OIC ရုံး ဖွင့်လှစ်ရန် ပြည်သူ နှင့် သံဃာတော် အချို့ စိုးရိမ်နေခြင်းအပေါ် OIC ပြောကြား

Source: ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များကို ကူညီရန် OIC ရုံး ဖွင့်လှစ်ရခြင်းဟု OIC ပြောကြား

OIC အကြီးအကဲ အက္ကမီလဒ္ဒိင်း အဟ်ဆန်နိုဂ်လူ

OIC အကြီးအကဲ အက္ကမီလဒ္ဒိင်း အဟ်ဆန်နိုဂ်လူ

OIC ရုံး ဖွင့်လှစ်ရန် ပြည်သူ နှင့် သံဃာတော် အချို့ စိုးရိမ်နေခြင်းအပေါ် OIC လူနည်းစု ရေးရာ ဌာန အကြီးအကဲ မစ္စ ဒီနာ မန်ဒန က ဒါကလူထုရဲ့ ထင်မြင်ချက်သက်သက် သာ ဖြစ်တယ်၊ မြန်မာအစိုးရ သဘောထား မဟုတ်ဘူး။ လူထုထင်မြင်ချက် အပေါ်မှာတော့ ဘာမှ မပြောလိုဘူး။ သူတို့ အိုအိုင်စီ ဟာ အစိုးရနဲ့ လက်တွဲ လုပ်ဆောင်နေတာဖြစ်တယ်။ အိုအိုင်စီ ရုံးတွေ ဖွင့်တယ်ဆိုတာကလည်း ဗုဒ္ဓဘာသာတွေရော မွတ်ဆလင် တွေကိုပါ ကူညီဖို့ဖြစ်တယ်။ အခုတော့ ရုံးဖွင့်လို့ရတဲ့ အခွင့်အရေးကို ယူပြီး နှစ်ဘက်ကြား ယုံကြည်မှု တည်ဆောက် ဖို့ လုပ်ပါမယ် ဟု ဘီဘီစီသို့ ပြောကြားခဲ့ပါသည်။

၎င်းတို့၏အစီအစဉ်ကို OIC အတွင်းရေးမှူးချုပ်၏ ရှေ့ပြေး ခရီးစဉ်အတွင်း သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ ကာ OIC ဆောင်ရွက်မည့် လုပ်ငန်းများ ကို ရှင်းလင်း တင်ပြခဲ့ပြီးဖြစ်ကြောင်း ၄င်းက ပြောပါသည်။

ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးတပါးရဲ့ စီစဉ်ပေးမှုနဲ့ ဘာသာရေးနဲ့ ရပ်ရွာခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးနိုင်ခဲ့ လို့ အိုအိုင်စီရဲ့ လုပ်ဆောင်သွားမယ့်လုပ်ငန်းတွေကို ရှင်းပြခဲ့ပြီးဖြစ် တယ်၊ ဒီလိုပဲ ဆွေးနွေးပြောဆို ပြီးရင် အဆင်ပြေ အောင် ညှိနှိုင်း လုပ်ကိုင်နိုင်မှာ ဖြစ်တယ်၊ ဘာမှ ပြောဆိုခွင့် မသာရင်တော့ ပြဿနာတွေကို ရှင်းနိုင် မှာမဟုတ်လို့ နှစ်ဘက်စလုံးက အတူ လက်တွဲလုပ်ဖို့ လိုပါတယ် ဟု  မစ္စ ဒီနာ မန်ဒနီက ပြောကြားသည်။

OIC အနေဖြင့် ရန်ကုန်ရုံးကို ဗီဇာကိစ္စအပါအဝင် ထောက်ပံ့ရေးဆိုင်ရာများ အတွက် ဖွင့်လှစ်မှာဖြစ်ပြီး၊ စစ်တွေရုံးကို လူသားချင်းစာနာမှု အကူအညီတွေထောက်ပံ့ပေးရာရုံးအဖြစ် ဖွင့်မည် ဟု သိရသည်။

ကုလသမဂ္ဂဆိုင်ရာ OIC သံအမတ် Ufuk Gokcen ဦးဆောင်သော OIC ၏ အမြင့်ဆုံးကိုယ်စားလှယ် အဖွဲ့ နှင့် နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး တို့သည် ရခိုင်ပြည်နယ် ရှိ ဒုက္ခ သည်များအား ကူညီထောက်ပံ့ရေးအတွက် နားလည်မှု စာချွန်လွှာ ကို စက်တင်ဘာ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

Source : BBC,OIC

ရန်ကုန်နှင့် စစ်တွေတွင် OIC အဖွဲ့ စောင့်ကြည့်လေ့လာမှုများ ထားမည် OIC-01

၁၉ စက်တင်ဘာ ၂၀၁၂ Source: Mizzima http://myanmarmuslimsvoice.com/archives/2137

ရခိုင်ပြည်နယ်အတွင်း လူမှုအုပ်စု အားလုံးအကျိုးအတွက် လူသားချင်း စာနာထောက်ထား သည့် အစီအစဉ်တခု အကောင်အထည်ဖော်ရန် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး OIC နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

OIC အတွင်းရေးမှူးချုပ်က စေလွှတ်လိုက်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ၁၆ ရက်ကြာ မြန်မာပြည် လေ့လာရေး ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် အဆိုပါ စာချွန်လွှာအရ ရန်ကုန်နှင့် စစ်တွေမြို့များတွင် “လူသားချင်းစာနာသည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ စောင့်ကြည့်လေ့လာဖို့ တာဝန်ချထားခြင်း” ပြုလုပ်မည်ဟု OIC ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြပါရှိသည်။

ထိုလုပ်ငန်းများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အာဏာပိုင်များ၏ ကူညီမှုအောက်တွင် လုပ်ဆောင်သွားမည်ဟုဆိုသည်။

မြန်မာအစိုးရနှင့် OIC အကြား ရေရှည် ထိစပ်ဆောင်ရွက်မှုတခု တည်ဆောက်ရန်အပြင် ပြည်တွင်း လူမှုအုပ်စုများ အချင်းချင်း ပြန်လည်သင့်မြတ်မှုနှင့် ပြန်လည်နေရာ ချထားရေးများ အပြုသဘောဆောင်သည့် ခြေလှမ်းများအတွက် တိုက်တွန်း အားပေးရန် OIC သံတမန်ကြီး အူဖက် ဂေါ့ကန် Ufuk Gokcen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အာဏာပိုင်များနှင့် ကျယ်ပြန့်သော ဆက်သွယ်မှုများ ရရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာသည်။

 

Tags: , , , , , , ,

One Response to “OIC ရုံး ဖွင့်လှစ်ရန် ပြည်သူ နှင့် သံဃာတော် အချို့ စိုးရိမ်နေခြင်းအပေါ် OIC ပြောကြား”

  1. drkokogyi Says:

    I agree with Saladin Aung who shared ဖိုး သားလေး’s photo.
    မင်းတို့က OIC ဝင် လာ ၇င် ပြည် တွင်းက မူဆလင်တွေကို လူမဆန် စွာ ဒုက္ခပေးလို့မ ၇တော့ဘူး ဆိုတာ သိလို့ အကြောက် ကန်ငြင်းနေတယ်ဆိုတာငါတို့သိတယ်…
    OIC ဝင်လာ ၇တာ ကလည်း မင်းတို့ကို စောင့်ကြည့်ဖို့လာတာ…အဲဒါကို မင်းတို့ကမလိုဘူးဆိုတော့..မူဆလင်တွေကို မင်းတို့က ထပ်ပြီးဒုက္ခပေးချင်သေးတဲ့သဘောပေါ့…ငါတို့ ကလည်း ဆက်ခံနေဦးမယ်လို့မင်းတို့ထင်နေလို့လား…ခွေးမသားတွေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: