ABSDF Former Secretary and Chairman’s opinion on the ABSDF Northern Killing Field (in Burmese)
ABSDF အတွင်းရေးမှုးဟောင်း(၈၈)နှင့် ဥက္ကဌ ( ဟောင်း )တို့ ၏ မြောက်ပိုင်း လူသတ်မှု့များအပေါ်သဘောထား From the FB of Maung Maung Wann
ကိုထွန်းအောင်ကျော် (AB မြောက်ပိုင်း) ကချင်နယ်မြေမှာ အသတ်ခံလိုက်တဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါ။ *အချိန်မတန်ခင် လွင့်ပျောက်ခဲ့ရတဲ့ ခွပ်ဒေါင်းကြယ်ပွင့် *
ကချင်ဒေသ ABSDF (မြောက်ပိုင်း ) တွင်ဖြစ်ပွားခဲ့သောလူမဆန်စွာ နှိပ်စက် ၊ ညှင်းပမ်း၊ ရက်စက်စွာသတ်ဖြတ်မှုတွင်အဓိ ကတာဝန်ရှိသူများ သည်းယခုအချိန်တွင်တာဝန်ယူဖြေ ရှင်းပေးရန်ပြင်းထန်စွာတောင်းဆို လိုက်သည်။
ဤကိစ္စသည် ကျနော်တို့ ၈၈၈၈ အရေးတော်ပုံကြီးမှပေါက်ဖွားလာသော ABSDF ကျောင်းသား တပ်မတော်၏ ဂုဏ်သိက္ခာ ၊အစဉ်အလာကြီးသော သမိုင်းကို အမဲစက် ထင်စေ သည်သာမက၊ ဘုရားရှင်ရဲ့ တရားတော်၏ ဆိုဆုံးမမှုအောက်တွင် အပြည့်အ၀နာခံ၍ယဉ်ကျေး ၊စာနာစွာနေထိုင်ကြ သော မြန်မာပြည်ဖွားများ၏ ဂုဏ်သိက္ခာကိုပါစော်ကားပြီးအမဲစက်ထင်စေတဲ့လုပ်ရပ်ဖြစ်တယ်၊ ကမ္ဘာ့အလယ်မှာမိမိတို့လူမျိုး ကဲ့ရဲ့ ရှုတ်ချ အထင်သေးခံရတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွန်မြတ် မှန်ကန်စွာတိုက်ပွဲဝင်နေသော ကျောင်းသားတပ်မတော်ကိုပြည်သူ များအယုံအကြည်မဲ့ စေသော လုပ်ရပ်ဖြစ်တယ်လို့ ကျနော်ခိုင်ခိုင်မာမာစွပ်စွဲပါတယ်၊ အမြန်ဆုံးဖြေရှင်းဖို့လိုအပ်ကြောင်း ကိုထပ်မံတောင်း ဆိုပါတယ် ။
အောင်မိုးဝင်း ရေးသော မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ သည် သူစိတ်ကူးယဉ် ၍ ရေးသားထားချက်မဟုတ်ပါ ၊ကိုယ်တိုင်ခံစားခဲ့ရသောသူများမှပေးပို့သော ခိုင်မာ သည့် အချက်အလက်များမှထုတ်နှုတ်ရေးသားခြင်းဖြစ်ပါတယ်၊ကျနော်ကိုယ်တိုင်သိတဲ့ကိစ္စဖြစ်သောကြောင့် ဤ ညှင်းဆဲ သတ်ဖြတ် မှုဖြစ်ရပ်သည်  အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန် ဖြစ်ပါကြောင်းထောက်ခံရေးလိုက်ရပါတယ်။
ဤ ဖြစ်ရပ်ပေါ်တွင်အခြေခံ၍ ရေးသားခဲ့သော ကိုထွန်းအောင်ကျော် ၏ ရပ်တည် ရေးသားချက်သည် ကျနော်နှင့်ထပ်တူထပ်မျှဖြစ်ပါကြောင်း အသိပေးထောက်ခံ အပ်ပါတယ်။
ကိုယ်တိုင် ကံနိမ့်စွာဖြင့် နာကျင်စွာ စတေးခံသွားကြသော သူရဲကောင်းများ၊ ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြသော သူရဲကောင်းများ ကို ကျနော်အလေးပြုအပ်ပါတယ်၊စတေးခံခဲ့ရသူများအတွက် ကောင်းရာဘုံဘ၀မှာပျော်ရွှင်စွာ စံစားနိုင်ပါစေ။ကျနော်သည်ရဲဘော်များနဲ့ထပ်တူ နာကျင်စွာခံစားရပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ပြုလုပ်သူများသည် တချိန်မှာမိမိလုပ်ရပ်နဲ့ထပ်တူခံစားရမယ်ဆိုတာ အမြဲရင်မှာ ပိုက်ထားကြပါ ၊ကိုယ့်အလှည့်ကျရင်မနွဲ့ကြဖို့တော့ လိုတယ်အဆင်သင့်ပြင်ထားကြပါ။ ဒါမှတရားမှာပေါ့ ။
တော်လှန်သောသစ္စာဖြင့်
သန်းဝင်း
အထွေထွေအတွင်းရေးမှူး ဟောင်း ( ၁၉၈၈ )
ABSDF
12/ 21/ 2011
ABSDF
——————————————————————————————————————————————
(ABSDF ဥက္ကဌ ဟောင်း ကိုထွန်းအောင်ကျော် ၏ သဘောထား)
ငါတို့လူ့အခွင့်အရေးကိုဘယ်လောက်တန်ဖိုးထားကြသလဲစောင့်သိရိုသေကြသလဲ?။
ကိုထိန်လင်းရဲ့ “ကျွန်တော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”ကို ဖတ်ရတော့ ယူကြုံးမရ ဖြစ်ရတဲ့အပြင်တော်တော် လဲသံ ဝေဂရခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်စံနစ်ကိုတွန်းလှန်ဖို့ကြိုးစားရင်း၊  နိုင်ငံရေးအဖွဲ့ အစည်း တွေ ပြည်သူ့အရေး၊ ဒီမိုကရေစီရေးတွေပျောက်ကွယ်၊  ပန်းတိုင်ကိုမေ့ပြီး ၊ ရန်သူကပင်မလုပ်တဲ့ ရက် စက်မှုအပေါင်းသရဖူဆောင်း  တဲ့အထိလူကိုလူလို့မမြင် တော့ဘဲ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲ ဝင်နေပါ  တယ်ဆိုသူတွေက လူ့အခွင်အရေးတွေကိုမျက်ကွယ်ပြု၊ လူတွေကို အဟိတ်တိရစ္ဆာန်တွေလိုအရိုင်း အစိုင်းခေတ် ကအတိုင်းလူမဆန်တဲ့နှိပ်စက်နည်းတွေနဲ့မတွေးဝံ့လောက်အောင် ရက်ရက်စက်စက်နှိပ်စက်ပြီး၊ အပစ်ရှိ ပါတယ်လို့ ဝန် ခံခိုင်း၊ ကမ္ဘာ့အလယ်မှာ လူရိုင်းတိုင်းပြည်လိုပြုကျင့်ခဲ့တာတွေကြောင့်၊  ဗမာနိုင်ငံကို တကယ် ကယ်တင်ချင် တယ်၊ တကယ် လူ့အခွင့်အရေးကိုလေးစားတယ်၊  ပြည်သူတွေအတွက်ရယူပေးချင်ပါ တယ်ဆိုတဲ့ သူတွေအား  လုံးကြပ်ကြပ်အသဲထဲမှာစွဲနေအောင်မှတ်သားထားပြီး၊ ငါတို့ဒီလိုအလုပ်မျိုးတွေကိုဘယ်တော့မှ မလုပ်ဘူးလို့၊ မိမိကိုယ်ကိုမိမိ လေးလေးနက်နက် ဂတိပြုပြီး စက်ဆုပ်ရွံရှာ စွာ စံနမူနာယူသင့်တယ် လို့တိုက် တွန်းချင်ပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဖြုတ်၊ထုတ်၊သတ်လမ်းစဉ်ဟာ ကွန်မြူနစ်တွေရဲ့လမ်းစဉ် ဟာ မင်းမဲ့ဝါဒနဲ့ဘာများခြားနားလို့လဲလို့ မေးခွန်း ထုတ်ရတဲ့ကိန်းဆိုက်ခဲ့သလို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား များ ဒီမိုကရက်တစ်တပ်ဦးဟာလည်းမင်းမဲ့စရိုက်နဲ့ကျောက်ခေတ်ကိုပြန်သွားမှာလား? ပြည်သူတွေကို ဒီမိုကရေစီရအောင်တိုက်ယူကြမှာလား?ဆိုတာမြောက်ပိုင်း အေဘီအက်ဒီအက်ရဲ့လူမဆန်တဲ့နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုက မေးခွန်းထုတ်လာ ရတော့တယ်။ ဒီလိုလုပ်ရပ်တွေကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုကျဆင်းသွား ရတာ မဆန်းဘူး လို့ပြောရမှာဘဲ၊ မြန်မာ့နိုင်ငံရေးမှာအဓိကပြသနာက ကိုယ့်တပ်ကိုယ်ပြန်နင်း တဲ့အကျင့်ဆိုးဘဲဖြစ် တယ်။ တရားဥပဒေဘောင်အတွင်း ကစစ်ဆေးပြီး အပစ်ရှိရင်အပစ်ပေး၊ အပစ်မရှိရင်မရှိတဲ့အလျှောက်လွှတ်တာ မျိုးကိုလေးလေးနက်နက် မကျင့်သုံးသ၍ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ဝေးနေဦးမှာဘဲ။ အဓိကတရားဥပဒေ ကိုတောထဲမှာမှို့လို့၊ ကျင့်သုံးဘို့မလွယ်ဘူးဆိုတဲ့ဆင်ချေပေးမနေဘဲ  ၊ တောမှာဖြစ်ဖြစ်၊ မြို့မှာဖြစ် ဖြစ်၊ တရားဥကဒေကိုလိုက်နာဘို့လိုတယ်၊  တရားကိုစောင့်သိကြဘို့လိုတယ်။ အလွန်စိတ်မကောင်း ဖြစ်ရတာက၊  ဗကပတွေရဲ့အမှားကိုနှောင်းလူတွေဖြစ်တဲ့ အေဘီအက်ဒီအက်ကခေါင်းဆောင်တွေသိရဲ့မြင်ရက်နဲ့ ဘာလို့ပုံတူကူးချရက်စက်ပြရတာ လဲဆိုတာဘဲဖြစ်တယ်။ ဒီလုပ်ရပ်ဟာကျောင်းသားတွေရဲ့လက်နက်တော်လှန် ရေးကို ပျက်လိုပျက်စီး လုပ်တာထက်ကျော်လွန်ပြီးလုံးဝကျဆုံးသွားအောင်ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေအမျှော်အမြင်နည်းစွာနဲ့လုပ်လိုက်တာလို့မြင်တယ်။ စစ်အာဏာရှင်တွေက ပြည်သူတွေကို၊ လက်နက်နဲ့ ဗိုလ်ကျစိုးမိုးနေတာကို တိုက် မဲ့သူတွေကိုယ်တိုင်ကကိုယ့်လက်ထဲမှာလက်နက်ရောက်လာတော့၊ ရန်သူထက် ဆိုးတဲ့နှိပ်စက်နည်းတွေနဲ့ ကိုယ်လူအချင်းချင်းထဲမှာရန်သူ့သူလျှိရှိတယ်ဆိုပြီး၊ အပစ်ရှိသူ ၁၀၀ လွတ်ရင်လွတ် ပါစေ၊ အပစ်မဲ့သူတယောက် အပစ်မကျစေနဲ့ဆိုတဲ့တရားသဘော နဲ့ဆန့်ကျင်ပြီး အပစ်ရှိသူတယောက်မိ ဘို့ အပစ်မဲ့သူ ၁၀၀ သတ်ချင်သတ် မယ်ဆိုတာဖြစ်လာခဲ့တာကြောင့်တကယ့်တော်လှန်ရေးသမားတွေတောတွင်း ခံခဲ့ရတာပါ။
ဒီကိစ္စမှာအဲဒီအချိန်ကတာဝန်ယူထားတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေမှာလုံးဝတာဝန်ရှိတယ်၊ ဒီကိစ္စကိုတနေ့နေ့မှာ ဖြေရှင်းကြရမယ်၊ အဲဒီနေ့ဟာလည်းမကြာခင်ရောက်လာတော့မှာ ဖြစ်တယ်၊ ဒီမိုကရေစီရရင်တောင် ကိုယ့်တိုင်း ပြည်ကိုယ်မပြန်ရဲမဲ့လူတွေလဲရှိမှာပါ။
လွန်ခဲ့တဲ့အနှစ်၂၀ လောက်ကကိစ္စဟာ၊ အချိန်ကြာလာရင်ပျောက်ကွယ်သွား မယ်လို့ထင်ရင် အမှားကြီးမှားလိမ့် မယ်။ ABSDF ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲ? ဘယ်သူ့မှာတာဝန်ရှိသလဲမေးရင်တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဖြစ် တဲ့ထိုစဉ်က ဥက္ကဌတာဝန် ယူထားတဲ့ သူတွေကရှင်းပြနိုင်ရင်ပိုကောင်းမယ်။ ဒါမှ ကျောင်းသား တော်လှန်ရေး ကြီးဘာကြောင့်မအောင်မမြင်ဖြစ်ခဲ့ရတယ်ဖရိုဖရဲဖြစ်ရတယ်ဆိုတာ သိမယ်လို့ ယုံကြည်ပါတယ်၊ အနှစ်၂၀ကျော် ကြာပြီမို့အားလုံးသိခွင့်ရှိတယ်လို့ ယုံကြည်လို့ လဲဖြစ်ပါတယ်၊ အဲဒီတုံးကဦးဆောင်ခဲ့တဲ့သူတွေအနေနဲ့ ဘာကြောင့် ဒီလိုအရုပ်ဆိုး အကျဉ်းတန်မှုတွေဖြစ်ခဲ့ရတယ်၊ ဘယ်သူကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့သလဲ?၊ အေဘီဗဟိုက ဒီလုပ်ရပ်ကိုခွင့်ပြုခဲ့တာလား? အေဘီကချင်ကကိုယ့်ဘာသာကိုယ်လုပ်ခဲ့တာလား?။ ကိုယ်တွေ့အဖြစ်မှန်များကိုသတ္တိရှိရှိတင်ပြပြီးအများကစဉ်းစားကြဘို့ ဖြစ်ပါတယ်။
အေဘီဥက္ကဌတယောက်အနေနဲ့ကိုယ်လေးစားတန်ဘိုးထားတဲ့အဖွဲ့ကြီးအခုလိုကိုယ့်ရဲဘော်အချင်းချင်းသတ်တဲ့အထိအရုပ်ဆိုးအကျဉ်းတန်တဲ့လုပ်ရပ်အတွက်အထူးဘဲစိတ်မကောင်းဖြစ်မိသလိုရေငုံနှုတ်ပိတ်အနေသင့်ဘူးလို့ယူဆတဲ့အတွက်အခုလိုရေးသားလိုက်တာဖြစ်တယ်၊ ကိုထိန်လင်းအနေနဲ့အဲဒီတုံးကဘယ်သူတွေကညှင်းပန်းနှိပ်စက်ခဲ့တယ်၊ ဘယ်သူက ဖြင့်အမိန့်ပေးတယ်၊ အဓိကဦးဆောင်သူတွေကိုနံမည်နဲ့တကွ ရေးသားဖြည့်စွက်ပေးပါ လို့ပြောချင်ပါတယ်။ အထူးပြောချင်တာကတော့ ABSDF မှာလက်ရှိတာဝန်ထမ်းဆောင် နေကြတဲ့ ရဲဘော်တွေနဲ့ ၊ ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ သူတွေနဲ့မရောယှက်စေချင်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်သူလက်တွေဝင်မွှေလာမှာကိုလဲတော်  လှန်ရေးသတိရှိဘို့ လိုတယ်။ အခုလိုအရေးကြီးနေတဲ့အချိန်မှာ  လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ABSDF ကိုတိုက်ခိုက်ဘို့  လက်နက်ကိုင်လမ်းစဉ်ကိုသေးသိမ်အောင်လုပ်ဘို့လုပ်လာနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လူစစ်ပြီးရဲဘော်သုံးကျိတ်ဖွဲ့ခဲ့တာတောင်ရှုမောင် ခေါ်ဗိုလ်နေဝင်း လိုလောက်ကောင် အာဏာရူးကကပ်ပါလာသေးတာဘဲ။ ဒါကြောင့်ဘယ်သူက ဘာဆိုတာမသိခင်ဝါးလုံးရှည်နဲ့မယမ်းဘို့လိုတယ်။ ABSDF ကျောင်းသားတော်လှန်ရေး ကိုယုံယုံကြည်ကြည်နဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကိုတော့မစော်ကား မိဘို့လိုတယ်။
အားလုံးကိုလေးစားလျှက်
ထွန်းအောင်ကျော်
Advertisements
2 Responses to “ABSDF Former Secretary and Chairman’s opinion on the ABSDF Northern Killing Field (in Burmese)”
  1. drkokogyi Says:
    shared ဒီမို ဖက်တီး’s F.B. status update.By ဒီမို ဖက်တီး
    ABSDF အမည်းစက်များ ပေါင်းချုပ်ဝတ္တု 2012 မှာ ထွက်တော့မယ်။ ဒါပေမယ့် ဒါဟာ ABSDF ကြောင့် ၊ မြန်မာကျောင်းသားခေါင်းဆောင်တွေ​ကြောင့် မှလည်း မဟုတ်ပါဘူး။ အခုလည်း လစ်ဗျားမှာ တော်လှန်ရေးသမားတွေက လက်နက်တွေ ပြန်မအပ် ကျလို့ အစိုးရက မက်လုံး မျိုးစုံပေးပြီး စည်းရုံးနေကျပါတယ်။ ဖြစ်ခဲ့သမျှ ဟာ လက်နက်ကိုင်ပြီး အပြောင်းအလဲဖြစ်ခြင်းရဲ့ By-Product တွေပါ။ ဗိုလ်ချုပ်ကိုလည်း ကရင်ရွာတစ်ရွာက သူကြီးကို အင်္ဂလိပ်သတင်းပေးအဖြစ် ကွက် မျက်မှုနဲ့ စစ်ခုံရုံးတင်ဖို့ ဗြိတိသျှက ကြိုးစားခဲ့ဘူးပါတယ်။ မည်သည့် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဟာ လူသတ်မှုကို တရားသဖြင့် ကျူးလွန်ချင်ရင် သစ္စာဖောက်အဖြစ် အများသဘောတူ ဆုံးဖြတ်ကျူးလွန်ဖို့ပဲ လိုပါတယ်။ မှားသည် မှန်သည်ထက် လက်နက်ကိုင်တော်လှန်ရေး၏ သဘောသဘာဝကို တင် ပြခြင်းပါ။ ဒေါ်အမေစု မိန့်ခွန်းတဲ့က အတိုင်းပါပဲ …….. အကြမ်းဖက်တဲ့ သဘာဝနဲ့ အပြောင်းအလဲ ဖြစ်မှုကို ရယူခြင်းဆိုတာ မြန်မာ့သမိုင်းမှာ ထပ်ခါထပ်ခါ ရှိပါတယ်။ .
  2. God of Justice Says:
    ကိုထွန်းအောင်ကျော်ဟာ သူငယ်ချင်းအကိုပါ။ မိဘ၊ အသိုင်းအ၀ိုင်းတစ်ခုလုံး ဘ၀၊ စည်းစိမ်တွေနဲ့ရင်းပြီး နိုင်ငံရေးကို ယုံကြည်တဲ့သူပါဗျာ။
    သူ့အမေ ဒေါ်လေးကို ယူကျု့မှာ ဂျပန်သတင်းထောက်နဲ့တွေ့တာကို ကြည့်လိုက်ရတယ်။ မျက်ရည်ကျမိပါတယ်။
    သူ့ကို ကျွန်တော်က ကိုကြီးလို့ခေါ်တယ်။ အားလုံးနီးပါး မန်းတလေးသား ၈၈ ကျောင်းသားများကပေါ့ဗျာ…
    သူသတင်းဆိုးကို ကြားရတုန်းက ကျွန်တော် အိပ်မပျော်ဘူး။ ဒီနေ့ထိလည်း ခံစားရတုန်းဘဲဗျာ။
    နောက်ဆုံး မစိုးရိမ်တိုက်ဟောင်းနားမှာ သူနဲ့တွေ့တုန်းက ကျွန်တော်က လက်နက်ကိုင်တာကို မယုံကြည်ဘူး ပြောခဲ့တော့ ညီ ကိုယ့်လမ်းကို ကိုယ်လျောက်ကြရအောင်တဲ့။ ငါတစ်နေ့ မင်းတိှု့ဆီ ပြန်လာမယ်တဲ့။
    ထိန်ထိန် (ရုပ်ဆိုး) ရေ… ငါဘယ်သူဆိုတာ မင်းမှတ်မိမယ် ထင်ပါတယ်.
    ဆရာစိန်၊ ဆရာကျော်၊ ဆရာမိုးဟိန်းတို့ ဆုံးပြီကွာ။
    မင်းမွေးစားအမေနွဲ့လည်း ခေါင်းဖြူနေပြီကွ။။။
    မင်း ခံစားခဲ့ရတဲ့ မြောက်ပိုင်းလူသတ်ပွဲကို ငါတို့ တရားစက်တိုင်ကို တရားခံတွေကို ငါအရောက်ပို့ပေးပါ့မယ်။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google+ photo
You are commenting using your Google+ account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
w
Connecting to %s
%d bloggers like this: