Kalaw-Taungyi: တောင်ကြီးဈေးနေ့

Source_thinzar’s blog: Taunggyi Trip 2010 – 5 အပိုင်း၅ – တောင်ကြီးဈေးနေ့

တောင်ကြီးကို အရမ်းကြိုက်တဲ့ အချက်တွေထဲက တစ်ခုကတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ တော်တော် ပေါတာပါဘဲ။ မိုးနှောင်းပိုင်း သြဂုတ်၊ စက်တင်ဘာလောက် ဆိုရင် သြဇာသီး၊ တယ်သီး၊ ထောပါတ်သီး တွေ လှိုင်လှိုင်ထွက်တဲ့အချိန်ဖြစ်ပြီး ဆောင်းအကုန် နွေအကူး ကတော့ စတော်ဘယ်ရီ ပေါ်တဲ့အချိန်ဖြစ်ပါတယ်။ ဆောင်းတွင်းပြန်ရင် လိမ္မော်သီးလောက်ဘဲ ရှိပြီး နွေအကုန် မိုးအကူးဆိုရင် သရက်သီးလောက်ဘဲ ပေါတာ။ ဒီတစ်ခေါက်ပြန်တော့ ထောပါတ်သီးနဲ့ သြဇာသီးကို နေ့တိုင်းလိုလို စားခဲ့တယ်။ တယ်သီးကို ပလတ်စတစ်အိတ်အလုံနဲ့ချည်၊ ရေအပြည့်ထည့်ထားတဲ့ အိုးထဲ ထည့်ပြီး ၂ပါတ်လောက် ထားလို့ ရလာတဲ့ တယ်သီး အကြွပ်သီးဆိုတာလဲ တော်တော်စားကောင်းတယ်။ ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ရေပြောင်းဖူး နဲ့ ဆလတ်ရိုးကို တော်တော်ကြိုက်တယ်။ 

စူကာသီး (ဂေါ်ရခါးသီး)၊ ဖရုံသီး၊ စူကာရွက်၊ ရေပြောင်းဖူး
ဂေါ်ဖီထုပ်၊ သြဇာသီး
ဝယ်လာဖြစ်ခဲ့တာက ထောပါတ်ပြောင်း၊ ရေပြောင်းဖူး၊ ထောပါတ်ပဲ၊ ရွှေပဲရွက်

 

  
နေကြာစေ့လှော်၊ တရုတ်ပဲ၊ ပဲပုတ်စေ့၊ ဖရုံစေ့၊ မြေပဲဆားလှော်၊ စသဖြင့်.. စသဖြင့်..
sour & spice corner: ငရုတ်သီး၊ မျှစ်ချဉ်၊ ဂျူးမြစ်၊ ချဉ်ပေါင်ရွက်

(ကင်မရာ တကားကားနဲ့ ဈေးသွားခဲ့တဲ့ ဈေးနေ့တစ်နေ့ကပေါ့။)

 

Tags: , , , , , , ,

2 Responses to “Kalaw-Taungyi: တောင်ကြီးဈေးနေ့”

  1. Ko Kyaw Says:

    တယ်သီး english name သိရင်ပြောပါ
    ဓါတ်ပုံ ရှိရင်လည်းပို.ပေးပါ

  2. Casslyn Manaw Cho Says:

    hi do you mind to share more in english so that i can understand more about myanmar food 😀

    I like chin paung kyaw very much since my myanmar friend introduced this dish to me 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: