Some Bias Myanmar Professors Bullied the students and doctors

Source: Comment 16 TaungSauntNat2011-06-27 16:26 from လေးစားယုံကြည်မှုဆိုတာ  . . .by သန်းထွဋ်အောင် in ELEVEN Journal

ဆင့်ပွားပြီး တွေးလိုက်ရင်တော့  အသင့်အတင့်ကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပါပဲ။
ဒါပေမယ့် ပုဂ္ဂိုလ်ရေးတွေ မရေးစေချင်ဘူး။ ဆောင်းပါးတန်ဖိုးကျပါတယ်။
ဦးမောင်မောင်စိန် ဒေါ်မြင့်မြင့်ခင်ရဲ့ စောင်မခြင်းကို ခံရတဲ့သူတွေကတော့  သဘောကျကြမှာပေါ့ ၊ သူတို့ရဲ့ Professional မဆန်ပုံတွေကို တွေ့ဖူးရင်တော့ ဘယ်ဆက်ဖတ်ချင်ပါ့ မလဲ။
ဥပမာ – ဒေါ်မြင့်မြင့်ခင်ဆိုရင် လူတိုင်းကို သူ့တပည့်ထင်တယ်၊ Mother knows everything လုပ်ပြီး သူများစကားဆိုရင် ဘယ်တော့မှ လေးလေးစားစား နားမထောင်ဘူး။
ဒါက မြန်မာနိုင်ငံဆရာဝန်အသင်း ဆွေးနွေးပွဲတစ်ခုမှာ ကျွန်တော်တွေ့ဖူးတာပါ။ အဲဒီနေ့က ဆွေးနွေးတဲ့သူကလဲ သူ့ဘာသာရပ်မှာ ဆရာတစ်ဆူပါ။ ဒေါ်မြင့်မြင့်ခင် ပိတ်ပြီးလဲ ပြောလိုက်ရော ဘယ်သူမှ ဘာမှဆက်မပြောတော့ ဘူး၊ ပွဲက အေးစက်သွားတယ်။ လူတိုင်းက မာမီကြီးရဲ့တပည့် မဟုတ်သလို လူတိုင်းလဲ မာမီကြီးထက် မညံ့ပါဘူး။
ဦးမောင်မောင်စိ န်ရဲ့ Administrative ဒါဏ်ကို ခံခဲ့ရသူတွေလဲ မနည်းလောက်ပါဘူး ။ Clinician တစ်ယောက်အနေနဲ့ေ တာ့ မကြုံဖူးလို့ မပြောတတ်ပါဘူး။ တစ်ခုပဲ ဦးမောင်မောင်စိန်နဲ့ အလုပ်တွဲလုပ်ချင်တဲ့သူ၊ အထက်အရာရှိအဖြစ် ဦးမောင်မောင်စိန် ကို ရွေးချင်တဲ့သူများ ရှိရင် လက်ညိုးထောင်စေချင်တယ်။
My Comment: I still remember one incident. I was just a 3rd MB Studentin Medical Unit.Prof. DMMK asked a question why Total and Diff WBCcount was done on a Hepatitis pt. She asked the House Surgeons, Part 2 block and Part 2, Part 1. When no one dared to answer, (may be some of them knew but dare not speak up in front of her) she looked at us, 3rd MB students and (pre)remarked that we were also useless as our seniors and would not be able to answer her question.I am very lucky, the night before only I had read the De’ Gruchi’s Clinical Hematology in Medical Practice, at the foot note there was written about that.

I started to answer, “In De’ Gruchi’s it is written that if leucopaenia, it shows the virus infection…” Before I finished answering Professor DMMK shouted at me with the very loud voice, ” ကိုကိုကြီး ကြည့်နေ နင်လိုကောင်မျိုးက စာမေးပွဲကျမှာ… you used to read up to the unnecessary minor details in
foot notes, if you continue to read and answer like this, you will fail in the
examinations. You need to present properly like this, “Causes of leucocytosis
first….than only Leucopoenia.”

I felt very sad and angry with her attitude towards me.  Although she could not break my mind or determination at that time, later only could change my ambition and abandoned the dream of becoming a Physician.

When the son of her friend, Head of Microbiology, from our junior class, answered wrongly, she said softly with kind words, “As a distinction Candidate should not answer like but give a better presentation, if you answer like this…it is better.” Actually she corrected his wrong answer in front of all of us.

Why? Cronyism? Skin colour? Religion? Family background?

Note: Even at 3rd. MB she knew me well. 5 times LYC (living in the same town, Mandalay.) IMM LYC 3 times and on the 3rd. time she did not agree
with my answer but I could attract the other examiners by arguing with her. 1st MB Jr & Sr 10 Grade 5 and 1 Grade 4. 2nd MB Anatomy Gr 5 Physio
she was my ext examiner in Distinction Viva. She had a heart to tell,” ” ကိုကိုကြီး ကြည့်နေ နင်လိုကောင်မျိုးက စာမေးပွဲကျမှာ” although I had given the right answer, in front of my seniors, HSs (HOs), Assistant Surgeons (MOs), ALs and patients.

She was declaring her friend’s son, in 3rd MB Jr (in that yr, our Jr class was rushed to reduced the teaching period and pushed up together with our class.) is a Distinction Candidate?

Iheard that Dr. Shwe Nyan (Rakhine/Buddhist, younger brother of Dr. Min Nyan, Anatomy Dpt., who was denied PASSING Medicine MSc entrance) was also neglected by UMMS. After he became senior experienced dr in his ward only, UMMS declared that…, “this time I will choose you in the Surgical enterance exam”, PROUD SHWE NYAN refused to sit the exam and requested to transfer to MOH. I heard that once MSc Surgeon complained to the superiors that Dr Shwe Nyan was operating all kind of diseases
without a specialist degree! The superior officer laughed at him and told him
that it was up to DrSN, if he had ability, let him do…..

လွန်ခဲ့တဲ့နှစ်ပတ်က ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ဖုန်းဆက်ပါတယ်။ ဆရာဦးမောင်မောင်စိန် အတော်နေမကောင်း ဖြစ်နေတယ်။ ဆေးရုံ တက်နေတယ်။ ဒါကြောင့်မို့ အကူအညီလိုတယ်လို့ ဆိုပါတယ်။ သက်ကြီးရွယ်အို ဆရာဝန်များ ကျန်းမာမှု စောင့်ရှောက်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ၈၇ နှစ် ရှိပြီဖြစ်တဲ့ ဆရာမကြီးဟာ ကိုယ့်ထက်ငယ်တဲ့ သက်ကြီးဆရာဝန်များရဲ့ ကျန်းမာရေး အတွက် အခုထက်ထိ အားကြိုးမာန်တက် ဆောင်ရွက်နေတာဟာ ဘယ်လောက် လေးစားစရာ ကောင်းပါသလဲ။ (အခုခေတ် ကျန်းမာရေးစရိတ် ကြီးလာတာဟာ အရင်က အောင်မြင်ခဲ့တဲ့ သက်ကြီး ဆရာဝန်ကြီးတွေ အတွက်တောင် ပြဿနာ ဖြစ်နေပါပြီ။)

သူ့ရဲ့တပည့်တွေက မာမီကြီးလို့ ချစ်စနိုးခေါ်တဲ့ ဆရာမကြီးဟာ လွန်ခဲ့တဲ့ ၇ နှစ်စသိခါစက ကျွန်တော် လေးစားစွာဆက်ဆံမှုကို  ကြည့်ပြီး ကျွန်တော့်ကို သူ့တပည့်လို့ ထင်နေခဲ့ပုံရပါတယ်။ ကျွန်တော်ဟာ ဆေး-၁ က ကျောင်းပြီးပြီး အလုပ်သင်ဆရာဝန်အဖြစ် မန္တလေးဆေးရုံကြီးမှာ ဆင်းရတဲ့အချိန်မှာ ဆရာမကြီး ပင်စင်ယူသွားတာ ၃-၄ နှစ်လောက် ရှိသွားပါပြီ။ ဒါပေမယ့် သူ့ရဲ့ကောင်းသတင်းကတော့ ဆေးရုံကြီးမှာ ပျံ့နှံ့နေတုန်းပါပဲ။ ဆေးပညာထူးချွန်တာ၊ Professional ပီသတာ၊ လူနာတွေကို ဆင်းရဲ၊ ချမ်းသာမခွဲတာ၊ တပည့်တွေကို ကျောသား၊ ရင်သား မခွဲတာတွေဟာ ဆရာဝန်တွေကြား၊ သူနာပြုတွေကြားသာမက ဆေးရုံအလုပ်သမားတွေကြားပါ ပင်စင်ယူပြီး အတော်ကြာအထိ ဂုဏ်သတင်း ပျံ့နှံ့နေတုန်းပါပဲ။

အခုနောက်ပိုင်း ဆရာမကြီးနဲ့ သိကျွမ်းလာရတော့ ဆရာမကြီးမှာ ထူးခြားချက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်မထားတဲ့၊ လုပ်ယူမထားတဲ့ ယုံကြည်မှု ရှိတာပါပဲ။ ကိုယ့်ဘ၀မှာ ကိုယ်ဖြတ်သန်းခဲ့တဲ့ ကောင်းသောအရာတွေ၊ လုပ်ဆောင်ခဲ့မှုတွေ၊  အထူးသဖြင့် သူ့ရဲ့ Profession အတွက် ယုံကြည်မှုရှိတဲ့ ပုံပါပဲ။ သူနဲ့ ဆက်ဆံသူတွေဟာလည်း သူ့ဆီက ယုံကြည်မှုတွေကို မျှဝေခံစားနိုင်ပြီး ကောင်းကျိုးကို ဖြစ်စေပါတယ်။

ဆရာမကြီးကပြောပါတယ်။ “ကိုမောင်မောင်စိန်ဟာ ယူတို့ဆရာတော့ မဟုတ်ဘူးထင်တယ်။ ဒါပေမယ့် အလွန်ဖြူစင်ပါတယ်” လို့ ဆိုပါတယ်။” ကျွန်တော်သိပါတယ် ဆရာမကြီး။ ဆရာမကြီး သွားသတင်းမေးရင် လိုက်ချင်ပါတယ်။”

(၂)

ကျွန်တော်တို့ ဆေးကျောင်းသား ဘ၀က ဆေး(၂)ရဲ့ ခွဲစိတ်ပါမောက္ခနဲ့ ဌာနမှူး ဒေါက်တာဦးမောင်မောင်စိန် ဆိုရင် ဆေးကျောင်းသားတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါတယ်။ အရင်နောင်တော်တွေရဲ့ စကားနဲ့တင် 3rd MB လောက်ကတည်းက သူ့ကို ကြောက်ကြပါတယ်။ Final Part II ရောက်ရင် သူနဲ့တွေ့ရင် အောင်ဖို့က ၅၀/၅၀ စီပဲ။ ကျဖို့ကများတယ်။ ဆရာကြီးက ပညာတော်တယ်။ လူနာတွေအပေါ် စေတနာကောင်းသလောက် အနေတည်တယ်။ ဒါပေမယ့် စာမေးပွဲစစ်ရင် ဘယ်သူဘာပြောပြော ဘယ်သူ့မျက်နှာမှ မထောက်ဘူးတဲ့။ ဆေးကျောင်းသားဘ၀က “Lady’s hand / Lion’s heart” ဆိုတဲ့ ခွဲစိတ်ဆရာဝန် ဖြစ်ချင်ခဲ့တဲ့ ကျွန်တော့်အတွက် ဆရာကြီးဟာ ကျွန်တော်ရဲ့ Hero ပါပဲ။ ဒါပေမယ့် ကံဆိုးချင်တော့ Part II မှာဆရာလက်သံပြောင်တဲ့ Short Case မှာမှ တည့်တည့်တိုးပါတယ်။ ဒါကျွန်တော့်အတွက် ဆရာစိန်ကို ပထမဆုံးနဖူးတွေ့ ဒူးတွေ့တွေ့တာပါပဲ။ သူရှေ့ခုံမှာ စထိုင်ခါစက ဒူးတွေတောင်တုန်တာ စားပွဲခုံတောင် လှုပ်နေပါတယ်။

ဒါပေမယ့် ကံကောင်းစွာနဲ့ သူမေးတာတွေ အားလုံးဖြေနိုင်ပါတယ်။ မေးတဲ့တစ်ချိန်လုံး သူတစ်ချက်မှ မပြုံးသလို ဘာမှလည်း မဟောက်ပါဘူး။ အားလုံးဖြေပြီးတော့မှ ဆရာစိန်က “မင်းဖြေနိုင်သားပဲ။ ဘာလို့ ဒီလောက် ကြောက်နေတာလဲ။ ဆရာဝန်လုပ်စားမယ့်သူကို မတတ်ဘဲ အအောင်ပေးလိုက်ရင် ငါလူနာတွေကို ဒုက္ခပေးသလိုဖြစ်နေမှာပေါ့” လို့ တစ်ခွန်းပဲပြောပြီး ထထွက်သွားပါတယ်။

ဒုတိယတစ်ကြိမ် ဆရာစိန်နဲ့ တွေ့တာက ကျွန်တော်ဘွဲ့ရပြီး လေးနှစ်အကြာ စီးပွားရေးလုပ်နေတုန်း အသေးစား ခွဲစိတ်မှုလုပ်ဖို့ လူနာအဖြစ် သွားပြတာပါ။ သူကလည်း မမှတ်မိသလို ကျွန်တော်လည်း ဆရာဝန်လို့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ခွဲစိတ်ခါနီးမှာတော့ သူနာပြုတွေကိုတော့ ပြောလိုက်မိပါတယ်။ ခွဲခါနီး ခါးရိုးဆစ်က ထုံဆေးပေးတော့မယ်ဆိုတော့မှ ဆရာစိန် လက်အိတ်စွပ်ပြီး ၀င်လာပါတယ်။ “မင်းဆရာဝန်ဆိုတာ ဘာလို့မပြောတာလဲ။ ငါခွဲစိတ် ခမယူဘူး။” ကျွန်တော် ရင်ထဲလှိုက်ခနဲ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ဆေးပညာဘွဲ့ယူတုန်းက ရွတ်ဆိုခဲ့တဲ့ ဟစ်ပိုကရေးတီး ကျမ်းကျိန်လွှာမှာပါတဲ့ ကျင့်ဝတ်ကို ခွဲစိတ်ခုံပေါ်အထိ ဆရာကြီး လေးစားလိုက်နာနေတုန်းပါပဲလား။ အဲဒီနောက် ၁၅ နှစ်၊ အနှစ် ၂၀ လောက် ကျွန်တော် ဆရာကြီးနဲ့ ထပ်မတွေ့တော့ပါဘူး။ ဒါပေမယ့် ဆရာဝန်တွေ အကြောင်းပြောရင် ဒီလိုကျင့်ဝတ်ကို ခွဲစိတ်ခုံနားအထိ လေးစားလိုက်နာတဲ့ ဆရာဝန်ကြီးမျိုးတွေရှိတာကို မကြာခဏပြောဖြစ်ပါတယ်။ မြန်မာပြည် ဆေးပညာသမိုင်းမှာ အထင်ကရတစ်ခုဖြစ်တဲ့ ခိုင်ရွှန်းလဲ့ရည်ပြဿနာဖြစ်တုန်းကတောင် ကျွန်တော့်သတင်းထောက်တွေ၊ အယ်ဒီတာတွေကို ဆရာကြီး အကြောင်းပြောပြီး ဆုံးမရပါသေးတယ်။ လေးစားယုံကြည်ထိုက်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက် ပီသဖို့ဆိုရင် ကိုယ်နဲ့ဆိုင်တဲ့ အတတ်ပညာကျွမ်းကျင်ဖို့အပြင် ကျင့်ဝတ်၊ စိတ်ကောင်းစေတနာရှိဖို့ လိုတာပြောဖြစ်ပါတယ်။

ဆရာစိန်နဲ့ တတိယတစ်ကြိမ်တွေ့တော့ ဆရာကြီး ဝေဒနာကြောင့် စကားသိပ် မပြောနိုင်ပါဘူး။ ဒါပေမယ့် ဆရာကြီးနဲ့တွေ့ဆုံခဲ့တဲ့ နှစ်ကြိမ်မှာ ဆရာကြီးပြောခဲ့တဲ့ စကားတွေ ပြန်ရွတ်ပြပြီး လေးစားယုံကြည်မှုတွေ ပြန်ပြောပြတော့ ဆရာကြီး ရွှင်လန်းလာပါတယ်။ ဆရာကြီးရဲ့ ဘ၀တစ်လျှောက်လုပ်ခဲ့တဲ့ လုပ်ဆောင်မှုတွေဟာ ဘယ်တော့မှ အချည်းအနှီး မဖြစ်ပါဘူးဆိုတာ ကျွန်တော်ပြောပြခဲ့ပါတယ်။ လေးစားယုံကြည်မှုဆိုတာ ခင်မင်ရင်းနှီးတာ၊ ကျေးဇူးရှိတာ၊ တန်ခိုးအာဏာရှိတာ၊ ငွေကြေးချမ်းသာတာတွေနဲ့လည်း မဆိုင်ပါဘူး။ ဖန်တီးယူလို့မရသလို ဟန့်တားလို့လည်း မရပါဘူး။ တစ်စုံတစ်ဦး၊ တစ်စုံတစ်ယောက်ကြောင့်လည်း ပျက်ပြားမသွားနိုင်ပါဘူး။

Tags: , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: