NLD က ကြားဖြတ်ရွေးကောက် ၀င်မယ့်နေရာတွေမှာ မွတ်စလင် မျိုးဆက်သစ် လူငယ်အများစုကို နိုင်ငံသား စိစစ်ရေးကဒ် ထုတ်မပေးလို့ ဆိုတဲ့အသံတွေ ညံနေတယ်။ ၂၀၁၅ ဒုတိယလွှတ်တော်သက်တမ်းမှာ အလုံးအရင်း တပ်ချီပြီး အသည်းကြားက မဲတစ်ပြားတွေနဲ့ မွတ်စလင်တိုင်းက NLD ကို မဲပေးမှာ သေချာတာမို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရေတိုရေရှည် စီမံကိန်း မူဝါဒလမ်းစဉ်ဟောင်းအတိုင်း လ၀ကကို ဘေးတီးပြီး ဘိုနေမြဲ ကျားနေမြဲ နှိပ်ကွပ်ဖို့ ဆော်သြနေဆဲပဲလို့ ဆိုကြတယ်။
နိုင်ငံခြားသားတရုတ်တွေ ငွေပေးပြီး နိုင်ငံသားကဒ် လုပ်နိုင်ပေမယ့်၊ မွတ်စလင်တွေကိုတော့ ငွေပေးရင်တောင် နိုင်ငံသားကဒ် ရရှိဖို့ ခက်ခဲနေသတဲ့။ ပြည်တွင်းဖြစ် နိုင်ငံခြားသားလုပ်ဖို့ မဟာစီမံကိန်းနဲ့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြတယ်။
အမျိုးပျောက်မှာ စိုးကြောက်ပါ ၀ါဒစွဲကိုင်ထားဆဲ မျက်ကန်းမျိုးချစ်တွေက လုံခြုံရေးအကြောင်းပြပြီး ကျားကျားမီးယပ် ပုံပျက်ပန်းပျက်လုပ်နေတာကို အာဇာနည်နေ့ မကျင်းပရဲတာက သက်သေပြနေတယ်။
တကယ်တော့ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီးဦးရာဇာတ်၊ ဒီဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးအောင်သန်း၊ မိုင်းပွန်စော်ဘွားကြီး၊ ရဲဘော်ထွေး၊ ရာဇ၀တ်အုပ်ဦးအုန်းမောင်ဆိုတဲ့ အာဇာနည်တွေထဲမှာ ဆရာကြီးဦးရာဇာတ်၊ ရဲဘော်ထွေးနဲ့ (ဦးအုန်းမောင်? I am not sure. May be he was not a Muslim.) တို့ (သုံးဦး?) ဟာ နိုင်ငံနဲ့လူမျိုးအတွက် အသက်စတေးပေးသွားတဲ့ မွတ်စလင်တွေ ဖြစ်နေတာကို လူသိမှာ သိပ်ကြောက်တယ်။ သမိုင်းကို ပျောက်အောင် ဖျောက်ချင်ကြလို့ မျိုးဆက်သစ်လူငယ်တွေနဲ့ မွတ်စလင် သူရဲကောင်းတွေကို မရင်းနှီးစေချင်တာကြောင့်ပါ။
ဒါတင်မကဘူး ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားဥက္ကဋ္ဌဟာ ဦးရရှစ်ဆိုကလည်း မွတ်စလင်ပဲ။
လွတ်လပ်ရေးရပြီးတော့ တက္ကသိုလ်ကျောင်းသား ဥက္ကဋ္ဌ ဦးရရှစ်က မြန်မာနိုင်ငံရဲ့ ပထမဆုံး ပညာရေးဝန်ကြီးဖြစ်ခဲ့သလို
မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌ ဗိုလ်မှူးဘရှင်ဟာလဲ မွတ်စလင်ပါ။
ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ် ချုပ်ဖို့ကိစ္စ ပေါ်ပေါက်တုန်းကလည်း ဗိုလ်ချုပ်က “ပြန်မယ် ကိုဖေခင် လေယာဉ်ပျံစီစဉ်”လို့ ပြောတုန်းက ပင်လုံစာချုပ် ချုပ်ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ သံအမတ်ကြီး ဦးဖေခင်ဟာလဲ မွတ်စလင်ပါပဲ။
နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်လတ်၊ သံအမတ်ကြီး ဦးလှမောင်၊ ၀မ်အိုဝမ် ကျော်ဝင်းမောင်လို နိုင်ငံ့ဂုဏ်ရည်ဆရာခြယ်၊ (Election Commission Chairman)
ဒါ့အပြင် ပြောမယ်ဆိုရင် တောင်သူလယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံရဲ့ ညာလက်ရုံးဖြစ်လို့ ကြိုးပေးခံရသူ ထိုးကွင်းမှင်ကြောင်တွေနဲ့ ဦးဒူးဒူးဟာလဲ မျိုးချစ်မြန်မာမွတ်စလင်ကြီး တစ်ဦးပါပဲ။
ဒီလို နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာရှိရှိ မျိုးချစ်စံပြ မြန်မာမွတ်စလင်တွေရဲ့(လွတ်လပ်ရေးတိုက်ပွဲဝင်)သမိုင်းကို မြေမြှုပ်သဂြုင်္ိဟ်ပစ်ချင်လို့၊ မွတ်စလင်မျိုးဆက်သစ်တွေကို နိုင်ငံသားစိစစ်ရေးကဒ်နဲ့ ဘေးကျပ်နံကျပ်ဖြစ်အောင် စနစ်တကျ နှိပ်ကွပ်နေတာ ထင်ရှားပါတယ်။
တကယ်တော့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ပြီး ပြင်ပကမ္ဘာက အနှိပ်ကွပ်ခံ မွတ်စလင်တွေရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး ခေတ်အဆက်ဆက် ပြည်မထဲမှာ မွတ်စလင်သူပုန်ဆိုတာ မရှိခဲ့ပေမဲ့ လုံခြုံရေးနဲ့ ဘာသာရေးကို အကြောင်းပြပြီး အစိုးရတိုင်းက မြန်မာမွတ်စလင်တွေကို Division Policy နဲ့ ဖိနှိပ်ခွဲခြား အုပ်ချုပ်တာ ခံနေကြရတာပါ။
ဒါပေမဲ့ မြန်မာမွတ်စလင်တွေဟာ ဘိုးဘွားများရဲ့ မျိုးချစ်စိတ်ဓာတ်အမွေကို ဆက်ခံပြီး သိသိကြီးနဲ့ ကျရာတာဝန်တွေကို ခေတ်အဆက်ဆက် ထမ်းဆောင်နေခဲ့ကြပေမဲ့ ထိုက်တန်တဲ့ ရာထူး၊ ဂုဏ်သိက္ခာ အဆင့်အတန်းကိုတော့ ဘယ်တုန်းကမှ မရခဲ့ကြပါဘူး။
မြန်မာနိုင်ငံမှာ ဥပဒေရေးဆွဲပြီး နှိပ်ကွပ်ခံနေရတဲ့လူမျိုးက မြန်မာမွတ်စလင်တွေပဲ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ သံသယကြွေးကြော်သံတွေကို ရေလဲသုံးပြီး လူ့အခွင့်အရေးကို မဟားဒယား အချိုးဖောက်ခံနေရတဲ့သူတွေက မြန်မာနိုင်ငံမှာ ဒုတိယ ကိုယ်းကွယ်မှုဆိုင်ရာ လူဦးရေအများဆုံးဖြစ်တဲ့ မြန်မာမွတ်စလင်တွေပါ။
မြန်မာမွတ်စလင်တွေက ဒီမိုကရေစီခေတ်ကို တကယ်အမြန်ရောက်မှ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေးကို ရကြမှာမို့ ဒါကိုမဖြစ်မနေ ဆောင်ကျဉ်းပေးနိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အလုံးအရင်းနဲ့ မဲပေးနိုင်ဖို့ တာစူပြီး ကုန်းရုန်း ကြိုးစားနေချိန်မှာ လတ်တစ်လုံးခြားဥပဒေတွေနဲ့ နိုင်ငံသားကဒ်မရအောင် စနစ်တကျ ပိရိစွာနဲ့ လုပ်ကြံ လုပ်ဆောင်နေတာကြောင့် NLD ရေ ကယ်ပါအုံးဆိုတဲ့ အသံတွေ ကြားနေရတယ်။
စနေမောင်မောင် (ဘားမား)
ဧရာဝတီဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။
Tags: All Burma Students' Democratic Front, Asia, Chairman, Myanmar, Organizations, Politics
March 8, 2012 at 5:54 am |
Anonymous says: မြန်မာပြည် ဒီမိုကရေစီ မရတာ ခုလို ကွန်မန်းပေးတဲ့ လူတွေရဲ့ အသိညဏ်လောက်ရှိတဲ့ သူတွေအုပ်ချူပ်နေလို့ပါပဲ…စနေမောင်မောင် ရေးထားတဲ့ ပိုစ့်ကို အနည်းဆုံးး၃ခေါက်လောက်ဖတ်စေချင်ပါတယ်…အကြောင်းအရာကို သဘောက်ပေါက် တဲ့အထိ ဖတ်စေချင်ပါတယ်…ခု…ဖြစ်နေတာက မြန်မာမွတ်ဆလင်ဆိုတဲ့ စာသားလေးကို ဖတ်မိလိုက်တာနဲ့ စာရေးတဲ့ သူကို ရော မြန်မာပြည်မှာ ရှိတဲ့ အားလုံးသော မွတ်ဆလင်တွေကို ရော ၀ါးလုံးရှည်ရှည်နဲ့ သိမ်းကြုံးရိုက်ပြစ်တာကို ကျုပ်စာဖတ်သူ အနေနဲ့ မြင် မိတယ်…ကျုပ်တို့ မြန်မာပြည်မှာ ငတ်မွတ်နေတာက ဥပဒေနဲ့ ဒီမိုကရေစီပါပဲ…ဒီမိုကရေစီရဘို့ ဆိုတာ ကလည်း ကျူပ်တို့ မြန်မာပြည်မှာ ရှိတဲ့ လူသားတိုင်းနဲ့ ဆိုင်တယ်…လူသားတိုင်းကလည်းးဒီမိုကရေစီ ကို လိုလားတယ်…ခု..ရွေးကောက်ပွဲ မှာ NLD က ကြားဖြတ် ၀င်မယ်ဆိုတော့ ဒေါ်အောင်ဆန်းဆုကြည် ကို ထောက် ခံတဲ့ တိုင်းရင်းသားတွေ …နိုင်ငံရေးးကဒ် မရှိတဲ့ မြန်မာမွတ်ဆလင်တွေ က အသဲကြားက မဲတစ်ပြားကို ဘယ်လို ပေးနိုင်မှာလဲ…စစ်အစိုးရ က အဲ့ဒီ နိုင်ငံသားကဒ်မရှိတဲ့ မြန်မာမွတ်ဆလင်တွေရဲ့ အမည်နဲ့ လှိုဝှက်မဲတွေ ယူထားပြီး အနိုင် ရသွားရင် ရော စာဖတ်သူဘာတတ်နိုင်မလဲ….ကျုပ် ပြောချင်တာ ယနေ့ မြန်မာပြည်သည် ဒီမိုကရေစီ နိုင်ငံသို့ လမ်းဆက်လျှောက်နေသည်…ထို့ကြောင့် မိမိ ကိုယ့်ကို နိုင်ငံကြီးသားပီသစွာ အမြင်အာရုံတွေ လမ်းဖွင့် ပြီးးလက်တွဲလျှောက်လှမ်းနိုင်ကြပါစေ…
March 8, 2012 at 5:56 am |
Anonymous says:
March 4, 2012 3:18 PM Reply
ဒီ ဆောင်းပါးဖတ်ရတာ မှန်သင့်သလောက်တော့မှန်ပါတယ် လိုတာတော့အများကြီးပါ ဒါပေမယ့် လက်ရှိ မြန်မာပြည်မှာ ရှိနေတဲ့ ဘာသာခြား မပြောနဲ့ တိုင်းရင်းသားလူမျိုးခြားတွေ တောင်အဖိအနှိပ်ခံနေရတာပါ၊ မြန်မာပြည်မှာ လွတ်လပ်ရေးရခံနီးကစလို့ ခေတ်အဆက်ဆက် လူမျိုး၊ ဘာသာခြား အကုန်လုံး ၀ါးလုံးအစည်းပြေအောင် သွေးခွဲ လာခဲ့တာပါ အင်္ဂလိပ်တွေက လွတ်လပ်ရေးမပေးချင်လို့ တရုပ် ကုလား တိုင်းရင်းသားအားလုံး ကို ပြသနာ လုပ်ခဲ့တာပါ၊ မြန်မာ ဘုရင်လက်ထက် ဘာလူမျိုးရေး ဘာသာရေး ပြသနာမှ မရှိခဲ့ပါဘူး၊
လွတ်လပ်ရေးရပြီးနောက်ပိုင်း မှာလည်း ဘာသာရေး လူမျိုးရေး ၀ါဒမှိုင်းတွေ ရိုက်သွင်းပြီး သွေးခွဲလာခဲ့တာပါ၊
တိုင်းပြည် မငြိမ်သက်မှ ဒီတိုင်းပြည်မှာ ပြသနာ ဖြစ်နေမှ တိုင်းတပါးကလူတွေ ဒီအပေါ်မှာ အကျိုးစီးပွားရှာ အမြတ်ထုတ်လို့ရမှာပါ (ဥပမာ မြန်မာပြည်ဟာ အရှေ့အာရှမှာ အချက်အချာကျတဲ့အတွက် တကယ်သာတိုင်းပြည်သာတိုးတက်မယ်ဆို တရုပ်၊ အနိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား တို့ အတွက် အနေအစားမချောင် အမြတ်ထုတ်လို့မရပါ၊ မြန်မာပြည်မှာ ပြသနာဖြစ်မှ နိုင်ငံတကာရဲ့ ရင်းနှီးမြုတ်နှံမှုတွေ အကျိုးအမြတ်တွေ၊သူတို့ပဲရမဲ့အပြင် မြန်မာပြည်က လည်းရသမျှအချောင်နှိုက်လို့ရမှာပါ)
မြန်မာပြည်ဟာ ၆၂ ခုကစလို့ ဘာသာခြားမပြောနဲ့ တိုင်းရင်းသား ဘာသာတူ ကော ဘာသာမတူပါ အနှိမ်ခံရ အခွင့်အရေးဘာတခုမှ မရပါဘူး၊ တပ်ထဲရော၊ အပြင် ၀န်ထမ်းလောက စီးပွားရေးလောကမှာပါ အကုန်လုံးကို သွေးခွဲဖိနှိပ်ခဲ့တာပါ ရာထူးကြီးကြီးမားမားထဲက လူမျိုးခြားတိုင်းရင်းသား ဘယ်နှစ်ယောက်များရှိလို့လဲ လက်ချိုးရေလို့ရပါတယ်၊
စစ်အစိုးရဟာ ဗုဒ္ဓ္ဓဘာသာကိုတောင် ဟန်ပြလုပ်ပြီး အတွင်းမှာသံဃာထု မညီညွတ်အောင်လုပ် လှူဖွယ်ပစည်းအမျိုးမျိုးနဲ့ ဂိုဏ်းကွဲ စိတ်ဝမ်းကွဲအောင်လုပ်ခဲ့တာပါ၊ တခြားဘာသာ ဆိုပြောစရာမလိုပါဘူး၊
ဒီမှာရှိတဲ့ ခရစ်ယန်ဖြစ်ဖြစ် မွတ်စလင်ဖြစ်ဖြစ် ဒီတိုင်းပြည်သားခံယူ ပြီး ဒီတိုင်းပြည်ကိုချစ်ဖို့လိုပါတယ်၊
FRC ဖြစ်နေတဲ့ တရုပ် ကုလား များသောအားဖြင့်က ဘိုးဘွားဘီဘင် ဒီမှာမွေး ဒီမှာကြီးလာကြတာပါ ဒီလူတွေဟာ ဒီမှာပဲ မွေး ဒီမှာပဲသေရမှာပါ၊ တရုပ်ကို တရုပ်ပြည်ပြန်ပို့လို့ မရသလို မွတ်စ် တွေလည်း ဘယ်တိုင်းပြည်ပြောင်းခိုင်းလို့ရမှာလဲ ဒီမှာပဲ နေမယ့်အတူတူ ဒီတိုင်းပြည်အတွက်အကျိုးရှိအောင် ဒီတိုင်းပြည်ပေါ် သစ္စာရှိအောင် လုပ်ရမယ် သူတို့ကလည်း ဒီတိုင်းပြည်ကိုချစ်ရမယ် ဒီတိုင်းပြည်အပေါ်သစ္စာရှိရမယ်၊ မနေ့တနေ့ ကမှ နယ.်စပ်က ၀င်လာတာတော့ လက်မခံပါ
ဘယ်ဘာသာ ဘယ်လူမျိုးဖြစ်ဖြစ် အစွန်းမရောက်ကြဖို့လိုပါတယ် ၊ ဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကို ပြန်ကြည့်ရင် စစ်အစိုးရက ပြည်သူတွေကို လမ်းလွဲလိုက်အောင်လုပ်တာကို တွေ့ရမှာပါ၊
မွတ်စ် တွေကလည်း အစွန်းမရောက်ဘဲ ဦးရာဇတ်လို ဦးဘရှင်တို့လို မြန်မာဆန်ဆန် မြန်မာပြည်သားလို မြန်မာပြည်ကိုချစ်ဖို့ ကြိုးစားကြပါအုံး
ပြောစရာတွေအများကြီးပါ ဒါပေမယ့်အရေးအကြီးဆုံးက
အကုန်လုံးသွေးစည်းညီညွတ်ရမဲ့အချိန်ပါ မြန်မာပြည်ဟာ နောက်ကျကျန် အောက်ကျခံနေရတာကြာပါပြီ၊
မြန်မာပြည်မှာရှိသူ မြန်မာနိုင်ငံသားမှန်သမျှ မြန်မာပြည်ကို သစ္စာရှိလို့ မြန်မာပြည်ကိုချစ် မြန်မာပြည်ကြီးတိုးတက်အောင်လုပ်ရပါမယ့်အချိန်ပါ၊
မြန်မာပြည်မှာနေပြီး မြန်မာပြည်ကို မချစ်မဲ့ သစ္စာမရှိမဲ့ လူတွေမဖြစ်အောင် ပြည်သူတွေကို လမ်းပြဖို့ အစိုးရမှာတာဝန်ရှိပါတယ်
ဒီတိုင်းပြည်မှာ နေတဲ့သူတွေ စည်းလုံးညီညွတ်မှ ဒီတိုင်းပြည်သာယာငြိမ်းချမ်းတိုးတက်မှာပါ၊
ကရင်က ဗမာကိုမုန်း ဗမာ က ကုလားကိုမုန်း ကုလားက တရုပ်ကို မုန်း ပါတ်ခြာလည်မုန်း ပြီးရင်း မုန်းရင် ဒီအမုန်းသံသရာနဲ့ ဘယ်တော့မှမငြိမ်းချမ်း မတိုးတက်နိုင်တော့ပါဘူး စိတ်လျှော့ကြပါ သီးခံကြပါ မေတ္တာ ထားကြပါ
ဘာသာရေး လူမျိုးရေးက မတိုက်ခိုက်တာ မဆွေးနွေးတာကောင်းပါတယ် တူတာတွေ ယူကြပါ မတူတာတွေ မေ့လိုက်ပါ ကောင်းတာတွေ မြင်လိုက်ပါ မကောင်းတာတွေ မမြင်ပါနဲ့