လူရည်ချွန် သီချင်းဟောင်းများ

Dr. Nay Oo , Dr.Nwe Thein and Dr. Myo Kyi Tha

 

♫ ♪ လူရည်ချွန် သီချင်းများ ♪ ♫

( Nwe Thein – ပြန်လည်ခံစား တင်ဆက်သည်။)

I have typed and posted in the document old songs that I can recall. It is nostalgic and at the same time, very curious to read some lyrics. Retrograde analysis is always interesting and quite challenging. What do others think? Nwe Thein

လူရည်ချွန် သီချင်းဟောင်းများ (၁)

♫ ♪ လူရည်ချွန်တွေ လာကြပြီလေ။ စုဝေး..ပေါင်းစည်းလို့သာ စခန်းအထွေထွေ။ ရောက်ကြပြီလေ ဆုံကြပြီလေ။ သားကောင်း သမီးမွန် တို့လူရည်ချွန်တွေ။ ♫ ♪ 

♫ ♪ တိုင်းပြည်ရဲ့ အရန်အင်အား တို့ဖြစ်ပေ။ မဆုတ်မနစ်သော ဇွဲနဲ့ ကြိုးစားလို့လေ။ နောင်အနာဂတ် ပုခုံးပြောင်း တာဝန် အထွေထွေ၊ မလွဲမသွေ တို့တတွေ ထမ်းကြမယ်လေ။ တို့မြန်ပြည် စည်ပင်ဖို့အခြေ တို့တာဝန် ဖြစ်ပေ။ ♫ ♪ 

♫ ♪ လူရည်ချွန်တွေ လာကြပြီလေ။ စုဝေးပေါင်းစည်းလို့သာ စခန်းအထွေထွေ။ ရောက်ကြပြီလေ ဆုံကြပြီလေ။ သားကောင်း သမီးမွန် တို့လူရည်ချွန်တွေ။ ♫ ♪ 

လူရည်ချွန် သီချင်းဟောင်းများ (၂)

 ♫ ♪  “တောင်တန်းပြာ မောအလှမြေ။ မြူခြေအုံ့ဆိုင်း လွမ်းစရာ အလှမြေ။ ကမ္ဘောဇ ရှမ်းတို့ပြည်။ ထင်းရှူးပင်တွေ၊ ပန်းမျိုးစုံပေ။ ရောင်စုံ ပွင့်ဖူး၊ ရှုမောစရာ မောအလှ၊ တောင်တန်းပြာကြီးက၊ သာလို့ နေပြန်ပေ။ 

♫ ♪  (လာ လာ လာကြဟေ့။ တို့ညီအကို သားချင်းတွေ။ မြေပြန့်မှလေ လှမ်းမျှော်ကာနေ။ သာမောဖွယ်စခန်း၊ ခေါင်တိုင်သို့လေ။ ငှက်သွင်တောင်ဖြန့်၊ ၀ဲလို့လာမလေ၊ နွေဦးဥသြ တေးသံတွေ)၂ ♪ ♫အင်းလေးကန်သာ ရှခင်းအလှပါ၊ မောမြေကိုလာ ခရီးဆန့်ခါ။ ကြည်မောဖွယ်ရာ တို့မြေမှာ သွေးချင်းဆုံခဲ့တာ။ 

 ♫ ♪  (လာ လာ လာကြဟေ့။ တို့ညီအကို သားချင်းတွေ။ မြေပြန့်မှလေ လှမ်းမျှော်ကာနေ။ သာမောဖွယ်စခန်း၊ ခေါင်တိုင်သို့လေ။ ငှက်သွင်တောင်ဖြန့်၊ ၀ဲလို့လာမလေ၊ နွေဦးဥသြ တေးသံတွေ)၂ ♪ ♫

 လူရည်ချွန် သီချင်းဟောင်းများ (၃)

♫ ♪ “တို့လူရည်ချွန် မောင်မယ်များ ရောက်လို့ လာချိန်မှာ၊ မိဘပြည်သူ တရပ်လုံး ပြုံးပန်းဝေဆာ။

ဝမ်းသာပျူငှာလှိုက်လှဲ ခွန်းဆင့်ချိုသာ၊ အထူးဂုဏ်ပြုကြတာတွေလည်း မေ့မရနိုင်ပါ။ ♪♫

♪ ♫ လူရည်ချွန် သား (သမီး)တို့က ကျေးဇူး ကုဋေကုဍာ တင်ပေတာ၊ ရင်မှာ အမြဲသာ။ အနာဂတ်ရဲ့ သား(သမီး)ကောင်း ပီစွာ၊ အမိနိုင်ငံကို အလုပ်အကျွေး ပြုမည်သာ။♫ ♪

♫ ♪ ပျော်ပျော်ရွှင်ရွှင် ၀မ်းမြောက်ဝမ်းသာ ဆုံဆည်းရတာ၊ ခင်ခင်မင်မင် ရင်းနှီးချစ်ကြည် မိသားစုပမာ။ ပြန်လည်ကာ ဆုံတွေ့ရဖို့ကို ဆန္ဒပြုကာ။ လူရည်ချွန်တွေ တောင်းဆုမေတ္တာ အစဉ်ပို့သမှာ။ ရွှင်လန်းကြစေ ပြည်သူတွေ မိုးဆန်းပန်းပမာ။ ဘေးအပေါင်းတွေ ကင်းဝေးကာ၊ တင့်ကျက်သရေ ဝေဖြာစေကြောင်းသာ။” ♪ ♫

 လူရည်ချွန် သီချင်းဟောင်းများ (၄)

♫ ♪  ‎(လာကြပါပြီ မွန်တို့ဌာနီ)၂

လူရည်ချွန်မောင်မယ်များသည် တထောက်နား အပန်းဖြေရန် ရွယ်ရည်။ ရာမညဌာနေ စခန်းမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါသည်။ ♪ ♫

 ♫ ♪  (ဆိုရှယ်လစ်)ခေတ်ရဲ့ အဓိကအင်အား။ ပြည်သူများစု ကိုယ်စားပြု ဘက်စုံထူးချွန်မှုနဲ့ ရွေးချယ်ခံခဲ့ရပါပြီ။ ဂုဏ်ယူ ၀မ်းသာခြင်းနဲ့ လူရည်ချွန်များ၊ ပန်းပမာ လန်းဖြာ ချမ်းသာစေကြောင်း တောင်းဆုခါခါရည်။ ♪ ♫

(လာကြပါပြီ မွန်တို့ဌာနီ)၂

♫ ♪  လူရည်ချွန်မောင်မယ်များသည် တထောက်နား အပန်းဖြေရန် ရွယ်ရည်။ ရာမညဌာနေ စခန်းမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါသည်။ ♪ ♫

လူရည်ချွန် သီချင်းဟောင်းများ (၅)

(Myo Kyi Tha  )

♫ ♪  သုံးကြိမ်နှင့်အထက် ပြည်သူ့လူရည်ချွန် သာယာတဲ့ စက်စဲ/ပုပ္ပါးစခန်းမှာဆုံကြတယ်။

အပြုံပန်းတွေ ကမ်းလှမ်းကာ ကြိုဆိုကြလို့ ၀မ်းပန်းတသာ မိဘပြည်သူများရှေ့ အကနဲ့ဖျော်ဖြေပေးဖို့ အခွင့်သာအလျှင်းသင့်မှုလို့ဆိုရပါမယ်၊

ချစ်တဲ့ပြည်သူများနဲ့ ရင်းနှီးခင်မင်သွားဖို့ ဖျော်ဖြေရေးနဲ့ရယ် မွန်ရည်သော အသိဖလှယ် အနုအရည်အသွေး ပြသနေပါတယ်။  ♪ ♫

♫ ♪  (လူရည်ချွန်ဆိုတာ ပြည်သူများနဲ့တသားတည်းကွယ်

နေရာစုံမှာ ကြိုးစားနိုင်လို့ဖြစ်တယ်) ၂  ♪ ♫

♫ ♪  အခွင့်သာအလျှင်းသင့်မှုလို့ဆိုရပါမယ်။

ချစ်တဲ့ပြည်သူများနဲ့ ရင်းနှီးခင်မင်သွားဖို့ ဖျော်ဖြေရေးနဲ့ရယ် မွန်ရည်သော အသိဖလှယ် အနုအရည်အသွေး ပြသနေပါတယ်။ ♪ ♫

လူရည်ချွန် သီချင်းဟောင်းများ (၆)

(Nay Oo )

                                    (စခန်းနွေမွန်၊ လူရည်ချွန်)

♫ ♪  ဂိမာန်နွေရောက်လို့ … ပန်းပိတောက်နဲ့ ငုဝါတွေ .. ပွင့်ကြဝေဝေ

ဥသြပျို သံချိုပေး.. တေး..အလှသီနေ…

ဒီအချိန်ခါ အရောက်သာ လှမ်းလို့ … ပြည်ထောင်စုတဝှမ်းမှ .. မောင်နှစ်မညီိအကိုတွေ 

စုကာ ဝေးကာ အပမ်းဖြေဖို့လေ .. ရောက်ခဲ့ပြန်ပေ… ပြည်သူ့သားကောင်း သမီးကောင်း လူရည်ချွန်တွေ။ ♪ ♫

♫ ♪  တနှစ်တာ စာသင်ခန်းမှာ .. ပန်းသမျှ နွမ်းသမျှတွေကိုလေ.. စခန်းချကာ အပမ်းလည်းဖြေ 

အင်သစ် အားသစ်နဲ့ သားချစ်အမွန် လူရည်ချွန်တွေ.. နိုင်ငံတော်သစ်က .ပေးသမျှတာဝန်တွေ ထမ်းကြမယ် မလွဲမသွေ .. လူရည်ချွန်တွေ.. လူရည်ချွန်တွေ .. နိုင်ငံတော်သစ်ရဲ့အားသစ် လူရည်ချွန်တွေ… ♪ ♫

(၁၉၇၅ လောက်က သီချင်းထင်ပါတယ်။ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးနောက်ပိုင်းမို့ .. နိုင်ငံတော်သစ် ဆိုတဲ့ အသုံးက ထပ်နေတာပဲ)

 Nay Oo

ကိုလှဦးက အရင်က ပညာရေးဝန်ကြီးဌာန၊ လူငယ့်ရေးရာကပါ။ မြန်မာ့အသံ လူငယ့်ကဏ္ဍမှာလည်း ထုတ်လွှင့်တာတွေလုပ်ခဲ့သလို ချိုတေးမာလာ တူရိယာအဖွဲ့မှာ ပင်တိုင်အဆိုတော်လည်းဖြစ်ပါတယ်။ သူ့ပါရမီဖြည့်ဖက်ကလည်း အဆိုတော် ရီလေး ပါ။ တေးသံရှင် မာသီ(စန္ဒယားကျော်ဇောလေး ကတော်?…) နဲ့ မောင်နှစ်မထင်ပါတယ်။  လူရည်ချွန်စီမံကိန်းနဲ့အတူ ဖျော်ဖြေရေးအဖွဲ့မှာ နှစ်စဉ်ပါခဲ့တဲ့ ထပ်ကွမ်းအများဆုံး စီမံကိန်းဝင်ပါပဲ။
အရင်က ဖျော်ဖြေရေးအဖွဲ့ ပင်တိုင်ပါဝင်ခဲ့ကြသူတွေကတော့ ကိုလှဦး (မြန်မာ့အသံ) အကော်ဒီယံ ဦးမောင်မောင်၊မာသီ၊စန္ဒယားကျော်ဇောလေး၊မြင့်မြင့်စိန်၊ ညွန့်ညွန့်စိန်၊ သင်းသင်းမြတ် (ရန်ကင်းဆရာအတတ်သင်သိပ္ပံ ဂီတဌာန) တို့ကို မှတ်မိနေပါတယ်။ ကိုလှဦးနဲ့ ဦးမောင်မောင် က နောက်ပိုင်း လမ်းစဉ်လူငယ်အဖွဲ့ ချုပ်ကို ပြောင်းသွားကြပေမယ့် လူရည်ချွန်စီမံကိန်းကာလမှာ ပါလာမြဲ တွေ့ရပါတယ်။
လူရည်ချွန်သီချင်းအများစုကတော့ ကိုလှဦး၊ စနွယားကျော်ဇောလေးနဲ့ ဆရာအတတ်သင်သိပ္ပံ ဂီတဌာနတွေက ရေးစပ်ကြတာ များပါတယ်။ အပျော်တမ်း ဂီတအဖွဲ့ဝင်ဖြစ်သလို စခန်းတွင်းကာလမှာ လူငယ့်ရေးရာ ဓါတ်ပုံဌာနက ဦးဝင်းတင်၊ဦးတင်မောင်တို့နဲ့ အတူ လူရည်ချွန်များကို ဓါတ်ပုံရိုက်ကူးပေးရင်း တဖက်တလမ်းဝင်ငွေရှာခဲ့ပါတယ်. လူရည်ချွန်ဓါတ်ပုံတွေက ဓါတ်ပုံ `“ထိပ်ထား” ဆိုတာ သူရိုက်ကူးခဲ့တာတွေပါ။ အိမ်မှာလည်း ထိပ်ထား ဓါတ်ပုံဆိုင်လေးဖွင့်ထား ပြီး မိသားစုစီးပွားရေးလုပ်ငန်းလေး လုပ်ရပါတယ်။
၂၀၀၈ မြန်မာပြည်ပြန်တုံးက အကော်ဒီယံ ဦးမောင်မောင်ကြီးဆုံးသွားတာ ကြားခဲ့ပါတယ်။ ၂၀၁၀ ပြန်တော့ ဦးလှဦးဆုံးသွားတာ သိခဲ့ရတယ်။ သုဝဏ္ဏမှာ နေထိုင်ခဲ့တာပါ။
စခန်းကာလမှာ အသံချဲ့စက်နဲ့ အမြဲတမ်းကြားခဲ့ရတဲ့ (ရှေ့ဆောင်လူငယ် တာဝန် ၁၂ ပါး မမှားပဲ ကျင့်ရမယ်… ပညာ သမ္မာ အာဘာ နတ္ထိ ပညာနဲ့ တူသော အရာသည်မရှိ…. စတဲ့..)လူငယ့်ရေးရာ လူငယ်ပြုစုပျိုးထောင်ရေး သီချင်းတွေ.. မှတ်တမ်း၊ မှတ်ရာအဖြစ် ထိန်းသိမ်းထားခဲ့ကြလေရဲ့လား တွေးပူမိပါသေးရဲ့..

Tags: , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: