ခံပွင့် (ခင်နှင်းယု) taken from lettwebaw
နန်းအလယ် ပန်းစံပယ် မပေါ်ခိုက်ဟာမို့၊
အလိုက်တော် တန်သင့်အောင်လို့ ခံပွင့်ကိုကုံး၊
နန်းရဝေ မန်းမြေမှာ စံပယ်လှိုင်တော့ ခံပန်းခိုင်
ယာယီရွေ့တယ်၊ တောလေ့ရွာသုံး။
Trodden Flower by Khin Hnin Yu
In the absence of the gracious Jasmine,
The humble Khan Pwint is woven into Royal wreaths.
But when the Jasmine reappears,
No longer can this lowly wildflower stay, but
Return she must
To her wild country home
Sorry, I wrote wrongly first. There is a saying, actually a poem and song in Burmese: “နန်းအလယ် ပန်းစံပယ် မပေါ်ခိုက်ဟာမို့၊ အလိုက်တော် တန်သင့်အောင်လို့ ခံပွင့်ကိုကုံး၊”
Because there was no Jasmine flower in the Royal Court, we have to (just content or satisfy) use other cheap flower called Khan Pwint or ခံပွင့် (as the temporary substitute) or အဖြည့်ခံ (သို့) ခံပွင့်.
အထက်ကနှယ် အစချီထားသော နာမည်ကျော် စာရေးဆရာမကြီး (ဒေါ်) ခင်နှင်းယု ရဲ့ ၀တ္ထုတိုကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ တင်ဆက်ထားပါတယ်။ ဖတ်ရှုလိုသူများ The Trodden Flower ဆိုတဲ့ ခေါင်းစဉ်မှာ သွားဖတ်နိုင်ကြပါလိမ့်မယ်။ We could also read her storey in lettwebaw ‘s blog.
အဖြည့်ခံ(သို့)ခံပွင့်
ခံပွင့်ခိုင် နုနုထွေး
ပန်းမုလေး ပမာနှယ်
ပန်းနုသွေးခြယ်
သီးခိုင်လှ ပန်ချင်ဖွယ်
လုံမငယ် သူထင်ငြား၊
နံ့မကြွယ် ဆူးထောင်ကား
ဆွတ်ငင်သူရှား။
ပန်းစံပယ် အခါလင့်
နန်းမယ့်ခင့် ဗျာပါကြွယ်
ဖွေမော ရှာတယ်၊
အလိုက်သင့် ခံပွင့်ငယ်
ပန်းစံပယ် ပမာလား၊
ကေသာဝယ် ၀ိုးတဝါး
ထင်ယောင်ယိုးမှား။
ပန်းစံပယ် လှိုင်လှိုင်ဖွေး
ခံပွင့်ထွေး ငယ်မျက်နှာ
ရွေ့ဖယ်ရရှာ၊
အဆင်းက လှအားသာ
ပင်ကိုယ်မှာ ချွန်မြမြ
သင်းပြေပြေ ယဉ်စစ
ဖြည့်ခံဘဝ။
Htway Nyo
Tags: Burmese language, Royal Court
Leave a Reply