လူရည်ချွန်အရည်အချင်းစစ် စာမေးပွဲ

Source:   

  1. မသီတာ-“လူရည်ချွန်” (sonata-cantata blog)
  2. Luyechun FB Group comments of –
    • Dr Aung San Oo
    • ဒေါက်တာနေဦး Dr. Nay Oo
    • Dr. Than Naing Oo
    • Dr Ko Ko Gyi

Aung Sann Oo Post လေးကို ကြိုက်လိုက်တာ။ ကျွန်တော်ဆိုလည်း သူတို့ရေးသလိုဘဲ လူရည်ချွန်ဆိုတာလက်တွေ့ ဖြစ်အောင်မလုပ်လိုက်နိုင်တဲ့ ဘဝ အိပ်မက်တွေထဲက တစ်ခုပါဘဲ။ သားသမီးတွေ လက်ထက် အားပေးမယ်လို့ စိတ်ကူးပြန်တော့ လူရည်ချွန် စီမံကိန်းကြီးက စုပ်စ၊မြုပ်စ ပျောက်လို့။ ကျန်းမာရေး ဝန်ကြီးဌာနမှာ ထပ်ကွမ်း လူရည်ချွန်တွေအများကြီး။ ငယ်ငယ်ကတည်းက အားကျ၊ လေးစားခဲ့ရတဲ့သူတွေ။ ဝန်ကြီး ဦးဖေသက်ခင်၊ ဆေးသိပံ္ပ ညွှန်ချုပ် ဦးသန်းဇော်မြင့်၊ ညွှန်မှူး ဦးမင်းသန်းညွန့်၊ အထက်ဆေးသု ညွှန်ချုပ် ဦးကျော်ဇင်သန့်။ မသိတဲ့သူတွေ အများကြီး ရှိဦးမှာပါ။

Nay Oo ဒေါက်တာမင်းသန်းညွန့် (၁၉၇၂-၇၅) လေးထပ်ကွမ်းလူရည်ချွန် (ဖျာပုံ၊ တာမွေ) ။ ဒေါက်တာသန်းဇော်မြင့် (၁၉၇၂-၇၇) ခြောက်ထပ်ကွမ်း (ကျောက်မဲ၊ ဆေး-မန်း) ဖေ့စ်ဘွတ်ခ်ပေါ် တက်မလာကြသေးပါ (သို့) ပုန်းနေကြလားမသိပါ။

လူရည်ချွန် စီမံကိန်းက ဘဝအတွက် ရေခံ၊ မြေခံကောင်း၊ သက်လုံကောင်းကိုလည်း ပေးပါတယ်။ ကျွန်တော် ကြုံဖူးတဲ့ အတွေ့အကြုံ အရတော့ လူရည်ချွန် ဖြစ်ဖို့ ဖြတ်လမ်း မရှိပါဘူး။ မောင်မောင်ထွေး ကျွန်တော်တို့လောက် အားကစား အမှတ် မကောင်းပါဘူး။ ဒီကောင်က ဗလံကလေးပါ။ ဒါပေမယ့် အားကစားလေးမျိုးလုံးကို အောင်မှတ်ရအောင် လုပ်နိုင်တဲ့ ဇွဲတော့ သူ့မှာ သေချာပေါက် ရှိတယ်။ မီတာ ၁၀၀ မရရင် ၅၀ ပြေးမယ်။ ၁၆ ပေါင် သံလုံးကို မ ဖို့တောင် မလွယ်တော့ လက်ထောက်တွန်းတင် အခါ (၂၀)ကို စနစ်ကျကျ တစ်မိနစ်အတွင်း ပြီးအောင် ကျင့်မယ်..စသည်ဖြင့်ပေါ့။ ဗဟုသုတနဲ့ ကျောင်းစာကတော့ သူများထက် သိသိသာသာ ပိုပါတယ်။ ကျွန်တော် သိခဲ့တဲ့ ပြိုင်ဖက်တွေဟာ ထိုက်တန်လို့ လူရည်ချွန် ဖြစ်ကြတာပါ။ ဒါ အရင်တုန်းကလည်း မှန်တယ်။ အခုလည်း မှန်တုန်းဘဲ လို့ ယုံကြည်ပါတယ်။ သူတို့ဟာ အခုထိလည်း ဘဝမှာ အောင်မြင်ကြတုန်းပါဘဲ။

Nay Oo ဖေ၊ဇော်၊မင်း၊မွန် လူရည်ချွန် လေးဦးဂိုဏ်း နေပြည်တော်တွင် ထကြွနေလေသည်။ ကိုရည်မွန်(ညွှန်ချုပ်၊စက္ကူ-ဓါတု) စာရေးဆရာ(ရန်အောင်-မောင်မောင်)၏ သား။

လူရည်ခွ…ျန်ကလည်း နတ်ကြီးပါတယ်။ မောင်မောင်ထွေးက ကျွန်တော်တို့ အထဲမှာ ပိုးအကြီးဆုံးနဲ့ ဇွဲ အကောင်းဆုံးဘဲ။ (၁၀)တန်းမှာ မောင်မောင်ထွေး ရတော့ သူငယ်ချင်းတွေ အားလုံး ပျော်ကြတယ်။ သူငယ်ချင်းတွေက ကျောင်းချင်းသာ မတူကြတာ နှစ်စဉ် မန္တလေး ဆရာ အတတ်သင် သိပ္ပံ၊ အမှတ် (၉) အထက မှာ ရေးဖြေ၊ အားကစား ဖြေနေကျ၊ ဆုံနေကြတွေ ဆိုတော့ (၇) တန်းကတည်း က ကျောင်းတူ၊ အတန်းတူ သူငယ်ချင်းတွေလို ဖြစ်နေကြတာပါ။ အေးမြတ်နွယ်ကို ကိုးတန်း သချီာ ကျူရှင်မှာ ဆုံရတော့ ငေးရ၊မောရ၊လေးစားရပေါ့။ ကိုးတန်း သချီာ အရည်အချင်း စစ်တော့ မိန်းကလေးထဲက အေးမြတ်နွယ်၊ ယောကျားလေးထဲက မောင်မောင်ထွေး ရပါတယ်။ နောက်နှစ် အေးမြတ်နွယ်လက် ထဲက လူရည်ချွန်ဆုက မောင်မောင်ထွေး လက်ထဲ ရောက်သွားတယ်။ အတော်ဆုံးလူ လူရည်ချွန် ရတော့ မနာလို မရှိ ပျော်ကြတာပါဘဲ။ လူရည်ချွန် စီမံကိန်းက ကျောင်းမတူ၊ နယ်မြေမတူတဲ့ ကျောင်းသားချင်း ရင်းနှီးမှု အားကျမှု ရိုးသားစွာ ပြိုင်ဆိုင်မှုတွေကို အားကောင်းစေပါတယ်။

Aung Sann Oo ခင်လေးညီ… ဒို့လည်း ဒီရက်ပိုင်း ဒီ Post က အရမ်း အသက်ဝင်လာလို့ ဝင်ကြည့်နေမိတာ။ ဆရာ ဦးကိုကိုကြီးတို့၊ ဆရာ ဦးသန်းဝင်းတို့၊ မမ ဒေါ်နွဲ့နွဲ့တင်တို့က Anatomy ကဆရာတွေလေ။ (ဆရာ ဦးအောင်ကြီးတို့ က Microbiology က။) Post လေးက တိုးတက်လာတာ သိပ်မြန်တာဘဲ။ မမဒေါ်မေမြစိန်တို့ လူရည်ချွန် ဆိုတာ ခုမှ သိတာ။ အားကျလိုက်တာ။

Than Naing Oo said: I am sure a lot must have changed at Maymyo Hospital, beginning from the name since it is now named Pyin Oo Lwin Hospital. My vivid memory of this hospital is from my yearly Health Physicals during the LYC selection. Once you were selected …at the township level, you had to pass the health physical b/4 you were sent down to Mandaly to compete in the division level. We had to go and meet the TMO every year for that at the Maymyo Hospital. Although there were about 4-6 townships competing, most LYCs came from either Maymyo or Amarapura township during my days. I went to school from KG to 10th grade in Maymyo and almost ended up at Mandalay Medical School till my dad who was a government worker at that time was transferred to YGN and such that I transferred to RC-2 YGN from Mandalay Regional College. BTW HE Dr Pe Thet Khin is married to our classmate Dr Mon Mon Aung with whom I went for FP-I trip together to Kyone-Pyaw in 1985.

Ko Ko Gyi TQ Dr. Than Naing Oo, one of my younger brother felt that he was unfairly failed by the closed relative TMO of a LYC. I don’t know but he told me last year. He had even worked in Singapore as the Chief Electrical Engineer on the ship. With …God‘s will, his health and all blood tests R still normal. I advised him to just stay quiet as it was few dozen years’ old problem. If he tells me at that time I would complaint up to the highest authorities.

In response to the very negative views and writings in Ma Thida’s blog: “လူရည်ချွန် – (မသီတာ ဘလော့ဂ်မှ)” တခေတ်တခါက လူရည်ချွန် ဆိုတာနဲ့ မိမိ ပတ်သက်ဖူးသလောက်လေး ရေးထားချင်ပါတယ်။

ကျမ တသက်နဲ့ တကိုယ် ၇တန်းမှာ မြို့နယ်အဆင့် လူရည်ချွန်အရည်အချင်းစစ် စာမေးပွဲ ဖြေခဲ့ရဖူးပါတယ်။ ကျောင်းက ပထမ အစမ်း စာမေးပွဲမှာ ပထမရလို့ပါ။ ဆိုလိုတာက ကျောင်းအဆင့်မှာ လူရည်ချွန်အတွက်ရယ်လို့ သီးသန့်အရည်အချင်းစစ်ခြင်း၊ စခန်းသွင်းလေ့ကျင့်စေခြင်းမျိုး မရှိခဲ့ပါဘူး။ ဟုတ်ပါတယ်…

Dr.Nay Oo (Burma) wrote…

မသီတာခင်ဗျား …ကျွန်တော်ဒေါက်တာနေဦး၊ Luyechun (လူရည်ချွန်) Facebook Group Admin တယောက်ပါ။…

sonata-cantata wrote…

ရပါတယ် ဒေါက်တာနေဦးရှင့်

လူရည်ချွန်

တခေတ်တခါက လူရည်ချွန် ဆိုတာနဲ့ မိမိ ပတ်သက်ဖူးသလောက်လေး ရေး ထား ချင်ပါတယ်။

ကျမ တသက်နဲ့ တကိုယ် ၇တန်းမှာ မြို့နယ်အဆင့် လူရည်ချွန်အရည်အချင်းစစ် စာမေးပွဲ ဖြေခဲ့ရဖူးပါတယ်။ ကျောင်းက ပထမ အစမ်း စာမေးပွဲမှာ ပထမရလို့ပါ။ ဆိုလိုတာက ကျောင်းအဆင့်မှာ လူရည်ချွန်အတွက်ရယ်လို့ သီးသန့်အရည်အချင်းစစ်ခြင်း၊ စခန်းသွင်းလေ့ကျင့်စေခြင်းမျိုး မရှိခဲ့ပါဘူး။ ဟုတ်ပါတယ် လူရည်ချွန်တယောက်ဖြစ်ဖို့ စာတခုတည်း တော်နေလို့ မရပါဘူး။ အထွေထွေ ဗဟုသုတ၊ ဉာဏ်စမ်းနဲ့ ကိုယ်လက်ကြံ့ခိုင်မှု အားကစားများကိုလည်း အစစ်ဆေးခံကြရပါတယ်။ နှစ်ပတ် အလိုမှ အထက-၃ကို ကိုယ်စားပြုပြီး မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ၀င်ရမယ်ဆိုတာကို သိရတာပါ။ ကိုယ်လက်လှုပ်ရှား အားကစားဆိုလို့ ဘုံဘိုင်က လာတဲ့ရေကို တိုင်ကီထဲခပ်ထည့်တာလောက်သာ လုပ်ဖူးတဲ့ ကျမကို အမကြီးနဲ့ အကိုလေးက အိပ်-ထ-မတင် စတင်လေ့ကျင့်ပါတော့တယ်။ တယောက်ကခြေကကိုင်၊ တယောက်က ခေါင်းကမ။ သူတို့ အားနဲ့တော့ ကြွနေတာပဲ။ လွှတ်ထားလိုက်ရင်တော့ ကြမ်းပြင်နဲ့ကျောကပ်နေတာ တလက်မတောင် မကြွတော့ပါဘူး။

ဒီလိုနဲ့ပဲ အားကစားဖြေရမည့်နေ့ ရောက်လာခဲ့ပါတော့တယ်။ အထက-၄ ကျောင်းရှေ့ ကွင်းကြီးမှာ ပွဲဦးထွက်က မီတာ ၁၀၀ ပြေးရတာပါ။ ၃ယောက်ပြေးရတဲ့ အစုမှာ ကျမ ဒုတိယရပါတယ်။ ဒါတောင် လိုက်ပို့တဲ့ အတန်းပိုင်ဆရာမက “ရှေ့ဆုံးက တာထွက်လာတော့ ငါကစိတ်ထဲက တယ်ဟုတ်ပါလား ထင်နေတာ ပန်းလည်းဝင်ရော ပထမနဲ့ အတော်ကြီးကွာကျန်ခဲ့တယ်”လို့ မှတ်ချက်ပေးပါတယ်။ (အဖျားရှူးတတ်တဲ့ ဇာတိတို့ရဲ့ အစပါ)။ ဒီမှာဖြင့် မောလိုက်တာ ငါ့ပေါင်ကြီး ဒီလောက်လေးမှန်း ခုမှသိလို့ ကောင်းတုန်း နောက်တခါ လာပြန်ပြီ လားဟေ့ မီတာ ၄၀၀… အဲ့ဒီကွင်းကို နှစ်ပတ်ပြေးရမှာတဲ့… ။ ပြေးဆိုတော့လည်း ပြေးပေါ့… ။ ကွင်းတပတ်လည်း ပြည့်ရော ပြေးလမ်းကနေချော်ပြီး ဆရာမ ရင်ခွင်ထဲတန်းပြေး.. တရှုံ့ရှုံ့ ငိုရင်း ပါးစပ်ကလည်း တီချယ် သမီးမရတော့ဘူး သမီးမရတော့ဘူးနဲ့ ချွဲပေါ့…။ အခြားစောင့်ရှောက်နေတဲ့ သူတွေက “ဟဲ့ဟဲ့ ဘယ်လိုဖြစ်တာလဲ တပတ်ကျန်သေးတယ်လေ ပြေးဦးလေ… ဆရာမ ဆက်ပြေးခိုင်းဦးလေ”ပေါ့…။ ဆရာမလည်း သံပုရာသီးစိပ် ပါးစပ်ထဲလှမ်းထည့်ပြီး “မရဘူး မရဘူး ကျမသမီး အကြောင်း ကျမသိတယ်” ဆိုပြီး ပွဲလယ်တင့်ရပါတော့တယ်။

ကွင်းပြင်ကြီးထဲမှာတော့ ဒီလိုနဲ့ တစခန်းပြီးလို့ အခြားသော စစ်ဆေးမှုတွေအတွက် အားကစားရုံကြီးဆီ ချီတက်ကြပြန်ပါလေရော။ ပြိုင်ပွဲဝင်သူတွေ အကုန်တန်းစီပြီး အိပ်၊ ရွှီ ကနဲ ခရာမှုတ်တာနဲ့ စတော့ အိပ်-ထ-မတင်။ ပြိုင်ပွဲ ဆိုတဲ့ အသိကြောင့်လား မသိဘူးရှင် တချက်မှကို ကြွမလာတာပါ။ အသာလေးထပြီး ကိုယ့်ဘေးနားက အားတက်သရော လုပ်နေတဲ့ လူတွေကို ငုတ်တုတ်ထိုင် ကြည့်နေလိုက်တော့တယ်။ ဒီအချိန်မှာတော့ မငိုတော့ပါဘူး။ ခုနင်က တ၀ကြီး ငိုပြီးသွားပြီလေ။ ကလေးဆိုတော့ ကောင်းတယ်… ဖြစ်ကြောမရှည်ဘူး။ နောက်တော့ ဒိုက်ထိုးတဲ့။ နှစ်ချက်သုံးချက်တော့ ထိုးခဲ့သေးတယ် မှတ်တာပဲ။ အခြားစစ်ဆေးမှုတွေ တခုနှစ်ခု အပြီး ပြန်လာခဲ့ရတော့ သူတို့ကျောင်းတောင် မဆင်းသေးဘူး။ စာသင်ခန်းတွေနား တမင်တကာ အတင်း ကပ်လျှောက်ပြီး စပ်စုစိန် လုပ်ခဲ့သေးတာ မှတ်မိတယ်။ (ဟုတ်တယ်လေ ဒီလိုကျောင်းတက်ချိန်ကြီးမှာ ကိုယ့်ကျောင်းမဟုတ်ပဲနဲ့ သူများကျောင်း ကော်ရစ်ဒါမှာ လတ်လျားလတ်လျားလုပ်ရတာ နည်းတဲ့ အခွင့်အရေးကြီးလားလို့)။

Result မျှော်တာပေါ့ရှင်…။ ကိုယ်ကောင်းကောင်းမွန်မွန် ဖြေနိုင်ခဲ့တယ် မဖြေနိုင်ခဲ့ဘူးဆိုတာ ကိုယ်ကိုယ်တိုင် အသိဆုံးဖြစ်ပေမဲ့ မျှော်တာကတော့ မျှော်တာပါပဲ။ ဒီလိုနဲ့ မမျှော်လင့်တဲ့ တနေ့မှာ ရပ်ကွက်ထဲက အင်္ဂလိပ်ကျူရှင်မှာ အထက-၄ ကျောင်းသူ တစ်ဦးက သူ မြို့နယ်အဆင့် လူရည်ချွန် အရွေးခံရကြောင်း သူ့သူငယ်ချင်းတွေကို ပြုံးစစနဲ့ ပြောပြနေတာ တစွန်းတစ ကြားလိုက်ရတဲ့ အခါမှာတော့… ကျမလည်း သူတို့ဝိုင်းထဲတိုးဝင်ပြီး “ငါ နင်တို့ကျောင်းမှာ အားကစားလာဖြေတုန်းက နင်လာဖြေတာ မတွေ့ပါဘူး” လို့ မေးမိတယ်။ “အဲ့ဒီနေ့က ငါနေမကောင်း”လို့တဲ့… နောက်သူဘာတွေ ဆက်ပြောနေခဲ့လဲ (တကယ်ပါ) ကျမ မှတ်ဉာဏ်ထဲ လုံးလုံးမရှိတော့လို့ ရေးမပြနိုင်တော့ပါဘူး။ သူ့ကို ကျမ တချိန်လုံး အကဲခတ်နေတယ် သူမျက်နှာ တချက်မပျက်ဘူး…။ ကျမသိပါတယ်.. ကျမလည်း မျက်နှာပျက်မှာ မဟုတ်ပါဘူး။ “နင်က သိပ်တော်တာပဲဟယ်”လို့ အဓိပ္ပါယ် ထွက်တဲ့ သူ့အတွက် ၀မ်းသာတဲ့ မျက်နှာပေးလေး ပေးခဲ့သေးလာတောင် မသေချာပါဘူး။ ပြိုင်ဘက်တွေလို့ ပြောလို့ရတဲ့ အားကစားဖြေတဲ့နေ့ကမှ တနေ့ထဲသာ တွေ့ဆုံခင်မင်ခွင့်ရခဲ့တဲ့ အခြားကျောင်းက သူငယ်ချင်းတွေရဲ့ ကြိုးစားပမ်းစား ပြေးကြ၊ အားတက်သရော ကုန်းကြ ကွကြ၊ အိပ်-ထ-မတင်လုပ်နေကြတာတွေ ပြန်မြင်ရင်း နင်တို့လည်း result ကို မျှော်နေကြတုန်းလား လို့ စိတ်ထဲကနေ စကားတွေ လှမ်းပြောနေမိပါရဲ့။ ကျမတို့တွေဟာ ၇-တန်းဆိုတော့ သိပ်ကို ငယ်ပါသေးတယ် ပြောမလား၊ အသိတရားရှိနေပါပြီလို့ ပြောမလား။ transparency ဆိုတဲ့ အသုံးအနှုန်းကို မသိသေးပေမဲ့ transparency မရှိရင် တရားမျှတမှုမရှိနိုင်ဘူးဆိုတာ ခပ်ရေးရေး သဘောပေါက်နေပြီလို့ ပြောလို့ရပါတယ်။ အဲ့ဒီနောက်တော့ လူရည်ချွန်ရဖူးတယ်ဆိုတဲ့ သူတွေ တွေ့တိုင်း အိပ်-ထ-မတင် လုပ်တတ်လားလို့ တအံ့တသြကြီး လိုက်မေးနေမိတဲ့ ခပ်ကြောင်ကြောင် ကောင်မလေး တယောက်ဟာ မသီတာပဲ ဖြစ်ပါတော့တယ်။

Tags: , , , , , , ,

4 Responses to “လူရည်ချွန်အရည်အချင်းစစ် စာမေးပွဲ”

  1. kaythwe Says:

    ဆရာ.. ဖဘ မှာ မတွေ့ ဖြစ်ကြ တော့ လို့..ဘလော့ဂ်မှာ အပျင်းပြော မှတ်ချက်ပေးရင်း နှုတ်ဆက်လိုက်ပါတယ်။

    မသီတာ ကို အားကျ လို့.. လူရည်ချွန် အသံလေး ထဲ ၀င်ပါ ကြည့်တာပါ..။

    ကျမ လည်း.. ၇ တန်းကတည်းက..နှစ်စဉ် လူရည်ချွန် ကျောင်းအဆင့် ပထမ နဲ့ တေက်လျှောက် ၀င်ပြိုင်ခဲ့ပါတယ်။ ကျမ အကို တယောက်က.. ၂ထပ်ကွမ်း နဲ့ အမ တယောက်က လည်း ၇တန်း စစခြင်း မှာ ရဖူးတော့..အငယ်တွေ က..အားကျ တာလည်း ပါတာပေါ့..။ ကျမ တို့ က..အထက်တန်းကျောင်း တကျောင်းပဲ ရှိတဲ့..မြို့လေး တမြို့က ဆိုတော့..ခရိုင်မြို့ ကြီး ဖြစ်တဲ့..ပြည်မြို့ မှာ သွားဖြေ ရပါတယ်။ ခေါင်တိုင်စခန်း တောင် မရောက်သေးပေမဲ့.. မြို့သေးသေးလေးက နေ..မြို့ကြီးတမြို့ကို သွားပြီး စခန်းသွင်း နေထိုင်ရတဲ့.. ၁၃ နှစ် အရွယ် လေးတွေ ရဲ့.. စိတ်လှုပ်ရှား တက်ကြွမူ ကတော့..မပြောပြ နိုင်အောင်ပါပဲ။ ဒါပေမဲ့.. ကျမ တို့ လို နယ်သေးသေး လေး တွေက..အူကြောင်ကြောင် တော ရုပ်ကလေး တွေ နဲ့.. ခလေးမ လေးတွေ ကောင်လေး တွေ ကြားမှာ.. ပိုက်ဆံ အိတ်ကြီး ခါးကြားညှပ်ပြီး..သူ့သမီး ကို လိုက်အားပေးတဲ့.. ပြည်မြို့ခံ.. သားသားနားနား ခန့်ခန့်ညားညား အဒေါ်ကြီး တယောက်ကို သတိ ထားမိပါတယ်။

    နွေရာသီ ညနေခင်း တခု မှာ.. ကျမတို့ မြို့လေးထဲကို အမြန်ရထားကြီး ၀င်လာတော့.. ရန်တွေ ခုန်ပြီး..လူရည်ချွန် စာရင်း ပါမဲ့..သတင်းစာ ကြီးကို မျှော်နေဖူးခဲ့ပါတယ်။ သို့ သော် .. ပြည်မြို့က.. ကောင်မလေး ရ သွားပါတယ်။

    ကျမ စိတ်ဓါတ်မကျ ခဲ့ပါဘူး။ ၈ တန်း ၉ တန်း.. ထိ..တောက်လျှောက် သွားပြိုင်ခဲ့ပါတယ်။ အနည်းဆုံးတော့.. မြို့ကြီး တမြို့ကို သူငယ်ချင်းတွေ ဆရာမတွေ နဲ့ စခန်းချ သွား ပြိုင်ဆိုင်ရတဲ့..ခရီးတို လေး နဲ့ တင်.. ကျေနပ် ပျော်ရွှင် ခဲ့ဖူးပါတယ်။ အဲဒီ ပြိုင်ဖက် ကော်မလေး ပဲ ၃ နှစ် ဆက်တိုက်လား ၄ နှစ်ဆက်တိုက်လား လူရည်ချွန် ရပါတယ်။ ဆေးကျောင်းလည်း ၀င်သွားပါတယ်။

    ရေးရင်း ဘလော့ဂ် တပို့စ် စာ ရတော့မယ် ထင်တယ်။း)
    ကျမ ပြောချင်တာ..။ မတရားမူ လို့ လုံးဝ မဆိုလိုပါဘူး။ ဒါပေမဲ့.. အဲဒီတုန်းက.. မြို့ခံ .. ကျောင်းခံ.. ကွင်းပိုင် ကျောင်းသား တွေက.. အနည်းဆုံး စိတ်ဓါတ်အားဖြင့် အသာစီး ရ ကြ တယ် ဆိုတာလေးပါ..။ တကယ်လည်းသူတို့က ပိုတော် ကောင်း လည်း တော်နိုင်ကြ ပါတယ်။

    ကျမ ရဲ့ လူရည်ချွန် နဲ့ ပတ်သတ်တဲ့ ခံစားချက် အတွေ့ အကြုံလေး သပ်သပ်ပါ။

    ခင်မင်သတိရလျက်..
    ကေ

    • drkokogyi Says:

      I am so glad to see you again.
      I sometimes go and read in K’s blog but I could not read your old reply for my comment in “K”
      TQ
      Regards
      KKG]

  2. drkokogyi Says:

    Dr Nay Oo’s reply @Kay Thwe: (He sent this message to me)
    ကျွန်တော်တို့ အခုလို လူရည်ချွန်စီမံကိန်းနဲ့ ပတ်သက်ပြီး တခုတ်တရ ပြန်လည်
    ဖေါ်ညွှန်းနေကြတာမှာ ဆုရဖူးသူတွေ အချင်းချင်း ပြန်လည်ရင်းနှီး တွေ့ဆုံကြဖို့ သက်သက်တင် မကပ
ဲ လူရည်ချွန်စီမံကိန်းရဲ့ ကျောင်းသားလူငယ်လေးတွေအပေါ် သက်ရောက်မှု (Impact) ကို ဖေါ်ထုတ်
    ဆန်းစစ်စေချင်တဲ့ အမြင်လည်း ပါ ပါတယ်။ ဆုရွေးချယ် ခံရခြင်းသက်သက်က အဓိက မဟုတ်ပါဘူး။
    တနိုင်ငံလုံးက ကျောင်းသားထု တရပ်လုံးအတွက် ရည်မှန်းချက် ထွက်ပေါက် တခုအနေနဲ့ အတုယူ
    အားကျ ယှဉ်ပြိုင် ကြိုးစားမှု တွေကြောင့် အဆင့်ဆင့်သော လူရည်ချွန်တွေ
    ( ကျောင်းတွင်း၊ မြို့နယ်၊ ခရိုင်၊ လုပ်ငန်းခွင်၊ ဘဝ အဆင့်တွေမှာ) ဖြစ်လာအောင် တွန်းအားပေး
    ပြုစု ပျိုးထောင်နိုင်ခြင်းက လူရည်ချွန်စီမံကိန်းရဲ့ အနှစ်သာရ အစစ် ဖြစ်ပါတယ်။

    “ ယှဉ်ပြိုင်ခြင်းသာ အဓိက” ဆိုတဲ့စကားဟာ ဆုတံဆိပ်မရသူတွေ အတွက် ဖြေသိမ့်တဲ့စကား
    သက်သက်မဟုတ်ဘူးဆိုတာ နားလည်မိတယ်။ ယှဉ်ပြိုင်မှုတရပ်အတွက် ဆည်းပူး လေ့လာရတယ်။
    ကျွမ်းကျင်အောင် အဖန်တလဲလဲ မှတ်သား လေ့ကျင့်ရတယ်။ စွဲမြဲတဲ့အကျင့်ရလာအောင် အစဉ်တစိုက်
    ပျိုးထောင် အားထုတ်ရတယ်။ အဲဒီအခါ ယှဉ်ပြိုင်ချင်းကြောင့် အရည်အချင်းတွေ ပေါ်ထွက်လာတာ
    အဓိက ဖြစ်လာတာပါပဲ။ ချံပီယန် ဟာ ဆုတံဆိပ်ရ လိုက်ပေမယ့် ချံပီယန် မဖြစ်တဲ့သူဟာလည်း
    အရည်အချင်း အတွေ့အကြုံ ရခဲ့တာပါပဲ။

    အထက်တန်းကျောင်း တကျောင်းပဲရှိတဲ့ နယ်မြို့ ကလေးက ကျောင်းသူလေး မကေသွယ်
    အခုလို ဘဝအခြေအနေ ရောက်လာ အောင် ယှဉ်ပြိုင်ကြိုးစားခဲ့တာ ရင်ဘတ်မှာ
    “ ဆုတံဆိပ် မချိတ်တဲ့ လူရည်ချွန် ” ဖြစ်နေခဲ့လို့ ပါပဲလို့ ယူဆမိပါတယ်။
    လူရည်ချွန်စီမံကိန်းရဲ့ အနှစ်သာရကို ပြည့်စုံအောင် ဖြည့်စွက် ဖေါ်ကျူးပေးရာရောက်တဲ့
    မကွေသွယ်ရဲ့ ကွန်မင့်န် လေးအတွက် ဖေ့စ်ဘွတ်ခ် လူရည်ချွန်စာမျက်နှာအုပ်စုက
    ဂုဏ်ယူကျေးဇူးတင်ကြောင်း အလေးအနက် ပြောပါရစေ။

    အသိ၊ပညာ၊ဘက်စုံထူးချွန် ဖွံ့ဖြိုးသော အနာဂတ် မျိုးဆက်ကို မွေးထုတ် ပျိုးထောင်နိုင်မည့်
    လူရည်ချွန် စီမံကိန်း ပြန်လည် ရှင်သန်လာနိုင်ပါစေ …..

  3. Benefits of the Outstanding Student (Lu-Ye Chun လူရည်ချွန်) Project « Dr Ko Ko Gyi’s Blog Says:

    […] လူရည်ချွန်အရည်အချင်းစစ် စာမေးပွဲ (drkokogyi.wordpress.com) […]

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: