Dua e Qunoot အထူးရိုကျိုးဆုပန်ခြင်း ဒုအာအ် ကုနူသ်


ဆရာ ငြိမ်းချမ်းလုလင် ရဲ့ ဘာသာပြန်ပါ

Dua e Qunoot, Arabic, English and Urdu translation

 

FB of Ko Zaw Min Oo ကုနူသ်-နာဇိလဟ် – အထူးရိုကျိုးဆုပန်ခြင်း ဒုအာအ်

  • အလ္လာဟွမ်မဃ် ဖိရ်လနာ၊ ဝလိလ်မုအ်မိနီးန ဝလ် မုအ်မိနာသ်
    အို – အလ္လာဟ်၊ ကျွန်တော်မျိုးတို့ကိုလည်းကောင်း၊ အမှန်တရားကို ယုံကြည်သူ မုအ်မင်န် အမျိုးသားများ၊ အမျိုးသမီးများကို လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။
  • ဝလ် မုစ်လိမီးန၊ ဝလ်မုစ်လိမာသ်
    မုစ်လင်မ် အမျိုးသား၊ အမျိုးသမီးများကိုလည်း (လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ)။
  • ဝအလ်လိဖ် ဗိုင်းန ကုလူးဗိဟင်းမ်
    ၎င်းတို့၏ နှလုံးသားများကို ပေါင်းစည်းပေးသနားတော်မူပါ။
  • ဝအဆ်ွလိဟ် ဇါသ ဗိုင်းနိဟင်းမ်
    ၎င်းတို့အကြား ကိစ္စအဝဝကိုလည်း သင့်မြတ်စေတော်မူပါ။
  • ဝါးန်ဆွုရ်နာ အလါ အဒူးဝိက၊ ဝအဒူးဝိဟင်းမ်
    ကျွန်တော်မျိုးတို့အား အရှင်မြတ်၏ ရန်သူများနှင့် ၎င်းတို့၏ ရန်သူများအပေါ်၌ အောင်နိုင်မှု ပေးသနားတော်မူပါ။
  • အလ္လာဟွမ်းမလ် အနိလ် ကဖရဟ်
    အို – အလ္လာဟ်၊ အမှန်တရားကို ငြင်းပယ်သူတို့အား အရှင့်ဂရုဏာ ကင်းဝေးစေတော်မူပါ။
  • အလ်လဇီးနှ ယဆွုဒ်ဒူးန အန်းစဗီးလိက်
    ၎င်းတို့သည် အရှင်မြတ်၏ လမ်းတော်ကို ပိတ်ပင်တားဆီးကြ၏။
  • ဝယုကဇ်ဇိဗူးန ရုစုလိက်
    အရှင်မြတ်၏ ရစူလ်တမန်တော်များကိုလည်း မဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။
  • အလ္လာဟွမ်းမ ခါးလိဖ် ဗိုင်းန ကလိမသိဟင်းမ်
    အို- အလ္လာဟ်၊ ၎င်း (အမှန်တရားကို ငြင်းပယ်သူ) တို့၏ စကားများအတွင်း ကွဲလွဲစေတော်မူပါ။
  • ဝဇလ်ဇိလ် အတ်က်ဒါး မဟွန်း(မ်)
    ၎င်းတို့၏ ခြေများကိုလည်း ယိမ်းယိုင်စေတော်မူပါ။
  • ဝအန်းဇိလ် ဗိဟင်းမ် ဗအ်စာ့ကလ် လဇီး
    ၎င်းတို့အပေါ် အကြင်ပြစ်ဒဏ်ကို ချတော်မူပါ။
  • လာသရုဒ်ဒုဟူ အနိလ် ကောင်မိလ်မုဂ်ျရိမီးန်
    ပြစ်မှုကျူးလွန်သူ တရားခံအစုအဝေးမှ ပြန်လည်မရုပ်သိမ်းသော ပြစ်ဒဏ်မျိုးဖြစ်ပါသည်။

One Response to “Dua e Qunoot အထူးရိုကျိုးဆုပန်ခြင်း ဒုအာအ် ကုနူသ်”

  1. drkokogyi Says:

    ကျိန်ဆဲခြင်းလော by Kyawmoe Aung
    အထက်ပါပုံကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာဝင်များအပေါ် အထင်အမြင်လွဲနေရစေသည့် အဓိကလက်သည်တရားခံ မုသာဝါဒဖြန့်ဝေရာ၊ အမုန်းတရားကြီးထွားစရာတို့၏ ဇစ်မြစ် အမျိုးပြောက်မှာ စိုးကြောက်စရာ အပါအဝင် (တရားဝင်ထုတ်ဝေခြင်းမဟုတ်သော်လည်း အလွန်တွင်ကျယ်စွာ ပြန့်နှံ့သည့်) ဝါဒမှိုင်းတိုက် စာစဉ်များတွင် ဖတ်ခဲ့ရဖူးပါသည်။ ယခုအခါ Facebook နှင့် အခြား အင်တာနက်စာမျက်နှာများတွင် တွေ့လာရပြီ။ တစ်ဆင့် ပြန် share လုပ်သူဦးရေလည်း မနည်းမနော။

    အစ္စလာမ်ဘာသာဝင် မဟုတ်သူ သာမန် စာဖတ်သူတစ်ဦး ဖတ်မိပါက ကြက်သီးမွေးညင်း ထောင်ထစရာ၊ မွတ်စလင်မ်ဆိုသူတွေက အလွန်ကြောက်စရာ သတ္တဝါများဟုပင် တစ်ထစ်ချ ယူမှတ်လိုက်ဖွယ်ရာ အနေအထားဖြစ်သည်။

    ဟစ်တလာက ပြောခဲ့ဖူးပါသည်။ အမှားတစ်ခုကို လူထုကြားမှာ ရဲရဲပြော၊ အကြိမ်ကြိမ်ပြော၊ စကာစက မယုံသူတွေတောင် တစ်ဖြည်းဖြည်း အမှန်ဟု ထင်လာလိမ့်မည်တဲ့။ အဆိုပါ စာအုပ် ထုတ်ဝေဖြန့်ချိသူတို့၏ လုပ်ရပ် အတော်ပင် အောင်မြင်ပါသည်။ မွတ်စလင်မ်ဆိုတာ ရွံစရာ၊ မုန်းစရာ၊ ကြောက်စရာအဖြစ် မြင်နေကြသူတွေ မနည်းလှကြောင်း facebook နှင့် internet သုံးသူများမှတစ်ဆင့် တွေ့နေရပါသည်။ ကမ္ဘာ့နားလည်မှု လွဲမှားမှု အခံရဆုံး နံပါတ်(၁)သာသနာအဖြစ် အစ္စလာမ် ရှိနေရပါပြီ။

    အစ္စလာမ်ကတော့ သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့် လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် သင်တို့ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် သင်တို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။ (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)

    အခြားအကြောင်းအရာတွေ မဆွေးနွေးမီ ပထမဆုံး အစ္စလာမ်ကို မည်သည်က အစစ်အမှန် ကိုယ်စားပြုသည်ဆိုသည်ကို ပြောလိုပါသည်။ အစ္စလာမ်၏ စစ်မှန်သော အဆုံးအမများကို (၁)ကျမ်းတော်မြတ်ကုရ်အာန်နှင့် (၂)ထိုကျမ်းမြတ်ကို လက်တွေ့အကောင်အထည်ဖော် သွန်သင်လမ်းညွှန်ထားသော မဟာတမန်တော်မြတ်၏ ပုံဖော်သွန်သင်ချက်များကသာလျင် ကိုယ်စားပြုပါသည်။ ထိုနှစ်ချက်ကို ဆန့်ကျင်သည့် အကြောင်းခြင်းရာတစ်ရပ်ကို မွတ်စလင်မ်အမည်ခံသူ တစ်သန်းက လက်မှတ်ထိုး ထုတ်ဝေပါစေ ထိုအကြောင်းအရာသည် အစ္စလာမ်ကို ကိုယ်စားမပြုပါ၊ ထိုလူတစ်သန်းနှင့်သာ ဆိုင်ပါမည်။

    ထို့အတွက်ကြောင့် အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များတွင် မွတ်စလင်မ်မဟုတ်သူ ဘာသာခြားများနှင့် ပတ်သက်၍ မည်သို့ ဆိုထားကြောင်း ဦးစွာ တင်ပြပါမည်။

    ဘာသာတရားများ တစ်ခုနှင့်တစ်ခု ယုံကြည်ချက်၊ ကျင့်သုံးဆောက်တည်မှုများ မတူညီ ကွဲပြားကြပါသည်။ မတူညီမှုကို တန်းညှိနေရန် မလိုပါ။ မိမိတို့လုပ်ရပ်အတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်နှင့်ဆိုင်ပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ ကိုယ့်သာသနာနှင့်ကိုယ်ပါ။ ကိုယ့်လမ်းကိုယ် လျှောက်ကြရမှာပါ။

    “ အသင် ပြောကြားပါလေ။

    အို (အစ္စလာမ်ကို) မယုံကြည်သူအပေါင်းတို့…

    ကျွန်ုပ်သည် သင်တို့ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည်မဟုတ်ပေ။

    ထို့ပြင် သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြသူများ မဟုတ်ပေ။

    ထို့ပြင် ကျွန်ုပ်သည် သင်တို့ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်မည့်သူ မဟုတ်ပေ။

    ထိုနည်းတုစွာ သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။

    စင်စစ်သော်ကား သင်တို့အဖို့ သင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ကျွန်ုပ်အဖို့ ကျွန်ုပ်၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင် ဖြစ်ပေသည်။” (ကျမ်းမြတ်ကုရ်အာန် ၁၀၉း၁-၆)

    ထိုသို့ ကိုယ့်ခရီးကိုယ်သွားနေကြသူ အချင်းချင်း မည်သို့မည်ပုံ ဆက်ဆံရမည်ကိုလည်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပြီး ဖြစ်ပါသည်။

    “အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း တားမြစ်တော်မူသည်မဟုတ်ပေ။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်းမဟုတ်ပေ၊ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသူတို့အား နှစ်သက်ချစ်ခင်တော်မူ၏။

    အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို အဆွေခင်ပွန်း ပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည့်အပြင် အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့် စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ရိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၄င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျင် မတရားသောသူများ ဖြစ်ကြကုန်သတည်း။” (ကျမ်းမြတ်ကုရ်အာန် ၆၀း၈-၉)

    အစ္စလာမ့် အနှစ်ချုပ်တရားသည် တရားမျှတရန်၊ ကောင်းမွန်စွာ ပြုမူဆက်ဆံရန်၊ ပေးကမ်းလျူဒါန်းရန်၊ မကောင်းမှုမတရားမှုတို့မှ ရှောင်ကျဉ်ရန်ဖြစ်သည်။ (ကျမ်းမြတ်ကုရ်အာန် ၁၆း၆၀)

    ဘာသာ မတူသူများနှင့် လူသားချင်းအတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ရမည်တို့ တစ်ပုံတစ်ပင် ရှိပါသည်။

    အစ္စလာမ်က မိမိ တစ်ကိုယ်ရည်အတွက် မေတ္တာထားကာ ငုံ့ခံခိုင်းထားသလို အများအတွက်၊ လူ့အစုဝေးအကျိုးနှင့် ယှဉ်လာပါမူ သစ္စာတရားအတွက် တုန့်ပြန်ခိုင်းထားသည်။

    အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။ အများလူထု ၁၃နှစ်ကျော် နှိပ်စက် ငြှင်းပန်း သတ်ဖြတ်မှုများ ခံရပြီးနောက်ဆုံးတွင် ခုခံစစ်အဖြစ် ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံ ရန်သူတို့ အရေးနိမ့်သွားချိန်တွင် အားလုံးတို့အား အကျွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်။ မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။

    မတရားပြုမူခံနေရစဉ် မတရားမှုကို တွန်းလှန်ရာနိုင်စေဖို့ အင်အား လိုပါသည်။ ရုပ်ပိုင်းဆိုင်ရာ အင်အားများကို ဖြည့်ဆည်းရသလို စိတ်ပိုင်းဆိုင်ရာ အင်အားကလည်း အင်မတန် အရေးကြီးလှသည်။ ရုပ်ကို စိတ်က ဦးဆောင်သည် မဟုတ်ပါလော။ ထိုသို့သော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အတွက် မိမိတို့ ယုံကြည် ကိုးကွယ် အားထားရာ အလ္လာဟ် အရှင်မြတါထံမှ ဆုပန်ကြရပါသည်။ အစ္စလာမ့် ဝတ်ပြုဆုတောင်းမှုတိုင်း၏ အဆုံးသတ်သည် မိမိ ဝဲယာရှိ အရာခပ်သိမ်း ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေးခြင်းဖြစ်သည်။ မိမိတို့ အကြပ်အတည့် ကြုံတွေ့နေရပါက၊ မတရား ပြုမူခံနေရပါကလည်း မိမိတို့ကိုးကွယ်အားထားရာ ဘုရားသခင်ထံ တိုင်တည်ကာ ဆုပန်ကြသည်။ ထိုဆုတောင်း အပြည့်အစုံ အမှန်မှာ အောက်ပါအတိုင်းဖြစ်သည်။

    ထို့ကြောင့် အထက်တွင် ဖော်ပြထားသော ဝါဒဖြန့်စာအုပ်ပါ ဆုမွန်သည် ဘာသာခြားမှန်သမျှကို ရည်စူးခြင်း လုံးဝ မဟုတ်ပါ။ မူရင်း အာရဗီဘာသာစကားတွင် ပါရှိသော “ဟွမ်” ဟူသည့် ဝေါဟာရသည် သူတို့ ဟူ၍သာ အဓိပ္ပါယ်ရပါသည်။ အန္တရာယ်ပြုနေသော မယုံကြည်သူများကို ဆိုလိုပါသည်။ ဘာ သာခြားများအား ကျိန်စာတိုက်ခြင်း မဟုတ်ပါ။ မိမိတို့ထံ ကြရောက်မည့် အန္တရာယ်များ ကင်းဝေးစေရန် အကာအကွယ်ယူခြင်းသာပါ။

    နိဂုံးချုပ်ပါမည်။

    အေးချမ်းစွာ အတူလက်တွဲနေထိုင်ကာ ကိုယ့်အလုပ်ကိုယ်လုပ်နေကြသူ ဘာသာတူသူများအား ညီနောင်အဖြစ်လည်းကောင်း၊ ဘာသာမတူသူများအား ဝမ်းကွဲဆွေမျိုးရင်းချာအဖြစ်လည်းကောင်း၊ ဘာသာမဲ့တို့အား မိတ်ဆွေအဖြစ်လည်းကောင်း သဘောထားပါသည်။ ထိုသူတို့အားလုံးတို့အပေါ် ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကြရောက်ပါစေ။ ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေသား။

    ဘာသာမတူခြင်းကို ခုတုံးလုပ်လျက် လူ့ဘောင်အသိုင်းအဝိုင်း ပျက်စီးရာပျက်စီးကြောင်း၊ အမှောင့်ပယောဂလုပ် နှောက်ယှက်ဖျက်ဆီးနေသူများ၊ မတရားပြုမူကြသူများ၊ အဖျက်သမားများ၊ အကြောင်းမဲ့ အညှိုးထားနေကြသူများ၊ မကောင်းကြံနေကြသူများ၊ ဝါဒဖြန့်အမုန်းပွား ပဋိပက္ခဖြစ်စေကြသူများ (လူမျိုးဘာသာမရွေး) ပျက်သုဉ်းပါစေသား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: