My old favourite lecturers (Professors)

This slideshow requires JavaScript.

TQ Dr KKG and Dr AKN for Mummy Gyi Prof Dr Daw Myint Myint Khin’s good photo.

Our mentor Mummy Lay Prof Dr Daw Myint Myint Aye. She was my best teacher I got in the Medical University.

Dr Daw Tin Tin Toe

2 Responses to “My old favourite lecturers (Professors)”

  1. drkokogyi Says:

    Kaung Kin Ko

    (ဆရာတွေ၊ ပညာရေး၊ ကျောင်းသားတွေနဲ့ သင်္ချာ) အပိုင်း(၁)

    ပညာရပ်တွေ…. အထူးသဖြင့် သိပ္ပံတို့ သင်္ချာတို့သင်ပေးတဲ့နေရာမှာ (ကျွန်တော့်အမြင်တွေထဲက တစ်မျိုးအရ) ဆရာတွေရဲ့ သင်ပုံသင်နည်းကို အမျိုးအစားခွဲမယ်ဆိုရင် သုံးမျိုးရှိတယ်။

    (၁) ပထမတစ်မျိုးကတော့ concept ကိုလည်း မိအောင် မရှင်းပြနိုင် (သူကိုယ်တိုင်ကိုက concept ကို သေချာမသိတာမျိုးတွေလည်း များတယ်။) ပျင်းခြောက်ခြောက်လည်းဖြစ်တဲ့ ပုံစံမျိုးနဲ့ သင်တာ။ ဥပမာ euler number ဟာ ၂.၇….. ဘယ်လောက်ဘယ်လောက် ဆိုတာ ပြောလိုက်မယ်။ ဖော်မြူလာတွေကို ရိုးရိုးအလွတ်ကျက်ခိုင်ပြီး တွက်ခိုင်းမယ်။ သင်ပုံကလည်း ပျင်းစရာကောင်းတယ်ပေါ့။

    (၂) ဒုတိယတစ်မျိုးကတော့ ဆရာတွေက ပျော်စရာတော့ကောင်းတယ်။ အဲလိုဆရာမျိုးတွေက creative တော့ ဖြစ်ပါတယ်။ ဒါပေမဲ့ concept ကို မိအောင်မသင်နိုင်ဘူး။ (သူကိုယ်တိုင်ကိုက concept ကို သေချာမသိတာမျိုးတွေလည်း ဖြစ်နိုင်တယ်။) ဘယ်လိုမျိုးဆရာတွေလဲဆိုတော့ ဘိုင်အိုကို သီချင်းနဲ့ သင်တာမျိုး။ ဟာသတွေပြောပြီး သင်တာမျိုးပေါ့။ ဟာသဥာဏ်ရွှင်တဲ့ ဆရာမျိုးတွေ။ တပည့်တွေကတော့ ဒိဆရာ ကောင်းလိုက်တာ၊ ငါဆို့ဆရာသာ အကောင်းဆုံး ဆိုပြီး ချီးကျူးကြမယ့် ဆရာမျိုးတွေ။ တပည့်တွေ ချစ်မယ့်ဆရာမျိုး။ ဒါပေမဲ့ ပျော်စရာပဲ ကောင်းပြီး concept မမိတော့ တစ်ပွဲတိုးဆန်တယ်။ ပညာသင်ရခြင်း၊ သီအိုရီကို သင်ရခြင်းရဲ့ ရည်ရွယ်ချက်တော့ မအောင်မြင်ဘူး။ ဒါပေမဲ့ စာမေးပွဲတွေ ဖြေနိုင်ဖို့တော့ အဲလို ဆရာမျိုးက အထောက်အကူပြုလေ့ရှိတယ်။ ငွေကြေးအရလည်း အကြီးအကျယ် အောင်မြင်နိုင်တဲ့ ဆရာမျိုးပေါ့။ ဒါပေမဲ့ (ကျွန်တော် တိမ်းညွတ်တဲ့ အမြင်အရဆိုရင်တော့) ဒါမျိုးဆရာတွေကိုလည်း ဆရာကောင်းလို့ မသတ်မှတ်ဘူး။ သူ့ရဲ့ creative ဖြစ်တဲ့ သင်နည်းကို ချီးကျူးရင်တောင်မျ အဓိကလိုရင်းဖြစ်တဲ့ concept ကို မသင်နိုင်တာမို့ တစ်ပွဲတိုးလို့ ယူဆပြီး အားမပေးဘူး။

    (၃) တတိယတစ်မျိုးကိုတော့ ကျောင်းသားတိုင်းက ကြိုက်ချင်မှ ကြိုက်ကြမယ်။ ပျော်ချင်မှလည်း ပျော်ကြမယ်။ ဒါပေမဲ့ တကယ်ပညာလိုလားတဲ့ ကျောင်းသားတိုင်းတော့ အရမ်းစိတ်ဝင်စားကြမယ်။ ပညာမလိုလားခဲ့ပေမဲ့ ဓာတ်ခံရှိတဲ့ ကျောင်းသားတွေကိုလည်း ပညာကိုချစ်အောင် ဆွပေးနိုင်လောက်မယ့် ဆရာမျိုးတွေ။ အိုင်ကျူမြင့်တဲ့သူတွေ ပိုချစ်ကြမယ့်ဆရာမျိုး။ ဥပမာ အဲဒီလိုဆရာမျိုးက ဖော်မြူလာတွေ ရလာပုံတွေ၊ အသုံးပြုပုံတွေ၊ အဲဒါနဲ့ ဆက်စပ်တဲ့ ဗဟုသုတတွေ၊ ပညာရှင်တွေရဲ့ အကြောင်းတွေ ပြောပြီး သင်တာမျိုးပေါ့။ တပည့်တွေ ပညာရပ်ကို ချစ်မြတ်နိုး တန်ဖိုးထားလာစေမယ်။ ပညာရပ်နဲ့ ပတ်သတ်တဲ့ motivation တွေရမယ်။ ဖတ်စာအုပ်ထဲက ပုစ္စာတွေ မဟုတ်ဘဲ ပုစ္စာတွေကို ပိုခက်အောင် သူ့ဟာသူထွင်ပြီး တွက်ခိုင်းတာတွေလုပ်မယ်။ ပုံသေကြီးတွေကို ပျင်းမယ့်ဆရာမျိုး။ အလိုဆရာမျိုးက စကားပြောမကောင်းလို့၊ ဟာသမပြောတတ်လို့ တပည့်တော်တော်များများကတော့ ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမဲ့ ပညာတန်ဖိုးကို သိတဲ့ကျောင်းသားဆိုရင်တော့ အဲဒီဆရာမျိုးက အဲဒီကျောင်းသားမျိုးကို motivation ဖြစ်စေမယ်။ (စီးပွားရှာဖို့၊ အလုပ်အကိုင်ကောင်းရဖို့ motivation မျိုးမဟုတ်။ ပညာရပ်ကို ချစ်တဲ့ လိုက်စားချင်တဲ့ motivation မျိုး ရမယ်။) မြန်မာနိုင်ငံလို ရပ်ဝန်းမျိုးမှာတော့ (အရင်ကရော၊ လက်ရှိကာလမှာပါ) အဲဒီလိုဆရာရော၊ သူ့ရဲ့ တပည့်တွေရော (လူအများစုရဲ့ သတ်မှတ်ချက်တွေအရ) အောင်မြင်သင့်သလောက် မအောင်မြင်လောက်ဘူး။ ဒီတတိယအမျိုးအစားကို ဒုတိယအမျိုးအစားနဲ့ ပေါင်းလိုက်ရင်တော့လည်း အဲဒီဆရာဟာ အောင်မြင်နိုင်တယ်။

    ကိုယ့်ဘဝမှာ ကြုံခဲ့ရတာကတော့ ဆရာအားလုံးနီးပါးက ပထမ တစ်မျိုးလိုပါပဲ။ (အခုခေတ်တော့ မသိဘူးနော်။ ကျွန်တော်တို့ ခေတ်မှာတော့ အဲလိုဆရာတွေချည်းပဲ။ ခြွင်းချက်တွေတော့ ရှိတယ်။ ဆရာတွေကို စော်ကားတာတော့ မဟုတ်ပါဘူး။ ခေတ်စနစ်ကိုက အဲလိုဖြစ်လာတာလို့ပဲ မှတ်တယ်။ ကိုယ့်အပေါ် သင်ခဲ့တာ ကောင်းကောင်း မကောင်းကောင်း၊ ကျူရှင်မတက်လို့ ငြိုးခံရတာတွေ ရှိခဲ့ပေမဲ့ အားလုံးကိုခွင့်လွှတ်ပါတယ်။ 😀

    တခါတလေကျ ပထမတစ်မျိုးထက်တောင် ဆိုးတယ်ပြောရမယ်။ ဥပမာ – စာခေါ်ပေးတာကို လိုက်ရေးရတာ၊ ကျောက်သင်ပုန်းကဟာကို လိုက်ရေးခိုင်းတာတွေနဲ့ပါ နှိပ်စက်ကြသေးတာ။ ဥပမာ ဇီဝဗေဒကို စာလိုက်ရေးတာက ပညာမဟုတ်ဘူးလေ။ စာခေါ်တာကို လိုက်ရေးရအောင် စာရေးစာဖတ် သင်နေတာ မဟုတ်တော့ဘူးလေ။ ဒီတော့ ကျောင်းပညာရေးကို ကျောင်းသားတွေ စိတ်ကုန်တာ ကျောင်းသားတွေရဲ့ အပြစ်မဟုတ်။ ဆရာတွေရဲ့ အပြစ်။ ကျွန်တော်ဆို ကျောင်းပါ ထွက်ပစ်ချင်တာ။ ကျောင်းဆိုတာဟာ ကလေးတွေကို သက်သက်နှိပ်စက်နေတဲ့ ငရဲလို့ မြင်လာသည်အထိကို စိတ်အချဉ်ပေါက်သွားတာ။

    ရှားရှားပါးပါး ဆရာကောင်းတစ်ယောက်တော့ တွေ့ဖူးတယ်။ ဝိုင်အိုင်တီတက်တုန်းက အရေးအခင်းကြောင့် ကျောင်းတွေ အကြာကြီးပိတ်သွားတော့ second year မတိုင်မီမှာ second year အတွက် သင်္ချာတွေ စမ်းချောင်းက ရှမ်းလမ်းက ဆရာတစ်ယောက်စီ သွားတက်တယ်။ အဲဒီဆရာက သင်္ချာကို ချစ်လို့ သင်တာမျိုး။ စိတ်ဝင်တစား စိတ်နှစ်ပြီး သင်တာ။ ကျောင်းပိတ်တုန်း ရန်ကုန်မှာ ကြာကြာမနေဖြစ်လို့ ကြာကြာတော့ မတက်လိုက်ရပါဘူး။ လခလည်း သိပ်မက်တဲ့ ဆရာမျိုးမဟုတ်။ ကျောင်းသားတွေ ပေးလား မပေးလား သူက စာရင်းမှတ်ထားလေ့ မရှိဘူး။ တချို့နယ်က ကျောင်းသားတွေဆို ဆရာ့ကို လခပေးပြီးမှ ငွေပြတ်သွားလို့ဆိုပြီး ပြန်တောင်းရင်လည်း ဆရာက ပေးသေးတာ။ အဲလိုဆရာမျိုးတော့ ခဏလေး ကြုံခွင့်ရလိုက်သေးတယ်။

    ဟုတ်ပြီ။ ဆရာတွေက ခေတ်စနစ်အရ မကောင်းဘူးပဲ ဆိုပါတော့။ ကိုယ်က ဘာလုပ်နိုင်သလဲ။ သင်္ချာဆိုရင် မွေးရာပါ သင်္ချာအထုံမျိုးလည်း ပါတယ်လို့ ကျွန်တော်ယူဆပေမဲ့… ဆရာကောင်းနဲ့ တွေ့ရင်တွေ့၊ မတွေ့ရင်လည်း ကိုယ့်ဘာသာကိုယ် ဥိးနှောက်ကို အလေ့အကျင့်လုပ်ရင်တော့ တိုးတက်လာမယ်လို့ ထင်တယ်။

    ကျွန်တော်ဆို ငယ်ငယ်ကတည်းက သင်္ချာကို တိမ်းညွတ်တယ်။ သုံးလေးတန်းလောက်ကတည်းက အားနေရင် သင်္ချာနဲ့ ဂိမ်းလေးတွေ ကိုယ့်ဟာကိုယ် ထွင်ပြီးဆော့တာ။

    (by ကောင်းကင်ကို)

    (ဆက်ရန်)

  2. drkokogyi Says:

    In my whole life I have seen ONLY a few 3rd category teachers. Amongst them the best was Professor, Consultant Physician Dr. Daw Myint Myint Aye. She used to teach us ‘how to do practical physical examination…and deduct the differential diagnosis, diagnosis and clinical (applied Pharmacology) treatments. She taught us how to talk, approach, exam the patient…etc. She is now retired in USA after 40 yrs worked in Myanmar. (Once she c/o that after 40 yrs pension to get Kyat 1000.00 @ Ne Win’s time, Myanmar asked her to do the affidavit in US that she was still alive..where she had to pay much more than she would get). But after 10 yrs in US she could have a good pension, house, car etc. NOTE: She never do outside GP clinic in Myanmar.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: