မြန်မာရာဇဝင်လာ သမိုင်းဝင် အိန္ဒိယလူမျိုးများ (၁+၂)

READ BOTH AT MY POSTS HERE @

မြန်မာရာဇဝင်လာ သမိုင်းဝင် အိန္ဒိယလူမျိုးများ (၁)
မြန်မာရာဇဝင်လာ သမိုင်းဝင် အိန္ဒိယလူမျိုးများ (၂)

2 Responses to “မြန်မာရာဇဝင်လာ သမိုင်းဝင် အိန္ဒိယလူမျိုးများ (၁+၂)”

  1. Dr Ko Ko Gyi Says:

    PSA Blog – ပြောမယ်
    t2g1hhn9a14ghohcre7h1 ·
    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ (၃) အပိုဒ် ၄
    အရာဝထ္တုအားလုံး ဟာတစ်ချိန်မှာ ရှိမယ် မရှိဘူးဆိုတာ ပြောလို့မရပေမဲ့ ခင်မင်ပြီးကုန်ဆုံးသွားတဲ့ အချိန်တွေကို အမြဲတမ်းသတိရပြီး မေ့ပျောက်လို့မရနိုင်ပါဘူး လို့ဆိုရိုးရှိတယ် ဗျ ဒီစကား အတိုင်းမဖြစ်အောင်လုပ်ရမဲ့တာဝန်ကလဲရှိသေးတယ် လေဗျာ ဒီမို ဒီမို လို့ သောသောညံအောင် တစာစာ တောင်းနေတဲ့ ပြည်သူပြည်သားအားလုံးကတစ်သားထဲဖြစ်နေတော့ ဒါကိုယ် သပ်လှိုပြိုကွဲအောင် လုပ်ရတော့မှာပေါ့ ဒီလိုမျိုးကျုပ်တို့လွယ်လွယ် နဲ့ ဂွင်အဆင်ပြေအောင်လုပ်ပေးထားတဲ့ခေါင်းဆောင်ကြီးနှာဘူးနေဝင်း ကိုကျေးဇူးအထူးတင်မိပါကြောင်းဒီနေရာကနေ ပြောလိုက်ပါတယ် ဗျာ ဟက်ဟက် ။ ရာရှစ်တို့သမိုင်းကိုယ် ဒီနှာဘူး နေဝင်းလက်ထက်ကထဲကနေဖျောက်လာတာဗျ နှာဘူးကြီးက ဘူးကျတာဘဲတော်တာလေ နိုင်ငံရေးတော်လှန်ရေးမှာဘာမှအဖြစ်ရှိတာမဟုတ်ဘူးဗျ ဒါကြောင့် နေရာတိုင်းမှာ အရေးပါတဲ့တော်လှန်ရေးခေါင်းဆောင်ကြီး နဲ့အပေါင်းအပါတွေအားလုံးကိုယ်ကြည့်မရဘူးဗျ ဒါတွေကိုယ်ကုလားကြီးရာရှစ်က သိတယ် ရာရှစ်ဆိုတဲ့ ကုလားကြီးက တော်ရုံကုလားမဟုတ်ဘူး ဗိုလ်ချုပ်ကိုယ်တိုင်လှမ်းခေါ်ရတာ ပင်လုံစာချုပ်အတွက်ပေါ့ဗျာ ပင်လုံမှာအောင်မြင်တာ ရာရှစ်ရဲ့စွမ်းဆောင်ချက်တွေပါတယ် ဆိုတာကိုယ် သိတဲ့သူတွေတော်တော်နဲတယ်အဲ့လိုမသိအောင်လဲ ကျုပ်တိုတစ်တွေ ဖုံးထားဝှက်ထားတယ် အဲ့ဒီ့သိတဲ့သူတွေလေ ဒီအချိန်မှာ ပါစပ်ပိတ်ထားတာကိုယ် ကျုပ်တို့သိတယ် ဒါကြောင့်ပြောတာ ကျုပ်တို့ဒီဂွင်လုပ်တာအောင်မြင်တယ်ဆိုတာကိုယ် ဘာလို့လဲဆိုတော့ သိတဲ့သူတွေကလဲ ဒီသမိုင်းပေါက်ကြားသွားရင် ကုလားတွေကိုယ်နေရာပေးရမှာ ကိုယ်စိုးရိမ်ပြီးတော့ ပေါ့ မလိမ်နဲ့နော် ကျုပ်ပြောတာကိုယ် အမှန်အတိုင်း မဟုတ်ပါဘူးလို့ ဘယ်သူငြင်းမလဲဒါကြောင့်ကျုပ်ပြောတာ ဒီဂွင်က ပူးပေါင်းပြီးတော့လုပ်ထားသလိုဖြစ်နေတာပေါ့ ရာရှစ်က မြန်မာလွတ်လပ်ရေးမတိုင်ခင် ပြန်သွားတယ်လေ ပါကီ ကိုယ် သူသိတယ် မြန်မာနိုင်ငံရေးကိုယ် မကြာခင်ပြသနာတွေရှုပ်တော့မှာကိုယ် နောက်ပြီးသူအလုပ်လဲမရှိတော့ဘူးလေ သူကဒီနိုင်ငံမှာ မွေးတဲ့သူမဟုတ်ပေမဲ့ ကျုပ်ပြောရဲတယ် မြန်မာပြည်ကိုယ်ချစ်တဲ့စိတ်က ကျုပ်တို့ထက်ပိုတယ်ဆိုတာကိုယ် သူသိတယ် သူရာထူးမမက်ဘူး သူက ဘာနဲ့တူသလဲဆိုတော့ အနက်စ်တို ချေ ဂွေဗားရားလိုဘဲ မွေးတာကတစ်နေရာ တော်လှန်ရေးလုပ်တာက တစ်နေရာ သေတော့လဲတစ်နေရာမှာ သူ့စိတ်ကိုယ်သိတဲ့ဗိုလ်ချုပ်က ပင်လုံစာချုပ်အတွက်လှမ်းခေါ်ပြီး အကူအညီတောင်းခဲ့တာပေ့ါ ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီမှာ ပါဝင်ခဲ့တဲ့သူ နောက်ပိုင်းမှာ ၁၉၅၂-၅၄မှာ ပြည်သူ့အိုးအိမ်ထူထောင်ရေး အလုပ်သမားဝန်ကြီး။၁၉၅၄-၅၆ကုန်သွယ်တိုးတတ်ရေးအလုပ်သမားဝန်ကြီး။၁၉၅၆-၅၈ သတ္တုတွင်းဝန်ကြီး၁၉၅၈မန္တလေးတက္ကသိုလ်ပထမအဓိပတိနဲ့စီမံကိန်းဝန်ကြီး။ ၁၉၆၀မှာ မြန်မာနိုင်ငံ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် နဲ့ ဗမာမွတ်စလင်မ် ဥက္ကဌ ၁၉၆၁မှာ ILO ညီလာခံ သဘာပတိ ၁၉၆၂ မတ်လ မှာ တော့ နှာဘူးကြီးက အာဏာသိမ်းတော့ ဝန်ကြီးဦးနု နဲ့အတူတူ ၆နှစ် ထောင်နန်းစံခဲ့ရတယ် ၁၉၇၈မှာ ကမ္ဘာ့မွတ်စလင်မ်လူနည်းစု ကော်မတီ ဥက္ကဌ လုပ်ခဲ့သေးတယ် ဗျ ၁၉၇၈ ဧပြီလမှာ ဆီးကြိတ်ကင်ဆာ နဲ့ ပါကစ္စတန် ကရာချီမှာကွယ်လွန်ခဲ့ပါတယ် သူ့ဂူမှာ ဘာရေးထားတယ်မှတ်လဲ Rashid of Burma တဲ့ဗျ
    ဒါကအကြမ်းဖျင်းလေးပြောပြတာပါသူ့အကြောင်းကိုယ် သူကမြန်မာပြည်မှာ မွေးတဲ့သူမဟုတ်ဘူးနော် ဒီလိုသမိုင်းတွေကိုယ် ကျုပ်တို့ဖုံးထားပြီး ခု သွေးခွဲသပ်လှိုလိုက်တော့ ဟဲဟဲ ရာဇတ်ရဲ့မြို့ကကုလားနွေတောင်ပြေးရတယ်ဗျ ဟဲဟဲ သဘောပေါက်လား မပေါက်သေးဘူးလားကျုပ်ပြောနေတာတွေကိုယ် အင်း သဘောဘယ်ပေါက်မလဲဗျ ကျုပ်တို့ရဲ့ မှိုင်းက တော်တော်လေးဝင်ထားတယ်လေဗျာ ဒါကြောင့်ဘယ်မြင်မလဲဗျ နှစ်ငါးဆယ် အဆင့်ဆင့် ဂွင်ဆင်ပြီး ဖျောက်ထား တော့ ခု ကုလားက နိုင်ငံခြားသားဖြစ်ကုန်ရောဗျာ ကြားထဲ သူတို့ကိုယ် သူတိုနိုင်ငံပြန်ပို့လို့ပြောနေတဲ့သူကပြော အိမ်ရှင်တွေဧည်သည်တွေလုပ်နေကြတယ် နောက်ပြီး ဒီမိုတွေလဲ ရောယောင်ပါသွားသေးတယ် ဟက်ဟက် ကျုပ်တို့တစ်သိုက် အရက်ပုလင်းလေးထောင်ပြီး ဒီအကြောင်းတွေပြောပြောပြီးတော့ရီနေတာကိုယ် ပေးတွေ့စေချင်တယ်ဗျာ တကယ်တော့ကျုပ်တို့နှစ်ငါးဆယ်ကျော်အာဏာသိမ်းထားနိုင်တာဘာကြောင့်လဲသိလား ပညာတတ်တဲ့သူနဲလာတာရယ် ယောင်ဝါးတွေများလာတာရယ် ဒါတွေကြောင့်ပေါ့ဗျာရေးရေးလေးမြင်လာပြီးမှတ်လား ဟိဟိ
    ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့ကော်မတီမှာ ကုလားတွေ ပါဝင်တာကိုယ် သိတဲ့ ခုခေတ်လူငယ်ဘယ်နှစ်ယောက်ရှိမလဲလို့ထင်လဲ တစ်ယောက်မှမရှိဘူးဗျ ဟားဟား သိရင်တောင် ပါစပ်တွေပိတ်ထားတယ်လေ ဒါတွေကြောင့် ကျုပ်တို့တစ်တွေအေးဆေး အေးဆေူပေါ့ဗျာ
    တောင်းပန်စာ ။ ။ ။ ဦးရာရှစ်နှင့်တစ်ကွ နိုင်ငံသူနိုင်ငံသား မွတ်စလင်မ်ဘာသာဝင်များအား အသုံးအနှုံး ရိုင်းသွားပါသဖြင့် ခွင့်လွှတ်ပေးပါရန် တောင်းဆိုအပ်ပါတယ်
    ဆက်ပါအုံးမည်။ ။
    KMZ
    (၂၆/၅/၂၀၁၅)
    #ပြောမယ်

  2. Dr Ko Ko Gyi Says:

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ (၃) အပိုဒ် ၃
    သမိုင်းကောင်းဟူသည် လူမျိုးတိုင်းလူမျိုးတိုင်း အတွက်ဂုဏ်ယူစွာ ထိန်းသိမ်း ထားတတ်ကြ သလို
    နိုင်ငံတော် သမိုင်းကောင်းတစ်ခု ကိုယ် နိုင်ငံတော်က ထိန်းသိမ်း ဖို့တာဝန်ရှိသည် ဆိုပြီးရှေးရှေးက ပညာရှိတွေ ကဘာကိုယ် ဘယ် လို အဓိပ္ပါယ်နဲ့ပြောသွားသလဲဆိုတာ ကိုယ် ကျုပ်စဉ်းစားလို့မရဘူးဗျ အဲ့ဒါကြီးကိုယ် ထိန်းသိမ်းထားရမယ် ဆိုလျှင် ကျုပ်တို့ရဲ့ အမျိုးသားစီးပွါးရေးကိုယ် တော်တော်ထိခိုက်နိုင်ခြေရှိတဲ့ အတွက် သမိုင်းဆိုတာကြီးကိုယ် မှတ်တိုင် (သမိုင်းလမ်းဆုံ ကားမှတ် တိုင်အဖြစ်) တစ်ခုလိုဘဲတစ်ဘောထားတဲ့ ကျုပ်တို့ တစ်သိုက်မှားလားဗျာ ပြောစမ်းပါအုံး ပြည်သူပြည်သားတွေရယ် နိုင်ငံရဲ့အာဇာနည် တပ်မတော်ရဲ့ဖခင်တစ်ယောက်ရဲ့ သမိုင်းကိုယ် တောင် ကျုပ်တို့တွေဖျောက်ထားတာ ဒီကုလားသမိုင်းလောက်ကတော့ ဂရုကိညယ် မစိုက်တာ ဘာလဲ ရာရှစ် ဘယ်က ကုလားလဲ ရာဇတ် လားပိုဆိုးတယ် သူတို့ထက် ပိုရှေးကျတဲ့ နန်းတွင်းသူရဲကောင်းတွေ ရဲ့သမိုင်းကိုယ်တောင် အစအန မရှိတော့အောင် ဖျောက်ထားတာ ဒီလိုနှောင်း လူလောက်ကတော့ အပျော့ပေါ့ဗျာ ဟဲဟဲ တကယ်ပါ ကျုပ်စိတ်ရင်းနဲ့ပြည်သူပြည်သားတွေအတွက် သမိုင်းတွေဖျောက်ခဲ့တာပါ ဒါကိုယ် ပြည်သူပြည်သားတွေလဲမသိချင်ယောင်ဆောင်ခဲ့တာ ဆိုတော့ ကျုပ်တို့နဲ့တစ်ကျိပ်ထဲတစ်ညံထဲနော် နောက်မှမသိပါဘူးမလုပ်နဲ့ ဟက်ဟက် မပိုင်ဘူးလားဗျာ ကျုပ်တို့ရဲ့ ငလိမ်ဥာဏ်က တစ်ချက်ကလေး လှည့်တိုက်ပေးလိုက်တာ အားလုံး ပါလာတာ တစ်ဖက်ဒီမိုတွေတောင် မျက်လုံးမျက်စံပြာ ကုန်တယ် ဆိုတာ ကျုပ်တို ကောင်းကောင်းသိတာပေါ့ ဟို အရေခြုံတစ်အုပ်က လဲ ဟုတ်လားမဟုတ်လား မသိ ပညာမတတ် ဘဲ ကျုပ်တို့ဘောမဖို့အတွက် လျှောက်အော်နေတာ မြန်မာ တစ်နိုင်ငံလုံး ပျဲပျဲစင် ရော ဒါကိုယ် ပြည်သူပြည်သားတွေကလဲဗဟုသုတ နဲတော့ ရခိုင်ကနေ ပြည်တွင်းအထိကူး ကုလားတွေက ဒီနိုင်ငံသားမဟုတ်တော့ဘူးဖြစ်ကုန်ရော ကဲ့ ဒီမိုတွေ ဒေါ်စု ဘာတတ်နိုင်သေးလဲကျုပ်တို့ကတော့ပွဲထိုင်ကြည့်နေတာ ခင်ဗျား က ပြည်သူပြည်သားတွေရဲ့ခေါင်းဆောင် ဘဲရှင်းတော့ ဟဲဟဲ ရှင်းလင်းလင်းမြင်ပြီးလားဗျ ကျုပ်တို့ရဲ့ဂွင်ကိုယ် ပြည်သူပြည်သားတွေကဒီတစ်ချက်မှာ အုပ်စုတွေကွဲကုန်ပြီးဆိုတာ ခင်ဗျားသိတယ် ဟဲဟဲ ခင်ဗျား တို့တစ်အုပ် ဘာမှမလုပ်နိုင်တော့ဘူးဆိုတာ ကျုပ်အာမခံရဲတယ် ဟဲဟဲ ဘယ်သွားမလဲ ဘာလုပ်မလဲကျုပ်တို့ပြန်မေးရပြီးပေါ့ဗျာ ဟက်ဟက်
    တကယ်သနားဖို့ကောင်းတာက ဟိုသေသွားတဲ့ သမိုင်းထဲက ဦးရာရှစ် တို့ ဦးရာဇတ် တို့ ရဲဘော်ကိုထွေး တို့ ကတော့ အုပ်ဂူထဲမှာ ဦးအောင်ဆန်းနဲ့တွေ့ပြီးငိုနေလောက်ပြီးဗျ ဒါကိုယ်ပြည်သူပြည်သားတွေမသိဘူး အတ္တတွေရှေ့ထားပြီး ကျုပ်တို့လိမ်လုံးထဲမှာ ဟိုကပ် လိုက်ဒီကပ်လိုက်ဖြစ်သွား တာကိုယ် လိမ်လို့မရပါဘူး ခင်းဗျားတို့ သိပါတယ် ဦးရာရှစ် ဆိုတဲ့ သူကိုယ် မသိချင်ယောင်ဆောင်နေတာ မလိမ်နဲ့ သူကမြန်မာနိုင်ငံကိုယ် လွတ်လပ်ရေးယူပေးတဲ့အထဲမှာတစ်ဒေါင့်တစ်နေရာကနေ ပါဝင်ခဲ့တယ် အဲ့ဒီ သူကမြန်မာနိုင်ငံသားမဟုတ်ဘူးဗျ ဒါကိုယ် သိတဲ့သူတွေသိသလို မသိတဲ့သူတွေလဲရှိတယ် သူက မွေးတာက ၁၉၁၂ နိုဝင်ဘာလ ၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံ အလာဟာဘတ်မြို့ မှာမွေးခဲ့တာဗျ ၁၉၃၁ မှမြန်မာနိုင်ငံကိုယ် ရောက်လာတာ အဲ့ဒီ ကုလားကြီးက ရန်ကုန်မှာကျောင်းနေ ပြီးကြီးလာတာဗျ ပြီးတော့ မြန့်မာလွတ်လပ်ရေးအစကျောင်းသားကဆိုသလို ကျောင်းသားသမဂ္ဂ မှာ၁၉၃၅/၁၉၃၆ မှာ ဒုဥက္ကဌ လုပ်ခဲ့တာ ဥက္ကဌ ကဘယ်သူမှတ်လဲ ဦးနှ လေ ၁၉၃၆မှာ ဥက္ကဌရာထူးကိုယ် ရတယ် အတွင်းရေးမူးက ကိုအောင်ဆန်းဗျ နောက်ပြီးတော့ ဗကသ ကျုပ်မရေးချင်ဘူးဒီစာလုံးကိုယ် ဟဲဟဲ အဲ့ဒီ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမက္ကရဲ့ ပထမဆုံး ဥက္ကဌ ဗျ ၁၉၃၁ မှာဆိုရင် တက္ကသိုလ်သမဂ္ဂတွေရဲ့ဖွဲစည်းပုံဥပဒေကိုယ် ရေးတဲ့ကော်မတီမှာပါပြီး ဖွဲစည်းပုံဥပဒေကိုယ် ရေးခဲတဲ့ ဒိတ်ဒိတ်ကျဲပုဂ္ဂိုလ်ဗျ ဒီကုလားကြီးက လုပ်ခဲ့တာတွေအများကြီးဗျ ။
    တောင်းပန်စာ ။ ။ ဒေါ်အောင်းဆန်းစုကြည် ခင်ဗျာ ကျွန်တော် ဒေါ်စု ဆိုတဲ့ အခေါ်အဝေါ်အား စာပိုဒ်နဲ့စီလျှော်အောင် သုံးနှုန်းထားပါသည်ခင်ဗျာ ရိုင်းဆိုင်းလိုစိတ် စိုးစဉ်မှမရှိခဲ့ပါ ကျွန်တော့်အားနားလည်ခွင့်လွှတ် ပေးပါခင်ဗျာ
    ဆက်ပါအုံးမည် ။ ။
    KMZ (၂၅/၅/၂၀၁၅)
    #ပြောမယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: