Source:ကြန္ပ်ဴတာတကၠသိုလ္ ပထမဦးဆံုး ပါေမာကၡခ်ဳပ္ ေဒါက္တာတင္ေမာင္
ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ် ဒေါက်တာတင်မောင်
(၁ ဖေဖော်ဝါရီ ၁၉၃၄ – ၁၄ နိုဝင်ဘာ ၂၀ဝ၁)
၁၉၃၄ ခု ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း၊ ပုဂံဆောင်၌ ပညာရေးဝန်ကြီး ဦးကာ(ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ်၊ ဥက္ကဌ၊ ရာထူးဝန်အဖွဲ့)၊ ဒေါ်သိန်းရင်တို့မှ ဖွားမြင်သည်။
၁၉၃၉ ခုSt. Philomena’s Convent E.H.S တွင် Edward Ka အမည်နှင့် ကျောင်းပညာစသင်သည်။ မန္တလေး St. Josephs Convent E.H.S တွင် ပညာဆက်သင်သည်။
၁၉၅၂ မှာ ၁၉၅၆ အထိ ဥပစာသိပ္ပံမှ ဒုတိယရသည်။ သင်္ချာဂုဏ်ထူးတန်းကို ထူးချွန်စွာ တက်ရောက်ခွင့်ရသည်။ ၁၉၅၆ ခု အောက်တိုဘာလတွင် လန်ဒန်တက္ကသိုလ်၌ ဂုဏ်ထူးတန်း တက်ရောက်သည်။B.Sc (Special) သင်္ချာကို ပထမတန်းဂုဏ်ထူး First Class Honours ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။
၁၉၅၇ တွင် M.Sc (Maths) သင်္ချာမဟာသိပ္ပံဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်သည်။ အင်္ဂလန်နိုင်ငံ Cambridge Universityတွင် ပါရဂူဘွဲ့အတွက် ဆက်လက်သင်ကြားသည်။
၁၉၅၈ မှ ၁၉၇၆ အထိ ရန်ကုန်တက္ကသိုလ်တွင် သင်္ချာ ကထိကအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုတောအတွင်း ၁၉၇၀ အောက်တိုဘာလမှ ၁၉၇၅ မတ်လအထိ လန်ဒန်တက္ကသိုလ်သို့ ပါရဂူဘွဲ့အတွက် ထပ်မံသွားရောက်ခဲ့သည်။
၁၉၇၆ တွင် တက္ကသိုလ်များ ကွန်ပျူတာဌာန (U.C.C) သို့ ညွှန်ကြားရေးမှူးရာထူးနှင့် ရောက်ရှိတာဝန် ထမ်းဆောင်သည်။ ၁၉၈၅ အောက်တိုဘာလတွင် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရသည်။ သိပ္ပံနှင့် နည်းပညာရေးရာ ကော်မတီဝင်ဖြစ်သည်။
၁၉၈၆ တွင် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဌာန၊ သိပ္ပံဌာန ဌာနမှူးတာဝန်ကို (U.C.C) ညွှန်ကြားရေးမှူးရာထူးနှင့် တွဲဖက်ထမ်းဆောင်သည်။
၁၉၈၈ မတ်လ ၂၉ ရက်တွင် တက္ကသိုလ်များကွန်ပျူတာဌာနနှင့် ကွန်ပျူတာသိပ္ပံဌာနကို ပူးပေါင်းပြီး ကွန်ပျူတာတက္ကသိုလ်ဟူ၍ ဖွင့်လှစ်ရာ ထိုတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
၁၉၈၉ ဇန်နဝါရီ ၁၂ ရက်တွင် ကွန်ပျူတာတက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
၁၉၉၄ ခုနှစ်တွင် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။
၁၉၉၈ တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံနည်းပညာရှင်များအဖွဲ့ အမှုဆောင်ဖြစ်သည်။ ၂၀ဝ၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။
တြင္ မႏၱေလးတိုင္း ေပ်ာ္ဘြယ္ၿမိဳ႕နယ္ အမွတ္(၂) ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေဆာင္ရြက္ရသည္။ သိပၸံႏွင့္ နည္းပညာေရးရာ ေကာ္မတီဝင္ျဖစ္သည္။
၁၉၈၆ တြင္ ရန္ကုန္တကၠသိုလ္ ကြန္ပ်ဴတာဌာန၊ သိပၸံဌာန ဌာနမွဴးတာဝန္ကို (U.C.C) ညႊန္ၾကားေရးမွဴးရာထူးႏွင့္ တြဲဖက္ထမ္းေဆာင္သည္။
၁၉၈၈ မတ္လ ၂၉ ရက္တြင္ တကၠသိုလ္မ်ားကြန္ပ်ဴတာဌာနႏွင့္ ကြန္ပ်ဴတာသိပၸံဌာနကို ပူးေပါင္းၿပီး ကြန္ပ်ဴတာတကၠသိုလ္ဟူ၍ ဖြင့္လွစ္ရာ ထိုတကၠသိုလ္၌ ဒုတိယပါေမာကၡခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္သည္။
၁၉၈၉ ဇန္နဝါရီ ၁၂ ရက္တြင္ ကြန္ပ်ဴတာတကၠသိုလ္၏ ပထမဆံုး ပါေမာကၡခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္သည္။
၁၉၉၄ ခုႏွစ္တြင္ ပါေမာကၡခ်ဳပ္အျဖစ္မွ အၿငိမ္းစားယူခဲ့သည္။
၁၉၉၈ တြင္ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန၌ အႀကံေပးအရာရွိအျဖစ္ ေဆာင္ရြက္သည္။ ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္ ဥကၠဌအျဖစ္ ေဆာင္ရြက္ခဲ့သည္။ ျမန္မာႏိုင္ငံနည္းပညာရွင္မ်ားအဖြဲ႕ အမႈေဆာင္ျဖစ္သည္။ ၂၀ဝ၁ ခုႏွစ္ ႏိုဝင္ဘာ ၁၄ ရက္တြင္ ကြယ္လြန္ခဲ့သည္။
Leave a Reply