Repeating the Genocide again on Muslims in Myanmar

My friend wrote: အခုဖြစ်နေတဲ့ကိစ္စတွေကို တောင်ငူလို လူသတ်အကြမ်းဖက်ပွဲကြီးတစ်ခုကို လက်တွေ့မျက်ဝါးထင်ထင်ကြုံခဲ့ရတဲ့ ကျနော့်အတွက် နေမထိ ထိုင်မသာ ခံစားရပါတယ်။ တောင်ငူကိစ္စတွေနဲ့ အခုဖြစ်ပျက်နေပုံတွေက ထပ်တူထပ်မျှနီးပါး တူညီနေပါတယ်။

မွတ်စလင်မ်တွေရဲ့ အိမ်တွေ၊ ဆိုင်တွေ၊ ဗလီတွေကို နေ့ခင်းမှာ လိုက်ဖျက်တယ်။ ဘယ်သူမှ တားမဲ့သူ မရှိဘူး။ မွတ်စလင်မ်အများစုရှိတဲ့ရပ်ကွက်တွေကိုတော့ စစ်တပ်တွေ၊ ရဲတွေ စောင့်နေတယ်။ ရပ်ကွက်ကနေ ထွက်မရအောင် လမ်းတွေကို ပိတ်ထားတယ်။ မြို့ထဲက မွတ်စလင်မ်တွေရဲ့အိမ်တွေကို မီးရှို့တယ်။

တစ်အိမ်လုံးကပစ္စည်းတွေ အိမ်တွေကို သုံးမရအောင် ပျက်ဆီးယုံလောက်မီးရှို့ပြီးတော့ ဘေးက ဗမာအိမ်မီးမကူးအောင် ရေပြန်ဖျန်းပေးခဲ့တယ်။ ဗမာအိမ်ကို မီးလဲမကူးသလို ရေလဲမထိခဲ့ဘူး။ မီးသတ်ကားပေါ်မှာ ဘုန်းကြီးတွေ ဓားတ၀င်းဝင်းနဲ့ ထိုင်စောင့်နေတယ်။ မီးသတ်ကားပေါ်ကနေ “ခွေးလေးခုန်လို့ဖုန်မထဘူး”လို့ အော်ဟစ်ပြီး အောင်ပွဲခံခဲ့တယ်။ ဗလီကြီးတွေကို 6နာရီမထိုးခင် ဗလီထဲမှာ လောင်စာတွေပုံပြီး မီးရှို့တယ်။ 6-နာရီထိုးတော့ လူတွေအားလုံး 144ကြောင့် ရှင်းကုန်ပြီ။ ခြံဝန်းကျယ်ကြီးထဲက ဗလီကြီးတွေ မီးလောင်နေတာ ရဲနေတယ်။ ကျနော်တို့ မှတ်မှတ်ရရ ညီအစ်ကိုနှစ်ယောက် အိမ်ကရှိတဲ့ရေတွေနဲ့ ဗလီဝင်းထဲကို ဆက်နေတာမို့ ၀င်သွားပြီး ငြိမ်းပေးခဲ့ရတယ်။ ဆင့်ခံတွင်းနှမ်းပတ်ဆိုသလို ကျနော်တို့ ရေတွေက အလကားပဲ။ အသုံးမ၀င်ခဲ့ဘူး။ တစ်ညလုံး မီးလောင်ကျွမ်းခဲ့တဲ့ဗလီကို နေခင်းမှာတော့ ဘယ်သူမှ မကပ်ရအောင် စစ်သားလေးငါးယောက်က လာစောင့်တယ်။ ညကျတော့ စစ်တပ်က ၀င်ပြီး ဗလီကြီးရဲ့ မင်နာရာတိုင်တွေကို ကြိုးတွေနဲ့ဆွဲချပြီး ဖြိုတယ်။ တပ်ရင်းနှစ်ရင်းလောက် အင်အားသုံးပြီး ဗလီတစ်ခုလုံးကို ဘာစက်ပစ္စည်းမှ မသုံးဘဲနဲ့ လူနဲ့တင် ညတွင်းချင်း ဖြိုချတယ်။ မနက်ရောက်တော့ အုပ်ပုံပဲကျန်တော့တယ်။ ဒီအုပ်ပုံကို တစ်ပတ်လောက်နေတော့ ဗွက်ထတဲ့ လမ်းတွေမှာ ခင်းပစ်တယ်။ တပင်ရွှေထီးလမ်းတို့ ၅-လမ်းတို့မှာ ကျနော် ဖြတ်လျှောက်နေကျမို့ ဗလီနံရံက ကြွေပြားအစအနလေးတွေကို တွေ့ရတိုင်း စိတ်မကောင်းဖြစ်ခဲ့တယ်။ ကျနော် တစ်ခါတစ်ရံ ဗလီဆရာရောက်မလာလို့ အိမမ်တက်လုပ်ခဲ့တုန်းက ကောင်းစွာမှတ်မိနေတဲ့ မင်ဗရ်လက်ကိုင်ဘုလေးတွေက လမ်းဘေးမှာ ထိုးထိုးထောင်ထောင်နဲ့ ကျနော့်ရင်ကို ဆူးနင့်ခဲ့ရပါတယ်။ အခုကိစ္စတွေမှာလဲ မွတ်စလင်မ်တွေ မမှားဘူး။ အမှန်တရားတွေ ရှိနေတယ်။ ကျနော့်ရင်ထဲမှာ အလိုလိုကို ခံစားနေမိတယ်။ တစ်ခုခုကို မကျေမနပ် ဖြစ်နေပါတယ်။ အခု ကျနော်ကိုယ်တိုင်ကို စိတ်တွေ လေနေပါတယ်။ အားလုံး စုစည်းပေးကြပါ။ စည်းလုံးကြပါနော်။ အားနည်းနေတဲ့ မွတ်စလင်မ်ညီနောင်တွေကို အစုလိုက် သတ်ဖို့ ကမ္ဘာသိအောင် လုပ်ကြံဇာတ်တွေ ဖန်တီးလိုက်ပါပြီ။ တရားဝင် လူတွေကို အစုလိုက် အပြုံလိုက် သတ်တော့မှာပါ။ အခုကို ပစ်သတ်နေပါပြီ။ ဗမာတွေကို ဘုန်းကြီးကျောင်းထဲမှာ ဒုက္ခသည်စခန်းလို့ အမည်တပ်ပြီး ဖယ်ထုတ်လိုက်ပါပြီ။ မွတ်စလင်မ်တွေ ခိုကိုယ်းရာ မဲ့ကုန်ပြီ။ ကလေးတွေ ဗိုက်ဆာလို့ အော်ငိုနေပါပြီ။ တောင်ငူမှာ ကျနော်တို့ တစ်နေကုန် ထမင်းငတ်ခဲ့ဘူးပါတယ်။ တခြားမြို့ကိုလဲ ထွက်သွားလို့မရအောင် လမ်းတွေကို ပိတ်ထားလို့ပါ။ မြို့ထဲက ထွက်သွားမဲ့ ကားတိုင်းကို စောင့်ပြီး အသေးစိတ် စစ်ပြီးမှ ထွက်ခွင့်ပေးပါတယ်။ ဘူတာမှာလဲ မွတ်စလင်မ်တွေကို စောင့်ကြည့်နေပါတယ်။ မြို့ထဲမှာ အသိအကျွမ်း ဘာသာခြားတွေအိမ်မှာကို ဂိုဒေါင်လိုဟာတွေထဲမှာ သုံးလေးရက် အမှောင်ချပြီး နေခဲ့ရတာပါ။ အပေါ့အလေးကိုတောင် ညဖက်မှ သွားရတာပါ။ အခု ဒီ့ထက် ဆိုးမှာပါ။ လုပ်ကြပါညီနောင်တို့။ ကျနော်တော့ ဘာမှကို မစဉ်းစားတတ်တော့ဘူး။ ဒိုအဟ်ပဲ တောင်းနေပါတယ်။

About these ads

2 Responses to “Repeating the Genocide again on Muslims in Myanmar”

  1. drkokogyi Says:

    I had talked to the man from Kyauksae whose house was burnt down killing his pregnant wife and ? 5 children inside. Were those Murderers not human?
    R they real Buddhists?
    R they never believe “Kamma” and Sansara?
    Even a notorous Monk jailed was recently released and was accepted back as an Abbot and continue to spread Hate Speeches.

  2. drkokogyi Says:

    မောင်းတောမြို့ ပြသာနာတက်ရခြင်းအကြောင်းအရင်းကို သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ မောင်းတောမြို့တွင် မနေ့က နေ့လည် ဂျူမာ ဗလီတက်ချိန်တွင် အစ္စလာမ်ဘာသာဝင်များအားလုံး စုပေါင်း ဒူအာပြုလုပ်သောအချိန်တွင် မောင်းတောမြို့ ရခိုင်တိုင်းရင်းသားအချို့က​ ဗလီအတွင်းသို့ ခဲလုံးများဖြင့် ပစ်ပေါက်ပါတယ်လို့ သတင်းရပါတယ်။ အဲတော့ သူတို့တွေကို ဖမ်းပြီးတော့ ရဲလက်ထဲသို့ အပ်သော်လည်း ရဲများက ပြန်လွှတ်ပေးပြီး လူပေါင်း၃၀၀ကျော်စုဝေးရောက်​ရှိလာကာ ခဲလုံးများဖြင့် ထပ်မံပစ်ခတ်တော့ ဘယ်လိုမှ သည်းမခံနိင်တဲ့အဆုံး ပြသာနာတက်ခဲ့တယ်လို့သတင်းရပါတယ်။ နောက်ထပ်သတင်းတခုက နစက စစ်တပ်က အရာရှိ၃ဦးက မွတ်စလင်အမျိုးသမီးတဦးကို မုဒိန်းကျင့်လိုက်တယ်လို့ သတင်းရပါတယ်။ အဲဒါကြောင့် ပြသာနာက ပိုကြီးသွားတယ်လို့ သတင်းအတိအကျရရှိပါတယ်။ယခုအခါ စစ်တွေမြို့တွင် တင်းမာမှုများရှိလာတယ်။ ၇ခိုင်တိုင်းရင်းသားများက လက်နက်တွေနဲ့လမ်းမပေါ်တွင် ရမ်းကားနေသော်ငြားလည်း ရဲများနှင့်လုံခြုံရေးများက​ မည်သို့မျှအရေးမယူတဲ့အပြင် ၇ဲများနဲ့ရခိုင်တိုင်းရင်း​သားများ တသားတည်း ဖြစ်နေတယ်လို့ သတင်း၇ရှိပါတယ်။ ညပိုင်းတွင် လုံခြုံရေးလျော့နည်းသော်ကြောင်း စိတ်ရိမ်ပူပန်မူများနဲ့ကြုံ​တွေ့နေရပါတယ်လို့ သတင်းရရှိပါတယ်။ (စစ်တွေကို ဖုန်းဆက်မေးပြိး သူငယ်ချင်းတယောက် FB မှာတင်ထားပါ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.

Join 3,344 other followers

%d bloggers like this: