လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ

SOURCE: XX အမိန့် ပေးတာလား လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ from FB of Htay Tint

ဒီစာနှင့်ပတ်သက်ပြီးရှင်းရှင်းလင်းလင်းသိထားစေချင်ပါတယ်။

စာထဲမှာပါတဲ့စကားလုံးတိုင်းဟာ သန်းဝင်း ရဲ့စကားလုံးတွေ အားလုံးဖြစ်တယ်။

အောင်မိုးဝင်းက ကျနော်နဲ့ညီအကိုလိုရင်းနှီးတဲ့အတွက် သူ့ကိုအနိုင်ကျင့်ပြီး စာရိုက်ခိုင်းရတာ ဖြစ် တယ်။

ဒီစာနဲ့ပတ်သက်ပြီးသိချင်ရင် ကျနော့ကို တိုက်ရိုက်ဆက်မေးပါ။

သန်းဝင်း ( ၇၂၇- ၆၅၆- ၈၉၂၂)

ဖေဖေါ်ဝါရီ (၁၂) ရက်၊ ၂၀၁၀

ပြည်သူများနှင့်ရဲဘော်မိတ်ဆွေများခင်ဗျား

ကိုနိုင်အောင်မှ ကျနော့ထံသို့လျှို့ဝှက်အီးမေးတစောင်ပို့ခဲ့ပါတယ်။

ဒီအီးမေးအားပြည်သူ့ရဲ့ဘော်မိတ်ဆွေများကို တဆင့်တင်ပြလိုက်ပါတယ်။

ကိုနိုင်အောင်ကတော့ သူ့အီးမေးကို သူ့ခွင့်ပြုချက်မပါပဲ မတင်ပြဖို့တားဆီးထားပါတယ်။

ဖတ်ကြည့်ကြပြီးရင်သိပါလိမ့်မယ်။

ကျနော့အနေနှင့် ကိုနိုင်အောင်ခွှင့်ပြုချက်မရှိပဲ တင်ပြရခြင်းက အကြောင်းအရာ တချက်ပဲရှိ ပါတယ်။

ကိုနိုင်အောင့်စာထဲမှာ မြောက်ပိုင်းကျောင်းသားတပ်မတော် ( ABSDF ကချင်နယ်မြေ) မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေအပေါ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အဓိကအမိန့်ပေး ခဲ့သူဟာ ကိုမိုးသီးဇွန် ဖြစ်တယ်လို့ဆိုပါတယ်။

ကိုမိုးသီးဇွန် ABSDF ကိုတာဝန်ယူစဉ်ကာလမှာ မြောက်ပိုင်းကိုရောက်လာတဲ့ မန္တလေးနဲ့ ရန်ကုန်ကျောင်းသားတွေကိုသတ်မိန့်ပေးပြီးသားဖြစ်တယ်။

ကိုနိုင်အောင်က သူ့မှာအထောက်အထား အပြည့်အစုံရှိပါတယ် လို့ရေးထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ကျနော့အမြင်က ဒီကိစ္စ ကို လျို့ဝှက်ထားလို့မရတဲ့ကိစ္စလို့မြင်ပါတယ်။

ဒီကိစ္စဟာ ကျောင်းသားသမိုင်းတခုလုံးနှင့်သက်ဆိုင်တယ်ထင်လို့ အခုလိုတင်ပြရခြင်းဖြစ်ပါတယ်။

ကိုနိုင်အောင်နှင့်ကိုမိုးသီးဇွန် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာက ကိုအများရှေ့မှာ ရှင်းပြသင့်တယ်ဆိုတယ်လို့ယူဆပါတယ်။

သူတို့မရှင်းပြရဲရင်လည်း သူတို့အပိုင်းပဲဖြစ်ပါတယ်။ ကျနော့ကိစ္စမဟုတ်ပါ။

ကျနော်ကတော့ အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက်အများကိုတင်ပြခြင်းပဲဖြစ်ပါတယ်။

ကိုနိုင်အောင် ကိုလည်း ကျနော်ပြောချင်တာ နောက်နောင်ခင်ဗျားမှာရှင်းလင်းစရာရှိရင်

လျှို့ဝှက်မလုပ်ပဲ အများရှေ့မှာဗြောင်ရှင်းသင့် တယ် လို့ အကြံပေးပါရစေ။

ကိုနိုင်အောင့် စာထဲမှာ ကျနော်နဲ့ပတ်သက်တဲ့အချက်အလက်များကိုဖြေရှင်းချင်ပါတယ်။

ကိုနိုင်အောင်က ကျနော့ကို ပုဂ္ဂိုလ်ရေးတိုက်တယ်လို့စွပ်စွဲထားပါတယ်။

ကျနော်ရေးတဲ့စာကို အားလုံးဖတ်ပြီးပြီလို့ထင်ပါတယ်။

ကျနော်ရေးတာပုဂ္ဂိုလ်ရေးလုံးဝပါဝင်ခြင်းမရှိပါ။

တိုင်းပြည်အရေး၊ ပြည်သူ့အရေး၊ ကျောင်းသားအရေးနှင့် သက်ဆိုင်တဲ့ကိစ္စများကိုသာ အဓိက ရေးခြင်းဖြစ်တယ်။

နိုင်ငံရေးမှာ သမိုင်းဆိုတာကိုသုံးသပ်ရတယ်။ ဝေဖန်ရပါတယ်။

ဝေဖန်မှုကို ကြောက်တဲ့ မရိုးသားတဲ့လူတွေဟာ တိုက်ခိုက်မှု ဆိုတဲ့စကားလုံးကို အမြဲသုံးလေ့ရှိပါတယ်။

လူပုဂ္ဂိုလ်ပြုလုပ်မှအဖြစ်အပျက်ဆိုတာ ဖြစ်လာရတာပါ။

ဒီအဖြစ်အပျက်ကိုဝေဖန်ပြောဆိုမယ်ဆိုရင် ဒီပုဂ္ဂိုလ်ရဲ့အမည်ကိုသုံးမှပြည့်စုံမှာ ဖြစ်တဲ့ အတွက် အမည်နာမ ကို ထည့်သုံးရခြင်းဖြစ်ပါတယ်။

ဒါပုဂ္ဂိုလ်ရေးတိုက်တယ်လို့ခေါ်လို့မရပါ။

နောက်တခုက- ကိုနိုင်အောင် က ကျနော့်ကိုရင့်ကျက်သင့်တဲ့အရွယ်ကိုရောက်နေပြီ၊

ရင့်ကျက်သင့်ပြီလို့ရေးထားပါတယ်။

အမှန်တရားကို အတွေ့အကြုံနှင့်ပေါင်းစပ်ပြီး ပွင့်လင်းရိုးသားစွာနှင့်ဝေဖန်တင်ပြတာကို

မရင့်ကျက်သေးဘူးလို့ပြောရင်

ကိုနိုင်အောင် အကြီးအကျယ်မှားပါလိမ့်မယ်။

တတိုင်းပြည်လုံးငတ်နေချိန်မှာ ဒီမိုကရေစီရေးလုပ်သူတွေက

နိုင်ငံတကာကထောက်ပံ့လို့ရလာတဲ့ငွေတွေကို

နေ့စဉ်နေ့တိုင်းသောက်စားမူးယစ်စည်းစိမ်ခံနေကြတာကရော

ရင့်ကျက်တယ်လို့ခေါ်ပါသလားလို့မေးပါရစေ။

သူများကိုလက်ညှိုးထိုးရင် ကိုယ့်ဘက်ကိုလက်ညှိုးတထောင်ထိုးမှာမကြောက်ဘူးလားလို့

အပျော့ဆွဲခြိမ်းခြောက်သလိုမေးပါတယ်။

ကျနော် ပြတ်သားစွာပြောမယ်ဆိုရင် အမှန်တရား တိုင်းပြည်အရေး၊ ပြည်သူ့အရေး နှင့်ပတ်သက်တယ်ဆိုရင် လက်ညှိုးတထောင်မပြောနှင့်ကျနော့ရဲ့အသက် ဘဝ ကို အချိန်မရွေး ပေးဆပ်ဖို့အသင့်ရှိတယ်။

ပေးလည်းပေးဆပ်ခဲ့ပြီးဖြစ်တယ်။

ကျနော်ဘာကိုမှမကြောက်ခဲ့၊ ကြောက်မှာမဟုတ် ဆိုတာခင်ဗျားသိစေချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဟာ ၁၉၈၈ မတ်လ (၁၃)ရက်စက်မှုတက္ကသိုလ်အရေးအခင်းဖြစ်လို့

ရန်ကုန်တက္ကသိုလ်ကျောင်းသားများစုပြီး အင်အားဖြည့်ဖို့ချီတက်ကတည်းက ပါဝင်ခဲ့ပြီး

မဆလ စစ်သားများက မရမ်းကုန်း အ.ထ.က (၂) ရှေ့မှာ အပိတ်ခံရလို့နောက်ဆုတ်ခဲ့ရတယ်။

ငါတို့ရန်ကုန်တက္ကသိုလ်မှာ ပြန်လုပ်ကြမယ်ကွ လို့ဆုံးဖြတ်ပြီး

ရန်ကုန်တက္ကသိုလ်မှာ မတ်လ(၁၅) ရက်နေ့မှာ စတင်လှုပ်ရှားကတည်းက

၈၈၈၈ နေ့မှာ ပြည်သူများလမ်းပေါ်ရောက်ဖို့အတွက်

ကျနော်အပါအဝင်ကျောင်းသားများဟာ အသက်သွေးချွေးပေါင်းများစွာရင်းနှီးခဲ့ရတယ်ဆိုတာ ခင်ဗျား သိဖို့လိုတယ်။

ရှစ်လေးလုံးအရေးအခင်းမှာ ပြည်သူရဟန်းလမ်းပေါ်ကိုရောက်ခဲ့ကြပြီး

အသက်သေွး ချွေးပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။

အခုလည်းပေးဆပ်နေကြရတဲ့သူရဲကောင်းတွေအများကြီးရှိနေသေးတယ်ဆိုတာ ခင်ဗျား သိဖို့ လိုတယ်။

 ကျနော်ဟာ ခွပ်ဒေါင်းအလံကိုကိုင်စွဲပြီး ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပြီး

ကျနော့ရဲ့ဘဝ ကျနော့ရဲ့အသက်ကိုစတေးခဲ့ပြီး သေဖို့အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတယ်။

ကံတရားကြောင့် အချိန်မကျသေးလို့ အသက်ရှင်နေတဲ့လူသားတယောက်အတွက်တော့

ခင်ဗျားပြောတဲ့လက်ညှိုးတထောင်ထိုးမှာ မကြောက်ဖူးလားလို့ပြောတဲ့စကားဟာ

သိတ်ရယ်စရာကောင်းတယ်လို့ ကျနော်ထင်တယ်။

တခြားသူတွေက လက်ညှိုးတထောင်ထိုးမယ် ဆိုရင် ကျနော်အဆင်သင့်စောင့်ကြိုနေပါတယ်။ ကျနော့ ကို ဝေဖန်ထောက်ပြစရာအချက်အလက်ရှိ

ရင် တင်ပြပါ။ ကြိုဆိုပါတယ်။ ခင်ဗျားတို့ထောက်ပြတဲ့ အချက်တွေဟာမှန်ကန်တယ်။

ကျနော်မှားခဲ့တယ်ဆိုရင် အများရှေ့မှာဝန်ခံတောင်းပန်ဖို့အချိန်မရွေးပါ။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဖြတ်သန်းခဲ့တဲ့သမိုင်းကိုကျနော်လိပ်ပြာလုံလို့ပဲ။

ကိုနိုင်အောင် ကို တခုပြောချင်တယ်။ ခင်ဗျားနားလည်ပါ။

ရှစ်လေးလုံးအရေးတော်ပုံဟာ သိတ်ပြီးဂုဏ်သိက္ခာကြီးပါတယ်။

ဒါကို ခင်ဗျားက ခင်ဗျားမိန်းမမွေးနေ့စားပွဲပေါ်က အရက်ဝိုင်းတဝိုင်းလို

သဘောမထားတာကိုခွှင့်မလွှတ်နိုင်တဲ့အမှားကြီးတခုအဖြစ်

ကျနော်ယူဆတယ်။ ခင်ဗျားတို့မဖြတ်သန်းခဲ့လို့တန်ဘိုးကိုမသိဘူးဆိုရင်လည်း

ဘဝပေါင်းများစွာပေးဆပ်ခဲ့ရတဲ့သူတွေကိုတော့

ငံ့ညှာထောက်ရှုသင့်တယ်လို့ကျနော်ထင်တယ်။

စင်မြင့်ပေါ်ကိုခင်ဗျားတို့တက်ဖို့ ၈၈၈၈ ကိုအသုံးချပြီးစင်ထိုးတာကိုတော့

လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတာကိုတော့ သိစေချင်တယ်။

တခြားကြိုက်တဲ့စင်ထိုးပြီး ခင်ဗျားတို့နိုင်ငံရေးအတွက်တက်ပါ။ ကျနော်နဲ့မဆိုင်ပါ။

၈၈၈၈ စင်ကိုအသုံးချတက်မယ်ဆိုရင်တော့ အသက်နဲ့လဲပြီးကာကွယ်ရပါလိမ့်မယ်။ ရှစ်လေးလုံးရဲ့ဂုဏ်သိက္ခာအတွက်ကျနော်တာဝန်ကျေချင်တယ်။

ပြည်သူကိုပြစားပြီး မိသားစုနဲ့ ကိုယ်ကျိုးရှာမှုကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာ ခင်ဗျားသိပါ။

တိုင်းပြည် နဲ့ ပြည်သူ့အမည်ကိုသုံးပြီး အိမ်ကြီးအိမ်ကောင်းမှာနေ၊

ကားအကောင်းကြီးတွေစီးဇိမ်ခံတဲ့အလုပ်ကိုလုပ်ရဲတာတော့ခင်ဗျားတို့ပဲလုပ်ရဲပါတယ်။

ကျနော်ကတော့ အဲ့ဒါနဲ့ပတ်သက်ပြီး မလုပ်ရဲတဲ့အပြင် သတ္တိလည်းမရှိပါ။

ဒီနေရာမှာတော့ ခင်ဗျားတို့ကကျနော့ထက်သတ္တိရှိတယ်ဆိုတာကိုဝန်ခံပါရစေ။

ပြည်သူ၊ ရဟန်း၊ ကျောင်းသားတွေရဲ့အရိုးတွေကိုဆက်ပြီး

သွေးတွေဖြန်းထားတဲ့အရိုးတံတား ပေါ်မှာ ခင်ဗျားတို့ကဖြတ်လျောက်ပြီး သစ္စာမဲ့နိုင်ပေမဲ့

ကျနော်ကတော့ လုံးဝလုပ်ရဲတဲ့သတ္တိမရှိတာအမှန်ပါ။

ကျနော့ဘဝမှာ အကြောက်ဆုံးတခုပဲရှိပါတယ်။

တိုင်းပြည်အတွက်တန်ဘိုးမဖြတ်နိုင်စွာရင်းနှီးသွားကြတဲ့ အာဇာနည်တွေရဲ့အရိုးတွေတွန်မှာ

သူတို့ရဲ့သစ္စာဆူးမှာကို ကျနော်အကြောက်ဆုံးပါ။

ကျနော်နောက်ဆုံးပြောချင်တာက ခင်ဗျာတို့နိုင်ငံရေးစင်မြင့်ပေါ်တက်လှမ်းဖို့အတွက်

ကြိုက်တဲ့အဖွဲ့အစည်းထောင်ပြီးတက်ပါ။

ခင်ဗျားတို့ကြိုက်သလောက်ချမ်းသာ ကျနော်စိတ်မဝင်စားဘူး။

ခင်ဗျားတို့လုပ်ပိုင်ခွင့်ကိုလုပ်နိုင်တယ်။

ကျနော်ပြင်းပြင်းထန်ထန်တားဆီးချင်တာက

ဒီနေ့ဒီရက်ကစပြီး ရှစ်လေးလုံးအမည်ကိုသုံးပြီး နိုင်ငံရေးစင်မြင့်ပေါ်ကို တက်လှမ်းဖို့လုံးဝမလုပ်ပါနှင့်။

တကယ်လို့လုပ်ခဲ့မယ်ဆိုရင်

ကျနော်စွမ်းသလောက်ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ကာကွယ်သွားမယ်ဆိုတာ

ဒုတိယအကြိမ်ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။

ရှစ်လေးလုံးဆိုတာ ခင်ဗျားတို့နဲ့မတန်လို့ပဲ။

ရှစ်လေးလုံးအရေးတော်ပုံဂုဏ်သိက္ခာ ကို အမြဲဦးထိပ်ထားလျှက်

သန်းဝင်း

( လက်မှတ်ထိုးထားပါသည်)

by Maung Maung Wann on Wednesday, January 18, 2012 at 1:45am

ယခုအစီရင်ခံစာသည် ကျောင်းသားတပ်မတော် ( မြောက်ပိုင်းဒေသ )တွင် သူလျှိုအဖြစ် စွပ်ဆွဲခံရပြီး ညှင်းပမ်းနှိပ်စက်ခြင်းခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူ ထင်လင်းအောင်မှ ပေးပို့လာသော အစီရင်ခံစာဖြစ်ပါသည်။

————————————————————————————————

ကျနော် ထင်လင်းအောင်သည် ဦးအောင်သန်း ဒေါ်ခင်ရီတို့မှ ၁၉၆၉ ခုနှစ်၊မေလ

၂၄ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင်မွေးဖွားပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံ

ပညာအလယ်တန်းကျောင်း၊ အလက(၁)သထုံမြို့တွင်မူလတန်းပညာကိုသင်ကြားပါသည်။

၁၉၈၈ ခုနှစ်တွင် အထက်တန်းပညာသင်ကြားနေချိန် ဒီမိုကရေစီအရေးအခင်းဖြစ်ပွားပါသည်။

ကျနော်သည် ကျောင်းသားသမဂ္ပ၏ သတင်းနှင့်ဝါဒဖြန့်ချိရေးရုံးတွင် ၀င်ရောက်တာဝန်ထမ်း

ဆောင်ပါသည်။ သပိတ်အခြေစိုက်စခန်းမှာ ၀ိဘာဂီဘုန်းကြီးကျောင်းဝင်းအတွင်းတွင်ဖြစ်ပါ၏။

၁၉၈၈ ခုနှစ်၊စက်တင်ဘာ အာဏာသိမ်းပြီး ၁၉ ရက်နေ့တွင် အမှတ် ၂၄ ခြေလျှင်တပ်ရင်းမှ

တပ်ရင်းမှူးကိုယ်တိုင်လာရောက် လူစုခွဲခိုင်းရာ ၂၀ ရက်နေ့ညနေပိုင်းကျမှ လူစုခွဲလိုက်ပါသည်။

သပိတ်စခန်းခေါင်းဆောင်းများမှာ

၁။ တင်ဝင်း

၂။ သူရိန်ထွန်း

၃။ တင်အုံး

၎။ ကျော်ကျော်

၅။ ဆန်းအောင်

၆။ မြင့်သူ

၇။ အောင်အောင်

၈။ ကျော်မိုး

၉။ ကိုမျိုးတို့ဖြစ်ပါသည်။

          ၂၁ ရက်နေ့တွင် ကျနော်၊ အောင်ဇော်ဦး၊ သံချောင်း၊ ခင်မောင်သိန်း၊ ခိုင်စိုးတို့သည် လက်

နက်ကိုင်လမ်းစဉ်ပြုလုပ်ရန်အတွက် သထုံမြို့မှထွက်ခွါခဲ့ကြပါသည်။ သထုံမှ မြိုင်ကလေး၊ဘားအံ

ထိုမှတဆင့် ဖားကပ်၊ မုဂတိ၊မင်းစီ၊ နတ်ကြီး စသည့်ရွာစဉ်များကိုဖြတ်ပြီး ၂၇ ရက်နေ့တွင် ကေအင်

ယူ နယ်မြေရှိ တပ်ရင်း(၂၁) မယ်သလေစခန်းသို့ရောက်ပါသည်။ ၁၉၈၈ ခုနှစ်၊ နိုဝင်္ဘာလ ၅ ရက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းချိန်မှာ ကျနော်အပါ

အ၀င် အင်အား ၁၀၀ ခန့် မယ်သလေအနီးရှိ ဆင်တောင်ခြေတွင် သင်တန်းတက်ခဲ့ရပါသည်။

          ၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မယ်သလေစခန်းကျသဖြင့် ထိုင်းနိုင်ငံ ရိုးကလိုး

ဒုက္ခသည်စခန်းအနီးတွင် တပတ်ခန့်ခိုနေပြီး ရေကျော်စခန်းသို့သွားရောက်ခဲ့ပါသည်။ ရေကျော်စ

ခန်းတွင် စစ်သင်တန်း နှစ်လတက်ရောက်သင်ကြားခဲ့ပြီး ဧပြီလတွင် တပ်ပြောင်းရွှေ့ခွင့်အရ

ကျနော်နှင့် စိုင်းထူး(ကျိုက်ထို) နှစ်ယောက်သည် ရေကျော်မှ မဲဆောက်၊ မဲသဝေါ၊ မာနယ်ပလော

နောက်ဆုံး ဦးသုထသို့ မေလ ၅ ရက်နေ့တွင်ရောက်ရှိခဲ့ပါသည်။ ထိုစခန်းတွင် တပတ်မျှနေထိုင်

နေစဉ် ဦးသုထစခန်းကျပြန်သဖြင့် စခန်းပြောင်းရွှေ့ရာ သော်လဲထ ၄င်းမှ မဲလထ ၄င်းမှ လဲသာထ

သို့ရောက်ရှိပြီး အမှတ် ၂၀၉ တပ်စခန်းကို တည်ဆောက်ရပါသည်။

          အမှတ် ၂၀၉ တပ်ရင်းတွင် စစ်ရေး နိုင်ငံရေးတာဝန်များကိုထမ်းဆောင်နေရင်း ပလောင်

နယ်မြေတွင် ABSDF ၅၀၁ တပ်ရင်းသစ်တခုဖွဲ့စည်းရန်အတွက် ရွေးချယ်ခြင်းခံခဲ့ရပါသည်။၂၀၉

တပ်ရင်းမှ ရဲဘော် ၂၁ ယောက် ၊ သေဘောဘိုးမှ ၃ ယောက်၊ ရ၀မ်ခမှ ၃၊ ဘုရားသုံးဆူမှ ၁ ဦး၊

နယ်မြေရုံးမှ ၂ ၊ စုစုပေါင်း (၃၀) ယောက်ကိုရွေးချယ်ပြီး ၁၉၉၀ ပြည့် ဇန်န၀ါရီလထဲတွင် နှစ်သုတ်

ခွဲပို့ခဲ့ပါသည်။

          ABSDF ဥက္ကဌ ကိုမိုးသီးဇွန်မှ တာဝန်ပေးသဖြင့် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။

          တပ်ရင်းမှူး သိုက်ထွန်းဦး (ဘုရားသုံးဆူ)-ရန်ကုန် သာကေတ ၅ ရပ်ကွက်။

          ဒု-ရင်းမှူး သူရဇော် (၀မ်ခ) – မြင်းခြံ

          ဆေးတာဝန်ခံ သိန်းထွန်း (၀မ်ခ) – ကျောင်းကုန်း

          တပ်စုမှူး ထင်လင်းအောင်

          တပ်စိပ်မှူး ဇော်နိုင် (သေဘောဘိုး) – ရန်ကုန်

          တပ်စိပ်မှူး ဇလုံး(ဇော်ဇော်ဦး) – တောင်စွန်း

          ရဲဘော်များ

          အငယ်လေး (၀မ်ခ) – မန္တလေး

          မောင်မောင် (နယ်မြေရုံး) – ရန်ကုန် ဒလ

          သက်အောင် (နယ်မြေရုံး) – ရန်ကုန် ၈ မိုင်

          အောင်ဝင်းတင့် (သေဘောဘိုး) – ရန်ကုန်

          ဇော်မြင့် (သေဘောဘိုး) – ရန်ကုန်

          လှဝေ – ကျိုက်ကော်

          အောင်နိုင် – ပဲခူး

          မောင်ဦး – ပဲခူး

          ဆန်းမြင့်ကိုကို – ပဲခူး

          မောင်ဦး – ပဲခူး

          မြင့်ဥင်္ီးလေး (မနှဲလေး) – သထုံ

          ကျော်ကျော် – ကျိုက်ထို

          ဂါမဏိ – ကျိုက်ထို

          ထက်ခိုင် – ကျိုက်ထို

          စန်းမြင့် – ရန်ကုန်

ဦးနိုင်ဦး – ပဲခူး

          သန်းထိုက် – ရန်ကုန်

          သန်းထွဋ် – ပဲခူး

          အောင်ဆန်းဦး – သထုံ ပေါ်တော်မူ

          ကျော်မျိုး – ကျိုက်ထို

          နိုင်လင်း – သထုံ ဇင်းကျိုက်

          သိန်းလွင် – ရန်ကုန်

          စိုးဝင်း – ရန်ကုန်

          အောင်ဇော်ဦး – သထုံ

အထက်ပါ ၃၀ ဦးတို့ကို မာနယ်ပလောမှ သော်လဲထ၊၄င်းမှ မယ်ဟောင်ဆောင်၊ ၄င်းမှ မယ်စတီရမ်း၊

၎င်းမှ ချင်းမိုင်၊ ချင်းမိုင်မှ မာန်မြို့အနီးရှိ လွယ်ဖာပုပ်တောင်အထိ သွားကြရပြီး အဲဒီမှာ စုပါသည်။ ကျနော်

တို့သွားရမည့်အဖွဲ့များမှာ PSLP,ALP,PDF,ABSDF တောင်ပိုင်းမှ မြောက်ပိုင်းသို့ ထွက်မည့်လူများလည်းရှိ

ပါသည်။ PDF ၂ ဦး၊ ABSDF ၃၄ ဦး၊ ALP ၄ ဦး၊ PSLP ၁၈ ဦးတို့ဟာ ၁၉၉၀ မတ်လ ၈ ရက်နေ့မှ စတင်ခရီး

ထွက်ခဲ့ကြပါသည်။

          မိုင်းဆပ်မှတဆင့် ကျိုင်းတုံ ၄င်းမှတဆင့် ပန်ဆိုင်း (ဗဟိုဌာနချုပ်) သို့ ဧပြီလဆန်းတွင်ရောက်ရှိကြ

ပါသည်။ တဖန်ပန်ဆိုင်းမှ မိုင်းမောသို့ ကားဖြင့်ပို့ပေးပါသည်။ လမ်းတွင် တိုက်ပွဲ ၃ ကြိမ်ရင်ဆိုင်ခဲ့ရ၏၊ ပ

လောင်နယ်မြေသို့ ဇွန်လတွင်ရောက်ရှိခဲ့ပြီး တလခန့်ရှေ့တန်းတွင်လှုပ်ရှားရသည်။ တပ်ရင်း (၂၁၇) မှတပ်

ရင်းမှူး စိုင်းစိုးလင်းနှင့်ကျနော် ဦးဆောင်သောတပ်စုတစုသည် မိုးမိတ်၊ မိုးကုတ်၊ နမ်းဆန်နယ်မြေများသို့

လှည်လည် စည်းရုံးရေးဆောင်ရွက်ရပါသည်။ ABSDF ဗဟိုမှညွှန်ကြားချက်အရ KIA ဗဟိုသို့ ဇွန်လတွင်

ခရီးဆက်ခဲ့ရာ ဇူလိုင်လကုန်တွင် KIA တပ်ရင်း (၈) သို့ရောက်ခဲ့ပြီး ABSDF မြောက်ပိုင်း ရွှေဂူခရိုင်မှူး

ရဲလင်းနှင့် တပ်စုတစုကို တပ်ရင်း (၈) တွင်တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့နှင့်အတူ သြဂုတ်လတွင် ABSDF မြောက်ပိုင်းသို့ထွက်ခဲ့ရာ

နည်းဗျူဟာ(၂) တပ်မဟာ (၃) KIA စခန်းရှိ ABSDF မြောက်ပိုင်းမှ ဗန်းမော်

ခရိုင်မှူး ညီညီကျော်နှင့်အဖွဲ့ကို ထိုစခန်းတွင်တွေ့ရပါသည်။

          တပ်ရင်း (၈) တွင်နေထိုင်စဉ်က တပ်ရင်းမှူ သိုက်ထွန်းဦးနှင့် ရဲဘော် စိုးနိုင်ဦးတို့က ABSDF

မြောက်ပိုင်းသို့ ကြိုတင်သွားခဲ့ကြသည်။ ၄င်းတို့နှစ်ဦးက တရုတ်ပြည်ဘက်မှ သွားခြင်းဖြစ်၏။

          တပ်မဟာ (၃) သို့ ကျနော်တို့ရောက်ချိန်တွင် တပ်ရင်းမှူးက လာရောက်ကြိုဆိုပါသည်။ ၄င်း

စခန်းမှ ကျောင်းသားရဲဘော်များနှင့်အတူ စစ်ဆင်ရေးပြုလုပ်ရာ မအူပင်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွါး

ခဲ့သဖြင့် သြဂုတ်လ ၁၀ ရက်နေ့တွင် ကျနော့်ဒူးခေါင်းကို သေနတ်မှန်သဖြင့် KIA တပ်မဟာ (၃)တွင်

ဆေးကုသနေစဉ် ကျနော်နှင့် ရဲဘော်ကျော်မျိုးကိုချန်ထားခဲ့ပြီး ကျန်လူများက ခရီးဆက်ထွက်ပါသည်။

ဒဏ်ရာသက်သာလာပြီးနောက် တပ်မဟာ(၃)မှ မောင်မောင်ကောင်းနှင့် အတူ ကျနော်နှင့် ကျော်မျိုး

တို့လည်း ပန်နိုင်ရွာ၊ ဘင်ခေါင်းရွာ၊ ပထန်ရွာ၊ တအင်းရွာ၊ မအူပင်ရွာများသို့ စည်းရုံးရေးဆင်းရာ အလွန်

ပင်အောင်မြင်ခဲ့ပါသည်။ကျနော်နှင့်ကျော်မျိုးက ၄င်းရွာများကို အမာခံနယ်မြေပြုလုပ်ပြီး စစ်သားသစ်စု

ုဆောင်းခြင်း ၊ရိက္ခာများများအချိန်မရွေးရရှိအောင် ပြင်ဆင်ခြင်း၊ စေတနာ့ဝန်ထမ်းအလုပ်သမားများ ရရှိအောင်

စည်းရုံးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။

          ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ် ၂၈ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ခရီးထွက်ခဲ့ရာ တပ်မဟာ

(၃)မှ အင်ခေါင်း၊ ကြိုးတံတား၊ နောင်ရာပါရွာများကို ဖြတ်ကျော်ကာ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်

နေ့တွင် ABSDF မြောက်ပိုင်းသို့ရောက်ရှိပါသည်။ ကျနော်တို့ရောက်ရှိချိန်တွင် တပ်ရင်းမှူ သိုက်ထွန်း

ဦးနှင့်အတူ ရဲဘော် ၈ ဦး ရင်း ၅ နယ်မြေသို့ စစ်ဆင်ရေးသွားနေကြောင်းသိခဲ့ရသည်။ ကျနော် လမ်း

ကောင်းကောင်းမလျှောက်နိုင်သေးပါ။ တပ်တွင်းအခြေအနေများကို ဆွေးနွေးပါသည်။

          ကျနော်နှင့် ကိုသိန်းထွန်းသည် ABSDF တောင်ပိုင်း ဗဟိုမှချမှတ်ထားသော စည်းမျဉ်းဥပဒေ

များနှင့် မြောက်ပိုင်းမှ စည်းမျဉ်းဥပဒေအချို့ ကွားခြားချက်ရှိကြောင်း ထောက်ပြခဲ့ပါသည်။

          ၁။ သစ္စာအဓိဌာန်

          ၂။ ရဲဘော်များကို စစ်ဆေးရာတွင် ခုံရုံးဖွဲ့ပြီး စနစ်တကျမစစ်ဆေးဘဲ ပါးစပ်မိန့်ဖြင့်သတ်ခြင်း

          ၃။ အထက်နှင့်အောက် ညီမျှမှုမရှိခြင်း

          ၄။ မြို့နယ်စွဲများရှိခြင်း (အထူးသဖြင့် ကချင်ပြည်နယ်)

          ၅။ ရဲဘော်သစ်စုဆောင်းရာတွင် မတရားစုဆောင်းခြင်း၊ မတရားဖမ်းဆီးခိုင်းစေခြင်း

          ၆။ အဖွဲ့ပိုင်ငွေကြေးကို အလွဲသုံးစားလုပ်ခြင်း စသည်တို့ကို ဆွေးနွေးရာ သူတို့က ပါယ်ချပြီး

အမှတ်(၁) တွင် အချက် တချက်တိုးပေးပါသည်။ ဗဟိုမှသတ်မှတ်ထားသော စာသားနှင့်မတူပါ။

ABSDF ကချင်နှင့် ၅၀၁ မှကျနော်တို့ နားလည်မှု ကွဲလွဲတာစတင်ပါတော့သည်။ ကချင်ရှိ

စစ်ဗိုလ်ချုပ်သံချောင်းနှင့် ဥက္ကဌ မျိုးဝင်းတို့က ၅၀၁ နှင့် ၆၀၁ ကို သူတို့လက်အောက်ခံတပ်ရင်းများ

ဖြစ်စေချင်ကြသည်။ ထိုအချိန်တွင် အဆင့်လိုက်တာဝန်ယူမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

          လူကြီးများထံ ကြေးနန်းပို့ရန်တောင်းဆိုခဲ့ရာ ပို့ခွင့်ရသဖြင့် ကချင်ဆက်သွယ်ရေးစက်ဖြင့်

တောင်ပိုင်းဗဟိုဌာနချုပ်သို့ ကြေးနန်းပို့ အကြောင်းကြားပါသည်။ ဗဟိုမှလူကြီးများဖြစ်သော ကို

မောင်မောင်တိတ်၊ ယခင်ဘဏ္ဍာရေး ကိုသန်းဝင်း၊ DAB တွဲဘက်အတွင်းရေးမှူး၊ ကျော်ကျော်

(ABSDF အတွင်းရေးမှူး)၊ မိုးသီးဇွန် (ဥက္ကဌ၊ မုတ်ဆိပ် (ဆက်သွယ်ရေး) တို့နှင့်တွေ့ပါသည်။

          ကိုသန်းဝင်းနှင့်တွေ့ချိန်တွင် (ယခင်က) ထိုကိစ္စကိုတားပါသည်။ ၄င်းက ထိုနယ်မြေသို့

မသွားသင့် အန္တရာယ်ရှိနိုင်သည် ဒုတိယအကြိမ် ညီလာခံတွင် ဒီအကြောင်းအရာကို သူတင်ပြ

ပေးပါမည်ဟု ပြောပါသည်။ ကျော်ကျော်နှင့်တွေ့ချိန်တွင် ကျနော်က အကျိုးအကြောင်းပြောပြ

ပြီးတောင်ပိုင်းသို့ပြန်လာမည်ဟုပြောရာ ကျော်ကျော်က ပြန်မလာနှင့်ဟု တားပါသည်။ ကျနော်

က တောင်ပိုင်းသို့မပြန်ရလျှင် ABSDF မှထွက်မည်ဟုပြောသဖြင့် ကျော်ကျော်က လက်နက်

တွေတော့ပြန်အပ်လိုက်ပါ ပြန်ခွင့်မပြုဟု အမိန့်ချမှတ်လိုက်ပါသည်။

          ကျနော်တို့က ကျော်ကျော်ပြောသည့်အတိုင်း စစ်လက်နက်ပစ္စည်းများကို အပ်လိုက်ပါ

သည်။ ကျနော်တို့အလွန်ပင်ချစ်မြတ်နိုးသော ကျနော်တို့ကိုယ်တိုင် ကြိုးပမ်းတည်ဆောက်ထား

သော ABSDF အဖွဲ့ကို ခွဲရတော့မည်ဟု သိလိုက်ရပြီး ရင်ထဲမှာဖော်မပြနိုင်လောက်တဲ့ ဝေဒနာ

တွေကို ခံစားလိုက်ရပါတော့သည်။ ကျနော်တို့ထမ်းဆောင်ခဲ့တာတွေ အလကားဖြစ်ကုန်ပြီ ကျ

နော်တို့ရဲဘော်တွေဟာ စစ်မြေပြင်မှာ အသက်ကိုနှင်းပြီး ပြည်သူများအတွက် ကိုယ်ကျိုးစွန့်နေ

ချိန်မှာ လူကြီးပိုင်းမှာတော့ နေရာလုမှုတွေ အဂတိလိုက်စားမှု၊ နယ်မြေလုမှုတွေနဲ့ အချင်းချင်း

ပြ\နာဖြစ်နေကြပါသည်။ အရည်အချင်းရှိတဲ့ရဲဘော်တွေကို သူတို့လက်အောက်ဝင်ဖို့ သိမ်း

သွင်းလို့မရရင် နည်းအမျိုးမျိုးနဲ့စွပ်စွဲပြီး အာဏာနဲ့သတ်ပစ်ကြ၏။ ဒါကို ကချင်ကခေါင်းဆောင်

တွေက သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့ကြပါသည်။ AB မြောက်ပိုင်းကလက်နက်သိမ်းထားပြီး

တဲ့နောက်ပိုင်းမှာ ကျနော်တို့ကို မတရားစည်းကမ်းတင်းကြပ်တာတွေလုပ်ခဲ့ပါသည်။

          ဒီအချိန်မှာ ဥက္ကဌထွန်းအောင်ကျော်က ထွက်ပေါက်တခုပေးပါသည်။ ကျနော်တို့တောင်

ပိုင်းပြန်ရန်အဆက်အသွယ် ရှာခွင့်ပြုလိုက်တာကြောင့် ကျနော်လည်း ၅၀၁ မှာရှိသည့် ကိုသိန်း

ထွန်း (ဆေးမှူး)၊ အောင်နိုင်(ဆေးမှူး) တို့ကိုဆက်သွယ်ပြီး ကျနော်တို့ကိုပြန်ခေါ်ဘို့ပြောတော့

အောင်နိုင်(ဆေးမှူး)ရောက်လာပြီး မကြာခင်မှာ ၅၀၁ တပ်ရင်းမှူးရဲ့ဆက်သားလုပ်နေတဲ့ စိုး

မင်းအောင်က ၁၉၉၁ ရှစ်လေးလုံးနှစ်ပတ်လည်မတိုင်ခင် ABSDF ကနေထွက်ပြေးသွားပါသည်။

          လိုက်ရှာကြရာ စိုးမင်းအောင်ကို ရွှေလီမှာဖမ်းမိလာပြီး ဗန်းမော်ခရိုင်ကို ခေါ်သွားပါသည်။

စိုးမင်းအောင်ကို န၀တထောက်လှန်းရေးဟုစွပ်စွဲပြီး စစ်ဆေးကြပါသည်။ မဟုတ်ပါဘူးလို့ငြင်းသ

ဖြင့် စိုးမင်းအောင်းရဲ့လက်နှစ်ဖက်နဲ့ခြေထောက်ကို ထိပ်တုံးခတ်ထားပြီး ခြေဖ၀ါးနှစ်ဖက်ကို ဒါးနဲ့

ခွဲပါသည်။ မီးကင်ပါသည်။ စိုးမင်းအောင်က အာခေါင်သံကြီးနဲ့အော်ပြီး တောင်းပန်ရှာပါသည်။

သံချောင်းချွန်ချွန်တွေကို မီးဖုတ်ပြီး အသားထဲကိုထိုးထဲ့ပါသည်။ ဒါးကိုမီးကင်ပြီး ကပ်ပါသည်။

စိုးမင်းအောင်က ပထမတော့ တင်းခံထားပေမယ့် နာကြင်လွန်းတော့ ထောက်လှန်းရေးပါ လို့

ဝန်ခံရှာပါသည်။

          နှစ်စက်တာကို ခံစားရလွန်းတဲ့ စိုးမင်းအောင်က သက်သာလိုသက်သာညား သွေးရူး

သွေးတန်းနဲ့ ပြောမိပြောရာ နံမည်ပေါင် ၅၀ ကျော်ကို ပြောပြီး အသက်ထွက်သွားရှာတယ်။

အဲဒီအချိန်ကစပြီး တယောက်ပြီးတယောက် အဖမ်းခံရပြီး အနှိပ်စက်ခံကြ၊ မခံနိုင်တော့ နံမည်

တွေလျှောက်ပြောနဲ့ လူပေါင်း ၁၀၀ ကျော် ငရဲခံရပါတယ်။

          ဒီလိုနဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ဟာ ကျနော်တို့အတွက် ကြေကွဲစွာခံစားရတဲ့နေ့

တနေ့ပေါ့၊ ကျနော် ကချင်ကိုလာတာ တနှစ်တိတိကြာအောင်လာခဲ့ရတာပါ။ ကျနော်တို့ ထမ်း

ဆောင်တဲ့တာဝန်နဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးကိုမကြည့်ဘဲ ကျနော်နဲ့ အောင်နိုင်ကို န၀တ

ထောက်လှန်းရေးလို့ စွပ်စွဲပြီး နှိပ်စက်ကြပါသည်။ ကျနော်တို့က စိုးမင်းအောင်အဖြစ်ကိုသိ

ထားတာကြောင့် ကျနော်က အောင်နိုင်နဲ့တိုင်ပင်ပြီး ၀န်ခံလိုက်ပါသည်။ ကျနော် န၀တထောက်

လှန်းရေးမဟုတ်တာကို ကျနော်ကိုယ်တိုင်အသိဆုံးပါ န၀တ နဲ့တိုက်ပွဲဝင်ရင်း ဆယ်ခါပြန်သေရဲ

ပါ၏်။ ကိုယ့်အချင်းချင်းသတ်လို့သေမှာကိုတော့ ကြောက်တာအမှန်ပါ။ ဒါကြောင့်အခြေအနေ

ကိုကြည့်ပြီး ၀န်ခံလိုက်ပါသည်။ ၀န်မခံရင်သေအောင်နှိပ်စက်ကြမှာပါ။ လွတ်မည့်ရက်ကိုစောင့်

ရင်း အချုပ်ထဲမှာ ငရဲခံနေရပါသည်။ ညဘက်ရောက်မှာကိုတော့ ကျနော်တို့သိပ်ကြောက်ပါ၏။

          ညဘက်ရောက်ရင် မူမူးရူးရူးနဲ့ လာနှိပ်စက်ကြတာကို ခေါင်းငုံ့ခံရပါသည်။ တဖြည်းဖြည်း

နဲ့ ကျနော်တို့လို အစွပ်စွဲခံရသူ ၁၃၀ ခန့်ရှိပါပြီ။ သင်းသင်းညီဆိုရင် ဒါရိုက်တာရှင်လုံးရဲ့သမီးလေး

ပါ သူ့အမေလာခေါ်လို့ လွှတ်ပေးလိုက်ပါသည်။ စိုးမင်း (မန္တလေး ကိုတော့ ဖမ်းပြီး မစစ်ဆေးဘဲ

ပြန်လွှတ်ပေးလိုက်ပါသည်။ မျိုးဇော်အောင်ကိုတော့ ဆက်သွယ်ရေးစက်ရှိတယ်ဆိုတဲ့စွပ်စွဲချက်

နဲ့ နည်းမျိုးစုံစစ်ဆေးမေးမြန်းကြပါသည်။ ဇောက်ထိုးဆွဲထားပြီး စအိုထဲကို ၀ါယာကြိုးထည့်ကာ

လျှပ်စစ်လွှတ်လိုက်တာ အူပုတ်ပြီးသေသွားပါတော့သည်။ ဒီသတင်းကိုကြားတော့ ဗန်းမော်ခ

ရိုင်က ဂါမဏိသက်တင်၊ စိုးကြိုင်တို့ထွက်ပြေးပြီး အလင်းဝင်သွားပါတော့သည်။

          ဒီအကြောင်းကိုသိသွားသော တပ်ရင်းမှူးဘဂျမ်းက ဒေါသူပုန်ထပြီး အချုပ်ခန်းထဲကို သူရဲ့

ပစ္စတိုနဲ့ လိုက်ပစ်ပါသည်။ ဦးအောင်မိုး(ဗန်းမော်)ကိုထိမှန်ပြီး ပွဲချင်းပြီး သေတာကို ခြေသလုံး

သားတွေလှီးပစ်ပါသေးသညါ။ အဲဒီညမှာ သက်နိုင်ကိုခေါ်ထုတ်ပြီး မေးတာ မေးလို့မရတော့

သက်နိုင်ရဲ့နားရွက်ကို သေနတ်နဲ့ပစ်ဖောက်ပြီး ပေါက်သွားတဲ့နေရာကို ဒုတ်နဲ့ထိုးထဲ့ပါသည်။

နောက်နေ့မှာကျော်ဌေးကိုခေါ်ထုတ်ပြီး ထောက်လှမ်းရေးမဟုတ်လားလို့ စွပ်စွဲမေးတာကို

ကျော်ဌေးက မဟုတ်ပါဘူးလို့ အတန်တန်ငြင်းတာကြောင့် ကျော်ဌေးရဲ့မျက်လုံးနှစ်ဖက်ကို

အပ်နဲ့ထိုးဆွပါသည်။ အဲဒီဒဏ်ရာနဲ့ဘဲကျော်ဌေးသေပါတော့သည်။

          နေ့စဉ် နေ၀င်ကမိုးချုပ်ထိ အော်ဟစ်တောင်းပန် ငြီးငြူသံတွေက စိတ်ခြောက်ချားစရာ

ကောင်းလှပါသည်။ ကျော်ဌေးသေခါနီးပြောစကားအရ ကျော်ဝေနဲ့ခင်ချိုဦးကို ထပ်ပြီးစစ်ဆေး

ကြပြန်ပါရော။ အဆိပ်တွေဘယ်မှာဝှက်ထားသလဲဆိုပြီး ကျော်ဝေကို ဒါးအဖျားနဲ့ နားရွက်ကို

တနေကုန်ရိုက်ပြီးမေးပါသည်။ နောက်ပြီးချောင်းထဲမှာရေနှစ်သည်။ နောက်ဆုံးအဆိပ်ထုတ်

မပေးရကောင်းလားဆိုပြီး ကျော်ဝေရဲ့ခြေသန်းတဖက်ကိုဖြတ်ပြီး ပါးစပ်နဲ့ကိုက်ပြေးခိုင်းပါ၏်။

အချုပ်ထဲရောက်တော့ အဲဒီလက်ပြတ်ကို ကြိုးနဲ့သီပြီး လည်ပင်းမှာဆွဲခိုင်းထားပါသည်။ ငါးမိ

နစ်တကြိမ် တယောက်ပြီးတယောက်ဝင်လာပြီး အချုပ်ခန်းထဲက လူတွေကို ရိုက်ပါသည်။

          ခင်ချိုဦးကို အဆိပ်လိုက်ပြခိုင်းရာ ခင်ချိုဦးက မသိတဲ့အကြောင်း မရှိတဲ့အကြောင်း

ငိုပြီးတောင်းပန်ရှာသည်။ ဒါပေမယ့် စစ်တဲ့သူတွေက သူရဲပူးနေသလိုဘဲ ရက်စက်စွာနှင့်

ခင်ချိုဦးရဲ့အ၀တ်အစားတွေကို အကုန်ဆွဲချွတ်ပစ်လိုက်ပြီး လိုက်ရှာပါသည်။ မတွေ့တော့

ခင်ချိုဦးကို မြေကြီးထဲမြှုပ်ထားပြီး ခေါင်းသာဖော်ထားပြန်ပါသည်။ ပါစပ်ထဲကိုဒါးထဲ့ပြီးမွှေပြန်

ပြန်ပါသည်။ ဆံပင်ကိုလည်းဒါးနှင့်ဖြတ်ပစ်ပါသည်။ တဖန် ဆံပင်ဆွဲပြီး တပ်ဝင်းထဲကိုဒရွတ်

တိုက်ဆွဲတာကြောင့် အ၀တ်မရှိဘဲပက်လက်ကြီးပါလာတဲ့ ခင်ချိုးဦးကိုမြင်ရတော့ မမြင်ရက်

စရာပါ ကျနော်မျက်ရည်ကျမိပါတော့သည်။ ဘယ်လောက်ယုတ်မာသလဲဆိုလျှင် ခင်ချိုဦးရဲ့

မိန်းမအင်္ဂါကိုဒုတ်နဲ့ထိုးပြီး ရှာဖွေနေတာမြင်ရတဲ့မြင်ကွင်းကတော့ ငရဲပြည်မှာတောင်မှ ဒီ

လောက်ရက်စက်ယုတ်မာတာ ရှိမယ်မထင်ပါဘူး။ ခင်ချိုဦးက မခံမရပ်နိုင်လို့ အော်တော့

မကြားဝံ့မနာသာ ဆဲနေကြတာ ယောင်္ကျားကြီးတွေတန်မယ့် မိန်းမယုတ်တွေထက်တောင်

အောက်တန်းကျပါတော့၏။ ဆဲရင်းပါးကိုဝိုင်းရိုက်နေလိုက်ကြတာ တိရိစ္ဆာန်တွေလိုပါပဲ။

                                                          အပိုင်း ( ၂ ) ဆက်ပါဦးမည်….။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: