လူ့အခွင့်အရေး Universal Declaration of Human Rights in Burmese

2 Responses to “လူ့အခွင့်အရေး Universal Declaration of Human Rights in Burmese”

  1. drkokogyi Says:

    Kyawswar Htun

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အချက် ၃၀။
    ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
    အပိုဒ် ၁- လူတိုင်းသည်တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများ ဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ် သောဉာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်သည်။
    အပိုဒ် ၂- လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံ ရေးယူဆချက် သို့တည်းမဟုတ် အခြားယူဆချက် အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူ နေမှုအဆင့်အတန်းနှင့်ဆိုင်သောဇစ်မြစ်အားဖြင့် ဖြစ်စေ၊ ပစ္စ်ည်းဥစ္စာဂုဏ်အားဖြင့်ဖြစစေ၊ အခြားအဆင့် အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေး ဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု ၍သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့ တည်းမဟုတ် ကုလသမဂ္ဂမှထိန်းသိမ်စောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်အာဏာတို့ကို တစိတ်တဒေသလောက်သာရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသောအကြောင်းကိုအထောက်အထား ပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံး၀ မရှိစေရ။
    အပိုဒ် ၃- လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။
    အပိုဒ် ၄- မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း ခိုင်းစေခြင်း မပြုရ၊ လူ ကို ကျွန်သဖွယ် အဓမ္မခိုင်းစေခြင်း၊ အရောင်းအဝယ်ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။
    အပိုဒ် ၅- မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။
    အပိုဒ် ၆- လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂ်ိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။
    အပိုဒ် ၇- လူအားလုံးတို့သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေပဲ တူညီစွာခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရား များကိုဖီဆန်၍ ခွဲခြားခြင်းမှလည်း ကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။
    အပိုဒ် ၈- ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်၊ အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက်ပေး ထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ခံခဲ့ရလျှင် ထိုသို့ချိုးဖောက် ဖျက်ဆီးသောပြုလုပ်မှုကြောင့်ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။
    အပိုဒ် ၉- မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
    အပိုဒ် ၁၀- အခွင့်အရေးများနှင့် တာဝန်ဝတ္တ်ရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ဘက်မလိုက် သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို တူညီစွာခံစား ပိုင်ခွင့်ရှိသည်။ အပိုဒ်
    ၁၁- (၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရ သည့်အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့် အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ် သောအခွင့်အရေးများကို ထိုသူအားပေးပြီးဖြစ်စေရမည်။ (၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန် စဉ်အခါက ထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက်ပိုမိုကြီးမားသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။
    အပိုဒ် ၁၂- မည်သူမျှမိမိသဘောအတိုင်းအေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်း ကောင်း၊ မိမိ၏မိသားစုကို သော်လည်းကောင်း၊ မိမိ၏နေအိမ်အသိုက်အဝန်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်း ကောင်း၊ ဥပဒေအရမဟုတ်သော ဝင်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာ်ကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင်ထိုသို့ဝင်ရောက် စွက်ဖက်ခြင်းမှသော်လည်း ကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရကာကွယ်ပိုင်ခွင့်ရှိသည်။
    အပိုဒ် ၁၃- (၁) လူတိုင်းတွင် မိမိနိုင်ငံနယ်နိမိတ်အတွင်း၍လွတ်လပ်စွာသွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိ သည်။ (၂) လူတိုင်းတွင် မိမိနေထိုင်ရာတိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှ လည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင် မိမိတိုင်းပြည်သို့ပြန်လာပိုင်ခွင့်လည်းရှိသည်။
    အပိုဒ် ၁၄- (၁) လူတိုင်းညှင်းပန်းနှိပ်စက်ခံနေရခြင်းမှလွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာခိုလှုံနေ နိုင်ခွင့်ရှိသည်။ (၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ်၏ ရည်ရွယ်ချက်နှင့် သ ဘောတရားမူများကိုဖီဆန်သော အမှုများမှသော်လည်းကောင်း၊အမှန်ပေါ်ပေါက် လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။
    အပိုဒ် ၁၅- (၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ (၂) ဥပဒေအရမဟုတ်လျှင် မည်သူုမျှ မိမိ၏နိုင်ငံသားအဖြစ်ကိုစွန့်လွှတ်ခြင်းမခံစေရ။ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။
    အပိုဒ် ၁၆- (၁) အရွယ်ရောက်ပြီးသော ယောက်ျားနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ် ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ကန့်သတ်ခြင်းမရှိ ဘဲ ထိမ်မြားနိုင်ခွင့်နှင့် မိသားစုထူထောင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့်မိန်းမတို့သည် လင်မယားအဖြစ်ပေါင်းသင်းနေစဉ်အချိန်အတွင်း၌သော်လည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌သော်လည်းကောင်း၊ လက်ထပ်ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။ (၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သောသဘောဆန္ဒ်ရှိ မှသာလျှင် လက်ထပ် ထိမ်းမြားခြင်းကိုပြုရမည်။ (၃) မိသားစုတခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တရပ်ဖြစ်သည်။ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကိုခံယူခွင့်ရှိသည်။
    အပိုဒ် ၁၇- လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍ သော်လည်းကောင်း၊ ပစ္စ်ည်းဥစ္စာတို့ကိုပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင်မည်သူမျှ မိမိ၏ပစ္စ်ည်းဥစ္စာ်ပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်းမခံစေရ။
    အပိုဒ် ၁၈- လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါဝင်သည့် အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက် တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ် ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ် လပ်စွာသင်ပြနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ် နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။
    အပိုဒ် ၁၉- လူတိုင်းသည် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟပြောပြနိုင်ခွင့် ရှိသည်။ အဆိုပါအ ခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ် နိမိတ်များကိုထောက်ထားရန်မလိုဘဲသတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။
    အပိုဒ် ၂၀- (၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာစုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။ (၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ဝင်စေရန် အတင်းအကျပမပြုရ။
    အပိုဒ် ၂၁- (၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ် လိုက်သည့်ကိုယ်စား လှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ (၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့်အရေးရှိသည်။ (၃) ပြည်သူပြည်သားတို့၏ဆန္ဒ်သည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အ ချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင် လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲ များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။
    အပိုဒ် ၂၂- လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူ ပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံ ရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုသူ၏ ဂုဏ်သိက္ခာ်နှင့်စရိုက်လက္ခ်ဏာ လွတ်လပ် စွာတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲပိုင်ခွင့်ရှိသည်။
    အပိုဒ် ၂၃- (၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ် လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်း ကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။ (၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့် ရှိသည်။ (၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့်ညီအောင် နေ ထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှလူမှုရေးအထောက်အပံ့ ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။ (၄) လူတိုင်းအတွက် မိမိအကျိုးခံစားခွင့်ကိုကာကွယ်ရန် အလုပ်သမားအစည်းအရုံး များဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။
    အပိုဒ် ၂၄- လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တကွ အခါအား လျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ကို ခံစားပိုင်ခွင့်ရှိသည်။
    အပိုဒ် ၂၅- (၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေ ထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အဝတ်အထည်၊ နေအိမ်၊ ဆေးဝါး အကူအညီ နှင့် လိုအပ်သည့် လူမှု အထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့်လူမှုအဆင့် အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာရှာမှီး နိုင်သော နည်းလမ်းမရှိသောအခါ၌ သော်လည်းကောင်း နေထိုင်စား သောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။ (၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီ ပေးခြင်းကို ရ ခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေမွေးဖွားသော ကလေးအားလုံး သည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။
    အပိုဒ် ၂၆- (၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံ အဆင့်အတန်းများ တွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရပညာရေးဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျ အားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကိုအခြေခံပြု၍ တူညီသောအခွင့်အရေး ရရှိစေရမည်။ (၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အဝတိုးတက်မှု အပြင်၊ လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာ စေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည်နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရ မည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှါ ကုလသမဂ္ဂ်၏ဆောင်ရွက်မှုများကို လည်း ဖြစ်မြောက်အောင်အားပေးရမည်။ (၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ် နိုင်သော လက်ဦးအခွင့်အရေးရှိသည်။
    အပိုဒ် ၂၇- (၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက် နိုင်ခွင့် သုခုမပညာ ရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ် စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိ သည်။ (၂) လူတိုင်းတွင် သိပ္ပ်ံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင် ဉာဏ်ဖြင့် ကြံစည် ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူ နိုင်ရန်အခွင့်အရေးအတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။
    အပိုဒ် ၂၈- လူတိုင်းသည် ဤကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့် အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည် ဆိုင်ရာဆက်ဆံရေးအခြေအနေတို့၏ အ ကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။
    အပိုဒ် ၂၉- (၁) မိမိ၏စရိုက်လက္ခ်ဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုင်းအဝန်း အတွက် လူတိုင်း၌တာဝန်ရှိသည်။ (၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြား သူများ၏ အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန်အလို့ငှာ လည်းကောင်း၊ ဒီမိုကရေ စီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်ရ ပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန် အလို့ငှာလည်းကောင်း ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။ (၃) အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စ်တွင်မျှ ကုလသမဂ္ဂ၏ရည် ရွယ်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။
    အပိုဒ် ၃၀- ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ပျက်စီးရာ ပျက်စီးကြောင်းတို့ကို ရည်ရွယ် ၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော် လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော် လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း မရှိစေရ။

  2. Dr Ko Ko Gyi Says:

    Kyawswar Htun with KhinSan Win and 8 others.
    23 hrs ·
    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အချက် ၃၀။
    ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
    အပိုဒ် ၁- လူတိုင်းသည်တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများ ဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ် သောဉာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်သည်။
    အပိုဒ် ၂- လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံ ရေးယူဆချက် သို့တည်းမဟုတ် အခြားယူဆချက် အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူ နေမှုအဆင့်အတန်းနှင့်ဆိုင်သောဇစ်မြစ်အားဖြင့် ဖြစ်စေ၊ ပစ်္စည်းဥစ္စာဂုဏ်အားဖြင့်ဖြစစေ၊ အခြားအဆင့် အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေး ဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု ၍သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့ တည်းမဟုတ် ကုလသမဂ္ဂမှထိန်းသိမ်စောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်အာဏာတို့ကို တစိတ်တဒေသလောက်သာရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသောအကြောင်းကိုအထောက်အထား ပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံးဝ မရှိစေရ။
    အပိုဒ် ၃- လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။
    အပိုဒ် ၄- မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း ခိုင်းစေခြင်း မပြုရ၊ လူ ကို ကျွန်သဖွယ် အဓမ္မခိုင်းစေခြင်း၊ အရောင်းအဝယ်ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။
    အပိုဒ် ၅- မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။
    အပိုဒ် ၆- လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ်္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။
    အပိုဒ် ရ- လူအားလုံးတို့သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေပဲ တူညီစွာခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရား များကိုဖီဆန်၍ ခွဲခြားခြင်းမှလည်း ကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။
    အပိုဒ် ၈- ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်၊ အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက်ပေး ထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ခံခဲ့ရလျှင် ထိုသို့ချိုးဖောက် ဖျက်ဆီးသောပြုလုပ်မှုကြောင့်ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။
    အပိုဒ် ၉- မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
    အပိုဒ် ၁၀- အခွင့်အရေးများနှင့် တာဝန်ဝတ်္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ဘက်မလိုက် သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို တူညီစွာခံစား ပိုင်ခွင့်ရှိသည်။ အပိုဒ်
    ၁၁- (၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရ သည့်အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့် အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ် သောအခွင့်အရေးများကို ထိုသူအားပေးပြီးဖြစ်စေရမည်။ (၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန် စဉ်အခါက ထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက်ပိုမိုကြီးမားသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။
    အပိုဒ် ၁၂- မည်သူမျှမိမိသဘောအတိုင်းအေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်း ကောင်း၊ မိမိ၏မိသားစုကို သော်လည်းကောင်း၊ မိမိ၏နေအိမ်အသိုက်အဝန်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်း ကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက်္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင်ထိုသို့ဝင်ရောက် စွက်ဖက်ခြင်းမှသော်လည်း ကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရကာကွယ်ပိုင်ခွင့်ရှိသည်။
    အပိုဒ် ၁၃- (၁) လူတိုင်းတွင် မိမိနိုင်ငံနယ်နိမိတ်အတွင်း၍လွတ်လပ်စွာသွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိ သည်။ (၂) လူတိုင်းတွင် မိမိနေထိုင်ရာတိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှ လည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင် မိမိတိုင်းပြည်သို့ပြန်လာပိုင်ခွင့်လည်းရှိသည်။
    အပိုဒ် ၁၄- (၁) လူတိုင်းညှင်းပန်းနှိပ်စက်ခံနေရခြင်းမှလွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာခိုလှုံနေ နိုင်ခွင့်ရှိသည်။ (၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ်္ဂ၏ ရည်ရွယ်ချက်နှင့် သ ဘောတရားမူများကိုဖီဆန်သော အမှုများမှသော်လည်းကောင်း၊အမှန်ပေါ်ပေါက် လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။
    အပိုဒ် ၁၅- (၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ (၂) ဥပဒေအရမဟုတ်လျှင် မည်သူုမျှ မိမိ၏နိုင်ငံသားအဖြစ်ကိုစွန့်လွှတ်ခြင်းမခံစေရ။ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။
    အပိုဒ် ၁၆- (၁) အရွယ်ရောက်ပြီးသော ယောကျ်ားနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ် ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ကန့်သတ်ခြင်းမရှိ ဘဲ ထိမ်မြားနိုင်ခွင့်နှင့် မိသားစုထူထောင်ခွင့်ရှိသည်။ အဆိုပါ ယောကျ်ားနှင့်မိန်းမတို့သည် လင်မယားအဖြစ်ပေါင်းသင်းနေစဉ်အချိန်အတွင်း၌သော်လည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌သော်လည်းကောင်း၊ လက်ထပ်ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။ (၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သောသဘောဆန်္ဒရှိ မှသာလျှင် လက်ထပ် ထိမ်းမြားခြင်းကိုပြုရမည်။ (၃) မိသားစုတခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တရပ်ဖြစ်သည်။ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကိုခံယူခွင့်ရှိသည်။
    အပိုဒ် ၁၇- လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍ သော်လည်းကောင်း၊ ပစ်္စည်းဥစ္စာတို့ကိုပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင်မည်သူမျှ မိမိ၏ပစ်္စည်းဥစ်္စာပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်းမခံစေရ။
    အပိုဒ် ၁၈- လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါ၀င်သည့် အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက် တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ် ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ် လပ်စွာသင်ပြနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ် နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါ၀င်သည်။
    အပိုဒ် ၁၉- လူတိုင်းသည် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟပြောပြနိုင်ခွင့် ရှိသည်။ အဆိုပါအ ခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါ၀င်သည့်အပြင်၊ နိုင်ငံနယ် နိမိတ်များကိုထောက်ထားရန်မလိုဘဲသတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါ၀င်သည်။
    အပိုဒ် ၂၀- (၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာစုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။ (၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ဝင်စေရန် အတင်းအကျပမပြုရ။
    အပိုဒ် ၂၁- (၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ် လိုက်သည့်ကိုယ်စား လှယ်များမှတစ်ဆင့်ဖြစ်စေ ပါ၀င်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ (၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့်အရေးရှိသည်။ (၃) ပြည်သူပြည်သားတို့၏ဆန်္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အ ချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင် လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲ များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။
    အပိုဒ် ၂၂- လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြံုခွင့်ရယူ ပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံ ရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုသူ၏ ဂုဏ်သိက်္ခာနှင့်စရိုက်လက်္ခဏာ လွတ်လပ် စွာတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲပိုင်ခွင့်ရှိသည်။
    အပိုဒ် ၂၃- (၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ် လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်း ကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။ (၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့် ရှိသည်။ (၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့်ညီအောင် နေ ထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှလူမှုရေးအထောက်အပံ့ ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။ (၄) လူတိုင်းအတွက် မိမိအကျိုးခံစားခွင့်ကိုကာကွယ်ရန် အလုပ်သမားအစည်းအရုံး များဖွဲ့စည်းခွင့်၊ ပါ၀င်ဆောင်ရွက်ခွင့် ရှိသည်။
    အပိုဒ် ၂၄- လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တကွ အခါအား လျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါ၀င်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ကို ခံစားပိုင်ခွင့်ရှိသည်။
    အပိုဒ် ၂၅- (၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေ ထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အဝတ်အထည်၊ နေအိမ်၊ ဆေးဝါး အကူအညီ နှင့် လိုအပ်သည့် လူမှု အထောက်အပံ့များပါ၀င်သော သင့်တော်လျှောက်ပတ်သည့်လူမှုအဆင့် အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာရှာမှီး နိုင်သော နည်းလမ်းမရှိသောအခါ၌ သော်လည်းကောင်း နေထိုင်စား သောက်ရေးအတွက် လုံခြံုစိတ်ချရမှု အခွင့်အရေးရှိသည်။ (၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီ ပေးခြင်းကို ရ ခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေမွေးဖွားသော ကလေးအားလုံး သည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။
    အပိုဒ် ၂၆- (၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံ အဆင့်အတန်းများ တွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရပညာရေးဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျ အားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကိုအခြေခံပြု၍ တူညီသောအခွင့်အရေး ရရှိစေရမည်။ (၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အဝတိုးတက်မှု အပြင်၊ လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာ စေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည်နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရ မည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှါ ကုလသမဂ်္ဂ၏ဆောင်ရွက်မှုများကို လည်း ဖြစ်မြောက်အောင်အားပေးရမည်။ (၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ် နိုင်သော လက်ဦးအခွင့်အရေးရှိသည်။
    အပိုဒ် ၂၇- (၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါ၀င်ဆောင်ရွက် နိုင်ခွင့် သုခုမပညာ ရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ် စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိ သည်။ (၂) လူတိုင်းတွင် သိပ်္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင် ဉာဏ်ဖြင့် ကြံစည် ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူ နိုင်ရန်အခွင့်အရေးအတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။
    အပိုဒ် ၂၈- လူတိုင်းသည် ဤကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့် အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည် ဆိုင်ရာဆက်ဆံရေးအခြေအနေတို့၏ အ ကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။
    အပိုဒ် ၂၉- (၁) မိမိ၏စရိုက်လက်္ခဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုင်းအဝန်း အတွက် လူတိုင်း၌တာဝန်ရှိသည်။ (၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြား သူများ၏ အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန်အလို့ငှာ လည်းကောင်း၊ ဒီမိုကရေ စီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်ရ ပ ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန် အလို့ငှာလည်းကောင်း ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။ (၃) အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ်္စတွင်မျှ ကုလသမဂ္ဂ၏ရည် ရွယ်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။
    အပိုဒ် ၃၀- ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ပျက်စီးရာ ပျက်စီးကြောင်းတို့ကို ရည်ရွယ် ၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါ၀င် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော် လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော် လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း မရှိစေရ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: