My 6th. brother SMAR Nyi Nyi’s songs

နောက်သီချင်းတွေနဲ.တုန်.ပြန်မှုတွေ   (ဆမား) ညီညီ   မြောက်ပိုင်းရဲဘော်ဟောင်း               သစ္စာတေးနဲ.အတူ နောက်ထပ်အင်္ဂလိပ်သီချင်းတပုဒ်နဲ.စစ်ချီသီချင်း ၄ ပုဒ်ရေးခဲ့ပါတယ်။အင်္ဂလိပ်သီချင်းက Be peace upon our Blood ပါ။အားလုံးမငယ်ရဲ.သံစဉ်တွေပါ။

*Whole Life Is Bloodshed And In Caldesac

How D’ You Think Such A Painful Life

We Can’t Bear, We Must Fight For The Whole Of Our People

*It’s  Still Dark But Dawn Start That We Can Sense

Be Prepared For What It Should Be Done

All We Need Is Be Peace Upon Our Blood •

Everything Will Come To All Of Us If All We’re Brave As It Should Be

It Is For Peace ,It’s What We Need Be Peace Upon Our Blood

ဒီသီချင်းလေးကိုတိတ်ခွေထဲထည့်ဖို.ရေးပေးပြီး ဆိုမည့်သူတွေကိုလဲအသံထွက်တွေပြင်ပေးရတယ်။ဒီသီချင်းမှာ ပြဿနာမရှိပါဘူး။စစ်ချီသီချင်းတပုဒ်မှာသာစာသားပြောင်းခိုင်းလို.ပြဿနာတက်လာပါတယ်။ထုံးစံအတိုင်း မဆလ ထောက်လှမ်းရေးဆိုသူတွေရှုံးတာပေါ.။ အဲဒီသီချင်းက “နွေပင်လယ်  ပူပူလောင် ငရဲမီးလျှံများ လွှမ်းပါစေ ရွ.ံကြောက်ဖို.မဖြစ်ပြီလေ ငရဲကောင်ရဲ.မာန်စွယ်ကို …နင်းခြေလို.ခြွေမယ်…လာပြီ ဇာနည် …. ညီ အကိုတွေ ”   အဲဒီမှာ သူတို.က ပူပူလောင်ကို   ပူလောင်လောင်လို.ပြင်လိုက်တယ်။ကျွန်တော်က အဲဒီ ဝါဒဖြန်.ချီရေးတာဝန်ခံ စောမြအောင်ကို “ပူပူလောင်ကသိပ်ပူပါတယ် မခံမရပ်နိုင်တဲ့ကိစ္စပါ ပူလောင်လောင် ဆိုတာက တအားပေါ.သွားတယ် ခွန်အားရှိတဲ့စာမဟုတ်ဘူး ဘာညာနဲ.ပြောတော့ “သူကပြန်ပြောတယ်….. “မင်းတို. Spy တွေသိပ်လျှာရှည်တယ်..မသတ်ပဲထားတာအေးအေးမနေဘူး …ဒီစကားလုံးကို ငါပြင်ချင်လို.ပြင်တာကွာ မင်းဘာလုပ်ချင်လဲ မင်းထပ်စကားမများနဲ. သေသွားလီမ့်မယ်” ဆိုပြီးပြန်ပြောတယ်။ ဒီသီချင်း ၆ ပုဒ်ပြီးတော့ခွေကြမ်းကို သံချောင်းကိုအပ်လိုက်တော့ ထုံးစံအတိုင်းကျောင်းသားအဖွဲ.ကထောက်လှမ်းရေးဆိုတဲ့သူတွေ ကိုပြတယ်။အဲဒီအထဲက အောင်စိုးမြင့်က ကျွန်တော်တို.တဲကိုရောက်လာပြီး “ခင်ဗျားတို. မဆလ ဗိုလ်တွေ တအားတော်တယ်ဗျာ..သီချင်း ၆ ပုဒ်ကိုဘာမှမကြာဘူး….ကျွန်တော်တို.လုပ်နေတာတအားခက်နေတာ…. အေးလေ အဲဒီလိုတော်လို.လည်း စပိုင်လုပ်ဖို. AB ထဲရောက်လာတာပေါ.” တဲ့။ နောက်တယောက်ကတော့ လက်သီးပါ။ဟုတ်ပါတယ်။ဗန်းမော်က ဇော်ဝင်းချစ်ရဲ. ပေါင်သားကိုလှီးစားတဲ့အထဲပါတဲ့သူပေါ.။ကျွန်တော်တို. အကျယ်ချုပ်မဖြစ်ခင်ကျနော်တောင်ကုန်းပေါ်မှာထင်းခွဲနေတော့ထင်းကအမြက်ခံနေတာခွဲရတာအဆင်မပြေဘူး..အဲဒါကိုမြင်ပြီး သူပေးတဲ့ မှတ်ချက်လေးကိုကြည့်ပါအုံး..”ဟေ့ကောင်..ညီညီ ..မင်းဘဝအတွက် ငါရင် လေးတယ်ကွာ..နှီးလည်းမဖျာတက်…ကတ်လည်းမယက်တက်….ထင်းလည်းမခွေတက်……မင်းရှေ.လျှောက် ဘယ်လိုရပ်တည်မလဲ…”  တကယ်ကိုသနားပြီးပြောသွားတာပါဗျာ…ဒါတွေကသီချင်းတွေအကြောင်းနဲ.အတူ သူတို.ရဲ.စိတ်ဓါတ်နဲ.အဆင့်အတန်းကိုသိရအောင်ရေးပြတာပါဗျာ…… သစ္စာတရားဖြင့် (ဆမား) ညီညီ      မြေက်ပိုင်းရဲထော်ဟောင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: