Myanmar Parliament stopped the Racial Profiling and name calling on Muslims

Good, Myanmar Parliament stopped the Racial Profiling and name calling on Muslims. Another step must be taken, to extend that rule to all the media and whole Myanmar. Another step is to STOP the Hate Speeches. Made it a crime to spread hatred.

အစၥလာမ္ဘာသာ ကိုးကြယ္သူမ်ားအား ကုလားဟု မသုံးနှုန်းသင့် ဟု ပြည်တော်စုလွှတ်တော် ဥက္ကဌ ပြောဆို

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္တပုံမှန် အစည်းအဝေး ဒုတိယနေ့ (၁၆.၇.၂၀၁၂) မွန်းလွဲပိုင်း ကျင်းပ ချိန်တွင် လွှတ်တော် အမတ် အချို့က အစ္စလာမ်ဘာသာဝင်များအား ကုလား ဟုနှိမ်ချဆက်ဆံ သုံးနှုန်း ခဲ့ခြင်း အပေါ် ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးခင်မောင်မြင့်က ယင်းသို့ သုံးစွဲခြင်း မပြုရန် ၄င်း လွှတ်တော် အမတ် အချို့အား သတိပေး စကားပြောကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် တွင်အရေးပေါ် အခြေအနေ ကြေညာ ချက် နှင့် စပ်လျဉ်း၍ ဆွေးနွေးကြစဉ် ဦးဘစိန် (ကျောက်ဖြူ မဲဆန္ဒနယ်) ၊ ဦးအောင်စိန် ( မာန်အောင် မဲဆန္ဒနယ်) ၊ ဦးသာစိန် ( ကျောက်တော် မဲဆန္ဒနယ်) ၊ ဦးသိန်းညွှန့် ( သင်္ဃန်းကျွန်း မဲဆန္ဒနယ်) ၊ ဦးခိုင်မောင်ရည် ( အလုံ မဲဆန္ဒနယ်) ဦးဌေးဝင်း (ရခိုင် မဲဆန္ဒနယ် အမှတ် ၇) တို့အား သတိပေးခဲ့ခြင်း ဖြစ်သည်။

ဦးခင်မောင်မြင့်က ရခိုင်ပြည်နယ် တွင်ဖြစ်ပွားနေသော ကိစ္စများ ဆွေးနွေးရာတွင် သိမ်မွေ့သည့် အတွက် စကားလုံး အသုံးအနှုန်း မှန်ကန် ရန်လိုကြောင်း၊ နိုင်ငံသားများထဲတွင် (အစ္စလာမ် ဘာသာ ကိုးကွယ်သူ) မွတ်စလင် ပုဂ္ဂိုလ်များ ရှိပြီး တရားဝင် ပြဌာန်းထားသည့် ဘာသာ တစ်ခုဖြစ်ကြောင်း။ မွတ်စလင်မ် ဘာသာ ကိုးကွယ် သူတိုင်းအား ကုလား ဆိုသည့် အသုံးအနှုန်း မသုံးသင့်ကြောင်း၊ လွှတ်တော်အတွင်း ဆွေးနွေးသည့် အခါ နိုင်ငံရေး အရသာ ဆွေးနွေး ရမည်ဖြစ်ပြီး ဘာသာရေး အရ ဆွေးနွေးခြင်း များမပြုလုပ် ရသည့် ဆိုသော ပြဌန်းချက် ရှိပါကြောင်း၊ မွတ်စလင်မ် ရန်ကို ထိုင်းနိုင်ငံက ဆောင်ရွက်နေ ဆိုသောစကားမျိုး သုံးနှုန်းရန် မသင့်ကြောင်း၊ လွှတ်တော် အတွင်း ဆွေးနွေး သည့်အခါ အထူး သတိထားပြီး သိမ်မွေ့ စွာဖြင့် ရှောင်လွဲ ဆွေးနွေးကြရန် လိုကြောင်း ပြည်ထောင်စု လွှတ်တော် ဥက္ကဌက ညွှန်ကြားခဲ့သည်။

ရခိုင်ပြည်နယ် တောင်ကုတ် တွင် အစ္စလာမ် ဘာသာဝင် ၁၀ ဦးသတ်ဖြတ် ခံရသည့် သတင်း နိုင်ငံပိုင် သတင်းစာ များက ဖေါ်ပြရာတွင် လည်း မြန်မာ မွတ်စလင်မ် များအား နှိမ်ချသော အသုံးအနှုန်း သုံးစွဲခဲ့သည်။ အစ္စလာမ် ဘာသာ ၀င်များ ကန့်ကွက် ဆန္ဒပြခဲ့သဖြင့် နောက်ပိုင်း တွင် ပြန်လည်ပြင်ဆင် ပေးခဲ့သည်။                                                                                                        Ref: SkyNet,MYANMARINDEPEDENT Journal

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: