မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ

SOURCE: MMSY- မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ

မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ

မန္တလေးမြို့သည် ဘာသာရေး၊ သာသနာရေးထွန်းကားသော ယဉ်ကျေးမှုမြို့တော်ကြီးဖြစ်သည်။ ၁၂၂၁ နှစ် မြို့တည်နန်းသည်မင်းတုန်းမင်းလက်ထက်မှစ၍ ရွှေနန်းတော်ဆောက်လုပ် စိုးစံတော်မူခြင်းနှင့်အတူ အမရပူရမှ ပြောင်းရွှေ့လာသော မြို့သူ၊မြို့သားမင်းမှုထမ်းများနှင့်အတူ မြို့တော်တွင် ၁၂၂၄ ခုနှစ်မှစ၍ အကွက်အမည်များ စနစ်တကျ ချမှတ်ပေးသနားခဲ့သည်။

မြို့တော်တည်ချိန်မှစ၍ ဘာသာရေး၊ သာသနာရေးများကိုလည်း မြို့တော်အင်္ဂါနှင့်အညီ တည်ဆောက်ချီးမြှင့်သည်။သာသနာပိုင်ဆရာတော်ကို တစ်ပါတည်းပင့်ဆောင်ပြောင်းရွှေ့စေတော်မူ၍ နန်းတော်နှင့်မနီးမဝေး နန်းရှေ့၌တိုက်တော်တည်ထား၊ ကျောင်းတော်ကြီးတည်ဆောက် သာသနာတော်ကို အပ်တော်မူသည်။ အခြားဘာသာခြားလူမျိုးများကိုလည်း လွတ်လပ်စွာနေထိုင်ခွင့်ပေးသလို နေရာများသတ်မှတ်ပေးသည်။ ဘုရားရှိခိုးကျောင်းများ၊ ဗလီများသတ်မှတ်ပေးသနားတော်မူသည်။

ထို့ကြောင့် ရတနာပုံရွှေမြို့တော်သည် မင်းတုန်းမင်း လက်ထက်တွင အမရပူရထက် ပိုမိုကျယ်ပြန့်စည်ကားလာသည်။ အမရပူရမှအမည်များကိုလည်း ဆက်လက်သုံးစွဲခဲ့သည်။ ရပ်ကွက်အမည်များလည်း ပါဝင်သည်။

ဘာသာရေးအသင်းအဖွဲ့များတွင် ဗုဒ္ဓဘာသာအဖွဲ့များက ယနေ့တိုင်ထင်ရှားလျှက်ရှိသည်။ ဆွမ်းဆန်တော်အလှှုအသင်း၊ဆွမ်းလောင်းအသင်း၊ အရုဏ်တော်အသင်းအချို့ အဓွန့်ရှည်တည်တံ့နေဆဲ၊ ယဉ်ကျေးမှု ခိုင်မာနေဆဲရှိသည်။ ပြောင်းလဲလာသောမြို့ပြယဉ်ကျေးမှုအလျောက် အချို့ရပ်ကွက်မျ မြို့သစ်ပြောင်းရွှေ့ရောက်ကုန်၍ နာမည်မျှသာ ကျန်ရစ်သည်လည်းရှိသည်။လူနေတိုးချဲ့လာခြင်းကြောင့်လည်း ယဉ်ကျေးမှုအချို့ မှေးမှိန်သွားခြင်းလည်းဖြစ်သည်။ နှစ် (၁၀၀) ကျော် သက်တမ်းအတွင်းထူးခြားမှုများတွင် လှုမှုရေးအသင်းများ တိုးပွားလာခြင်းဖြစ်ရာ ယနေ့မျက်မှောက်ကာလတွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့်လူမှုရေးကူညီရေးအသင်းများ ရာဂဏန်းနီးပါးရှိလာပြီဖြစ်သည်။

ထိုအထဲတွင် မန္တလေးမြို့၌ လူသိများသော အသင်းတစ်ခုမှာ နိဗ္ဗာန်ဆော်အဖွဲ့ဖြစ်သည်။ မန္တလေးမြို့မွတ်စလင်လူငယ်များ၏ နိဗ္ဗာန်ဆော်အဖွဲ့သည် မန္တလေးမြို့၌ သက်တမ်းအရှည်ဆုံး လူမှုကူညီရေးအသင်းကြီး တစ်ခုဖြစ်သည်။ ဤအသင်းကြီး၏ စေတနာနှင့် အနစ်နာခံလုပ်ဆောင် ကူညီဆောင်ရွက်မှုများကိုအခြားအသင်းများက နည်းနာယူ၍ စုပေါင်း တည်ထောင်ဆောင်ရွက်ကြသည်။ နိဗ္ဗာန်ဆော်အသင်းကြီးစေတနာအရင်းခံကူညီဆောင်ရွက်လေ့ရှိပုံများကိုလည်း ဓမ္မကထိကဆရာတော် ဘဒ္ဓန္တတိက္ခအဂ္ဂမဟာပဏ္ဍိတ အရှင်မြတ်က မကြာခဏ ဟောကြားလေ့ရှိသည်။ မန္တလေးပေါ်တွင် လူမှုကူညီရေးအသင်းတွေ မှိုလိုပေါက်လာအောင် ဟောကြားနည်းပြလမ်းညွှန် တည်ထောင်ကူညီပေးသော ဆရာတော်ကြီးအဖြစ် မြို့လူထုက သိရှိကြည်ညိုကြသည်။ အထက်ဖော်ပြပါ နိဗ္ဗာန်ဆော် အဖွဲ့ကြီးသည်

ယခု ၂၀၁၂ ခုနှစ်တွင် နှစ်(၆၀) ပြည့် အထိမ်းအမှတ်အဖြစ် မဂ္ဂဇင်းစာစောင်ထုတ်ဝေရန်လည်း တာဝန်ရှိကော်မတီအဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ စာရေးဆရာများထံမှ စာမူများ လိုက်လံစုဆောင်းနေကြသည်။ မန္တလေးမြို့ ဂုဏ်ဆောင် သမိုင်းဝင်စာစောင်တစ်ခုဖြစ်အောင် ကြိုးပမ်းကြစေချင်သည်။ သို့မှသာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနှင့်နေထိုင်ကြသော ရတနာပုံရွှေမြို့တော်ဂုဏ်ရောင်ကို ထွန်းညှိနိုင်ကြပေလိမ့်မည်။

နိဗ္ဗာန်ဆော်အဖွဲ့သည် မန္တလေးမြို့တွင်သာမက မြန်မာနိုင်ငံတစ်ဝန်းသို့ အရေးပေါ်လူမှုရေးကိစ္စများကို အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ အစဉ်အလာကြီးမားစွာ စေတနာ၊ မေတ္တာ၊ ဂရုဏာတရားများ အပြည့်ထားပြီး ကိုယ်ကျိုးမဖက် ဆောင်ရွက်လာကြသည်မှာ သံမဏိရှည်ကြာနှစ်(၆၀)တိုင်လာပြီဖြစ်သည်။ လူသားအကျိုးပြု NGO အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။ နိဗ္ဗာန်ဆော်အဖွဲ့သည် မည်သည့်ဘာသာရေးအဖွဲ့အစည်းဂိုဏ်းဂဏတို့၏ လက်အောက်ခံအဖွဲ့အစည်းမဟုတ်သလို၊ မည်သည့်အဖွဲ့အစည်းဂိုဏ်းဂဏတို့မှ အကူအညီတောင်းခံမှုမျိုးမဆို ပါဝင်ကူညီသည့် အစဉ်အလာလည်း လက်ကိုင်ထားလျက်ရှိသည်။

နိဗ္ဗာန်ဆော်အဖွဲ့ နှစ်(၆၀)ခရီးလမ်းတစ်လျှောက် လူမှုရေးကူညီဆောင်ရွက်မှုပေါင်း အမြောက်အမြားရှိခဲ့သည်။ မှတ်တမ်းမှတ်ရာများလည်း စာမျက်နှာတင်ထားသည်။ နိဗ္ဗာန်ဆော်အဖွဲ့ကို (၁၃-၆-၁၉၅၂) ခုနှစ်တွင် ဦးသန်းရွှေ (နိုးကြားရေး) ဦးဆောင်မှုဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ (၁-၇-၁၉၅၂) ခုတွင် ပညာရေးအတွက် (အရဗီ၊ အူရဒူ၊ မြန်မာ၊ အင်္ဂလိပ်) စာသင်ညကျောင်းကို ၈၂လမ်း၊ အမြောက်တန်းဗလီပေါ်တွင် ဖွင့်လှစ်သင်ကြားခဲ့သည်။ နိဗ္ဗာန်ဆော်စာစောင် အမှတ်(၁)၊ အမှတ် (၂)၊ အမှတ် (၃) စာစောင်များ ထုတ်ဝေခဲ့သည်။

၁၉၆၀ ပြည့်နှစ် မန်းရာပြည့်အခမ်းအနားကို အဖွဲ့တည်ရာ၌ ကျင်းပခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် စည်သူဦးဘကြွယ် (အစ္စလာမ့်ရန်ပုံငွေအဖွဲ့)မှ မ,တည်၍ မြို့လူထုလှုငွေများဖြင့် လူနာတင်ယာဉ်ဝယ်ယူပြီး အချက်ပြမီးတပ်ဆင်ခွင့်ရခဲ့သည်။ ၁၉၇၀ပြည့်နှစ် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကလေးသူငယ်များစွာသွေးလွန်တုပ်ကွေးဖြစ်ကြရာ ရေခဲအခက်အခဲရှိသဖြင့် အဖွဲ့မှကားဖြင့် တစ်မြို့လုံးရေခဲလိုက်လံဝယ်ယူ၍ နေ့စဉ်ရေခဲပေါင်း (၂၀၀၀) လှုဒါန်းခဲ့သည်။

(၂၄-၁-၁၉၈၀) မြန်မာ့တပ်မတော်လေယာဉ်ပျက်ကျစဉ်က တာဝန်ရှိသူများက နိဗ္ဗာန်ဆော်အဖွဲ့အား တာဝန်ပေးရာ အဖွဲ့မှ တာဝန်ယူပြီး ကွယ်လွန်သူ နှစ်ဦး၏ ဈာပနကို ကူညီဆောင်ရွက်ခဲ့သည်။ (၁၄-၇-၁၉၈၃) ဝါဆိုလပြည့်နေ့ တောင်သမန်အင်း ဦးပိန်တံတားအနီး လူငယ် ငါးဦး ရေနစ်သေဆုံးရာ စ၊လယ်၊ဆုံး ဈာပနကိစ္စဆောင်ရွက်ခဲ့သည်။ (၂-၉-၁၉၈၃) ဇီးပင်ကြီးအနီး မီးရထားတိမ်းမှောက်စဉ် ခရီးသည် ၅၈ဦး သေဆုံးစဉ်က ဘာသာခြား အသုဘများကို ဆောင်ရွက်ပေးခဲ့သည်။ (၂၄-၃-၈၄) မန္တလေးဒုတိယမီးကြီးလောင်ရာ နိဗ္ဗာန်ဆော်ရုံးခန်မီးသင့်လောင်သော်လည်း လုပ်ငန်းများ မရပ်မနားဆောင်ရွက်ခဲ့သည်။

ထို့နောက် ဂျွန်းဗလီဝကဖ်တိုက်ခန်းငှားရမ်း၍ ရုံးခန်းပြောင်းရွှေ့ဖွင့်လှစ်သည်။

၂၀၀၆-၂၀၀၇ တွင် မရှိနွမ်းပါးသူများ ဈာပနကိစ္စတိုင်း၌ နောက်လိုက်ကားမငှားနိုင်သဖြင့် အသုဘပို့ယာဉ်အခက်အခဲပြေလည်စေရန် အလှုခံရငွေများဖြင့် အီဆူဇူးနှင့် မှန်လုံကားနှစ်စီး၊ ရှေ့ကားမှန်လုံးကားအသေး ပေါင်းသုံးစီး ဝယ်ယူနိုင်ခဲ့သည်။ နိဗ္ဗာန်ဆော် အဖွဲ့သည် မီးဘေး၊ ရေဘေး သဘာဝအန္တရာယ်ကြုံတိုင်းလူမျိုး၊ ဘာသာမရွေးထံသွားရောက်ကူညီ ထောက်ပံ့လှုဒါန်းခြင်းများ မလစ်မလပ်ဆောင်ရွက်သည်။

(၁၈-၂-၂၀၁၁) တွင် မန္တလေးမြို့လုံးဆိုင်ရာ မွတ်စလင်သွေးလှူရှင်များအဖွဲ့ကို တည်ထောင်ပြီး စုပေါင်းသွေးလှုဒါန်းပွဲ ကျင်းပခဲ့သည်။ ပြည်သူ့ ဆေးရုံကြီးနှင့် ပြင်ပဆေးတိုက်များတွင် တက်ရောက်ကုသနေသော ဆေးရုံကြီးနှင့် ပြင်ပဆေးတိုက်များတွင် တက်ရောက်ကုသနေသော လူနာများမှ သွေးလိုအပ်၍ တောင်းခံသူများအား ယနေ့တိုင် သွေးလှုရှင်များ ရှာဖွေစုစည်း၍ ဦးစီးဆောင်ရွက် လှုဒါန်းလျှက်ရှိသည်။

အသင်း၌စာကြည့်တိုက်ဖွင့်လှစ်ပြီး သာသနာရေးရာကျမ်းများနှင့် သုတစာပေများကို ငှားရမ်းလျှက်ရှိသည်။

ဂျာနယ်၊ မဂ္ဂဇင်းများအလှုခံ၍ ငှားရမ်းပေးလျက်ရှိသည်။ ယနေ့အထ စာကြည့်တိုက်အသင်းဝင် (၁၀၀) ကျော်နေပြီဖြစ်သည်။ နိဗ္ဗာန်ဆော်အဖွဲ့သည် အသင်း၏ ၁၉၅၂ ခုနှစ်က ရေးဆွဲခဲ့သော အဖွဲ့၏စည်းမျဉ်းစည်းကမ်းများကို ခေတ်ကာလအလိုက် အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ၂၀၁၁ခုနှစ်တွင် စတုတ္တအကြိမ် ပြင်ဆင်ဖြည့်စွက် ရေးဆွဲအတည်ပြုခဲ့သည်။

နိဗ္ဗာန်ဆော် အဖွဲ့သည် မန္တလေးမြို့ကထင်ရှားသော လူမှုရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သလို အသင်း၏ ရည်ရွယ်ချက်များအတိုင်း  င်းနိုင်ငံဂုဏ်ရောင်၊ မြို့ဂုဏ်ရောင်ထွန်းပြောင်ရေးအတွက် လူမှုတာဝန်၊ ဘာသာရေးတာဝန်များ မမှိတ်မသုန် ထမ်းဆောင်သွားမည်ဟု မျှော်လင့်ရင်းနှစ် (၆၀)ပြည့် သက်တမ်းကို ဂုဏ်ပြုလိုက်ရပေသည်။

မူရင်း။ ။ ၁၅ရက်နေ့ထုတ် မန္တလေး သတင်းစာပါ ဆောင်းပါး

နိဗ္ဗာန်ဆော်အဖွဲ့= STARTED from the “Wake Up.” Jago teams.>>> During Ramadan, in the small towns and big villages with significant Muslim populations, Burmese Muslim youth organize singing teams called Jago (in Urdu and Hindi), which means “wake up.” Jago teams usually do not use musical instruments apart from the occasional use of harmonica mouth organs.[24] These youth will walk throughout the neighborhoods before sunrise to wake up the fellow Muslims for Suhoor (pre-dawn meal), which precludes the day of fasting.

The roving groups of singers will take the tunes of popular Hindi movie songs, replaced with Burmese lyrics and invocations about fasting, the do’s and don’ts of Islam and about the benefits of Salaat.[25] These songs could also be called Qawwali, which are popular in India and Pakistan. Sometimes these Jago groups will also visit Muslim homes on the Eid day, where they are welcomed with food and monetary donations for the team with Eidi or Duit Raya.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: