Now Myanmar SB or Police Special Branch is seen as trying to replace the once notorious MI and is sabotaging the peaceful cooperation of different religious groups.
They may be the one who oppose and disturb Daw Aung San Suu Kyi’s trips and democratic transformation.
Myanmar President U Thein Sein must control them effectively is wish to continue with his democratizing efforts.
Be careful Myanmar SBs the whole world is watching. Stop the dirty tactics you inherited from MI. Don’t even try to start an anti-Muslim riots.
My brother U Mg Mg was arrested and sentenced to 5 yrs jail by MIs in 90s after he published the peace agreement letter between the Mandalay Buddhist Monks, Sayardaws, Abbots and Muslim groups: Mandalay Devision Ulamas, Maulavis and Muslim Youths.
I sent a registered letter to MI Chief General Khin Nyunt about this, complaining that the Anti-Muslim Riots could be the work of people who wish to sabotage the government. They may be by a faction within the Government or from opposition. I asked or demanded him to reverse his servant Mandalay MIs’ wrong action. My brother was released after one month.
Now SB is seen as trying to sabotage the peaceful cooperation of different religious groups. They may be the one who opposes and disturb Daw Aung San Suu Kyi’s trips and democratic transformation.
My fifth brother Maungmaung Skw wrote…
ကျွန်တော်ဆီမှာ
- ရပ်ကွက်ကိုလျှောက်တဲ့ လျှောက်လွှာ ၊
- ရပ်ကွက်ထောက်ခံချက်၊
ရဲစခန်းထောက်ခံချက်၊ - မြို့နယ်ကနောက်
ထပ်တင်ခိုင်းတဲ့ လျှောက်လွှာ၊ - တိုင်းဒေသကြီးဝန်ကြီး လက်မှတ်နဲ့ ခွင့်ပြုမိန့်
မိတ္တူတွေ အကုန် …
- ရှိပါတယ်။ဖြန့်လည်းဖြန့် ထားပါတယ်။
- ဆရာတော်ဦးဝီရသူကိုလည်း ပေးအပ် ထားပါတယ်။
- အမိန့် မူရင်းနှစ်စောင် ဝန်ကြီးလက်မှတ်ထိုးထားတာကို
- ခရိုင်ကိုတစောင်
- မြို့နယ်ကိုတစောင်ပေး လိုက်ရပါတယ်။
မြို့နယ်ရုံးက စာရေးမက
ရှင်တို့ပွဲမိန့်ရပြီဘဲ၊ဒီစာကိုမိတ္တူ ကူးထားပြီးလုပ်စရာရှိတာ ဆက်လုပ်ပါ။
မြို့နယ် အုပ်ချုပ်ရေးမှူးက အလုပ်များ နေလို့ သီးခြားစာထွက်ပေးနိုင်မှာ မဟုတ်ဘူး လို့ပြောလိုက်ပါတယ်။
ဟိုတယ်ခန်းမက အဲဒီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြု မိန့် မိတ္တူရမှ စရံငွေလက်ခံတာပါ။
ကျွန်တော့လျှောက် လွှာထဲမှာ
- အမည်
- နေရပ်
- ဖုန်းနံပါတ်
အပြည့်အစုံအစုံ ပါပါတယ်။
မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက
ဖုန်းနှစ်ကြိမ်ဆက်ပြီး လိုအပ်တာတွေ မေးသေးတာဘဲ။
မလုပ်စေချင်ရင် အစောကထဲက တားလို့ ရနေတာဘဲ။
တမင်ကို လူစုလူဝေးနဲ့ ပြသနာဖြစ်အောင်ဖန်တီးတာဘဲ။
မြို့တော်ဝန်က ဟိုတယ်ကိုဖုန်း ဆက်ပြီးတားတယ်ဆိုပြီး ဟိုတယ်က
တခါးပိတ် သံကြိုးခတ်ထားတာ။
မြို့တော် ဝန်ကဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ထက် ပါဝါကြီး နေသလားမသိဘူး။
ကြိုက်တဲ့သူက ကြိုက်သလောက်ကြီးကြပါ။
အလုပ် လုပ် တဲ့နေရာမှာတော့ လူကြီးလူကောင်းဆန် သင့်တာပေါ့။
အခု ရဲချုပ်က အရေးယူပါ ဆိုတော့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး အောင်နိုင်သူက အရေးယူဘို့လုပ်တယ်။
ကျွန်တော်ကလည်း သဘောတူတယ် အရေးယူပါ
ကျွန်တော့ဆီမှာ ဒီစာတွေ တော့ မိတ္တူရှိပါတယ်ဆိုလိုက်တော့ ဘယ်သူ့ကို အရေးယူရမှန်း သိဖြစ်နေတယ်။
SBက
- ကျွန်တော့ဆီမလာဘဲနဲ့
- ကျွန်တော့အ ကြောင်း သတင်းမှားတွေပြောပြီး
- ပတ်ဝန်းကျင်ကလူတွေကို လိုက်မေးနေ တယ်။
- သူတို့ရည်ရွယ်ချက် သိပါတယ်။ နောက်ကို ဘယ်သူမှ ကျွန်တော်နဲ့မပတ် သက်ရဲအောင် တောချောက်နေတာပါ။
ကျွန်နော် ဟိုတယ်ကို
- နှစ်သိန်းနဲ့ငှားတာ စရံ တသိန်းပေးထားတယ်
- ပြန်မရသေးပါဘူး။
- ပိုက်ဆန်ပြန်မရချင်ပါဘူး
- နောက် တကြိမ် ပွဲဖြစ်မြောက်အောင်လုပ်ချင်ပါတယ်။
- မရရင်တော့ ဟိုတယ်ကိုဦးတည်ပြီး တရားစွဲရမှာဘဲ။
Read the whole back-ground story “ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပါမစ်အတုဟု ဆိုကာ ပျက်ခဲ့ရ” from MMSY @ http://news.mmsy.info/news/1952
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၊ ၈၄လမ်း ၊ ၂၇လမ်းနှင့် ၂၈လမ်းကြားတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပွဲပျက်သွားကြောင်းသိရှိရသည်။
“ ကျနော်တို့ ခန်းမသွားငှားတော့ ပါမစ်ရမှ စရံငွေယူမယ်ပြောတယ် ၊ ပြောတော့နောက်ရက် ပါမစ်ရတော့ စရံငွေနဲ့ ပါမစ်ကို ခန်းမကိုသွားပေးပါတယ် ။ သူတို့ကိုယ်တိုင် လက်ခံယူထားပါတယ်။ ခု ပွဲနီးမှ ပါမစ်ကအတု ဖြစ်တယ် ခန်းမ မပေးနိုင်ပါဘူး ဆိုပြီးငြင်းလိုက်တာပါ `ဟု ပွဲစီစဉ်သူ ဦးမောင်မောင်က ဖြေကြားခဲ့သည်။
ဦးမောင်မောင်အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအဖွဲ့ကို မေးမြန်းခဲ့ကြောင်း ပြောသည်။
`ကျနော်တို့ကို ပါမစ်ချထားပေးတဲ့ တိုင်းဒေသကြီးအဖွဲ့ကိုပြန်မေးတော့လဲ ဖုန်းဆက်ပြောတာ တရားမ၀င်ဘူး ၊သူတို့ဖက်ကလဲ ပွဲကိုမပိတ်ဘူးလို့ပြောတယ်” ဟု ဦးမောင်မောင်က ဖြေကြားသည်။
အဆိုပါပွဲတွင် မကြာသေးခင်မှ လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသော မစိုးရိမ်တိုက်သစ်မှ ဆရာတော်ရှင်ဝီရသူဦးဆောင်ပြီး ဘာသာကြီး လေးခု ငြိမ်းချမ်းညီညွတ်ရေးအတွက် ဆုတောင်းပွဲကို ပြုလုပ်ခြင်းဖြစ်သည်။
“ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးနဲ့ တကယ်တမ်း ကြတော့ စိတ်ငြိမ်းချမ်းဖို့လဲ မလွယ်ပါဘူး ၊ အခက်အခဲတွေ အများကြီးရှိပါတယ် ၊ မိသားစုငြိမ်းချမ်းဖို့လဲ မလွယ်ပါဘူး ၊ အဲဒီလိုပါပဲ ရပ်ကွက်တစ်ခုလုံး တစ်မြို့လုံး တိုင်းပြည်တစ်ခုလုံး ငြိမ်းချမ်းဖို့လဲ မလွယ်ပါဘူး`ဟု ဆရာတော်က မိန့်သည်။
ဆရာတော်သည် အဆိုပါ ဆုတောင်းပွဲအတွက် လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်ကတည်းကပင် မျှော်လင့်ခဲ့ခြင်းဖြစ်ကြောင်း မိန့်သည်။
`ဒီငြိမ်းချမ်းရေးဆုတောင်းပွဲလေးဖြစ်ဖို့အတွက် ဦးဇင်းလွန်ခဲ့တဲ့ ၂၀၀၀ခုနှစ်ကစပြီး အိပ်မက်တွေ မက်ခဲ့တာပါ ၊ အဲဒီတုန်းကလဲ ဦးဇင်း
အမျိုးမျိုးတောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ် ၊ အဲဒီခေတ်က တောင်းဆိုတုန်းက မဖြစ်နိုင်ဘူးဆိုပြီး ဦးဇင်းကို ဒီလိုပွဲမျိုးစီစဉ်မပေးခဲ့ပါဘူး ၊
ဦးဇင်းက ဘာလို့ မဖြစ်နိုင်ရမှာလဲ အစ္စရေးနဲ့ ပါလက်စတိုင်းတောင်မှ ကျည်ဆံကြားထဲမှာငြိမ်းချမ်းရေး ဆွေးနွေးကြသေးတာ ၊ ဦးဇင်းတို့က ဘာသာတရား လက်ကိုင်ထားတဲ့သူတွေပါ ဘာသာရေးသမားတွေပါ တရားသမားတွေပါ ငြိမ်းချမ်းရေးဆွေးနွေးလို့ ဖြစ်ကိုဖြစ်ရမယ်`ဟု ဆရာတော်က ဆက်လက်မိန့်မှာသည်။
ယခုပွဲအတွက် သာသနာရေးရာအဖွဲ့အစည်းများ ၊ အုပ်ချုပ်ရေးအဖွဲ့များမှ တရားဝင် တားဆီးပိတ်ပင်မှုမျိုး မရှိကြောင်း မီဒီယာများမှမေးမြန်းမှုများကို ရှင်ဝီရသူက ဈေးချိုဟိုတယ်ရှေ့လမ်းမပေါ်တွင် ဖြေကြားသွားသည်။
“၁၁ရက်နေ့မနက်က ခရိုင်သာသနာရေးဌာနကဖုန်းဆက်တယ် ၊ ဖုန်းဆက်တော့ ဦးဇင်းက ဒီအကျိုးအကြောင်း လေးပြောပြလိုက်တယ် တိုင်းဝန်ကြီးရဲ့ စာကိုဖတ်ပြလိုက်တော့ သူတို့ကြားထားတာတော့တဲ့ ခွင့်ပြုချက်မကျဘူးလို့ကြားထားတယ်တဲ့ ၊ ဦးဇင်းက စာဖတ်ပြတယ် ၊ စာကခွင့်ပြုချက်ကြတယ်ဆိုတော့ သူတို့လဲ ဘာမှဆက်မ ပြောတော့ပါဘူး ၊ တားမြစ်တာတော့ မရှိပါဘူး ၊ ဦးဇင်းကို တရားဝင်စာထုတ်ပြီး ကန့်ကွက်တာမျိုးမရှိသလို ၊ ပွဲအတွက် ကြိုးစားနေတဲ့ မွတ်စလင်ဘာသာဝင်တွေ ဒါဦးဇင်းရဲ့ ညီနောင်တွေပဲ ၊သူတို့ကိုလဲ စာထုတ်ပြီး ကန့်ကွက်တာ မရှိပါဘူး ”ဟု ရှင်ဝီရသူကပြောသည်။
ယခုလိုပွဲပျက်သွားသည့်အတွက် ဆုတောင်းပွဲမလုပ်ဖြစ်သော်လဲ ရှင်ဝီရသူမှငြိမ်းချမ်းရေးအတွက် ဆုတောင်း ပေးခဲ့ပြီး မစိုးရိမ်ကျောင်းတိုက်သို့ ပြန်လည်ထွက်ခွာသွားသလို ငြိမ်းချမ်းရေးဆုတောင်းပွဲ ပွဲတက်ရန် လာရောက်ခဲ့ကြသော ရဟန်းသံဃာများ ဘာသာပေါင်းစုံမှလူများ အေးချမ်းစွာ ပြန်သွားခဲ့ကြသည်။
Source: မင်းမင်းလတ်(ရွှေမြစ်မခ-မန္တလေး)
Tags: Aung San Suu Kyi, Burma, Daw Aung San Suu Kyi, Khin Nyunt, Mandalay, Muslim, Myanmar, Thein Sein
Leave a Reply