TQ my good Bama friends for understanding

TQ saya Atta Kyaw. May I share this in FB and blog? You have reminded me of my secret thought since young: “Whether Allah would punish me for not been a Muslim if I were not born to the Muslim parents, but born into the Buddhist parents or Christian etc, From that I extended my thoughts that my friends and neighbours should not be punished by God or hate by me just because they are born into the parents with different faith.

Later I decided to accept that religions need to be practice as taught without question, once we accepted and as long as it is not a radical view or taught us the violent ways.

But when I had read a paragraph in our Quran stating Allah would not just send a Muslim to the Paradise because he is a Muslim and would not punish a non-Muslim to the hell but would decide on INDIVIDUAL’s MERITS I started to realize the TRUTH.

After learning Buddhism, Christianity, Hindu and Jews, I understand that BASICALLY all the good virtues of religions are the same and if we all practice the good things and avoid the sinful things, we ALL are the same and could work and stay peacefully together. But I am sad to say that we all are searching the differences, INTERRELIGIOUSLY and INTRARELIGIOUSLY and always quarrel and fighting one another.

Atta Kyaw shared Kyaw Thu Yein Lwin‘s ကျွန်တော်တို့တတွေရော ဗမာဖြစ်ရမယ်၊ မူစလင် ဖြစ်ရမယ်၊ ခရစ်ယန် ဖြစ်ရမယ် ဆိုပြီး ရွေးချယ်ခွင့် ရှိခဲ့ပါသလား။ ကျွန်တော်တို့ ဖြစ်လာတဲ့ လူမျိုး၊ ဘာသာဟာ ကိုယ်ပိုင် ရွေးချယ်ခွင့်မရှိဘဲ လက်ခံလိုက်ရတဲ့၊ သဘာဝက သတ်မှတ်ပေးလိုက်တဲ့ ကိစ္စပါ။ ကိုးကွယ်တဲ့ဘာသာ…ကိုသာ လူက ပြန်ပြောင်းချင် ပြောင်းလို့ရမယ်။ လူမျိုးဆိုတာ ဒီတစ်သက် ပြောင်းလို့ မရတော့ပါဘူး။ ရွေးချယ်ခွင့်မရှိဘဲ ရလာတဲ့ လူမျိုးတစ်မျိုး ဖြစ်ရခြင်းအပေါ် နောက်လူမျိုးတစ်မျိုးက အမြင်မကြည်စရာ အကြောင်း မရှိသလို လူတစ်ယောက် ရွေးချယ်ထားတဲ့ ဘာသာတရား အပေါ်လည်း မုန်းတီးနေစရာ အကြောင်း မရှိဘူးလို့ မြင်ပါတယ်”

ဆရာကြီး ဦးအောင်သင်း ရဲ့ အသံသွင်းစာအုပ်ထဲက အကြောင်းအရာလေးကို သတိရမိပါတယ်.. ဆရာကြီးက လူဖြစ်လာတဲ့အခါ ဘယ်မိဘဆီမှာ လူဖြစ်မယ်.. ဆိုပြီး ရွေးချယ်ခွင့်မရတဲ့အကြောင်း.. ဖြစ်လာတဲ့ ဘ၀ ကို လက်ခံနိုင်ရမယ် ဆိုတဲ့ အကြောင်း ကနေ စပြီး ဟောပြောထားတာပါ..

ခုတလော.. ကုလား-ဗမာ အရေးအခင်း ဖြစ်မယ်.. ဖြစ်တော့မယ်.. ဆိုတာတွေ တွေ့ နေရပါတယ်.. ကျွန်တော်တို့ တတွေရော ဗမာ ဖြစ်ရမယ်.. မူစလင် ဖြစ်ရမယ်.. ခရစ်ယန် ဖြစ်ရမယ် ဆိုပြီး ရွေးခ…ျယ်ခွင့် ရှိခဲ့ပါသလား.. ကျွန်တော်တို့ ဖြစ်လာတဲ့ လူမျိုး..ဘာသာ ဟာ ကိုယ်ပိုင် ရွေးချယ်ခွင့်မရှိပဲ လက်ခံလိုက်ရတဲ့ သဘာဝက သတ်မှတ်ပေးလိုက်တဲ့ ကိစ္စပါ.. ကိုးကွယ်တဲ့ဘာသာကိုသာ လူ က ပြန်ပြောင်းချင်ပြောင်းလို့ ရမယ်.. လူမျိုး ဆိုတာ ဒီတစ်သက် ပြောင်းလို့ မရတော့ပါဘူး.. ရွေးချယ်ခွင့်မရှိပဲ ရလာတဲ့ လူမျိုးတစ်မျိုး ဖြစ်ရခြင်းအပေါ် နောက်လူမျိုးတစ်မျိုးက အမြင်မကြည်စရာ အကြောင်းမရှိသလို လူတစ်ယောက် ရွေးချယ်ထားတဲ့ ဘာသာတရား အပေါ်လည်း မုန်းတီးနေစရာ အကြောင်း မရှိဘူး လို့ မြင်ပါတယ်..

ကျွန်တော်တို့ လက်ခံကြရမှာ တစ်ခုတည်း ရှိပါတယ်.. သူလည်း လူ.. ကိုယ် လည်း လူ ဆိုတာပါပဲ..

သူ့ မှာလည်း သူ့ မိသားစု.. ကိုယ့်မှာလည်း ကိုယ့်မိသားစု နဲ့ ပါပဲ..
ငြိမ်းချမ်းတာကိုပဲ မြင်ချင်တွေ့ ချင်ပါတယ်..

Htay Oung ဆရာခင်ဗျား သမိုင်းစာမျက်နှာ အစပိုင်းတွင် လူအများ ရေကြည်ရာ မျက်နုရာ Migrate လုပ်ကြတာ သဘာဝပါ။ နိုင်ငံနယ်နိမိတ်များ ခိုင်မာလာပြီးနောက် Migrate မှာ လူသားများအတွက် ကန့်သတ်ခံထားသလိုရှိနေပြီး Immigrant သာ ခွင့်ပြုသလိုပါ။ ယခု ကျွန်တော်တို့ နယ်စပ်မှ… လှေစီးဒုက္ခသယ်များပြဿနာမှာ ယိုးဒယား၊ မလေးရှား၊ အင်ဒိုနီးရှားသာမက သြစတေးလျှနှင့် နယူးဇီလန်အထိ ခေါင်းစားစရာ ပြဿနာဖြစ်လာတာသိမှာပါ။ သူတို့လဲ လက်မခံနိုင် တစ်ချို့ ဒုက္ခသယ်လှေများကို ပင်လယ်အတွင်း ပြန်မောင်းထုတ်လို့ အပြင်းအထန်ဝေဖန်ခံရတာမျိုးပင်ရှိနေပါတယ်။ လူမျိုးရေး မုန်းတီးရေး အကြောင်းအရာတွေကို ညစ်ညမ်းတဲ့စကားလုံးတွေသုံးပြီး တဖက်တချက် အပြန်အလှန်ဆဲဆိုနေတာကိုမြင်တွေ့ရတာ အင်မတန်စိတ်မကောင်းဖြစ်မိတဲ့အထဲ ကျွန်တော်လည်း ပါဝင်ပါကြောင်း။ ဥပဒေရှိသည့်အတိုင်း တရားမျှတစွာ ဖြေရှင်းခြင်းသာ နည်းလမ်းမှန်ဖြစ်နိုင်ပါကြောင်း။ကျန်းမာ ချမ်းသာကြပါစေခင်ဗျား။၏

 

Tags: , , , , , , ,

2 Responses to “TQ my good Bama friends for understanding”

  1. drkokogyi Says:

    Baby Shwe Piguet ဟုတ်ပါတယ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် လူလူချင်း စာနာစိတ်၊ ဗြဟ္မစိုရ်တရားတွေ ပွားများတဲ့စိတ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားကြရင်ကောင်းမှာပါ။ FB ပေါ်မှာလူမျိုးရေး မုန်းတီးရေး အကြောင်းအရာတွေကို ညစ်ညမ်းတဲ့စကားလုံးတွေသုံြး​ပီး တဖက်တချက် အပြန်အလှန်ဆဲဆိုနေတာကိုမြင်​တွေ့ရတာ အင်မတန်စိတ်မကောင်းဖြစ်မိပါ​တယ်။

  2. drkokogyi Says:

    Atta Kyaw
    လူမျိုးရေး၊ ဘာသာရေး ကိစ္စမှာလည်း အတူတူပါပဲ။ အားလုံးက ပညတ်တွေလို့ ကျွန်တော် နားလည် ခံယူမိပါတယ်။ တကယ်တော့ လူဟာ လူပါပဲ။ ပိုင်နက်နယ်မြေ၊ တိုင်းရင်းသားဖြစ်ခွင့်၊ တရားမ၀င် လူခိုးဝင်ခြင်းဆိုတာတွေလည်း​ လူသားတွေ၊ အထူးသဖြင့် ကနေ့ခေတ်မှာ နွမ်းပါးတဲ့၊ အောက်ကျတဲ့ နိုင်ငံများမှာ လူဖြစ်နေရရှာတဲ့ လူသားတွေ မကင်းနိုင်ကြတဲ့ ဖြစ်ရပ်တွေလို့ပဲ မြင်မိပါတယ်။

    အာကာသ ယာဉ်မှူးတစ်ဦးက ကမ္ဘာပတ်လမ်းကြောင်းပေါ်က ပတ်နေတဲ့အခါ ကမ္ဘာကို မြင်ရတယ်။ အဲဒီ့အခါ ကမ္ဘာ့ တိုက်ကြီးတွေကိုပဲ မြင်ရပါတယ်တဲ့။ မြေပုံပေါ်က မျဉ်းတွေကိုတော့ မမြင်ရဘူးတဲ့။ မမြင်ဆို မြေပုံပေါ်က မျဉ်းဆိုတာ လူတွေက စိတ်ကူးထဲမှာ သတ်မှတ်ထားတာပါတဲ့။ မြန်မာလို ပြောရင် ပညတ်ပေါ့ ခင်ဗျာ။ ကချင်ပြည်နယ်မှာလည်း ရှမ်းတွေ၊ ပအို့တွေ၊ တခြား တိုင်းရင်းသားတွေ ရှိနေသလို ရှမ်းပြည်နယ်မှာလည်း တခြား တိုင်းရင်းသားတွေ အစုအဝေးလိုက် နေထိုင်ကြတာမျိုးပါ။ ဒါဟာ နယ်မြေချင်း ထိစပ်နေတဲ့ အရပ်ဒေသတိုင်းရဲ့ ဖြစ်မြဲဓမ္မတာလို့သာ မြင်မိပါတယ်။

    မြန်မာနဲ့ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တခြားတိုင်းရင်းသားတွေထဲကလည်း အမေရိကန်နိုင်ငံသားဖြစ်ခွင့်​၊ ဗြိတိသျှ၊ သြစတြေးလျ နိုင်ငံသားဖြစ်ခွင့်တွေ အပါအ၀င် တခြားနိုင်ငံသား ဖြစ်ခွင့် ရယူချင်သူတွေ တစ်ပုံတစ်ပင် ရှိတာကို ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူးခင်ဗျာ။ ဖြစ်နိုင်ရင် တရုတ်တန်းတွေလို နိုင်ငံ အသီးသီးမှာ မြန်မာတန်း တစ်နေရာ ရချင်ကြသူတွေလည်း ရှိမှာပါနော်။ အဲဒါဟာ တစ်နည်းပြောရင် ပိုင်နက်နယ်မြေ လိုချင်တဲ့ သွယ်ဝိုက်သော သဘောပါပဲ ခင်ဗျ။ (မောင်နှမအရင်းအချာချင်းထဲမှာ၊ ရဟန်းတော်တွေထဲမှာတောင် မြေလုတာ၊ ကျောင်းလုတာတွေ၊၊ တရားစွဲဆိုကြတာတွေဟာ ပိုင်နက်နယ်မြေအတွက် ပုထုဇဉ်ပီသကြတဲ့ သဘောလေးပဲလို့ မြင်မိပါတယ်။

    အလားတူပဲ တရားမ၀င် လူခိုးဝင်တဲ့ ကိစ္စကရော ကျွန်တော်တို့ နိုင်ငံသားတွေ ကင်းနိုင်ရှာကြလို့လား၊ ကမ္ဘာ့နိုင်ငံအနှံ့က အိုဗှာစတေးတွေ၊ အိမ်နီးချင်းနိုင်ငံတွေဆီ တရားမ၀င် ခိုးဝင်တာတွေ ကျွန်တော်တို့ နိုင်ငံသားတွေ ကိုယ်တိုင် ကင်းနိုင်ရှာကြလို့လား။ ရေကြည်မယ်ထင်ရာ၊ မြက်နုမယ် ထင်ရာကို အသက်ရှင် ရပ်တည်လိုတဲ့ လူသားအပါအ၀င် သက်ရှိ သတ္တ၀ါတိုင်း ရွှေ့ပြောင်းနေထိုင်ကြတာပါပဲ​။ ဒါကို အပြစ်ကြီးတစ်ခုလို့ မြင်မိရင် လူဆန်ပါ့မလား။ လူသားချင်း စာနာထောက်ထားမှုတွေ၊ ဗြဟ္မစိုရ်တရားတွေနဲ့ ကိုက်ညီပါရဲ့လား။ အင်မတန် စဉ်းစားဖို့ ကောင်းတဲ့အချက်ပါ။

    စီမံချက်တွေ ဘာတွေကို ကျွန်တော် လက်လှမ်းမမီဘူးခင်ဗျ။ ကျွန်တော့်အရာလို့လို့ ယောင်လို့တောင် မတွေးမိဘူး။ ကျွန်တော် လက်လှမ်းမီတာက လူကို လူလို မြင်မိအောင်၊ လူလူချင်း စာနာနိုင်အောင်၊ ဗြဟ္မစိုရ်တရားတွေ ပွားများနိုင်အောင် ကိုယ်တတ်စွမ်းတဲ့ နေရာသေးသေးလေးက၊ ကိုယ့်ဦးနှောက် သေးသေးလေးနဲ့ပဲ အချင်းချင်း ရိုင်းပင်း သွားဖို့ပဲလို့ ခံယူမိပါတယ် ခင်ဗျာ။

    ကျွန်တော့်ကို နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်ခင်ဗျား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: