FEER report by Bertil Lintner about ABSDF NB Massacre
7 Responses to “FEER report by Bertil Lintner about ABSDF NB Massacre”
  1. drkokogyi Says:
    ၂၀၁၂ခုနှစ် ဇန္န၀ါရီလ ၈-ရက်နေ့စွဲပါ ABSDF ၏ ကြေငြာချက်ကို သုံးသပ်ခြင်း။ by Maungmaung Skw on Thursday, January 12, 2012
    ၁၉၉၁ခုနှစ်-နှစ်ကုန်ပိုင်းနှင့်၁၉၉၂ခုနှစ်-နှစ်ဦးပိုင်း လများအတွင်း ABSDF(NB) စခန်းတည်ရှိရာ ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ဖြစ်ပျက်ခဲ့သော တော်လှန်ရေးကျောင်းသား တပ်ဖွဲ့ဝင် လုပ်ဖေါ် ကိုင်ဘက် အချင်းချင်း စစ်အစိုးရ၏ သူလျှိုဟု မတရားသဖြင့် စွပ်စွဲဖမ်းဆီးမှုများ၊ အကျဉ်းစခန်းအတွင်း လူမဆန်အောင် နှိပ်စက် ညှဉ်းပမ်းခဲ့မှုများ၊အသက် သေသည်အထိရိုက်နှက်ခံရမှုများ၊အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု များ ကို ခံခဲ့ကြရသူများ ဘက်မှ သေဘော်ရှင်ဘက်တစ်ဦးဖြစ်သော ပန်းချီ ထိန်လင်း(England)မှ စတင်ရေး သားမှုကြောင့် အင်တာနက်နှင့် ဖေ့ဘွတ် စာမျက်နှာများပေါ်တွင် အုပ်သြော်သောင်းနင်း ဖြစ်လာသော အခြေ အနေကိုဖြေဖျောက်နိုင်ရန်အတွက်-လိမ်ညာနိုင်ရန်အတွက်-လှည့်စားနိုင်ရန်အတွက်-ချွေးသိပ်နိုင်ရန်အတွက် ABSDF-မှ ကြော်ငြာချက်ထုတ်ပြန်ခဲ့ခြင်းသက်သက်သာ ဖြစ်ကြောင်း ကြားသိ တွေ့မြင်ရပါသည်။
    အဆိုပါ ကြော်ငြာချက်တွင် အထက်ပါအဖြစ်အပျက်ကို “ရန်သူစစ်အစိုးရ၏ သူလျှိုများက ထိုးဖေါက် ၀င် ရောက်ပြီး စနစ်တကျ သပ်လျှို ဖြိုခွဲမှု ဖြစ်သည်” ဟု မိုက်ရိုင်း ရင့်သီးစွာ သုံးသပ်ထားသည်ကို တွေ့ရှိ ရပါသည်။
    အဆိုပါသုံးသပ်ချက်သည် ထိခိုက်နစ်နာခဲ့သူများ၊ အသက်ဆုံးရှုံးခဲ့ရသူများကို လူမဆန်စွာဖြင့် နှစ်ပေါင်း (၂၀)အကြာတွင် ထပ်မံစော်ကားလိုက်ခြင်း သက်သက်သာဖြစ်ပေသည်။
    လွန်ခဲ့သော အနှစ်(၂၀)က ပါဂျောင်ဒေသတွင်ဖြစ်ခဲ့သော အဖြစ်အပျက်များသည် လူတစ်စု၏ အာဏာရူးခြင်းသက်သက်၊ လက်လွတ်စပယ် လူမဆန်စွာလုပ်ကိုင် ပြုမူခဲ့ခြင်းသက်သက်သာ ဖြစ်ပေသည်။
    အာဏာရူး သွေးဆာနေသူတစ်စုက လုပ်ဖေါ်ကိုင်ဘက်အချင်းချင်း လူမဆန်လောက်အောင် ညှဉ်းပမ်း နှိပ်စက်-သတ်ဖြတ်ခဲ့ခြင်းများအတွက် မည်သည့် ABSDF အဖွဲ့ဝင်ဟောင်းကမှ ABSDF အဖွဲ့ကြီးကို အပစ်တင် စကားပြောကြားခဲ့သည်ကို ကျွန်ုပ် မကြားခဲ့ဘူးပါ။၎င်းတို့၏ အဖြစ် အပျက်ကို လူသိရှင်ကြား ပြောလိုက်ပါက ၄င်းတို့ အလွန်အင်မတန် သံယောဇဉ်ကြီးသော ABSDF အဖွဲ့ကြီး၏ အမည်ကိုထိခိုက်မှာ ကိုပင် စိုးရိမ်နေ ကြပါသေးသည်။
    ဖြစ်စဉ်တွင် တိုက်ရိုက်တာဝန်ရှိသူများ ဖြစ်ကြသည့် နိုင်အောင်၊အောင်နိုင်၊သံချောင်း၊မျိုးဝင်း၊ သန်းဇော် တို့နှင့် ၄င်းတို့ နှင့် ကြံရာပါ အာဏာပါးကွက်သားတစ်စုကိုသာ အပစ်တင်စကားပြော နေကြခြင်း ဖြစ်ပါသည်။ပြသနာ၏ အစပိုင်းကာလက ဆိုလျှင် မိုးသီးဇွန်လည်း တာဝန်ရှိသူတစ်ယောက်ဖြစ်ပါသည်။
    ယခုအချိန် ပြသနာကြီး လူသိထင်ရှားဖြစ်လာစေသည့်-ပန်းချီထိန်လင်း၊ မောင်မောင်ဝမ်း၊ အောင်မိုးဝင်း တို့၏ ရေးသားထားချက်များကို ဖတ်ရှုရသမျှမှာ ABSDF အဖွဲ့ အမည်ကို ဦးတည်အပစ်တင် ရေးသားထားသည်ကို မတွေ့ရပါ။“ဒီလို-ဒီလို အဖြစ်အပျက်တွေ တစ်ချိန်တခါက ဖြစ်ခဲ့ပါသည်” ဆိုယုံမျှသာ ရေးသားခဲ့ကြသည်ကို တွေ့ရပါသည်။
    “ကာယကံရှင် အပစ်ရှိသူများ-တာဝန်ရှိသူများက ငြိမ်နေကြပြီး ဘာကြောင့် လက်ရှိ ABSDF အဖွဲ့ တာဝန်ရှိသူတွေက တရားခံ လုပ်ခြင်ကြပါသလဲ”-ဆိုသည်ကို စဉ်းစားလို့ မရနှိုင်ပါ။ အဘယ်ကြောင့် ထိခိုက် နစ်နာခဲ့ရသူများကို ABSDF အဖွဲ့ တာဝန်ရှိသူတွေက စော်ကားမော်ကား လုပ်လိုကြသည်ကို စဉ်းစားလို့ မရနှိုင်ပါ။
    “အဖြစ်မှန် ဖေါ်ထုတ်ရေး လုပ်ငန်းအဖွဲ့- ဖွဲ့ပြီးပါပြီ” လို့ ပြောယုံလောက်နဲ့ ပြီးလိုက်ရတော့မည်လား။
    မည်သူတွေနဲ့ ဖွဲ့ပါတယ်လို့တောင် ကြေငြာနှိင်ခြင်း မရှိပါဘူး။
    “ကြာမြင့်ချိန် အတိုင်းအဆကို ပြောလို့ မရနှိင်ဘူး” လို့ ဒု-ဥက္ကဌ မျိုးဝင်းက DVB မှာပြောသွားပါသည်။ အကြောင်းပြချက်အဖြစ် “နိုင်ငံတကာမှာ ရောက်နေတဲ့သူရှိတယ်၊နယ်ခြားမှာ ရောက်နေတဲ့သူတွေရှိတယ်၊ ပြည်တွင်းမှာရောက်နေတဲ့သူတွေရှိတယ်၊ အကျဉ်းဒဏ်ခံနေရတဲ့သူတွေလည်း ရှိသေးတယ်၊ကျဆုံးသွားတဲ့ ရဲဘော်တွေလည်း ရှိသေးတယ်၊အဖွဲ့အစည်း အသီးသီးမှာ တာဝန်ယူနေတဲ့သူတွေလည်းရှိသေးတယ်- အားလုံး ဆီက အချက်အလက်တွေ ရဖို့ဆိုတာ -အဲ့ဒါ အခက်အခဲဘဲ-ဒီအခြေအနေကို နားလည်ပေးဖို့ လိုမယ်-မြောက် ပိုင်းကိစ္စ အဓိက တာဝန်ခံမဲ့-ကိုသံချောင်းက သာယာဝတီထောင်မှာရောက်နေတဲ့အတွက်လည်းအချိန်ကြန့်ကြာ မှု ရှိနှိင်တယ်” ဟုလည်းပြောသွားခဲ့ပါသည်။
    နှစ်ပေါင်း(၂၀) ကြာခဲ့ပြီး-မည်သည့်အရေးယူမှုမှ မလုပ်ခဲ့ပါဘဲ-ယုတ်စွအဆုံး နှုတ်ကလေးနဲ့ပင်လျှင် တောင်းပန်စကားမပြောခဲ့ကြဘဲနှင့်-ယခု ထိမ်းမနိုင် သိမ်းမရ သတင်းများထွက်လာသောအခါရောက်မှ“ စုံစမ်း ရေး လုပ်ငန်းအဖွဲ့ ဖွဲ့လိုက်ပါပြီ-အချိန်ယူရပါဦးမည်” ဟု ကြေငြာခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနှိင်ပါ။
    အပစ်ရှိသော အောင်နိုင်၊သံချောင်း၊သန်းဇော်တို့နှင့် အပေါင်းပါများ-တာဝန်ရှိသော နိုင်အောင်တို့ မိုးသီးဇွန်တို့နှင့် အပေါင်းပါများ သေဆုံးကြသည့် အချိန်အထိများ စောင့်ခိုင်းဦး မည်လား မသိနှိင်တော့ပါ။
    သို့ဖြစ်သည့်အတွက်-ABSDF အဖွဲ့၏ ၈-၁-၂၀၁၂-ရက်စွဲပါ ကြေငြာချက်အား လုံးဝ လက်မခံ နိုင်ကြောင်း-ကန့်ကွက်ကြောင်း ကြေငြာလိုက်ပါသည်။
    တစ်ဆက်ထဲမှာပင်-၀န်ကြီး ဦးအောင်မင်း က နိုင်အောင်နှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံချလိုက်ပါသည်။
    မောင်မောင်(ရွှေကရ၀ိက်)
  2. drkokogyi Says:
    Ko Ko Gyi said: May be Naing Aung was being an MI agent that U AM sent to destroy ABSDF.
    Lin Htein commented:
    ‎””ကိုယ်သတ်ခဲ့တာကိုယ့်သမို​င်း”” “”” မသိဘူးဆိုတာကိုယ်ညံ့လို့”””​” “”” ယုံကြည်မှုပျက်ပြယ်သွားလျှင်​နောက်တကြိမ်ပြန်လာဖို့မရှိ”​””
    “” Who’s for Commission Of Inquiry ( C O I )???? “”” ယခုအချိန်မှာဘာ ကြေငြာချက် တွေထုတ်ထုတ်၊ယခုအချိန်မှာစက္ကူစုတ်ဖြစ်သွားပြီ။ဖမ်းဆီးခံခဲ့ရပြီးနှိ​ပ်စက်ညှင်းပမ်းခံခဲ့ရသူပန်း​ချီထိန်လင်းစပြီးအမှန်ဖော်ြ​ပခဲ့တာအပြစ်လား?? ဒါ့အပြင် ပန်းချီထိန်လင်းအပါအဝင် facebookပေါ်မှာ ” Profile ” အမှန်နဲ့ ” comment ” အမှန်ရေးနေသူတွေ၊အမှန်သတင်း​ဖြန့်ဝေနေသူကို လိုက်ပြီးလုပ်ကြံသတ်ဖြတ်ချင်နေတာလား???ဘယ်သူမှကြောက်သွေးတော့မပါဘူး။သမိုင်းလုံတယ်​။ ကျောင်းသားတပ်မတော် ABSDF တွင်ပါဝင်ခဲ့ပြီးတတိယနိုင်ငံရောက်ရှိနေသော မှန်မှန်ကန်ကန်လုပ်ခဲ့သော
    ကျောင်းသားတပ်မတော် သားများ၊ယခုလက်ရှိမှန်မှန်က​န်ကန်လုပ်နေသောကျောင်းသားတပ်မတော် သားများ၏လုပ်ရပ်ကို အလေးထားပါတယ်။ပြည်တွင်း နိုင်ငံရေးလုပ်ဆောင်နေသူအား​လုံးယခုအချိန်မှာသိပြီးလောက်ပါပြီ။
    စစ်အစိုးရက လက်နက်ကိုင်တော်လှန်ရေးသမား​တွေကိုဘာလုပ်လုပ် သောင်းကျန်သူဟုစွပ်စွဲသလြို​ဖစ်နေပြီ။( ၈၈ ) အာဏာသိမ်းပြီးနောက်မတရားတဲ့​စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်မဲ့ မခံချင်စိတ်၊ယုံကြည်ချက်ကြောင့်လက်နက်ကိုင်တော်လှန်ရေး​ထဲ
    ဝင်ခဲ့တဲ့ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)အပါအဝင်ကျောင်းသား ၃၀ ကျော် ကို“သူလျိုတွေကို ဖော်ထုတ်စစ်ဆေးတဲ့ကိစ္စ” ဆိုပြီး မတရား စွပ်စွဲခံရပြီး မဟုတ်မှန်သိလျှက်နဲ့အာဏာ ( နေရာ ) အတွက်ကမ္ဘာ့သမိုင်းမှာမပေါ်ဘူးသေးတဲ့လူမဆန်စွာညှင်းပမ်းနှိပ်စက်နည်းကိုအသုံးပြုပြီး​လူမဆန်စွာညှင်းပမ်းနှိပ်စက်​ပြီးမှလူမဆန်စွာရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတာအလွန်ကြေကွဲစရာကောင်းတဲ့ဖြစ်ရက်၊ပြည်သူလူထု၊ကျောင်းသား၊ရဟန်းတွေရဲ့သွေးများစွာနဲ့ပေးဆပ်ခဲ့တဲ့”” ၈၈ တော်လှန်ရေးသမိုင်းကြီး””ဟာ​”” နယ်စပ်လူသတ်သမား Ronald Aung Naing, Naing Aung အပါအဝင်လက်တဆုပ်စာလူတစုရဲ့အာဏာရူးသွတ်မှုကြောင့် ပျက်ပြယ်သွားပါပြီလို့ယူဆနိုင်ပါသည်။ နယ်စပ်လူသတ်သမား Ronald Aung Naing, Naing Aung အပါအဝင်လက်တဆုပ်စာလူတစု ဟာယခုလက်ရှိသက်ရှိထင်ရှားနေ​ဆဲပါ။အမှုလည်းထင်ထင်ရှားရှား​ပေါ်လွင်နေပါသည်။ယခုလက်ရှိ ကျောင်းသားတပ်မတော် ABSDF တွင်ဦးဆောင်နေသော ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း ( တနင်္သာရီတိုင်းသား )အပါအဝင်ဦးဆောင်နေသူများဘာ​များလုပ်ပေးနိုင်မည်လဲ?????​? “””တန်ပြန်သက်ရောက်မှုမျိုး ( သို့ ) မည်သို့သောအရေးယူမှုမျိုးရှိ​မှာလဲ ( သို့ ) ပန်းချီထိန်လင်းအပါအဝင် facebookပေါ်မှာ ” Profile ” အမှန်နဲ့ ” comment ” အမှန်ရေးနေသူတွေ၊အမှန်သတင်း​ဖြန့်ဝေနေသူကိုလူဌားပြီး လိုက်ပြီးလုပ်ကြံသတ်ဖြတ်ခို​င်းမှာလား ????ဟု “”” ဒဲ့မေးလိုက်ချင်ပါသည်။?????​? ဒီမေးခွန်းမဖြေမီ —– နောက်ဆုံးတော့”” ပြည်တော်ပြန်မောင်မောင် ( NCUB )ကိစ္စ နဲ့ DVB , DVB ဟန်ညောင်ရွှေကိစ္စ “”လိုပါပဲ။ နောက်ဆုံးတော့ “”ပုလင်းတူဗူးဆို့ “””ကြီးပါပဲ။။ပြည်တွင်းပြည်​သူလူထုအများစုပြောနေသလို “”သန်းရွှေနေရာရောက်လျှင်ဒင်းတို့သန်းရွှေထက်ဆိုးမယ်၊”” သန်းရွှေ အာဏာမက်မောတာ မဆန်းပါဘူး။”””ဆိုတာမျိုးဖြ​စ်နေပြီ။”””ကျားကြောက်လို့ရှင်ကြီးကိုး၊ရှင်ကြီးကျားထက်ဆိုး””” ဖြစ်စဉ်ပါပဲ။
  3. drkokogyi Says:
    Aye Aye Soe Win Reposted the comment of Nge Naing <>
    Ko Ko Gyi Replied:
    အခုထွက်ပေါ်နေတဲ့ အချက်အလက်တွေကိုပဲ ယူပြီး ခေါင်းစဉ်ပြောင်းဖို့ဆိုတာ အဖွဲ့အစည်းတခုအတွက် လုံးဝမဖြစ်နိုင်ပါ။ This is wrong. If the ABSDF wish to use that topic, that should be used 20 yrs ago. Now the victims and relatives complaint and ABSDF. ABSDF should BASE it TOPIC ON the new complaint, “Investigation on alleged massacre and torture by ABSDF” No need NB to protect as the HQ knowingly ignored the massacre. Becareful, the new leaders of ABSDF would be guilty of trying to protect the criminal fellow old leaders.
    Ko Ko Gyi We hereby demanded the new ABSDF leaders to rename the investigation with the new heading,””Investigation on alleged massacre and torture by ABSDF”
    Ko Ko Gyi I will send this message to the new leader Tun Aung Gyaw.
    http://www.facebook.com/​profile.php?id=531047969
    Ko Ko Gyi Becareful, the new leaders of ABSDF would ALSO be guilty of trying to protect the criminal fellow old leaders of NB and HQ as Naing Aung (Whole ABSDF leader) from HQ had witnessed the process.
    Aye Aye Soe Win said:But Ko Ko Gyi..this is what Ma Nge Naing wrote on my posting..It made me smile..By the way, is she the spokeperson of the ABSDF? <<<>
    Aye Aye Soe Win It is so funny..the secret group is full of DNA’s agents….hammmm
  4. drkokogyi Says:
    Ko Ko Gyi
    TQ Daw Aye Aye Soe Win for the information. I had set message and also wrote on U Htun Aung Gyaw’s wall. I am the eldest brother of Nyi Nyi and Mg Mg (this wall) is the elder brother who went to the ABSDF NB twice, risking his life to save Nyi Nyi and others. I even suspect that as Aung Naing had seen the minister UAM, former MI, he may be an MI spy. Just imagine that if he were put into his victims’ place, tortured him with his own methods, we could easily get a statement from him that he was a MI spy to destroy ABSDF and leaders.
    Maungmaung Skw wrote on his wall:
    To/Nge Naing
    c/o Aye Aye Soe Win
    ABSDFရဲ့ ကြော်ငြာချက်က ရှင်းပါ တယ်။ ဒါကြောင့်လည်း ဒီစကားတွေ ပြောနေရတာပေါ့။ဒီ ပြသနာဟာ တစ်နေ့မနေ့ကမှ ဖြစ်ပေါ်လာတဲ့ကိစ္စ မဟုတ်ပါဘူး နှစ်ပေါင်း ၂၀ ရှိပါပြီ။
    အပြင်လူ တွေ သေသေချာချာ မသိကြ ပေမဲ့ ABSDF အဖွဲ့ထဲမှာတော့
    လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ။
    ကာယကံရှင်တွေက ဘာမှ မပြောကြသေးလို့ ဘာမှမဖြစ် သလိုနေ-နေကြတာပါ။
    ခံစားခဲ့ ရတဲ့သူတွေလည်း တော်လှန် ရေးသမားတွေဆိုတာ မျက်
    ကွယ်ပြုဖို့ma စဉ်းစားပါနဲ့။ ခံရတဲ့သူတွေဘက်က ဘာမှ
    ပြောပိုင်ခွင့် မရှိတော့ဘူးလား ဟူး-လူသားမျိုးနွယ်အပေါ်မှာ
    ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူ တွေကို အကာအကွယ် ပေး
    ချင်တဲ့သူတွေ တယ်များလှ ပါလား-ဒေါ်လာမျက်နှာဘဲ
  5. drkokogyi Says:
    Aye Aye Soe Win reposted the Khin Min Zaw threat:
    <>
  6. drkokogyi Says:
    Aye Aye Soe Win reposted the Nge Naing’s comments <>
  7. drkokogyi Says:
    Aye Aye Soe said: Win Khin Win Zaw, I will make a formal complaint about you through DVB for your breach of professional conduct, attack to one of the audience, and open insult to the public opinion. But you would not care any more..because you are losing your job anyway. aye aye soe win
    Aye Aye Soe reposted the Win Damn VanMeter’s comments: <>
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google photo
You are commenting using your Google account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s
%d bloggers like this: