ရာဇ၀တ်ကောင်များကို အမိဖမ်းမယ်

မြန်မာပြည်ထဲမှာ- လူသားပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နေရပ်ဇာတိများမှ အစုလိုက် အပြုံလိုက် မောင်းထုတ်ခြင်း၊ လူသားမျိုးနွယ်စု တစ်ခုအား ဂုဏ်သိက္ခာညှိုးနွယ်စေရန် လှုံ့ဆော်ခြင်း၊ လူသား ချင်းကြား အမုန်းတရားမျိုးစေ့ချပေးခြင်း-တို့ဟာ Crime Against Humanity နဲ့ ကမ္ဘာ့ခုံရုံးကို တင်ဘို့ ပြည့်စုံ လုံလောက်တဲ့ အကြောင်းရင်းများ ဖြစ်တယ်။

မြန်မာပြည်ထဲမှာ ဖြစ်ခဲ့တာတွေ၊ ဖြစ်နေတာတွေဟာ ရိုဟင်ဂျာနဲ့ ရခိုင်အကြား ဖြစ်တဲ့ မျိုးနွယ်စုချင်း ပဋိပက္ခ မဟုတ်ဘူး- ဗုဒ္ဓဘာသာ အကြမ်းဖက်များက အစ္စလာမ်ဘာသာဝင်တွေကို မျိုးဖြုတ်တဲ့ မျိုးပြုတ်သတ်ဖြတ် မောင်းထုတ်မှု ဖြစ်တယ် ဆိုတာ ငြင်းမရနိုင်တဲ့ အထောက်အထားတွေ ရှိနေတယ်။ ဒါကြောင့် ရိုးရိုးသာမန် ရခိုင် ဗုဒ္ဓဘာသာများက ရိုဟင်ဂျာများကို သုတ်သင်နေခြင်း မဟုတ်ဘဲ ဘုန်းကြီးများကိုယ်တိုင်က တစ်နိုင်ငံလုံး မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြပြီး ခေါင်းဆောင်ခဲ့တယ်။ ရခိုင်တောနယ်က ဆင်းရဲနွမ်းပါးသူတွေ၊ လူဆိုး လူမိုက်တွေကို ကုလားသတ်ပွဲမှာ မပါရင် မင်းရဲ့ သာရေးနာရေးကို ငါတို့ တာဝန်မယူဘူး- မင်းကို ဗုဒ္ဓဘာသာ တွင်းက ထုတ်ပစ်မယ်လို့ အကြပ်ကိုင် စည်းရုံးခဲ့တယ်။ ဒါတွေ အားလုံး တိကျတဲ့ အထောက်အထား သက်သေ သက်ကန် ရှိနေပြီး ဖြစ်တယ်။

ဒုတိယ အဆင့်အနေနဲ့ ငါတို့မှာ ကမ္ဘာ့ခုံရုံးကို တင်ဘို့ ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကမ္ဘာ့ ရှေ့နေတွေ နဲ့ အမှုအပ်ပြီးလည်း ဖြစ်နေပြီ။ အခုအချိန်မှာ သူတို့က အမှုတွဲ ရေးနေချိန် ဖြစ်နေပြီ။

ဒီထက်ပိုပြီးခိုင်လုံတဲ့ သက်သေများ ရစေဘို့- အသတ်ခံရတဲ့ အပြစ်မယ့် ပြည်သူ့ အလောင်းတွေကို အစုလိုက် အပြုံလိုက် ဘယ်လိုမြှုပ်သလဲ၊ ဘယ်နေရာတွေမှာ မြှုပ်သလဲ။ အလောင်းတွေကို ဘယ်လို ဖျောက်ဖျက်သလဲ၊ ဘယ်ပါတီ၊ ဘယ်အုပ်စုက အကြမ်းဖက် လူစုတွေကို ဘယ်လို ခေါ်လာပြီး လူစုသလဲ- ဆိုတာတွေကို ရာဇ၀တ် ကောင်များအပေါ်က စောင့်ကြည့်နေတဲ့ Satellite Sentinel Project ကို လွန်ခဲ့တဲ့ ၃၉ ရက်ကတည်းက တပ် ဆင်ပြီး ဖြစ်နေတယ် ဆိုတာ- လူမိုက်မျက်ကန်း ပညာမဲ့များ မသိခဲ့လေခြင်းသာ ဖြစ်တယ်။

ငါတို့က မတရားမှုကို တရားမှုနဲ့ တော်လှန်ဘို့ ပြင်ဆင်ပြီး ဖြစ်နေပါတယ်။ ကမ္ဘာအလယ်မှာ အစ္စလာမ်က အကြမ်းဖက်သလား-၊ သို့မဟုတ် မွတ်ဆလင်များကို နာမည်ဖျက်နေတဲ့ မေတ္တာရှင် ဟန်ဆောင်သူများက အကြမ်းဖက်သလား- မကြာမှီ ပေါ်လာရမှာပါ။

ငါ ပြောတာတွေ လေဖန်းဒါန်းစီးပြီး ခြိမ်းခြောက်တာလား၊ လက်တွေ့လား ဆိုတာတော့- သတင်းပတ် ၅ ပတ် အတွင်း အဖြေ ပေါ်လာရစေပါမယ်လို့- တိုင်းပြည်ကို ကတိပေးပါတယ်။ လက်ရှိ ဆောင်ရွက်နေတာတွေထဲက ဖွင့်ပြောနိုင်သမျှလောက်ကိုသာ ပြောရခြင်းသာ ဖြစ်တယ် ဆိုတာကိုလည်း-၊ မကြာမှီ ရက်အတွင်း ရာဇ၀တ် ကောင်များ လက်တွေ့ရင်ဆိုင်ရပါတော့မယ်။

လူဆိုးလူမိုက် သွေးအေးအေးနဲ့ ရက်စက်တဲ့ တိုင်းပြည်သစ္စာဖေါက် မျိုးပြုတ်သတ်ဖြတ်တဲ့ တရားခံများကို ဖယ် ရှားပစ်မှ- အနာဂါတ်မြန်မာနိုင်ငံမှာ လူကောင်းလူတော်တွေ အတွက် အခွင့်အရေး ရလာမယ်လို့လည်း ငါတို့ ယုံကြည်တယ်။ လူဆိုးလူမိုက် အကြမ်းဖက် မျိုးဖြုတ်သတ်တဲ့ ခေါင်းဆောင်များနဲ့ အပေါင်းပါများကို ကမ္ဘာ့ခုံရုံး ကို တင်လိုက်လို့ တစ်တိုင်းပြည်လုံးက ငါတို့ကို မကြေနပ်ရင်လည်း ငါတို့ အနေနဲ့ အနာဂါတ်မျိုးဆက်အတွက် အကောင်းကို လုပ်ဆောင်ပေးခဲ့ခြင်း အတွက် ငါတို့ဟာ အကြမ်းဖက် လူသတ်ကောင်များကို တော်လှန်မှုနဲ့ တရားခံအဖြစ် ရဲရဲ တင်းတင်း ခံယူလိုက်မယ်။

အကြမ်းဖက် အုပ်စုက အခုအချိန်မှာ ငါ့ ကို သတ်လိုက်ရင်လည်း- ငါတို့ တင်ပို့ထားတဲ့ အမှုတွဲ ဖိုင်က ကမ္ဘာ့ ရှေ့နေများ လက်ထဲကို ရောက်နေပြီ- ဆက်တိုက်ဆောင်ရွက်သွားမယ့် လူတွေ ရှိနေပြီ ဆိုတာကိုလည်း ထပ်ဆင့် အသိပေးလိုပါတယ်။

မတရားမှုဟာ တရားမှုအောက်မှာ ပြားပြားဝပ်သွားစေရပါမယ်။ နေရာတိုင်းမှာ မတရားမှုကသာ အနိုင်ရနေရင်- ဒီကမ္ဘာမှာ တရား ဆိုတာ ရှိတော့မှာ မဟုတ်ဘူး—- ဆိုတာတော့ အမှန်တရားကို ချစ်တဲ့ မြန်မာပြည်သား အားလုံး လက်တွေ့ သိမြင်စေရပါမယ်။

ဌေးလွင်ဦး
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှု
၂၀၁၂ အောက်တိုဘာ ၂၇ ရက်

Source: ရာဇ၀တ်ကောင်များကို အမိဖမ်းမယ်

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: