နှစ် ၉ ၀ ပြည့် တက္ကသိုလ် နန်း

I have read Zawana’s “Kaw Leik Kyaung Thar” (College Student),  “Kaw Leik Gin” (Collegian = a member of a college but Jin in Burmese is a  “Top” or a spinning toy or a clever person) and  “Kaw Leik Jaboo” ( A person like a bed bug or flea in the College) during my teenage at the high school. Since then I used to like and long for  the University life like the charecters in RASU. In our Mdy Med U (IMM), our student life was boring and scarry like a Primary school student who has to scare a very very bad teacher and Head Master/mistress. No enjoyment, no excitement, no pleasure at all, so I continue to miss the RASU student life of the characters in those books….

Every week, we used to have exams. In every lecture, lecturers would ask questions about previous day lecturers, in every practicals we would be asked about the just finished lectures. We all were scolded incessantly every day.

At the ward rounds Consultants would ask about any disease, wherether we had learned or not. They will shout infront of the students, drs and patients even if our answers were correct but if not in proper order or according to the incidences in our country. So our heart were always heavy, depressed, scared all the time.

Source_KAY:နှစ် ၉ ၀ ပြည့် တက္ကသိုလ် နန်း တေးရေး -တက္ကသိုလ်ဘုန်းနိုင် တေးဆို – သန်းသန်းရှိန်


တက္ကသိုလ်…..နန်း……မြကျွန်းပမာညီ ….အောင်နန်းမြို့ဆီ…ဆောင်ခန်းမြို့ဝေစီစီ….
ပညာတံခွန်…အောင်လံလွှင့်လို့ …ကြငှန်းမြင့်လို့ ……..နေ……..သည်….
(၀ိဇ္ဖာ လောက မူသစ်ဆောက်တည်….အ၀ိဇ္ဖာ မောဟ မြူညစ်ပျောက်မည်…..
ဗြဟ္မာစာရ လောကပါလ တရားဝေစီ….ငြိမ်းချမ်းပြည့်ဝ ခိုင်မြဲတည်….)၂
(၀ိဇ္ဖာလောက မူသစ်ဆောက်တည်….အ၀ိဇ္ဖာ မောဟ မြူညစ်ပျောက်မည်…..
ဗြဟ္မာစာရ လောကပါလ တရားဝေစီ….ငြိမ်းချမ်းပြည့်ဝ ခိုင်မြဲတည်….)၂
(နွှဲဖက်ရွှင်ကြည် ရောင်စိုရွှင်လန်းသည် ညောင်ညိုပင်စခန်းပြောင်ဝန်းရိပ် လီလီ….
တို့များ ….တွေ့ကြလို့ မေ့မရတာရှည်…. တက္ကသိုလ်သည်ကွန်း…..မြွက်ဆိုရည်ညွန်း ဥဒါန်းတွင် ကမ္ဘာတည်…)၂
(တို့ပြည် တို့အမျိုး တို့ အကျိုး ဦးတည်….လူ့ပြည်လူများ လူသားဂုဏ်ရည်….လူသားဂုဏ်ရည်…
ဆောင်ရွယ် မူချ မောင်မယ် တူပ လွန်းကြင်..ရွှင်ခဲ့သမျှ သီရေးဖွဲ့စီ…….ပျော်ပါးဝေ့လည် လွမ်းဖွယ်တလီ…
ကြည်နူးဖွယ်ကောင်းတဲ့ တို့ကျောင်းတက္ကသိုလ်ပြည်….တို့ကျောင်းတက္ကသိုလ်…ပြည်)၂

 ထပ်ကာ ဖွင့် ရင်း.. ကြည်နူး လွမ်းဆွတ် နေ မိ သည်။

 

နှစ်ဟောင်း ကုန် လို့.. နှစ်သစ် ကူး တော့ မည် မို့..  အတွေးထဲ တေးထား မိ တဲ့.. အကြောင်း တွေ ကို.. နှစ်သစ် ကို သယ် မသွား ရ အောင်.. အမြန် ရေးချ မှ ဖြစ်တော့ မည်။ 

ပြီးတဲ့..တန်ဆောင်မုန်း လဆုပ် ၁၀ ရက် နေ့ က.. အမျိုးသား အောင်ပွဲ နေ့ ကြီး နဲ့ အတူ.. ရန်ကုန် တက္ကသိုလ် ကြီး လည်း..နှစ် ၉ ၀ တင်းတင်း ပြည့် ခဲ့ ပြီ မို့… တခုခု ရေးချင် နေ ခဲ့ သည်။ ဒါပေမဲ့..မရေးဖြစ် ခဲ့။ အဲဒီ လောက် ခမ်းနား ကြီးကျယ် တဲ့..သမိုင်း အဆောက်အဦ ကြီး ကို.. မမှီ မကမ်း လက်  ကလေး နဲ့ ..ချီးပ ဖို့ရာ.. မရဲတင်း ခဲ့ ပေ။ သို့ပေ သော် လည်း..  မြန်မာ ပြည် တနံ တလျား များပြား လှ တဲ့..သူ့ သားသမီး ..မျိုးဆက် တွေ တိုင်း ရဲ့ ရင်ထဲ မှာ တော့ …. နည်းသည် များ သည်.. နီးသည် ဝေး သည်… စိမ်း သည် ကျက်သည် .. မဟူ..အတိတ်တွေ ကိုယ်စီ ကိုယ်ငှ .. နဲ့..  ဆက်သွယ် ပို်င်ဆိုင် နေ မိ ကြ သည် သာ။
ရန်ကုန် တက္ကသိုလ် ကြီး  ရယ်လို့ စတင် အမည် သညာ တွင် ခဲ့တဲ့..၁၉ ၂၀ က နေ ပြီး.. လူသံ သူသံ စာအံ သံ တွေ တိတ်ဆိတ် သွား ခဲ့ ရ တဲ့.. ၁၉ ၉ ၆ ခု အတွင်း နှစ်ပေါင်း ၈၀ နီးပါး အတွင်း မှာ.. သူ့ ရင်ငွေ့ ကို ခိုလှုံ ခဲ့ ဘူး သူတိုင်း..မမေ့နိုင် ..မဖျောက်နိုင် ..တသသ ဖြစ်ရ လေ အောင် .. စွဲဆောင်မူ ကြီး လွန်းလှ တဲ့..  နေရာ ဌါန ကြီး က..  ဘာတွေ များ လှပ နေ ခဲ့ လို့ လည်း.. ဘာတွေ များ ကြီးမြတ် ခမ်းနား နေခဲ့ သလည်း.. ဆိုတာ ကို.. နောင် လာ နောက်သား တွေ.. သိစေချင် လှ ပါ သည်။ 
ဆရာကြီး .. တက္ကသိုလ် ဘုန်းနိုင်  က တော့..  “ တက္ကသိုလ် နန်း ”  ရယ် လို့ တောင်.. ခမ်းခမ်းနားနား တင်စား ဖွဲ့ဆို သွား ခဲ့ လေ သည့်.. ရန်ကုန် တက္ကသိုလ် ကြီး ပေ။ 
ဒီ သီချင်း လေး ကို.. ငယ်ငယ် ကတည်း က .. ရေဒီယို မှာ ကြားရ တိုင်း.. တနေ့ နေ့.. ဆယ်တန်းအောင် လို့.. ရန်ကုန် တက္ကသိုလ် ကြီး ကို တက် ရင်… ဆိုတဲ့…  အာရုံ စိတ်စော တွေ နဲ့..  အတွေး နန်းတော် တိုင်းပြည်  ကြီး ထဲ မှာ.. ပျော်ရွှင် မျှော်လင့် ခဲ့ ရ သည် ပေါ့။  သီချင်း သံစဉ် က.. မမြူး ကြွ လှ ပေမဲ့.. စာသား တွေက.. နန်းတော် တဆောင် လို… ခန့်ထည် သေသပ် လှ သည်။ အခု..ဒီ သီချင်း လေးကို.. မဇ္ဖိမ မှာ.. ..ပုံလေး တွေ နှင့် အသေအချာ လုပ်ထား တာလေး ကို.. သူငယ်ချင်း တယောက် ရဲ့.. face book စာမျက် နှာမှာ တွေ့ တော့.. ထပ်ကာ မမြင်ဖူး ခင် ကတည်းက.. ရောက်နေ ခဲ့ ရ တဲ့.. ရန်ကုန် တက္ကသိုလ် ကြီး ကတော့…  ညနေခင်း မိသားစု ရေနွေး ကြမ်း ၀ိုင်း  ထဲ က.. .ဖခင် ဖြစ် သူ ရဲ့.. အတွေ့ အကြုံ လှုပ်ရှားမူ တွေ အဖြစ် ..  ၊ ရုပ်ရှင် တွေ..၀တ္တု တွေ ထဲက.. ရင်ခုန် ကြည်နူးဖွယ် တက္ကသိုလ် ပုံရိပ် တွေ ဇတ်လမ်း တွေ. အဖြစ်.. ၊ ရေဒီယို သီချင်း..ခေတ်ပေါ် သီချင်း တွေ ထဲ မှာ စီးမျော လာတဲ့.. အနုရသ သံစဉ် စာသား တွေ အဖြစ်.. သူတို့ အားလုံး အပေါ် လွှမ်းမိုး နေခဲ့ သည်။

နောက်တော့ လည်း…… ~~~~ တက္ကသီလာ မြကျွန်းသာဆီ.. အခြေခံ ပညာ အောင်မြင် ခဲ့ ကြ သည်. ~~~~ ဆို တဲ့.. ရေဒီယို သီချင်း လေး နဲ့ အတူ..  ကိုယ်တိုင် ကိုယ်ကျ… ဖြတ်သန်း ကြုံဆုံ ရင်ခုန် ခဲ့ ရ တော့ သည်။

မမေ့ နိုင် တဲ့..အတိတ် တွေ ဆိုတာ ထက်.. မမေ့ ကောင်း တဲ့ သမိုင်း တွေ အတွက်..ဒီ နေရာ ဒီ ဌါန ကြီးကို.. သက်တော် ရာကျော် ရှည်စေ လို လှ ပါသည်။ 

ဒီ မြကျွန်းညိုညို  ကြီး ကို   ဘယ်လို အကြောင်း နဲ့ မှ ကွယ်ပျောက် မသွား စေချင် ပါ။ ဘယ်လို အခွင့် အာဏာ နဲ့ မှ မဖယ်ရှား ပြစ် စေ လို ပါ..။  တချိန် ချိန် မှာ.. ပြန်လည် ရှင်သန် နိုးထ လာ အုံး မယ် လို့.. ယုံ ကြည် 

မျှော်လင့် နေ မိ သည်။ ကောင်းကင် ပြာပြာ ကြီး အောက် မှာ.. စိန်ပန်း နဲ့ ကံ့ကော် တွေ .. ပွင့် ရ အုံး မည်။.. ကန်ရေပြင်..အဓိပတိ လမ်း ကြီး လည်း.. ညီညာ ပြန့်ပြူး ရ ပေ အုံး မည်။ သစ်ပုတ် ပင် ကြီး က လည်း .. . အမေအို ရဲ့ အပြုံး မျိုး နဲ့..  ဘ၀ ဒဏ် ကို ကြံ့ ကြံ့ ခံ.. ရင်း.. ရိပ်မိုး စောင့်စား နေလျက် ..။ 

ရန်ကုန် တက္ကသိုလ် ကြီး ရဲ့   ရာပြည့် ပွဲ ကြီးကို..သမိုင်း အမှန်.. တွေ နဲ့.. ပျော်ရွှင်စွာ ဆင်နွှဲ နိုင်ပါ ရ ပါစေ လို့.. ရည်စူး မျှော်လင့် ရင်း.. နှစ် ၉ ၀ ပြည့် တက္ကသိုလ် နန်း ကြီး .. အတွက်..


Tags: , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: