မြန်မာနိုင်ငံသားတယောက်အနေနဲ့ အေမာမ် အယ်လ် ဝဇာဟီရီရဲ့ရန်ကို ကာကွယ်ဖို့က အရေးကြီးသလား- ဝီရသူကို ဟန့်တား အရေးယူဖို့က အရေးကြီးသလား?

မနှိုင်းယှဉ်အပ်ဘူးဆိုတာတော့ သိပါတယ်-

ပညာတတ် စွန့်လွှတ်မှုပေါင်းများစွာရှိတဲ့ လူသားတဦးနဲ့

ပညာမဲ့ အခွင့်ထူးခံလူသားတဦးနဲ့-

တန်းမတူပေမဲ့ နဲနဲလေးတော့ ယှဉ်ပြီးမေးကြည့်ပါရစေ-

အေမာန် အယ်လ် ဝဇာဟီရီကို-ကျွန်တော်မသိဘူး
ကမ္ဘာ့သတင်းမီဒီယာတချို့ကပြောပြလို့ သူဟာ ဆရာဝန်တယောက်ဖြစ်တယ်-အီဂျစ်နိုင်ငံသားဖြစ်တယ်-လို့
ဖတ်ရှု့သိရှိထားတယ်-

အေမာန် အယ်လ် ဝဇာဟီရီက ဘာစကားတွေပြောလဲဆိုတာ ကျွန်တော်မသိဘူး
သတင်းမီဒီယာတွေပြောပြလို့ သူကမြန်မာပြည်နဲ့ပတ်သက်ပြီး
တိုက်ခိုက်မှုတွေလုပ်မယ်လို့ ပြောပါတယ်ဆိုပြီး သိလိုက်ရတယ်-

အီမာန် အယ်လ် ဝဇာဟီရီကို အကဲခတ်နိုင်ရလောက်အောင် သူဟာမြန်မာပြည်နဲ့ တိုက်ရိုက် မပတ်သက်ခဲ့ဘူးလို့ ကျွန်တော် ဘာမှမသိဘူး

ဝီရသူ ကိုတော့ ခင်ဗျားတို့လဲသိတယ်-ကျွန်တော်လဲသိတယ်-

ဝီရသူ ဘယ်သူ့ထမင်းစားနေလဲ ဘယ်သူ့ငွေတွေသုံးနေလဲ- ဘယ်မှာနေထိုင်သလဲ-ဘာတွေလုပ်နေလဲ- ခင်ဗျားတို့လဲသိတယ် ကျွန်တော်လဲသိတယ်-

ဝီရသူ ဘာတရားတွေဟောသလဲ-ဘာစကားတွေပြောသလဲ-
မြောက်များစွာသောလူတွေကို ဘယ်လိုငတ်စေချင်သလဲ-ဘယ်လိုဘဝတွေကိုပျက်စေချင်နေသလဲ- ဗုဒ္ဓသာသနာကို ဘယ်လိုဖျက်စီးနေသလဲ-သူ့ဦးနှောက်ထဲမှာ ဘယ်လိုတဏှာ မျိုးတွေကိုဘဲ စိတ်ဝင်စားနေလဲ- သူ့ခန္တာကိုယ်ဟာ ဘယ်လောက် အထိသွေးညှီနံ့တွေ လွှမ်းနေလဲ-
ခင်ဗျားတို့လဲသိတယ်- ကျွန်တော်လဲသိတယ်-

အီမာန် အယ်လ် ဝဇာဟီရီကို ဘယ်အစိုးရကမှမထောက်ခံထားသလို ဘယ်အစိုးရကမှ အကာအကွယ်ပေးမထားဘူး-

ဝီရသူကို ဘာသာတရားမရှိတဲ့ ဗမာစစ်အစိုးရ သူခိုးကြီးတွေက ထောက်ခံ အကာအကွယ်ပေးထားတယ်-
အားပေးအားမြှောက်ပြုနေတယ်-

အီမာန် အယ်လ် ဝဇာဟီရီက မုဒိန်းမှုဆင်-လုပ်ကြံအမှုဖွင့်ပြီး အထိကရုဏ်းမဖန်တီးဘူး-

အေမာန် အယ်လ် ဝဇာဟီရီက facebook မှာ မဟုတ်မမှန်တာတွေရေးပြီး လူမျိုးရေး ဘာသာရေးမုန်းတီးမှု တွေ မဖန်တီးဘူး-

ဝီရသူက အဲ့ဒီအလုပ်မှန်သမျှကို အရှက်တရားကင်းမဲ့စွာနဲ့ လုပ်တယ်-

ကဲ- အဲ့ဒီတော့

မြန်မာနိုင်ငံသားတယောက်အနေနဲ့

အေမာမ် အယ်လ် ဝဇာဟီရီရဲ့ရန်ကို ကာကွယ်ဖို့က အရေးကြီးသလား-

ဝီရသူကို ဟန့်တား အရေးယူဖို့က အရေးကြီးသလား-

ဦးနှောက်ကို အသုံးပြုပြီး နဲနဲလေး စဉ်းစားကြည့်ပါ-်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: