Archive for May 2nd, 2012

TQ Ludu U Sein Win for this: “မန္တလေးကိုချစ်တဲ့စိတ်၊ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်”

May 2, 2012

အမြင်ကျဉ်းပြီး ငါ့မြို့မှ ငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုးဆိုတဲ့သဘော မရှိဘူး။

မင်းတုန်းမင်းတရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်းတရားလက်ထက်မှာ ဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတဲ့ ယိုးဒယားလူမျိုး လက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကို ရပ်ကွက်တည်ပေးပြီး စုဝေးနေထိုင်စေခဲ့တဲ့အတွက် မြန်မာတွေနဲ့ ထွေးရောယှက်တင် နေခဲ့ကြတယ်။

ပသီမျိုးနွယ် အစ္စလာမ်ဘာသာဝင်များအတွက်လည်း ရပ်ကွက်တွေတည်ပေးပြီး ဗလီကျောင်းကြီး တွေ တခမ်းတနား ဆောက်လုပ်နေထိုင်စေခဲ့တယ်။

အမေရိကန်သာသနာပြုဆရာ ဒေါက်တာမတ်ကြီးကိုလည်း သာသနာပြုခွင့်ပေးရုံမက စာသင်ကျောင်းပါ ဆောက်ပေးပြီး စာသင်စေခဲ့ပါတယ်။အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံပညာသင်စေခဲ့တယ်။  (more…)

Advertisements
  • Blog Stats