ဒီကနေ့ မိုးသီး … မနက်ဖန် ကျနော်တို့လား

Source:  ဒီကနေ့ မိုးသီး … မနက်ဖန် ကျနော်တို့လား

အခုတလော ကြားနေရတဲ့သတင်းတွေ၊ ဖတ်နေရတဲ့စာတွေကြောင့် အမျက်တွေစူးတယ်။ သတင်းသမားပီပီ စာရေးချင်၊ ပြောချင်ပေမဲ့ ကိုယ့်စာကအလိုမကျတာ၊ အမြင်မတူတာကိုချရေးပြီး၊ ဆူးပေါက်နေမှာမို့ ဆင်ဆင်ခြင်ခြင် နေလိုက်သေး တယ်။ ကိုယ့်အတွေ့အကြုံ အတွေးအမြင်ကို မြိုချလို့ရပေမဲ့ အဆိုးဘက်နွယ်တဲ့အတွေးအခေါ်နဲ့ စာတွေပိုပိုများနေတာ
ကျတော့ မျက်ကွယ်ပြုထားသလို စိတ်ထဲခံစားလာရတယ်။ သတင်းသမားတယောက် တာဝန်မကျေသလို ဖြစ်မှာစိုးလို့
ကိုယ့်စိတ်ထဲရှိတာ ကွယ်ဝှက်လည်းမနေ၊ ဟန်ဆောင်ပြီးလဲ ထိန်းမနေချင်တော့ဘူး၊ ပွင့်ပွင့်လင်းလင်းပဲ ရေးလိုက်တော့ မယ်။ဒီရက်ပိုင်းသတင်းတွေထဲမှာ ထိတ်ဆုံးကလှုတ်ခတ်တဲ့ သတင်းက ပြည်ပရောက် ABSDF ကျောင်းသားခေါင်းဆောင် ဟောင်းတချို့နဲ့ အမေရိကားက နိုင်ငံရေးလှုပ်ရှားသူ ၈၈ ကျောင်းသားတချို့ ပြည်တော်ပြန်ခရီးဖြစ်တယ်။ အမှန်တော့
သူတို့ မသွားခင်ကတဲက အပြင်မှာ ပူညံပူညံအချင်းများနေတာ။ ပြည်ပရောက်ကျောင်းသားအားလုံးကို ကိုယ်စားပြုသွား မှာလား?၊ ဘယ်သူ့ကို ကိုယ်စားပြုပြီး၊ ဘယ်သူနဲ့တွေ့၊ ဘာတွေဆွေးနွေးမှာလဲ? နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ဖမ်း ထားသလို၊ ပြည်တွင်း ၈၈ အုပ်စုတွေက ပြည်ပကျောင်းသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးလုပ်နေချိန်၊ ဒီလိုခွဲခြား ပြီး သွားသင့်သလား? ကချင် စစ်မီးဟုန်းဟုန်းတောက်နေတဲ့ ဒီလိုကာလသွားသင့်ရဲ့လား?၊ အပြင်မှာ လုပ်စရာကုန်ပြီ လား? စတဲ့ စတဲ့ မေးခွန်တွေကို အင်တာနက်ချပ်တင်တွေ၊ အွန်လိုင်း Meetingတွေ၊ Debate တွေနဲ့ အချိန်အတော်ကြာ လုပ်ခဲ့ကြတယ်လို့ သိထားပါတယ်။

ကျနော် ကိုမိုးသီး၊ ကိုထွန်းအောင်ကျော်၊ ကိုမူးသာတို့နဲ့ မေးမြန်းကြည့်ရသလောက် သူတို့ဟာ ပြည်ပရောက်၊ ဘယ်အဖွဲ့၊ ဘယ်သူ့ကိုမှ ကိုယ်စားမပြုဘူး၊ မိမိကိုယ်ကို တာဝန်ယူမှု၊ ကိုယ်စားပြုမှုနဲ့ပဲ သွားမှာလို့ ပြောခဲ့ဖူးပါတယ်။ သူတို့ ကိုယ့်ဖာ သာကိုယ်တာဝန်ယူမှုနဲ့ ပြည်တော်ဝင်ခရီးနှင်တယ်ဆိုပေမဲ့ အားလုံးနီးပါးက ၈၈ကျောင်းသားတွေ၊ ပြီးတော့ တချိန်က၊ ကျောင်းသားတပ်မတော်ကို ဦးဆောင်ခဲ့သူတွေပါ။

သူတို့က ပြည်ပအင်အားစုတွေနဲ့ မဆိုင်ပါဘူးလို့ဘယ်လိုပဲပြောပြော၊ မဆိုင်လို့ မရပါဘူး။ သူတို့သွားတဲ့ခရီးက တခြား နိုင်ငံကို လော်ဘီလုပ်ဘို့သွားတဲ့ ခရီးမဟုတ်သလို၊ ပုဂ္ဂိုလ်ရေးကိစ္စသွားကြတာ မဟုတ်ဘူး၊ မိသားစုဝင်တယောက် ယောက် အသဲအသန်ဖြစ်လို့ အရေးပေါ်သွားတွေတာ မဟုတ်ဘူး။

၂၄ နှစ်လောက် ပြည်ပမှာအကောင်းအဆိုးတွေနဲ့ရောပြွန်းနေထိုင်ပြီး၊ ကိုယ့်နိုင်ငံ၊ စစ်ကျွန်ဘ၀က လွတ်မြောက်ရေး၊ ဒီမို ကရေစီရေးအတွက်၊(အောင်မြင်တာ၊ မအောင်မြင်တာအသာထား) လုပ်ခဲ့ကြသူတွေ ဖြစ်တယ်။ မိုးထဲလေထဲမှာ တော်လှန်ရေးနဲ့၊ နိုင်ငံရေးနဲ့ အင်မတန်တူတဲ့အလုပ်ပဲဖြစ်ဖြစ်၊ အင်မတန်မနီးစပ်တဲ့အလုပ်ပဲဖြစ်ဖြစ် လုပ်ခဲ့ကောင်းလုပ်ခဲ့
သူတွေ ဖြစ်တယ်။

မိုးသီး တို့ ကိုထွန်းအောင်ကျော်တို့လိုပဲ ပြည်ပရောက် ၈၈ တောခိုသူတွေနဲ့ နောက်ပိုင်းတောခိုလာသူတွေ တိုင်းတပါးနဲ့ နယ်စပ်ဒေသမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေ နေ့နေ့ညည တွေးတော၊ ပြောဆို၊ လုပ်ခဲ့ကြတာပဲ မဟုတ်လား? တတိယနိုင်ငံတွေရောက်တော့လည်း တဘက်က မိသားစုနဲ့ ၀မ်းစာအတွက် (အသက်တွေ ကြီးပြီး၊ မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို) ပင်ပင်ပမ်းပမ်းလုပ်ရင်း အကြွေးတွေနဲ့ ရပ်တည်နေရတယ်။ တဘက်က ကိုယ်ယုံ ကြည်တဲ့ နိုင်ငံရေးအပေါ်ဆက်လုပ်ရင်း (ကိုယ်မလုပ်တောင်လုပ်နေသူတွေကိုအားပေး၊ ထောက်ပံ့) နေခဲ့ကြတယ်။

ဒါဟာ ဖြစ်စဉ်အမှန်၊ တတိယနိုင်ငံရောက်နေသူတိုင်း ချမ်းသာသူတွေ မဟုတ်သလို၊ ချမ်းသာနေသူတိုင်းကလည်း ပြည် တွင်းက အချောင်သမား ခေတ်ပျက်သူဌေးတွေလို ဗြုန်းစားကြီးကြီးပွားခဲ့ကြတာ မဟုတ်ဘူး။ သူတို့ချွေးတွေ၊ လေ့လာမှု တွေ၊ သီးခံစိတ်၊ လုံ့လ၊ ၀ီရိယတွေနဲ့ အားထုတ်ကျိုးပမ်းခဲ့ကြတာပါ။

ငယ်ရွယ်ပြီး၊ ပညာသင်နိုင်တဲ့ ပြည်ပရောက် တော်လှန်ရေးကျောင်းသားတွေက ဆက်ပြီးပညာသင်နိုင်ပေမဲ့၊ အသက်အ ရွယ်ရလာမှ တတိယနိုင်ငံရောက်သူတွေက မနိုင်ဝန်ထမ်း၊ အများတကာမလုပ်ချင်တဲ့၊ ကိုယ်လည်းစိတ်မ၀င်စားတဲ့ အ လုပ်တွေကိုလုပ်ရင်း မိသားစုဝမ်းစာနဲ့ သားသမီးတွေစနစ်တကျ ကြီးပြင်းနိုင်ဘို့ ပေးဆပ်နေရတယ်။ ဒါကိုယ်တွေ့။ ဒီနေ ရာမှာ၊ နိုင်ငံရေးတက်ကြွသူတွေ မဟုတ်တဲ့၊ ပြည်ပမှာအခြေစိုက်နေထိုင်တဲ့ သာမန် မြန်မာပြည်ဘွားညီအကိုတွေကို
ဆိုလိုတာမဟုတ်ဘူး။ အဲလို သာမန် ကိုယ့်နိုင်ငံသားပြည်သူတွေတောင် စစ်အာဏာရှင်ဆန့်ကျင်ရေးကို တတ်စွမ်းသ လောက် အားပေးကူညီပြီး ပါဝင်နေတာတွေ ရှိပါတယ်။ ဆိုလိုတာက ပြည်ပရောက်တိုင်းအချောင်သမားတွေ မဟုတ်ဘူး။

ကိုမိုးသီးတို့၊ ကိုထွန်းအောင်ကျော်တို့ မှားတာမှန်တာ အပထား၊ သူတို့စွန့်လွှတ်ခဲ့တာ၊ အနစ်နာခံခဲ့တာ ကိုယ်နိုင်ငံအ တွက် အချိန်တွေပေး၊ လေ့လာကြတာ၊ ပြောဆိုကြတာ၊ အာရုံနှစ်ပြီး လှုပ်ရှားနေတာကိုတော့ အသိအမှတ်ပြုပေးရမယ်။
အတိတ်က သူတို့မှားခဲ့တာကို သူတို့ခံရမှာပဲ။ ဒါမငြင်းလိုဘူး။ သူတို့မှားလို့ တစုံလုံးခံခဲ့ရတာတွေလည်း မငြင်းလိုဘူး။ ဒါပေမဲ့၊ လူဆိုတာ အမြဲတန်းမမှားနိုင်သလို၊ မှန်အောင်ကျိုးစားလုပ်ကိုင်နေသူတွေကို ကိုယ့်အသိုင်းအ၀ိုင်းကနေ ဆွဲခွာ ထုတ်ပယ်တာမျိုး မလုပ်သင့်ဘူး။ အပြစ်ရှိရင်လည်း အများကပစ်ထားမှာ မဟုတ်ဘူး။

ကိုမိုးသီးကို ကျနော်စကားပြောဖူးတယ်၊ ခင်ပါတယ်၊ ဒီနေ့အထိ လူချင်းမဆုံဖူးဘူး။ ကိုမိုးသီး အတွေးအခေါ်တိုင်းလဲ ကျနော် မကြိုက်ဘူး။ သူ့အတွေးအခေါ်ကြောင့် ကျနော်တို့တတွေ ဒုက္ခရောက်ဖူးတယ်။ ဥပမာ သူ ဥက္ကဋ္ဌ တာဝန်ယူခဲ့စဉ် ABSDF ရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့ “တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်” ဆိုတဲ့ ကြွေးကြော်သံကို သ ဘောကျမိလို့ အရွယ်ကောင်းစဉ် လိုအပ်တဲ့အထောက်အကူပြုပညာတွေ မသင်ခဲ့ဘဲ၊ လက်နက်ကိုင်နယ်ပယ်နဲ့၊ Activist လှုပ်ရှားတက်ကြွသူဘ၀ထဲမှာ တ၀ဲလည်လည်ဖြစ်ပြီး ဘ၀တွေမရေမရာဖြစ်သွားကြတာ မနည်းဘူး။ အိန္ဒိယနိုင်ငံ နယူး ဒေလီမှာ ကျနော်တို့ နိုင်ငံရေးလှုပ်ရှားတဲ့ မြန်မာကျောင်းသားတွေအဖြစ် ရပ်တည် နေထိုင်စဉ်က ကိုယ့်ထက်ငယ်ပြီး ပညာသင်ဘို့ကောင်းတဲ့ အသက်၂၀ ကျော် လူငယ်တွေကို ပညာသင်ဘို့တိုက်တွန်းတော့ “တော်လှန်ရေးဟာ ကျနော်တို့ တက္ကသိုလ်ပဲဗျ” လို့ ထိထိမိမိဆင်ခြေပေးပြီး အတွေးခေါင်သွားသူတွေအမှန်ပဲ ရှိခဲ့တယ်။ ကျနော်တို့မှာ မှန်ကန်တဲ့သ ဘောတရားတွေ တပ်ဆင်ထားတဲ့ပညာတတ်ကေဒါတွေ မမွေးထုတ်နိုင်ခဲ့ဘူး။

မှတ်မိတဲ့ဆောင်ပုဒ်တခုရှိသေးတယ်။ “ဗဟိုကော်မတီဝင်တွေကို မျက်လုံးအိမ်သဖွယ် ကာကွယ်စောင့်ရှောက်ကြ” ဆိုတဲ့ ကြွေးကြော်သံဆောင်ပုဒ်။ ကျနော်တို့အတော်ရွံခဲ့တဲ့ ဆောင်ပုဒ်။ ဒါပေမဲ့ ကျနော်တို့နဲ့ ABSDF က ဘယ်တုန်းကမှ မပတ် သက်ခဲ့သူတွေ၊ အိန္ဒိယအခြေစိုက် ABSL အဖွဲ့ကပါ။ အကြမ်းမဖက်နိုင်ငံရေးပဲလုပ်ခဲ့တယ်။ နယ်မြေဒေသကွဲသလို၊ အိုင်ဒီ ယာလည်း ကွာတယ်။

ကိုမိုးသီးတို့အတွေးအခေါ်မကြိုက်ရင် ကျနော်တို့ သူ့နောက်မလိုက်ဖို့ဘဲရှိတယ်။ သူ့ကို ပုဂ္ဂိုလ်ရေးတွေထိုးနှက်တိုက် ခိုက်ပြီး ဂုဏ်သရေမဲ့ သိက္ခာကျအောင် စော်ကားစရာမလိုဘူး။ ဒါလူယဉ်ကျေးအလုပ် မဟုတ်ဘူး။

ABSDF မြောက်ပိုင်းသတ်ဖြတ်မှုကို အကြောင်းပြုပြီး သူတို့ပြည်တော်ဝင်ချိန်နဲ့ အချိန်ကိုက် သတင်းစာရှင်းပွဲတွေ၊ သတင်း ဂျာနယ်အင်တာဗျူးတွေ လုပ်တာတွေ့ရတယ်။ လုပ်သင့်တာလုပ်တာပဲလို့ ယူဆတယ်။ အမှန်တရားဆိုတာ တခါတခါ သူ့အလိုလို ပေါ်တတ်တာမဟုတ်၊ ပယောဂတွေနဲ့ ဖုံးကွယ်နေတတ်တယ်။ ဒါကို သတိ၊ ၀ီိရိယနဲ့ အားထုတ်ဖော်ထုတ် ရ တာတွေ ရှိတယ်။ ဒါကိုလက်ခံတယ်။ ကိုမိုးသီးတို့၊ ကိုနိုင်အောင်တို့ ကိုယ်တိုင်လဲ ဒီကိစ္စကိုရှောင်လွှဲနေတာ မဟုတ်ဘူး၊ ရင်ဆိုင်နေတာပဲ။

၁၉၉၃ လောက်ထင်တယ်၊ ကိုနိုင်အောင် အနောက်ဘက်ဒေသမှာ ABSDF အလံစိုက်ဘို့ ရောက်လာတယ်။ကျနော်တို့က မြန်မာကျောင်းသားများအဖွဲ့ နာမည်နဲ့ နယူးဒေလီမှာ မြေပေါ်နိုင်ငံရေးလုပ်ကြတယ်။ အိန္ဒိယအစိုးရ၀န်ကြီးတချို့နဲ့၊ အ မတ်ဟောင်းတွေ၊ နိုင်ငံရေးပါတီတချို့နဲ့ NGO အဖွဲ့တချို့၊ သတင်းစာသမားတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေက အားပေး တယ်၊ ကျနော်တို့လှုပ်ရှားမှုကို ထောက်ခံကူညီတယ်။ ပြောချင်တာက စစ်ရေးထက် နိုင်ငံရေးကို အိန္ဒိယပြည်တွေက အားပေးနေတဲ့အချိန်။ မြန်မာအိန္ဒိယနယ်စပ်မှာ တိုင်းရင်းသားသူပုန်အဖွဲ့တွေ (ချင်း၊ ရခိုင်၊ ဇိုမီး) အဖွဲ့တွေရှိတယ်။
အိန္ဒိယအစိုးရ ထောက်လှမ်းရေးတို့၊ စစ်တပ်တို့နဲ့ အဲဒီတိုင်းရင်းသားသူပုန်လက်နက်ကိုင်တွေ သိပ်ကင်းလို့မရဘူး၊ တ နည်းပြောရရင်မလွတ်လပ်ဘူး၊ လက်နက်ကိုင်တော်လှန်ရေးဟာ အိန္ဒိယမှာမကြီးထွားနိုင်ဘူး၊ ရေခံမြေခံမဟုတ်ဘူး။ အဲဒါ ကိုနိုင်အောင်လာတော့ ရှင်းပြတယ်။ သူက လက်မခံဘူး၊ နယ်စပ် (ဒုက္ခသည်စခန်း၊ မဏိပူ) ကို အခြေခံပူးပေါင်းဘို့ သူ လာတာ။ ဒေလီနိုင်ငံရေးအင်အားစုနဲ့ ပူးပေါင်းနိုင်တာမနိုင်တာက သူ့အတွက် အရေးမပါဘူး။ သူ့အဓိကလုပ်ငန်းစဉ်က အနောက်ဘက်ဒေသ (အိန္ဒိယ) မှာ လက်နက်ကိုင်ကျောင်းသားတပ် (ABSDF) ဖွဲ့နိုင်ဘို့ပဲ။ ထားပါတော့ ဒီကိစ္စပြောရရင် ရှည်တယ်။

ပြောချင်တာက သူလာတုံးက မြောက်ပိုင်းကချင်မှာ ထောက်လှမ်းရေးဆိုပြီး လုပ်ကြံမှုတွေဖြစ်ပြီးခါစ ပူပူနွေးနွေး။ နယူး ဒေလီက ကျနော်တို့ရုံးမှာပဲ ကိုနိုင်အောင်နဲ့ ကျနော်တို့ ဒီကိစ္စအငြင်းပွားတယ်။ ကျနော်တို့နဲ့ နယ်စပ်ဒုက္ခသည်စခန်းမှာ တဖွဲ့တည်း အတူနေခဲ့တဲ့ ထိန်လင်း (ပန်းချီထိန်လင်း) ထောက်လှမ်းရေးစွတ်စွဲခံအုပ်စုထဲပါသွားတာကို သူထွက်ပြေး လွတ်မြောက်ပြီး စစ်အစိုးရသတင်းစာမှာပါလာမှ ကျနော်တို့ သိလိုက်တယ်။ ထိန်လင်းက ကျနော်တို့နဲ့ဒုက္ခသည်စခန်းမှာ ရင်းရင်းနှီးနှီးရှိသလို၊ စိတ်တူကိုယ်တူတွေ၊ စခန်းထဲက နံရံကပ်တို့၊ အနုပညာကိစ္စ၊ ဖြော်ဖြေရေးကိစ္စတွေ တူတူလှုပ်ရှာ ခဲ့ကြတာ။

သူပြည်ထဲဝင်သွားပြီး မြောက်ပိုင်းဘက်သွားတယ်လို့နောက်ဆုံးကြားတယ်၊ အဆက်ကလုံးဝပြတ်နေတာ။ နောက်တော့ ဗြုံးကနဲထောက်လှမ်းရေးအသွင်နဲ့ သတင်းထွက်တော့ ကျနော်တို့ လုံးဝလက်မခံဘူး။ ကိုနိုင်အောင်ကို ခါးခါးသီးသီးငြင်း တယ်။ မြောက်ပိုင်းသူလျိုကိစ္စဟာ မှားယွင်းလုပ်ကြံမှုလို့ ပြောပြတယ်။ ကိုနိုင်အောင်ဘက်ကလည်း ရေလှိုင်းစစ်ဆင်ရေး တို့၊ စစ်ဆေးဖော်ထုတ်ချက်တို့ ဘာတို့နဲ့အသေအချာ ရှင်းပြပါတယ်။ ဒါပေမဲ့ ကျနော်တို့က လက်မခံဘူး။ နောက်ဆုံး ကိုနိုင်အောင်က “ဒီကိစ္စသမိုင်းကပေးတဲ့အပြစ်ဒါဏ်ကို ကျနော်ခံပ့ါမယ်” လို့ ကတိပေးပြီး အငြင်းအခုန် အဆုံးသပ်သွား တယ်။

နောက်ပိုင်းတော့လည်း ကျနော်တို့တတွေ ရင်းရင်းနှီးနှီးအလုပ်တွဲလုပ်ကြတယ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားလူ ငယ်များကွန်ဂရက် SYCB ကိုတောင် တိုင်းရင်းသားတွေနဲ့လက်တွဲပြီး နယူးဒေလီမှာဘဲ (၁၉၉၆) က လူငယ်တပ်ပေါင်းစု တရပ်အနေနဲ့ ဖွဲ့ခဲ့ကြတယ်။ မြောက်ပိုင်းကိစ္စ မမေ့ပေမဲ့ ဘုံရန်သူကိစ္စ အရင်ရှင်းကြတယ်။

တချိန်က ကျနော်တို့ရဲ့ဘုံရန်သူရဲ့အမွေကို ဒီနေ့ကြံ့ဖွတ်အစိုးရက အမွေဆက်ခံထားတာပါ။ န၀တ၊ နအဖစစ်အစိုးရ ခေတ်ရော၊ ဒီနေ့ကြံ့ဖွတ်အစိုးရကရော၊ ကျူးလွန်လာခဲ့တဲ့ လူသတ်မှု၊ မုဒိန်းမှု၊ ခြစားမှု၊ ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမှု၊
လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီပဲရင်းလုပ်ကြံမှု၊ စစ်ရာဇ၀တ်မှု၊ နိုင်ငံတော်သစ္စာဖောက်မှု၊ နာဂစ်မုန်တိုင်းမှု၊ …ဘာအမှု၊ ညာအမှု နံပါတ်စဉ်တပ်လို့ မကုန်နိုင်အောင် အမှုပေါင်းမြောက်မြားစွာ ကျူးလွန်ခဲ့ကြတာလည်း မမေ့သင့်ဘူး။

အခုဟာ ဆန်ရင်းနာနာဖွတ် ဆိုသလို၊ နိုင်ရာဖိထောင်းနေတာက တဘက်သတ်ပွဲကြီးလို ဖြစ်နေတယ်။
ဖေ့စ်ဘွတ်စာမျက်နှာတွေက အတော်ရုပ်ပျက်တယ်။ ရိုင်းစိုင်းတယ်။

အဆိုးဆုံးက ပြည်တွင်းမီဒီယာတခု (သတင်းရောင်းစားတဲ့ မီဒီယာ) က အယ်ဒီတာအမျိုးသမီးတယောက်က မိုးသီးဇွန် တို့အဖွဲ့ မြန်မာပြည်ခရီးဆိုပြီးရေးတာကိုဖတ်ရတယ်။မိုးသီးဇွန်အဖွဲ့ ပြည်တော်ဝင်တာကို စိတ်အခံမကောင်းစိတ်နဲ့ ရိတိတိ စော်ကားရေးထားတယ်။ ညီညွတ်ရေးအမြင်နဲ့ မကြည့်ဘူး။ နိုင်ငံသားမဟုတ်တော့တာကို အပြစ်လိုပြောတယ်၊ (နအဖ လေသံ) အောက်က ကွန်မင့်တွေက ပိုရိုင်းတယ်။ ဦးသိန်းစိန်ရဲ့ ကြံ့ဖွတ်အစိုးရအဖွဲ့တွေလောက်တောင် စာနာစရာမ ကောင် တဲ့ဟန်၊ ပြည်ပရောက်တွေက အသုံးမကျသူတွေလိုမြင်အောင်ရေးကြတယ်။ ထားပါတော့

စစ်ကျွန်တွေ၊ ကြံ့ဖွတ်လူတွေက ဒီလိုဝင်နှောက်တာလည်း ဖြစ်နိုင်တာ မို့ကွန်မင့်တွေအကြောင်း သိပ်မပြောလိုဘူး။ ဒါပေမဲ့ ဒီလိုကာလ (အသွင်ကူးနေတဲ့ စပ်ကူးမတ်ကူးကာလ) ထားစေချင်တဲ့ စိတ်ဓာတ်လေးတော့ လက်တို့ပြောပြချင် တယ်။ ဒီအချိန်မှာ ပြည်သူတွေညီညွတ်ရေး အသဲအသန်လိုနေတဲ့ ကာလပါ။ ဆောင်းပါးပဲရေးရေး၊ သတင်းရေးရေး၊ အပြုသဘောနဲ့ စိတ်ရင်းမှန်မှန်ထား ရေးစေလိုတယ်။ အခုဟာ သမိုင်းမသိ၊ ဘာမသိသလိုပဲ၊ အဆိုးမြင် မျက်မှန်စိမ်း တပ်ပြီးရေးနေတော့ ဖတ်ရတာစာက ကောင်းမလာဘူး။

တကယ်တော့ ကိုမိုးသီးတို့အဖွဲ့က ရန်သူ မဟုတ်ပါဘူး။ နှိမ့်ချရေးစရာမလိုတဲ့ လူတွေပါ။ သူတို့ နိုင်ငံခြားသားခံထားတာ လည်း အခြေအနေအရပါ။ အချိန်မရွေး ကိုယ့်နိုင်ငံသားဖြစ်မဲ့သူတွေပါ။ သူတို့ အမေရိကန်နိုင်ငံသားပေမဲ့ မြန်မာပြည် သူတွေကို သစ္စာမဲ့နေတာ မဟုတ်ဘူး။ မြန်မာပြည်ထဲမှာ အကောင်းဆုံးတခုခုပေးချင်တဲ့ စေတနာနဲ့လာသူတွေလို့ အပြု သဘောနဲ့ မြင်သင့်တယ်။

သေချာတာက သူတို့ဟာ NGO တွေ၊ ပရောဂျက်တွေ၊ ပရိုပိုဆယ်တွေနဲ့ လုံးထွေးပြီး ကိုယ်ကျိုးတ၀က်၊ ကိုယ့်အလုပ်တ ၀က်နဲ့ ဗမာပြည်ထဲဝင်အလုပ်လုပ်နေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းယောင်ယောင်၊ နိုင်ငံရေးပရောဟိတ်တွေ ယောင် ယောင်၊ နိုင်ငံရေးပွဲစားယောင်ယောင်၊ မီဒီယာယောင်ယောင်၊ အဖွဲ့မဟုတ်ဘူး။ မိုးသီးတို့အဖွဲ့ဟာ ကိုယ့်ထမင်းကိုစားပြီး နိုင်ငံရေးလုပ်နေတာပါ။ ပြည်တွင်းမှာ တခုခုလုပ်နိုင်အောင် အရဲစွန့်ဝင်ခဲ့သူတွေ ဖြစ်တယ်။ ဒီခရီးအတွက် သူတို့ဟာလေး၊ ငါး၊ ခြောက်လလောက် အပြင်က ရဲဘော်ရဲဘက်တွေနဲ့ စကားစစ်ခင်းသွားခဲ့ရတာ၊ တချို့အပြင်က ရဲဘော်တွေက သိပ် ကြည်ကြတာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ဘက်က ရှေ့ပြေးကင်းတွေလို သဘောထားတယ်။

သူတို့ပြန်လာရင် အခြေအနေအားလုံး နားစွင့်ကြအုံးမှာပါ။ မိုးသီးဇွန်တို့က နယ်စပ်မှာ ကိုယ်ပိုင်ကားတ၀ီဝီစီးပြီး နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ NGO အထောက်အပံ့နဲ့ ပြည်တော်ဝင်တာ မဟုတ်ဘူး။ ကျနော်တို့က အစောကပြောသလို မိုသီးဇွန် နောက်လိုက်လည်း မဟုတ်သလို၊ မိုးသီးဇွန် ဘာလုပ်လုပ်ထောက်ခံသူလည်း မဟုတ်ဘူး။ ဒါပေမဲ့ လက်သဲ ဆိတ်ရင်တော့ လက်ထိတ်နာတယ်။ သူတို့နဲ့ ကျနော်တို့ မျိုးဆက်အတူတူ ဖြစ်တယ်။ သူ့ကိုဆဲရင် ကိုယ့်ကိုလည်း ဆဲနေ သလိုပဲ၊ ကိုယ့်မျိုးဆက်ထဲက သိကြသူတွေဆဲတာဆိုတာ နားကြားကောင်းနေသေးပေမဲ့၊ ဘုမသိ ဘမသိ၊ သမိုင်းကြောင်း လဲမသိ နားမလည်သူတွေက အသားလွတ် ၀င်သမတာတော့ အတော်စော်ကားတဲ့ လုပ်ရပ်ပဲ။

အခု ကိုမိုးသီးတို့ပေါ် အဆိုးမြင်တွေနဲ့ ရေးနေသူတွေကရော စစ်အစိုးရအောက် ပြားပြားမှောက်စဉ်ကာလတွေက ဘာ များလုပ်ခဲ့ကြလဲဆိုတာ ပြန်ဆန်းစစ်သင့်တယ်။ ၁၉၈၈ ကာလ က တပါတီအာဏာရှင်စနစ်က မျက်ကန်းတစ္ဆေမကြောက် ဗြောင်တိုက်ခဲ့ကြ၊ ဓားဓားချင်းလှံလှံချင်း ရင်ဆိုဘို့ဆိုပြီး နယ်စပ်ထွက်ခဲ့ကြ၊ ဆင်းရဲကြ၊ ငတ်မွတ်ကြ၊ ရန်သူစစ်တပ် သတ်လို့ သေတာကတမျိုး၊ ကိုယ့်မဟာမိတ် တိုင်းရင်းသားသူပုန်ကသတ်လို့ သေတာကတဖုံ၊ ကိုယ့်အချင်းချင်းသတ်လို့
သေတာကတမှောင့်။ ကြုံလို့ပြောရမယ်။ အခု မြောက်ပိုင်းလူသတ်မှုကမှ အရိုးတွန်ပြီး ပြန်ပေါ်လာသေးတယ်။ ကျနော် တို့တတွေရဲ့မဟာမိတ်ကရင်နဲ့ ချင်းတွေသတ်လို့ သေတာကြောင့် အရိုးတွေဆွေးပြီး မတွန်နိုင်၊ မကနိုင်တဲ့ ခွတ်ဒေါင်း အရိုးတွေ အများကြီးရှိသေးတယ်။ ဥပမာ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းဒုက္ခသည်စခန်းကို လာခိုလှုံတဲ့ မြန်မာ ကျောင်းသားတွေထဲက ကိုကြည်အောင်(ရန်ကုန်)နဲ့ ကိုမြသောင်း(ကလေးမြို့) တို့ကို အဲဒီက ချင်းလက်နက်ကိုင် CNF က ၁၉၉၀ အစောပိုင်းမှာ စပိုင်ထောက်လှမ်းရေးလို့စွတ်စွဲပြီး ရက်ရက်စက်စက် မြေမြှုပ်သတ်ဖြတ်ခဲ့ကြတယ်။ ဒီကနေ့ အချိန်ထိတောင် မိသားစုတွေ သူတို့သားတွေပြန်လာမလားလို့ မျော်နေသလားမသိ။

နောက်တခုက ကိုနိုင်အောင်တို့လာဖွဲ့စည်းခဲ့တဲ့ ကိုလှဌေး ဦးဆောင်တဲ့ ABSDF (အနောက်ပိုင်း) က ဘင်္ဂလားဒေခ်ျ မြန်မာနယ်စပ်ကနေ မီဇိုရမ်နယ်ထဲအ၀င် ကျနော်တို့ သူငယ်ချင်း ကိုဝင်းထွဋ် နောက်ကျောကျည်ဆံမှန်ပြီး ကျသွားတယ်။
အချင်းချင်းလုပ်ကြံတာလား၊ မဟာမိတ်တိုင်းရင်းသားအဖွဲ့က လုပ်ကြံတာလား ဒီနေ့ထိ မသိရဘူး၊ ကိုဝင်းထွဋ်မှာဇနီးနဲ့ သမီးလေး ကျန်ရစ်ခဲ့တယ်။ ဒီလိုအဖြစ်အပျက်တွေ ကရင်နယ်မှာအများကြီး၊ တောခိုကျောင်းသားတွေ၊ ဆရာဝန် လောင်း၊ အင်ဂျင်နီယာလောင်းနဲ့ ပညာတတ်တွေတောထဲမှာ စစ်မတိုက်ရဘဲ နောက်ကျည်ဆံနဲ့ ကျဆုံးသွားသူတွေ မနည်းဘူး။ (ဒါတွေစနစ်တကျ မှတ်တမ်းတင်ထားသင့်တယ်)

အဲလို.. ၈၈ ကျောင်းသားတွေဟာ တချိန်ကဘ၀တွေစွန့်ပြီး စနစ်တခုရဲ့ပြဋ္ဌာန်းပေးလိုက်တဲ့တာဝန်ကို ပုခုံးပေါ်နိုင်သ လောက်တင်ထမ်းခဲ့ကြတာပါ။

ဟိုးတချိန်က တောခိုကျောင်းသား၊ ပြည်ပြေးတွေကို သူရဲကောင်းလို့တောင် ပြည်သူတွေကသတ်မှတ်ခဲ့ကြတာ မဟုတ် ဘူးလား။ ဒီနေ့အထိ အဲဒီယုံကြည်ချက်နဲ့ တောထဲမှာ ဒုက္ခခံရပ်တည်နေတဲ့ ကျောင်းသားလူငယ်တွေ ရှိနေပါသေးတယ်။
ဟိုတုံးက သူရဲကောင်းတွေကို အခုအချိန်ကျမှ သစ္စာဖောက်တွေလို မဆက်ဆံသင့်ပါဘူး။

အခုပြည်တော်ပြန် ကိုမိုးသီးတို့အဖွဲ့ဟာ တချိန်က စစ်ခေါင်းဆောင်တွေနဲ့ ဒီကနေ့ကြံ့ဖွတ်ပါတီခေါင်းဆောင်တွေလောက် ပြည်သူအပေါ် ဘိုကျနှိပ်ဆက်မဲ့သူတွေ မဟုတ်သလို၊ ခေတ်ပျက်သူဌေးတွေလိုလည်း အတ္တလွန်ကဲ စီးပွားရှာနေမဲ့ သူ တွေ မဟုတ်ပါဘူး။ လက်တဆုတ်စာ NGO အကြိုက်လုပ်နိုင်ငံရေးအဖွဲ့၊ မီဒီယာအဖွဲ့တွေကြောင့် အမှန်တကယ် ယုံကြည် ချက်နဲ့ စွန့်လွှတ်အနစ်နာခံသူတွေ ဘေးဒုက္ခရောက်ခဲ့တယ်။ တော်လှန်သူတွေ နာမည်ပျက်ခဲ့တယ်။ ပိုဆိုးတာက တော် လှန်ရေးကြီးတခုလုံး အကြော်သည်လက်သုတ် ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ ဟိုကတည်းက NGO တွေနဲ့ ပလူပလဲလုပ်သူတွေ၊ ငွေကြေးအရင်းအမြစ် ကိုင်ထားသူတွေကိုပဲ အထည်ကြီးပျက် ကြံ့ဖွတ်အစိုးရက တော်ကောက်ထားတယ်။ မြှောက်စားထားတယ်၊ သွေးခွဲထားတယ်။ ဒါကိုအခွင့်အရေးသမား၊ နိုင်ငံရေး
ကျပ်မပြည့်တွေက သိရက်နဲ့ အချောင်နှိုက်တယ်။ ဒီကနေ့ ကျနော်တို့လျှောက်နေတဲ့ခရီးဟာ အလွန်သိမ်မွေ့ပါတယ်။
အားပြိုင်မှုတွေ ရှိနေပါတယ်။ အပြုဝါဒီတွေနဲ့ လမ်းဟောင်းဝါဒီတို့ လွန်ဆွဲနေပါတယ်။ လွှတ်တော်ထဲမှာလည်း အင်အား ပြိုင်နေသလို၊ စီးပွားရေးနယ်ပယ်၊ NGO လောက၊ နိုင်ငံရေးနယ်ပယ်နဲ့ မီဒီယာလောကထဲမှာပါ အင်အားပြိုင်တာ၊ စား ကျက်လုတာ၊ ခွက်စောင်းခုတ် ခြေထိုးကန်ကြောက်တံတောင်နဲ့တွက်နေတာကို အပြင်ကနေတောင် ကြားရမြင်ရတာပါ။
လတ်တလောလေးတင် ဆရာကြီးဒဂုံတာရာက “ကျနော်တို့တိုင်းပြည်၌ ဒီမိုကရေစီပန်းနုရောင်ကလည်း သန်းစအချိန် ဖြစ်ပါသည်၊ ထိုသို့သော ဒီမိုကရေစီပန်းနုရောင်ကာလတွင် အချင်းချင်းမေတ္တာဖြင့် တဦးနှင့်တဦး ယုံကြည်ရလောက် သော အနေအထားများဖြင့် ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်ရန် မေတ္တာရပ်ခံပါ သည်။ ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သောအချိန်တွင် လှေကိုမလှုပ်အောင် လူးအောင်မလုပ်ဖို့ အားလုံးကို မေတ္တာရပ်ခံပါ သည်။

လွန်ခဲ့သောနှစ်ကာလများ အတွေ့အကြုံအရ ယခုကာလကို စိုးရိမ်စွာစောင့်ကြည့်နေရသော အချိန်ဟု ကျွန်တော် ယူဆ ပါသည်။ ၂၀၁၅ ထိအခြေအနေ တည်ငြိမ်ချောမွေ့အောင် ၀ိုင်းဝန်းထိန်းသိမ်းကြ” လို့ ပြည်သူတွေကို တိုက်တွန်းထားပါ တယ်။

ဒီအချိန်မှာ ကိုမိုးသီးတို့ ပြည်တော်ပြန်တာဝမ်းသာအားရ ကြိုဆိုသင့်ပါတယ်။ ရန်သူအားပေး မလုပ်သင့်ပါဘူး။ ပြည်တွင်း ရှစ်လေးလုံးနိုင်ငံရေးအင်အားစုထဲမှာတောင် ကိုမိုးသီးဇွန် ကို လေဆိပ်သွားကြိုဖို့ မဲခွဲဆုံးဖြတ်တယ်ကြားတော့ ကျနော် တို့ အတော်လေးအံ့သြသွားတယ်။ စိတ်လည်းပျက်သွားတယ်။ ဒီကိစ္စ မဲခွဲရမဲ့ကိစ္စလား? အဲလောက်အထိ ဖြစ်သင့်သ လား၊ အထဲက အင်အားစုတွေကိစ္စ အပြင်အင်အားစုတွေ မျက်စိမှိတ်ထောက်ခံခဲ့တယ်။ ညီအကိုတွေလို မြင်တယ်။ ကျနော် ခိုင်ခိုင်လုံလုံ သိရတဲ့သတင်းအရ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမြအေး တို့က သူငယ်ချင်းတွေအဖြစ် လေဆိပ်သွား ကြိုမဲ့ကိစ္စတောင် မဲရှုံးလို့ ငယ်သူငယ်ချင်းကိုတောင် မကြိုလိုက်ရဘူးတဲ့၊ ထူးဆန်းအံ့ဘွယ် သတင်းပဲ။

လေဆိပ်သွားကြိုဘို့ ကိစ္စတောင် မဲခွဲနေရသတဲ့လား? ဘာတွေဖြစ်ကုန်ပြီလဲ? ကျနော်တို့ နွားတွေတော့ တကောင်ချင်း ကွဲနေပါပြီ။ ကျားဟိန်းသံလည်း ကြားနေရတယ်။ တောကလည်း နက်ပါတယ်။ အချိန်ကလည်း ညီအကိုမှန်းတောင် မသိတသိ။ ကျနော်တို့ရဲ့ ၀ါရင့်စစ်ဘိုရှုတ်တွေက အခုဆို အကွက်ကျကျနဲ့ ပြည်ပမီဒီယာတွေ၊ ဒီမိုကရေစီဘန်းပြ NGO တွေ၊ ပရောဂျက်နိုင်ငံရေးအဖွဲ့အစည်းတွေဆီက အဆက်အသွယ်နဲ့၊ အရင်းအမြစ်တွေ အရယူနေပါတယ်။ မုဆိုးစိုင်သင် လုပ်နေပါတယ်။ ပြည်ပ ဒီမိုကရေစီလှုပ်ရှားမှုကို ခါးလည်ကပိုင်းလိုက်ပါပြီ။ သူတို့က၂၀၀၈ ဖွဲ့စည်းပုံကိုင်ပြီး အပေါ်စီးက နေ ကစားနေတာပါ။

မင်းသားစရိုက်အမျိုးမျိုးကို တယောက်ပြီးတယောက် ထုတ်ရှိုးပြီး ဒီတကွေ့မာလိုက်ဟောက်လိုက်၊ ဟိုတကွေ့ ပျော့လိုက် ချော့လိုက် လုပ်နေပါတယ်။ တချိန်က ကျနော်တို့ဘက်တော်သားတချို့နဲ့ ပုလင်းတူဗူးဆို့ ဖြစ်နေပါတယ်။ ဒီကနေ့ ကိုမိုးသီးတို့ ပြည်တော်ပြန်အုပ်စုကို ပင့်လိုက်၊ မြှောက်လိုက်၊ ရိုက်ချလိုက်နဲ့လုပ်နေတာ သိပ်မလှပါဘူး။ ကျနော်တို့တ တွေ ညီညွတ်ရေးအမြင်နဲ့ ခရီးဆက်ဘို့လိုပါတယ်။ အားလုံးဟာ တပင်ကိုတပင်ယှက်နေတာပါ။ ကိုမိုးသီးတို့၊ ကိုနိုင်အောင် တို့နဲ့ ကချင်မြောက်ပိုင်းကိစ္စလိုပဲ ငြိမ်းချမ်းရေး ကိစ္စ၊ ပြည်ပရောက်ကျောင်းသားတွေ ဂုဏ်သိက္ခာရှိရှိပြန် နိုင်ရေးကိစ္စလည်း အရေးကြီးပါတယ်။

ဒီနေ့ ကိုမိုးသီးတို့ကို ဆဲနေတယ်။ မနက်ဖြန် ကျနော်တို့ ပြည်ပရောက်တွေကို ဆဲလိမ့်မယ်။ ဒီကနေ့ ကိုမိုးသီး တို့ကို စော် ကားနိုင်တယ်ဆို၊ မနက်ဖြန် ကျနော်တို့ကိုလည်း စော်ကားပါလိမ့်မယ်။ ညီညွတ်ရေးအမြင်၊ မဟာမိတ်အမြင်မရှိရင် ကျနော်တို့ ကျဆုံးမယ်။

သတင်းထောက်ကိုညို
၎ စက်တင်ဘာ ၂၀၁၂

Tags: , , , , , , ,

2 Responses to “ဒီကနေ့ မိုးသီး … မနက်ဖန် ကျနော်တို့လား”

  1. tayza Says:

    မိုးသီးဇွန်ကိုမကြိုက်ကြပေမယ့်ဦးမင်းကိုနိုင်ကိုပြည်သူတွေကြိုက်ကြတာဟာဘာကြောင့်လဲဆိုတာလူတိုင်းသိကြပါတယ်ကိုယ့်သမိုင်းကိုယ်ေ၇းကြသူတွေကြီးပါဘဲ ပြည်သူတွေကိုညာလို့မ၇ပါဘူး

    • drkokogyi Says:

      Politicians used to choose the popular politics are also not always right. See most of the politicians acting like three wise monkeys on Human Rights issues of Rohingya when it may reduce their popularity. For me I am hated by Myanmar Gov, Kyant Phut, Rakhines, NLDs, Myanmar Muslims (because I supported the Rohingya issue) and some Rohingyas because I advised them to accept the President’s VOA interview and to help save face of U Thein Sein by accepting to be called Bengali. I even dare not write about Malaysia because of backlash although I wrote the feedback in good faith without interfering in their politics. My family want me to stop all FB and blog activities…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: