ယောက္ခမကား စီးဘူးပါသလား ? (Singapore အမှတ်တရ)

Source_ Nyunt Thein : ယောက္ခမကား စီးဘူး ပါ သ လား ? Singapore အမှတ်တရ

၈၈-အရေးအခင်း မတိုင်ခင်က ကျွန်တော် Singapore မှာ နေခဲ့ ရ တယ် ရွှေခောတ်ပေါ့၊ စင်္ကာပူ က Gayland မှာနေရတာပါ၊ မြို့ တွင်း Downtown. ကို မီးနစ် ၃၀-ခန့် ကားစီးသွားမှ ရောက်ပါ တယ် ၊ အဲဒီအချိန်က မြိုတွင်းနားက တရုပ်တန်းမှာ ၂-ထပ်တိုက်တွေ အများကြီး ရှိတုံးပါ၊ စင်္ကာပူ အစိုးရကလဲ စင်္ကာပူ နိုင်ငံသား ကလေး၊ လူငယ် တွေကို စင်္ကာပူ+အင်္ဂလိပ် စကား (Singlesh) မှ ခွဲထွက်ပြီး ပညာတတ်တွေ ဖြစ်အောင်၊ စတင်ပြီုးထောင်နေချိန်ပါ၊

မြန်မာပြည်သားတွေ အားလုံးညီညွတ်ကြတယ်၊ ဝိုင်းဝန်းကူညီကြတယ်၊ မြန်မာပြည်သား Sinior ကြီးများက Junior များကို သူတို့တတ်တဲ့ ပညာ တွေကို သင်ပေးကြပါတယ်၊ ကုမ္မဏီ တွေက မြန်မာပြည်သား ဖြစ်ရင်လာပါလာပါ ဆိုပြီး အလုပ်ခေါ်ပေးကြပါတယ်၊ အဲဒီအချိန်က မြန်မာပြည်၏ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ တိုင်းမူ တို့၏သား အားလုံဟာ၊  အများနည်တူ စင်္ကာပူ မှာ ရုန်းကန်ကြရပါတယ်၊ ယခုလို ပြည်တွင်းမှာ ၁၀- သက် မကစားမကုန်အောင် လုပ်ကိုင်ရှာဖွေလို့ မရပါ၊ ထိုင်း နိုင်ငံရှိ ကုလသက္မက ရုံးတွေမှာ မြန်မာပြည်သား ပညာရှင်တွေ ဦးစီးခေါင်ဆောင် နေသလို၊ စင်္ကာပူ နိုင်ငံ ရှိ ကုမ္မဏီ တွေမှာလည်း မြန်မာပြည်သား BSc(Eng) ရထား သည့် ပညာရှင်တွေက ဦးစီးဦးဆောင်ပြု နေတာတွေ့ ရပါတယ်၊ တကယ်သိ တကယ်တတ်တဲ့ ပညာ တတ်တွေဖြစ်ပါတယ်၊ တကယ်သိ တကယ် ပညာ တတ်ရင် ဦးစီးဦးဆောင် နိုင်တယ်ဆိုတာကို ပြဆိုနေပါတယ်၊ မြန်မာလူငယ်တွေ တကယ်သိ တကယ်တတ်တဲ့ ပညာ တတ်များ ဖြစ်အောင်ကြိုးစားကြပါ၊ လူငယ်ဆိုတာ ကြိုးစားရင် မဖြစ်နိုင်တာ မရှိပါ၊ ကြိုးစားကြပါ။

ကျွန်တော်လဲ မနက် -၈-နာရီ အရောက် မြိုတွင်းကို Sunday မှ အပသွားရပါတယ်၊ စင်္ကာပူ အစိုးရကလဲ ကိုယ်ပိုင်ကား အားလုံးကို မနက်-၇-နာရီက -၉-နာရီ အတွင်း မြို့ တွင်း(Downtown) သွားလိုလျှင် မောင်းသူ အပါအဝင် -၄- ဦးပါရမည် လို့သတ်မှတ်ထားပါသည်၊ ကိုယ်ပိုင်ကား ထဲမှာ သတ်မှတ် ထားသည့်လူဦးရေ မပါလျှင်၊ ဒါဏ်ငွေ-S$-3000- ပေးဆောင်ရပါမယ့်၊ ဒါကြောင့် ကျွန်တော်နေတဲ့ Gayland နားက ကားမှတ်တိုင်မှာ ကိုယ်ပိုင်ကား တွေ မနက်-၇-နရီဆို  တန်းစီနေတာ တွေ့ ရပါတယ်၊ ကျွန်တော်လဲ မနက်ဆိုရင် ၇း၁၅ am လောက်အိမ်က ထွက်ပြီး၊ ကားမှတ်တိုင်မှာ ရပ်ပြီး လူ-၄- ဦးပြည့်အောင် စောင့်နေသည့်၊ ကိုယ်ပိုင်ကား များထဲမှ အကောင်းဆုံးကား အသစ်လဲဖြစ်ရမည်  Mercede, Volvo ကားများကိုသာ စောင့်စီးခဲ့ကြပါသည်၊ ကျွန်တော်တို့ ရွှေ များက ယောက္ခမကား လို့ ခေါ်ခဲ့ကြပါသည်၊

တချိန်က ယောက္ခမ ကားများကို စီးခဲ့ကြရကြောင်းပါ။

Tags: , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: