Archive for May 26th, 2012

ပန်းတောင်းအနောက်ဗလီကို ခဲဖြင့်တိုက်ခိုက်မှုများ ညစဉ်ဖြစ်ပေါ်နေ – မင်းမဲ့စရိုက် မကြီးထွားရန်အာဏာပိုင်တို့၏အခန်းကဏ္ဍ အရေးပါ

May 26, 2012

Source: ပန်းတောင်းအနောက်ဗလီကို ခဲဖြင့်တိုက်ခိုက်မှုများ ညစဉ်ဖြစ်ပေါ်နေ

မင်းမဲ့စရိုက်ကံမအကြမ်းဖက်မှုကဲ့သို့မကြီးထွားရန်အာဏာပိုင်တို့၏အခန်းကဏ္ဍ အရေးပါ

မကွေးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ရှိ အနောက်ဗလီကို အမည်မသိ လူအချို့က ညစဉ် ၈ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် ခဲများဖြင့် ပစ်ပေါက်နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ပန်းတောင်းမြို့ခံ တစ်ဦးက ပြောကြားသည်။

“ဒီလ ၁၈ ရက်နေ့က စဖြစ်တာပါ။ ဖြစ်ဖြစ်ချင်း ၃ရက်လောက်တော့ ရဲ ၅-၆ယောက် လာတယ်။ အဲဒီနောက်ပိုင်း မလာတော့ဘူး။ အခုရက်ပိုင်း ခဲနဲ့ပေါက်တာ ပိုဖြစ်လာ တယ်။”ဟု အမည်မဖော်လိုသူ ပန်းတောင်းမြို့ခံတစ်ဦးက  myanmarmuslim.net သို့ပြောကြားသည်။
Advertisements
  • Blog Stats