေကို တိုက်ဖျက်ခဲ့မယ် ဆိုတာကလည်း သဘာဝ ကျပါတယ်။ ဒါပေမဲ့ လူတယောက်က မြန်မာမ တချို့ အဖြူတွေ၊ ကပ္ပလီတွေနဲ့ ယူတဲ့ပုံကို (ခွင့်တောင်းခြင်း မရှိဘဲ) တင်ရင်းနဲ့ ကောသလမင်း အိပ်မက် ၁၆ ချက်ထဲက အတိုင်း ဖြစ်လာပြီ ဆိုပြီး…..[နောင်အခါ အမျိုးမြတ်သူတွေ ဆင်းရဲလိမ့်မယ်။ အသက်မွေးမြူ လွယ်ကူဖို့ အမျိုးယုတ်သူတွေနဲ့ လက်ထပ်ကြလိမ့်မယ် ]…. ဆိုတဲ့အတိုင်း ဖြစ်လာပြီ ဆိုပြီး ရေးကြတော့ ဘုရားကပဲ လူမျိုးရေးခွဲခြားတဲ့သူ လိုလို ဖြစ်ကုန်ရော။ ကိုယ့်ဘာသာကိုယ် ခွဲခြားချင်ရင်လည်း ဘုရားတော့ ဆွဲမထည့်နဲ့ကြပေါ့။

ဒီက တချို့လူတွေခွဲခြားပုံကလည်း African နွယ်ဝင်တောင်မှ အိုဗားမား ဆိုရင် တမျိုး၊ သာမန်လူ ဆိုရင် တမျိုး ထပ်ခွဲသေးတယ်။

ဘယ်ဘာသာမဆို ကိုယ်နဲ့မတူတဲ့ ဘာသာဝင်တွေ၊ ဘာသာမဲ့တွေကို ခွဲခြားခွဲခြား လုပ်ကြမယ် ဆိုရင်၊ ပိုဆိုးတာကတော့ အဲလို ခွဲခြားဖို့ စည်းရုံးကြမယ် ဆိုရင် ပြဿနာတွေက ဖြစ်နေမှာပါပဲ။ အစ္စလာမ် ဘာသာဝင် တချို့နဲ့ ပတ်သတ်ပြီး ပြောရရင်လည်း…..အစားအသောက်ကြောင့် ရှောင်တာကတော့ နားလည်ပါတယ်။ နေရာတကာမှာ ဘာသာတူသူ ဆိုင်ကပဲ ဝယ်မယ် ဆိုရင်တော့… နိုင်ငံသားအချင်းချင်း အဲလိုခွဲခြားတာတွေက လူ့အဖွဲ့အစည်းကိုရော အားလုံးကိုပါ ထိခိုက်စေနိုင်တယ် ဆိုတာကို သတိပြုဖို့ လိုပါတယ်။ (မတိုးတက်တဲ့ နိုင်ငံတွေ အားလုံး အယူသည်းလို့ လို့ မဆိုလိုပေမဲ့) အယူသည်းလွန်းကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ မတိုးတက်ဘူး ဆိုတာကလည်း လက်တွေ့ပဲလေ။

ဘာသာရေး အရတင် မဟုတ်ပါဘူး။ လူမျိုးရေး အရလည်း ခွဲခြားမှု မပြုသင့်ပါဘူး။ လက်ပန်းတောင်းမှာ တရုတ်နိုင်ငံက ကုမ္ပဏီက ဒီမှာလာပြီး အမြတ်ထုတ်ရုံနဲ့ ဒီက တရုတ်ဆိုင်တွေကို သပိတ်မှောက်ရမယ် ဆိုတာတွေကလည်း …အဲဒီ့ ကုမ္ပဏီနဲ့ မြန်မာနိုင်ငံသား တရုတ်တွေ ဘယ်လိုမှ ဆက်စပ်နေတာ မဟုတ်လို့ ကောင်းတဲ့ တုံ့ပြန်မှု မဟုတ်ပါ။ နိုင်ငံသားအချင်းချင်း ခွဲခြားမှုပဲ ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆို စည်းရုံးခွင့် ရှိတယ် ဆိုပေမဲ့ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြား ဆက်ဆံဖို့ စည်းရုံးတာမျိုးကတော့ တိုးတက်တဲ့ နိုင်ငံတွေမှာ ပြစ်မှု မြောက်ပါတယ်။

ကောင်းကင်ကို (4 January 2013)

About these ads

Tags: , , , , , , ,

2 Responses to “Kaung Kin Ko: 969 VS 786”

  1. kyawkyawoo Says:

    Reblogged this on Kyaw Kyaw Oo's Words of Love and Truth.

  2. ibrahim Says:

    You can see this Bama people is back to 16th or 17th century age. Again it is not ready for democracy in this country and people. I can said the people standard is too low and the rulling people live for their power struggle. In Bama history also mentioned that son killed his father and took the power from father then remarry to the father remaining princess.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.

Join 4,079 other followers

%d bloggers like this: