Archive for May 6th, 2012

မြန်မာမွတ်စလင် ကြေညာစာတမ်း

May 6, 2012

မြန်မာမွတ်စလင် ကြေညာစာတမ်း

ငါတို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက တိုင်းကျိုး ပြည်ကျိုးကို ဦးဆွေးဆံမြည့် ထမ်းဆောင်ခဲ့သူများဖြစ်၏။

ငါတို့သည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်များတွင်သာမက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ပွဲသိမ်းလွတ်လပ်ရေး တိုက်ပွဲကြီးတွင်လည်း မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူများဖြစ်၏။

ငါတို့သည် ခေတ်အဆက်ဆက်မှ ယနေ့ခေတ်ကာလအထိ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်ထောင်စုသစ် တည်ဆောက်ရေး ကြိုးပမ်းမှုများတွင်လည်း ဆက်လက်ပေးဆပ် ရုန်းကန်နေသူများဖြစ်၏။

ငါတို့သည် မြန်မာ့လူ့ဘောင်၏ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစားစသော နယ်ပယ်အသီးသီးတွင် သမိုင်းမှတ်တိုင် စိုက်ထူခဲ့၊ စိုက်ထူဆဲသူများဖြစ်၏။

ငါတို့သည် ဒို့ဗမာအစည်းအရုံးကြီး၏ ပထမဆုံး ထုတ်ပြန်သော ၁၉၃၀ခု၊ မေလ(၃၀)ရက်နေ့ ကြေညာစာတမ်းပါ “အို – – – ငါတို့နှင့် တမြေတည်းနေ၊ တရေတည်းသောက် တနိုင်ငံဘွားဖြစ်သော ဗမာကပြားအပေါင်းတို့၊ အသင်တို့သည် ဗမာပြေဘွားများဖြစ်ကြသဖြင့် စင်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော” ဟူသည့် ဗမာ့လွတ်လပ်ရေး တိုက်ပွဲခေါ်သံကို မတွန့်မဆုတ် ရဲရဲတောက် အလျှင်အမြန် တုန့်ပြန်ခဲ့သူများဖြစ်၏။

(more…)

Advertisements
  • Blog Stats