ခိုင်ထူးသီချင်းသွားသတိရလို့ ….. ဒို့လာပြီ…. Min Min Latt (ဆမား ညီညီ) အဲဒီတုန်းကမြောက်ပိုင်း AB မှာ လူ ၂၅၀ ခန်.ရှိတာမှာ လူ ၁၀၀ ကျော်အဖမ်း
ခံခဲ့ရပါတယ်။
We hereby wish to request my brother SMAR = village near the ABSDF -N camp = SHEIK Mohamad Abdul Raof to publish the names of Muslims he know in ABSDF -N.
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် ကျော်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း
သားများ ဒီမိုကရက်တစ် တပ်ဦး၊ အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း) စခန်းအကျဉ်းထောင်၌ မတရားစွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူများက လူသတ်တရားခံအား တရားစွဲဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကိစ္စတွင် ကိုယ်တိုင် ဖြတ်သန်းပါဝင်ခဲ့သူတချို့က မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။ ၃၀-၈-၂၀၁၂ နေ.ထုတ် Myanmar Independent News Journal ပါ ဆမားညီညီနှင့်အင်တာဗျုးဆောင်းပါးအပြည့်အစုံ….
Tags: All Burma Students' Democratic Front, Asia, Burma, Muslim, Myanmar, Rakhine State, Rohingya people, Thein Sein
September 10, 2012 at 1:58 pm |
ABSDF မြောက်ပိုင်း ပါဂျောင်ဒေသ ကျောင်းသားများ သတ်ဖြတ်ခံရမှု တရားခံများ နိုင်ငံတော်မှ လွတ်ငြိမ်းခွင့်ပေးသည်ဖြစ်စေ ခွင့်မလွတ်နိုင်ဟု
ကျောင်းသားဟောင်းများဆို………
Popular Myanmar News Journal
၁၉၉၂ခုနှစ်နှောင်းပိုင်းက ABSDF မှ မြောက်ပိုင်း ပါဂျောင်ဒေသတွင်ကျောင်းသားများအား သတ်ဖြတ်ခဲ့သည့်ရာဇ၀တ်မှုကျူးလွန်ခဲ့သူတရားခံစာရင်းပြုစုထားပြီးဖြစ်၍ လူထုထောက်ခံဆန္ဒပြုလက်မှတ်များ ရယူကာ နိုင်ငံတော်သို့တင်ပြသွားမည
်ဟု စွပ်စွဲဖမ်းဆီးခံခဲ့ရာတွင်ပါဝင်ခဲ့သေ
ာ ကျောင်းသားဟောင်း ဦးဆမားညီညီက ပြောသည်။
“ အစိုးရက သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရင်တောင်ခွင့်မလွှတ်နိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံတော်အနာဂတ်အတွက် သဘောထားကြီးပေးမယ်” ဟု စက်တင်ဘာလ၉ရက်တွင် မန္တလေးမြို့ ၊ ဒဏ္ခိဏရာမကျောင်းတိုက်တွင်ပြုလုပ်သည့် မြောက်ပိုင်းအမှုမှန်ဖော်ထုတ်ရေးအဖွဲ့၏ ပါဂျောင်ရှင်းတမ်းအခမ်းအနားတွင် ၄င်းက ပြောခဲ့ခြင်းဖြစ်သည်။
ယခုအမှုကို အဖွဲ့လိုက်စုပေါင်းတရားစွဲဆိုရန် စီစဉ်ထားပြီး တရားခံစာရင်းပြုစုထားပြီးဖြစ်ကာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်သွင်းသွားမည်ဟုပါဂျောင်ဒေသမှလွတ်မြောက်ခဲ့သူတစ်ဦးဖြစ်သည့် ၄င်းကပြောသည်။
ထိုသို့တင်သွင်းရာတွင် ပြည်သူများထံမှ ထောက်ခံဆန္ဒမဲလက်မှတ် တစ်သောင်းခန့်ကောက်ခံသွားပြီး ပူးတွဲတင်ပြသွားမည်ဟု ဆိုသည်။ ထို့နောက်အမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပေးရန် နိင်ငံတော်သို့တောင်းဆိုသွားမည်ဖြစ်ပြီး အဖွဲ့မှစုံစမ်းစစ်ဆေးထားသည့်ရလဒ်များအပေါ် အခြေခံ၍တရားစီရင်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
“ ဒီမြောက်ပိုင်းဖြစ်ပျက်ပွဲမှာ အမှန်တကယ်တာဝန်ရှိသူတွေကတော့ ဥက္ကဌရော်နယ်အောင်နိုင်(wrongly wrote as ဒင်) နဲ့ဗဟိုကော်မတီဝင်တွေ၊ ဒေါက်တာနိုင်အောင်၊ ထောက်လှမ်းရေးအဖွဲ့က ကိုသန်းဇော်တို့ကို ပထမဦးဆုံးတာဝန်ရှိသူများအဖြစ် ဖြည့်စွက်ထားကြောင်းလည်း ဦးဆမားညီညီက ဆိုသည်။
အဆိုပါပွဲကျင်းပရခြင်းကိုမူ ၄င်းက “ မြန်မာ့နိုင်ငံရေးမှာ သူတို့ကြောင့်အရှုပ်အထွေးတွေဖြစ်လာမှာစိုးလို့ပါ” ဟု ပြောသည်။