Prof. Dr U Maung Maung Nyo and Prof. Dr Khin Mg Win have written about our families and schools

COMMENTS IN FACEBOOK

Maung Nyo (Prof. Dr U Maung Maung Nyo, Anatomy PhD)
Dr KMW’s autobiography is remarkable. It portrays the life in the 1950s and 1960 as related to his mother. We should compare it with the life of some Madalayans like Dr Htin Aung and Dr Ko Ko Gyi or some Rangooners like Dr Kyaw Win, Dr TOKM etc. The latter two should write their autobiographies.
Ko Ko Gyi ကလောမှာရှိတဲ့ ခရစ်ယာန်သာသနာပြု မစ်ရှင်ကျောင်း (Mission School) ဘုရင့်တောလို့ အဓိပ္ပါယ်ရတဲ့ ကင်း(စ်)ဝုဒ် (King’s Wood) ဆိုတဲ့ ကျောင်းတွေမှာ ဘော်ဒါဆောင်၊ ကျောင်းအိပ် ကျောင်းစား ကျောင်းသားတွေအနေနဲ့ ကျောင်းထားကြပါတယ်။
TQ Bo Bo and Prof KMWin
In Monywa, one owner of weaving machines sent his elder son to St. Peter’s in Mandalay and younger son to St. Paul’s in Rangoon. The elder one became a medical doctor, the younger one became and R.A. Both were my friends. I was attending the premedical class at No.1 SHS in Mandalay, supposed to be the best SHS in Upper Burma. It produced a lot of doctors, engineers, military officers and above all else political leaders like Khin Maung Oo, Ko Ko Gyi etc. it produced a lot of writers and poets like Maung Thaya, Maung Swan Yee, D Tin Tin, me etc.
Maung Nyo (Prof. Dr U Maung Maung Nyo, Anatomy PhD)
Dear Drs Ko Ko Gyi and Nay Aung Kyaw,
You have a very extensive Muslim doctors family like that of Professor Dr Ne Win of psychiatry. You should write about the family, its originator, progeny and each of the family members like an epic novel.
You can write like the “White Umbrella” .
I found a few Burmese families that should be recorded:
(1) Your family
(2) Dr Ne Win’s
(3) Dr TOKM’s
(4) Bo Bo Lan Sin’s Ludu family
(5) Dr Thein Htut and Dr Pe Than Maung’ s Taung Paing Saw Bwa’s family
The late Daw Mi Mi Khaing had written about hers as a ” Burmese Family”.

ဘယ်လို၊ ဘယ်လောက်သားသမီးတွေ ပညာရေးကို ဂရုစိုက်ကြသလဲဆိုတော့ ယက္ကန်းစက်ပိုင်သူဌေးတွေဟာ သူတို့သားသမီးတွေကို သဲတော ဝမ်းတွင်း အထကမှာ မထားပဲ ရန်ကုန်၊ မန္တလေး၊ မေမြို့၊ ကလောမှာရှိတဲ့ ခရစ်ယာန်သာသနာပြု မစ်ရှင်ကျောင်း (Mission School) တွေဖြစ်တဲ့ စိန့်ပေါလ် (Saint Paul) ၊ စိန့်ဂျွန်း (Saint John)၊ စိန့်အဲလ်ဘတ် (Saint Albert)၊ ဘုရင့်တောလို့ အဓိပ္ပါယ်ရတဲ့ ကင်း(စ်)ဝုဒ် (King’s Wood) ဆိုတဲ့ ကျောင်းတွေမှာ ဘော်ဒါဆောင်၊ ကျောင်းအိပ် ကျောင်းစား ကျောင်းသားတွေအနေနဲ့ ကျောင်းထားကြပါတယ်။ 

ယက္ကန်းစက်ပိုင်ရှင် သားသမီး ဘိုကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေကတော့ ဘဲလ်အဲကားကြီး တဝီးဝီးနဲ့ ဝမ်းတွင်း မြို့လည်က ကတ္တရာလမ်းပေါ်မှာ အခန့်သားစီးသွားလိုက်၊ ညနေစောင်းရင် ကာကီ ဘောင်းဘီရှည်၊ မစ်ရှင်ကျောင်းက တံဆိပ်တွေတပ်ထားတဲ့ ဘလေဇာကုတ် (blazer coat) တွေဝတ်ပြီး တစ်မြို့လုံးမှာ တစ်လမ်းပဲရှိတဲ့ ရုံးကြီးရှေ့က ကတ္တရာပေတစ်ရာလမ်းပေါ်မှာ တစ်မြို့လုံး မြင်အောင် ရှိုးအပြည့်နဲ့ လမ်းသလားပြီး ဟန်ရေးလျှောက်ပြ လုပ်ကြပါတယ်။

ဝမ်းတွင်းမြို့
ဝမ်းတွင်းနဲ့သဲတော မြို့နှစ်မြို့ဟာ စီးပွားရေး၊ လူမှုရေးနဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံလုံးဝ မတူပါဘူး။ ဝမ်းတွင်းတစ်မြို့လုံးဟာ ယက္ကန်းကိုအခြေခံပြီး ချမ်းသာကြတဲ့ ယက္ကန်းစက်ပိုင်ရှင် သူဌေးတွေ များပါတယ်။ လွတ်လပ်ရေးရပြီး ဖဆပလအစိုးရခေတ်မှာ ဝမ်းတွင်းမြို့ကလူတွေဟာ အစိုးရဘဏ် ချေးငွေတွေနဲ့ ယက္ကန်းစက်တွေ တည်ကြပါတယ်။ ယက္ကန်းစက်တွေတင်မကဘူး အစိုးရချေးငွေနဲ့ တရုတ်ပြည်ကနေ အင်ဂျင်နီယာတွေခေါ်၊ စက်ပစ္စည်းတွေ သွင်းပြီးတော့ ဝမ်းတွင်းမြို့ အဝင် သိမ်တော်ကုန်း ထိပ်မှာ ဓရွှေဥဒေါင်းဓ ချည်စက်ဆိုတာကိုတောင် တည်ခဲ့ပါတယ်။ အဲဒီ ချည်စက်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိက ချည်စက်လို့တောင် ပြောရမလား မသိပါဘူး။ ဝမ်းတွင်းမြို့က လူတွေဟာ ဖဆပလခေတ်မှာ နေ့ချင်းညချင်း ယက္ကန်းသူဌေးတွေ ဖြစ်ကုန်ကြပါတယ်။ ဝမ်းတွင်းမြို့က ယက္ကန်းစက်သူဌေးကြီးတွေ တော်တော်များများဟာ ခေတ်ပညာ မတတ်ကြပါဘူး။ ဒါပေမယ့် စီးပွားရေးအတွေးအခေါ်၊ အမြော်အမြင်ရှိတဲ့ ဥာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတွေလို့ ခေါ်ရပါမယ်။ ခေတ်ပညာ၊ တက္ကသိုလ်ပညာ မတတ်ပေမယ်လို့ ယက္ကန်းရုံ အကြီးတွေ ဆောက်နိုင်တဲ့ အဆင့်အထိ ရောက်အောင်၊ စီးပွားရေး တိုးတက်ကြီးပွားအောင် လုပ်နိုင်ခဲ့ကြတဲ့ သူတွေပါ။ အဲဒီ ပုဂ္ဂိုလ်ကြီးတွေဟာ ယက္ကန်းစက်ကိစ္စ၊ အထည်တွေ လုံချည်တွေ ရောင်းဖို့၊ ချည်တွေ၊ ဆိုးဆေးတွေ ဝယ်ဖို့ဆိုတဲ့ ယက္ကန်းနဲ့ဆိုင်တဲ့ စီးပွားရေးရာ ဆက်ဆံမှုပတ်ဝန်းကျင်ကြီးတွေထဲမှာ လည်ပတ်တတ်လာပါတယ်။ လုပ်ငန်းတွေ ကျယ်ပျံ့လာတော့ ဝမ်းတွင်းကသူဌေးတွေဟာ ရန်ကုန်တက်၊ ဟိုတယ်တည်း၊ မြင်းလောင်း၊ ရန်ကုန်သူဌေးတွေနဲ့ပေါင်းတဲ့အဆင့်အထိကို ရောက်လာပါတယ်။ မျက်စိကြီး၊ နားကြီးတွေဖြစ်လာပြီးတော့ လုပ်ငန်းတွေတိုးချဲ့ လုပ်နိုင်လာပြီး အောင်မြင်သည်ထက် အောင်မြင်လာပါတယ်။ တစ်မြို့လုံး ဘဲလ်အဲ (Bel Air) ၊ မြန်မာတွေ ချက်ပလက်လို့ အသံထွက်ဖြစ်တဲ့ ရှယ်ဗလိုက် (Chevrolet) နဲ့ လင့်ရိုဗာ (Land Rover) ကားတွေ စီးနိုင်လာတဲ့ အဆင့်အထိ  ဖြစ်လာပါတယ်။ ဝမ်းတွင်းမြို့က ယက္ကန်းသူဌေးတွေဟာ အုပ်စုလိုက်ကြီးဖွဲ့ပြီး တစ်ယောက်က ဒီကားတစ်မျိုးမျိုးဝယ်လိုက်တယ်ဆိုရင် အားလုံး အဲလိုကားတွေပဲ လိုက်ဝယ်ကြပါတယ်။ စီးပွားရေးကို လုံးပန်းနေပေမယ့်လို့ သူတို့ သားသမီးတွေရဲ့ ပညာရေးကိုလည်း မမေ့ကြပါဘူး။ ခေတ်ပညာ တတ်ဖို့ သိပ်အရေးကြီးတယ်ဆိုတဲ့ အချက်ကို သဘောပေါက်နားလည်ပြီး တလေးတစား ကလေးတွေ ပညာရေးကို အထူးအားပေးကြပါတယ်။

ဘယ်လို၊ ဘယ်လောက်သားသမီးတွေ ပညာရေးကို ဂရုစိုက်ကြသလဲဆိုတော့ ယက္ကန်းစက်ပိုင်သူဌေးတွေဟာ သူတို့သားသမီးတွေကို သဲတော ဝမ်းတွင်း အထကမှာ မထားပဲ ရန်ကုန်၊ မန္တလေး၊ မေမြို့၊ ကလောမှာရှိတဲ့ ခရစ်ယာန်သာသနာပြု မစ်ရှင်ကျောင်း (Mission School) တွေဖြစ်တဲ့ စိန့်ပေါလ် (Saint Paul) ၊ စိန့်ဂျွန်း (Saint John)၊ စိန့်အဲလ်ဘတ် (Saint Albert)၊ ဘုရင့်တောလို့ အဓိပ္ပါယ်ရတဲ့ ကင်း(စ်)ဝုဒ် (King’s Wood) ဆိုတဲ့ ကျောင်းတွေမှာ ဘော်ဒါဆောင်၊ ကျောင်းအိပ် ကျောင်းစား ကျောင်းသားတွေအနေနဲ့ ကျောင်းထားကြပါတယ်။ 

အဲဒီအချိန်မှာ ရဲတိုက်ပိုင်သား ကျွန်တော်တို့က တိုက်ကြီးက ပျဉ်ထောင် နှစ်ထပ်အစိုးရအလယ်တန်းကျောင်းကြီးမှာ နှစ်တန်း၊ သုံးတန်း တက်နေရကြတာပါ။ နွေကျောင်းပိတ်လို့ ဝမ်းတွင်းပြန်ရောက်ရင်  ကျွန်တော်တို့က ဘောင်းဘီတို၊ စွပ်ကျယ်ဝတ်နဲ့ဂွေလှိမ့်၊ ဖုန်တွေသဲတွေထဲမှာ ချွေးတွေ သံတွေနဲ့ ပိုလိုကားပစ်၊ သားရေကွင်းပစ်၊ ကစားကြပါတယ်။ ကျွန်တော်တို့ အဲလို နေနေကြတဲ့ အချိန်မှာ ယက္ကန်းစက်ပိုင်ရှင် သားသမီး ဘိုကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေကတော့ ဘဲလ်အဲကားကြီး တဝီးဝီးနဲ့ ဝမ်းတွင်း မြို့လည်က ကတ္တရာလမ်းပေါ်မှာ အခန့်သားစီးသွားလိုက်၊ ညနေစောင်းရင် ကာကီ ဘောင်းဘီရှည်၊ မစ်ရှင်ကျောင်းက တံဆိပ်တွေတပ်ထားတဲ့ ဘလေဇာကုတ် (blazer coat) တွေဝတ်ပြီး တစ်မြို့လုံးမှာ တစ်လမ်းပဲရှိတဲ့ ရုံးကြီးရှေ့က ကတ္တရာပေတစ်ရာလမ်းပေါ်မှာ တစ်မြို့လုံး မြင်အောင် ရှိုးအပြည့်နဲ့ လမ်းသလားပြီး ဟန်ရေးလျှောက်ပြ လုပ်ကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: