ဘာသာရေးကိုအခြေခံပြီး အငြင်းပွားတာ ဘာသာရေးကိုအခြေခံပြီး ခိုက်ရန်ဖြစ်ထာတဲ့လား အမေရယ်။
ဆိုင်းတောင်မှာ လူ၁၅၀ လောက်က ဝတ်ပြုဆောင်တခုကို ညနေ၅နာရီလောက်ကနေ ည၁နာရီခွဲလောက်အထိ မီးစက်တွေနှိုး မီးမောင်းတွေထိုး အမြစ်ကစလှန်ပစ်လိုက် တယ်။တဖက်က လူနဲစုတွေက လူကိုရန်ရှာကြမှာစိုးလို့ ရှောင်နေကြတယ်။ အဲ့ဒါ အငြင်းပွားကြတယ် ခိုက်ရန်ဖြစ်တယ်လို့ခေါ်မ လားအမေ။
နောက်တရက် ကမ္မ မှာ လူ၃၀၀ လောက်က ဒုတ်၊ဒါး လက်နက်တွေကိုင်ကြပြီးတော့ ဗလီတလုံးကိုအမြစ်ပါလှန် ပစ်လိုက်ပြီးတော့ လူနဲစု အစ္စလာမ်ဘာသာဝင်တွေရဲ့ ဆိုင်တွေ အိမ်တွေကိုဖျက်ဆီးပြီးတော့ တန်ဘိုးရှိတာ မှန်သမျှ လုယက်ယူငင်ကြတယ်။လူတွေကိုပါ အန္တရာယ် ပြုလာလို့ ဘေးကင်းရာကို အသက်လုပြေးကြရတယ်။ အဲ့ဒီအဖြစ်အပျက်ကိုရော အငြင်းပွားကြတယ် ခိုက်ရန်ဖြစ် ကြတယ်ခေါ်မလားအမေ။
အခုနောက်ထပ် တောင်တွင်းကြီးတဲ့ ဖားအံ တဲ့ အသံတွေ ကြားနေရပြန်ပြီအမေ။
မန္တလေးမှာလဲ အခါမတိုင်ခင်ကထဲ က အစ္စလာမ်ဆန်ကျင်ရေး စာရွက်တွေ တက္ကသိုလ်ဘက် မှာ ဈေးချိုထဲမှာ ဝေနေကြပြီအမေ။သူတို့ဇာတ်လမ်းစကြ တော့မယ်အမေ။
ကျွန်တော်တို့ဘာတခုမှ မငြင်းပါဘူး အမေ။ဘယ်သူနဲ့မှခိုက်ရန်မဖြစ်ပါဘူးအမေ။
ဒါကို အမေက အငြင်းပွားတယ်၊ခိုက်ရန်ဖြစ်တယ် လို့ သတ်မှတ်သုံးနှုန်းလိုက်တော့ ကျွန်တော်တို့အတွက်ပိုမို နာကြင်စေပါတယ်အမေ။
ဒါပေမဲ့အမေရယ် ၉၀တုန်းကလဲ အမေကိုမဲပေးခဲ့တာဘဲ။
အခုလဲ အမေ မှ အမေဘဲဆိုတော့ အမေ့စကားဘဲနား ထောင်ပါ့မယ်။
ကဲ ပြောအမေ ကျွန်တော်တို့ ကိုယ့်အိမ်ထဲ မှာတင် အသေခံရမှာလား၊လမ်းပေါ်မှာ အသေခံရမှာလား၊ ဗလီထဲလူစုပြီး အသေခံရမှာလား။
Source: Mg Mg
April 16, 2012 at 10:39 am |
Muyar Htun အခုအကြမ်းဖက်နေတာဘယ်သူလဲ။မြန်မာ့ သမိုင်းတလျှောက်ဒီလိုအကြမ်းဖက်မှုမျိုးကိုဘယ် Islamဘာသာဝင်ကမှမလုပ်ခဲ့ဘူး။
12 hours ago · Unlike · 6.
ဘရာဇီး ငှက်ရိုး နိုင်ငံရေးမှာ နည်းပေါင်းစုံ သုံးပြီး လှည့်ကွက်ဆင်တယ်… ဘယ်လိုမှ မရတဲ့ အဆုံး နောက်ဆုံး ဒီနည်းကိုပဲ သုံးတယ်… လူတွေကို မှိုင်းတိုက်တဲ့ ကိစ္စမှာ ဘာသာရေးမှိုင်းက အဆိုးဆုံးနဲ့ အဆင့်မရှိဆုံးပဲ…
12 hours ago · Unlike · 14.
Phonemo Mo အခြေအနေအမှန်ကိုအမေမသိလို့ အငြင်းပွားခိုက်ရန်ဖြစ်တယ်ဆိုတဲ့အသုံးအနုန်းသုံးလိုက်တာဖြစ်မှာပါရှင်။့  သူတို့ရဲ့ဆင်ကွက်ထဲကိုအားလုံးဒေါသရှေ့ထားပီးမရောက်အောင်လို့၊ တားတာပါရှင်။ကျွန်မလိုနလပိန်းတုံးတောင်မှ ဘာသာနဲ့လူမျိုးဆိုတာလူတွေရဲ့သတ်မှတ်ချက်လို့မြင်ရင်၊ အမေက ပိုမြင်မှာပါ။ သတိဝိရိယနဲ့လဲနေကြပါနော်။ အရေးအကြောင်းဆို ဘုန်းကြီးကျောင်းထဲကိုသာသွားနေကြရင်မကောင်းဖူးလား။မန်းလေးဘုန်းဘုန်းတွေကကူညီဖို့အဆင်သင့်ဖြစ်မှာပါ။
11 hours ago · Unlike · 12.
Yae Yint Soe နိုင်ငံရေ နိုင်ငံရေနဲ့ ဒီခွေးဗမာတွေကလဲ မွတ်စလင်မ်ဆို မုန်းတီးနေတာပဲ မဟုတ်လာ….မြန်မာနိုင်ငံမှာ မွေးရတယ် ကိုယ့်ဘ၀ကိုပဲ အပြစ်သင်ရတော့မယ်…..
9 hours ago · Like.
Phonemo Mo ဘာသာတိုင်းလူမျိုးတိုင်းမှာ ၊ရုတ်ရမ်းကြမ်းတမ်းတဲ့မကောင်းမူ၊ အပြုအမူ၊အပြောအဆိုတွေကိုမလုပ်ဖို့တားမြစ်ထားကြတာပါ။ ဘာသာတိုင်းလူမျိုးတိုင်းမှာလဲမကောင်းမူကိုနှစ်သက်သူတွေရှိနေတာပါပဲ။ မကောင်းမူကိုနှစ်သက်သူတွေကိုဘာသာစွဲ၊လူမျိုးစွဲမထားပဲနဲ ၊့မ ကောင်းမူပြုသူများကိုသာရှုတ်ချကြရင်၊ ဘာသာလူမျိုးနဲ့ဆိုင်တဲ့ပြသာနာကိုဖြေရှင်း၇န်လွယ်မလို့ထင်ပါတယ်။
9 hours ago · Unlike · 7.
ဘရာဇီး ငှက်ရိုး
ကျနော့်အမြင်ကတော့ ရှင်းပါတယ်… ရွှေတိဂုံ ဘုရားမှာ ရှိတဲ့ စောင်းတန်းလေးခုလိုပဲ… ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာ စတဲ့ အဓိက ဘာသာလေးမျိုးကို မြင်ပါတယ်… ကြိုက်တဲ့ ဘက်က တက်ခွင့် ရှိတာပေါ့ဗျာ… တချို့စောင်းတန်းတွေက စက်လှေကားနဲ…See More
8 hours ago · Unlike · 10.
Zaw Htet Han ဘယ်သူမှ ဘယ်မှာမှ မတရား အသေမခံသင့်ပါဘူး။ အားလုံး ဒီမြေမှာမွေးတဲ့သူချည်းပဲ။ ဒါပေမယ့် မရပါဘူးဆိုတဲ့ ကျောက်ပန်းတောင်းလို နေရာကိုလည်း လွှတ်ပေးလိုက်ရင် …. ငြိမ်းချမ်းရေးပါ။ လူသားအားလုံးကို လေးစားပါတယ်။
7 hours ago · Like · 2.
Htun Nay Linn MMSKW အမေ့ ကို တကယ် တမ်း သိစေ၇မှာက နှစ်ဖက်လုံးကို အသိဝင်အောင် လုပ်ဖို့  ပြောဖို့ ၊ ဒီကောင် တွေ ဆင်တဲ့ ဂွင်ထဲ မ၀င်ဖို့  မဟုတ်လား။ ခက်တာက လောက၇ဲ့ နေ၇ာတိုင်းမှာ မင်းဆွေ လိုကောင်မျိုးတွေ ၇ှိနေတာပဲ။ အမေ့ ကိုတော့ အ၇ိပ် အမြွက်လေး မှအပြစ် မမြင်စေ ချင်ပါ။စာနာ နားလည် ခံစားလို့ ၇ပါတယ်။( အစ္စလမ်မိုအာလိုက်းကွမ်း)။
7 hours ago · Unlike · 5.
Lin Win Thu NLD ရဲ့ အင်္ကျီတွေဝတ်ပြီး လုပ်ခဲ့တဲ့အပေါ် NLD က ပြတ်သားတဲ့ Statement တစ်ခု ထုတ်ပေးဖို့ အရေးကြီးပါတယ်။ ဒီကိစ္စကို အပေါ့ရိကထားပြီး ကိုင်တွယ်မယ်ဆိုရင်တော့ ကြံ့ဖွတ်တွေ သခင်အားရ ကျွန်ဘားဝ ဖြစ်လာမှာနော်။ ဒီကိစ္စကို ကြံ့ဖွတ်မှာ 80ရာခိုင်နှုန်း တာဝန်ရှိတယ်။ ဟိုးတုန်းကတည်းက ကြံ့ဖွတ်ရဲ့ အဓိကပေါ်လစီဟာ ဘာသာရေး သွေးခွဲသပ်လျှိုမှုပါ။ သက်သေအထောက်အထားတွေ များစွာ ရှိပါတယ်။
7 hours ago · Unlike · 7.
Kyaw Soe Win
နိုင်ငံရေးအရ အကြပ်အတည်းဖြစ်လာရင်ပဲ ဖြစ်ဖြစ်၊
နိုင်ငံရေးအရ အကြပ်အတည်းဖြစ်အောင်ပဲ ဖြစ်ဖြစ်၊
စစ်အုပ်စု နဲ့အပေါင်းပါတွေဟာ
ဘာသာရေး၊လူမျိုးရေးအဓိကရုဏ်းတွေဖြစ်အောင်
ဖန်တီး တတ်ကြပါတယ်။ဖန်တီးခဲ့ကြပါတယ်။
ကျနော်တို့နိုင်ငံသားအားလုံး( မည်သည့်ဘာသာဝင်၊မည်သည့်လူမျိုးဖြစ်စေ)
သည်းခံခြင်း၊အမျှော်အမြင်ရှိခြင်း၊ နားလည်မှုရှိခြင်းတွေနဲ့
ဝိုင်းဝန်းကာကွယ်ခဲ့ကြသလို၊ ဆက်လက်ပြီးလည်း
ဝိုင်းဝန်းကာကွယ်ကြပါလို့ တိုက်တွန်းပါတယ်။
6 hours ago · Unlike · 5.
Ko Lwin
လူယုတ်မာတစ်သိုက်နဲ့လူမိုက်တစ်အုပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုမိမိဆန္ဒအရလွတ်လပ်စွာရှုတ်ချခွင့်ရှိပါတယ်သို့သော်လူများစုဒါမှမဟုတ်လူအားလုံးကိုရည်ညွှန်းရေးသားချက်မျိုးတွေကိုတော့ကျေးဇူးပြုပြီးရှောင်စေချင်ပါတယ်အသိနဲ့သတိယှဉ်ပြီးတုန့်ပြန်စေချင်ပါတယ်မိမိကိုးကွယ်ရာဘာသာတရားကဘယ်လောက်မြင့်မြတ်တယ်ဆိုတဲ့အကြောင်းကိုသက်သေပြဖို့ရာမိမိရဲ့ လုပ်ရပ်နဲ့စိတ်ဓါတ်နဲ့ပဲသက်သေထူရမှာပဲ။ဒီပြသနာတွေမှာတာဝန်အရှိဆုံးကအစိုးရပဲဒီပြသနာတွေထပ်ဆင့်မကြီးထွားဖို့ကလက်ရှိပြည်သူတွေကိုသြဇာသက်ရောက်နေတဲ့နိုင်ငံရေးခေါင်းဆောင်များ၊ဘာသာရေးနယ်ပယ်ကပြည်သူတွေကြည်ညိုမှု့ကိုအများဆုံးခံရတဲ့ခါင်းဆောင်များ၊ပြည်သူ့အကျိုးကိုလိုလားတဲ့မီဒီယာများ၊ပြီးတော့မိတ်ဆွေတို့ကျနော်တို့…..အားလုံးမှာတာဝန်ရှိပါတယ်။
6 hours ago · Unlike · 6.
Ko Ko Htay ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့၊စစ်မှန်သော ဒီမိုကရေစီ အစိုးရက ဘာလုပ်မှာလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်မှာလဲ ဆိုတာ စောင့်ကြည့်ရမယ်။
6 hours ago · Unlike · 4.
Saw Ae’ Banyar Muslim တွေကို အကြမ်းဖက် သမားတွေလို့ ဘယ်သူပြောလဲ့
4 hours ago · Like · 2.
Ko Oo Muslimဆို တာမြန်မာပြည်မှာတော့အကြမ်းဖက် ခံရတာပါ။
4 hours ago · Like · 1.
Htay Tint လူ့ အခွင့်အရေးဆိုတာ မြန်မာပြည်မှ အုပ်ချုပ်သူတွေက နားမလည် မကျင့်သုံးနိုင်သေးသမျှ ဒီလို အုပ်စုလိုက် နိုင်ထက်စီးနင်းမှုတွေ ကို ဝမ်းနည်းဖွယ်ရာ ကြားနေရမှာပါဘဲ ။
4 hours ago · Like.
Ko Oo Muslim တွေကို အကြမ်းဖက် သမားတွေလို့ ပြောနေကြသူများ ကိုယ့်လုပ်ရပ်ကိုပြန်ကြည့်ပီ ငါတို့ကမှအကြမ်းဖက်သမားစစ်စစ်တွေပါလားလို့ဝန်ခံသင့်ပီ။
4 hours ago · Unlike · 2.
Lin Win Thu လူတွေကမကောင်းတတ်လို့သာ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး၊ လစ်ဘရယ်ပြောနေပုံရတယ် ။ လူတွေတတယ်လိုချင်နေတာက အီရန်လိုမျိုး ဘာသာရေးအခြေခံ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသား နိုင်ငံတော်ကြီး (by: Amara Thiha)
3 hours ago · Unlike · 3.
Mimi Koko
“မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင်
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ”
“If you are neutral in a situation of injustice, you have chosen to side
with the oppressor.”
…
See More
38 minutes ago · Unlike · 1.
Maungmaung Skw
ဗမာလူမျိုးတွေပျော်ဖို့ဆိုရင်
ထွေထွေထူးထူး ဘာမှမလိုဘူး
မြနန္ဒာ သီချင်းဖွင့်ပေးလိုက်
ကလေး လူကြီးထကတော့တာဘဲ။
ဗမာလူမျိုးတွေနဲ့ပြသနာရှာချင်ရင်
ထွေထွေထူးထူး ဘာမှမလိုဘူး
လမ်းစဉ်လူငယ်တွေ ရေးသားဖြန့်ဝေခဲ့တဲ့
မျိုးပျောက်မှာ စိုးကြောက်ပါသည် ဆိုတဲ့
စာရွက်သာရိုက်ဖြန့်လိုက်
ကလေး လူကြီးတွေတင်မကဘူး
သံဃာတွေပါ ဗလီဖျက်တော့တာပါဘဲ။
23 minutes ago · Unlike · 2
April 22, 2012 at 12:06 pm |
Tun Thiha Soe posted:
ယနေ့မနက် (၁၆ ဧပြီ ၂၀၁၂) RFA မနက်ခင်းပိုင်း ရေဒီမှ ဒေါ်အောင်ဆန်းစုကြည်၏ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ဘာသာရေး အကြောင်းပြ အကြမ်းဖက်မှု အပေါ် ပြည်သူလူထုအား မေတ္တာရပ်ခံချက် အပေါ် ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး ဒီကစ္စအပေါ် ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း အမှန်ကို စုံစမ်းပြီး NLD အနေနဲ့ ပိုမိုထိရောက်တဲ့ ထုတ်ပြန်ချက် သို့မဟုတ် လုပ်ဆောင်ချက် တခုခုကို ဆောင်ရွက်စေလိုပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ အခုလို အရုပ်ဆိုး အကြည်တန်တဲ့ ပြဿနာတွေနဲ့ အချိန်ကုန်ပြီး ပြိုကွဲရမဲ့ အခြေအနေမျိုးကို အဓိကထား ရှောင်ရှားရမဲ့အခြေအနေမှာ ရောက်ရှိနေပါတယ်။
ပြည်လူထုရဲ့ အားကိုးအားထားရာ ပါတီတခုဖြစ်တဲ့ NLD အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ကို ယခု ဖြစ်ပေါ်နေသော တရားမဲ အကြမ်းဖက်မှု အပေါ် တရားသဖြင့် အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးရန် မတရား အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်သွား ရန် ဖိအားပေးတောင်းဆို တိုက်တွန်းသွားရန် အနူးအညွှတ် ပန်ကြားအပ်ပါသည်။