၆ ရက်ကြာအကြမ်းဖက်မှုများ၊ ကျည်ဆံနှင့် မီးတောက်များကြားမှ မွတ်စလင်များရဲ့ အသံ

၆ ရက်ကြာအကြမ်းဖက်မှုများ၊ ကျည်ဆံနှင့် မီးတောက်များကြားမှ မွတ်စလင်များရဲ့ အသံ

အောက်တိုဘာ၊ ၂၈ ၊ ၂၀၁၂ M-Media ဘာသာပြန်
မူရင်း – ရိုက်တာ သတင်းထောက် (စစ်တွေ မှသတင်းပေးပို့သည်)

ခြောက်ရက်ကြာ အကြမ်းဖက်မှူများ၊ ကျည်ဆံများနှင့် လောင်ကျွမ်းနေသော အိမ်များမှ ငါးဖမ်းလှေများဖြင့် ထွက်ပြေးနေရသော မွတ်စလင်ရှင်သန်ရစ်သူများ၏ တနင်္ဂနွေနေ့ က ပြောကြားချက်များ။

People displaced by the recent violence in the Kyukphyu township sit together after arriving to Thaechaung refugee camp, outside of Sittwe October 28, 2012. REUTERS/Soe Zeya Tun

ကမ္ဘာ့ကုလသမဂ္ဂ စာရင်းအရ ၂၂,၅၈၇ ယောက် ထွက်ပြေးနေရပြီး ၆၇ယောက် သေဆုံးခဲ့သည်ဟုဆိုသော ရခိုင်ပြည်နယ် အခြေအနေသည် ယခင် စစ်အစိုးရကို ကိုဆက်ခံသော ပြုပြင်ပြောင်းလဲရေး အတွက် ကြိုးစားနေသည့် အရပ်သား အစိုးရဟု အတွက် စမ်းသပ်ချက် ဖြစ်သည်။

”ကျမတို့ကို အိမ်ထဲမှာပဲ နေရမယ်လို့ ညွန်ကြားထားပေမယ့် အိမ်တွေကို မီးရှို့ခံရတယ်” ဟု အသက် ၃၃နှစ် အရွယ် ကလေး လေးယောက်မိခင် ဖြစ်သူ အရှရာဘာနူးက ဆိုသည်။ ၎င်းသည် ကျောက်ဖြူ ကမ်းခြေရှိ မွတ်စလင် ရပ်ကွက်ကို အောက်တိုဘာ ၂၄ တွင်ဖြိုဖျက်ခံရ၍ ထွက်ပြေးလာသူ ဖြစ်သည်။

”ကျမတို့ ထွက်ပြေးတော့ ရဲတွေနဲ့ ရခိုင်တွေရဲ့ ပစ်ခတ်တာ ခံရတယ်။ အိမ်တွေကိုလည်း မီးမငြိမ်းနိုင်ဘူး”

နယူယောက်မြိုအခြေပြု လူ့ ခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ မှ မကြာခင်က ကျောက်ဖြူမြို့ Mislim ရပ်ကွက်များ မဖျက်ဆီးမီ နှင့် ဖျက်ဆီးခံရပြီး နှိုင်းယှဉ်ဖော်ပြထားသော ဂြိုဟ်တု ဓါတ်ပုံများကို များမကြာမှီက ထုတ်ပြန်လိုက်သည်။

ကျောက်ဖြူမြိုသည် ရခိုင်ပြည်နယ်- မြို့တော်စစ်တွေမှ တောင်ဖက် ရ၅ မိုင်ကွာတွင် တည်ရှိပြီး တရုတ်နိုင်ငံ၏ မဟာဗျူဟာကျ ရင်နှီး မြုပ်နှံမှု့များ တည်ရှိရာဖြစ်သည်၊ ၄င်းရင်းနှီး မြုပ်နှံမှု့ မှာ ဘင်္ဂလားပင်လယ်အော်မှ ရေနံနှင့်သဘာဝဓါတ်ငွေ့ကို ပိုက်လိုင်း ၂ ခုဖြင့် တရုတ်ပြည် ၏စွမ်းအင်လိုအပ်နေသော အနောက်ဖက်ဒေသကြီး များသို့ ပို့ဆောင်ရန်ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ပဋိပက္ခ ဖြစ်ပေါ်သည့် သတင်းမရှိသော်လည်း သဲချောင်းဒုက္ခသည် စခန်းတွင် ရှိသော ရိုက်တာ သတင်းထောက် အဆိုအရ ကျောက်ဖြူမြို့ မှ ထွက်ပြေး လာသူများ တဖွဲဖွဲရောက်ရှိလာနေကြောင်းသိရသည်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့- သတင်းဓါတ်ပုံများအရ ကျောက်ဖြူမြိုတွင် ဖျက်ဆီးခံရသော အိမ်ခြေ နှင့် လှေပေါ်အိမ် အရေအတွက်မှာ ၈၁၁ လုံး အထက်ရှိသည်။

”ရခိုင်တွေက ဓါးတွေနဲ့လိုက်ခုတ်တယ်။ အိမ်တွေကို မီးရှို့တယ်။ ကျနော်တို့မှာ အဝတ်တထည်က လွဲလို့ ဘာမှ မကျန်ဘူး ဟု သဲချောင်းဒုက္ခသည် စခန်းသို့ ရောက် ရှိလာသော ၆၃ နှစ် အရွယ် အမျိုးသမီး ဇိုမီလာ မှ ငိုကြွေးပြောဆိုသည်။ ”`ပြန်လို့လဲမရတော့ဘူး” ဟုဆိုသည်။

အစိုးရ၏ခန့်မှန်းချက်အရ အောက်တိုဘာ ၂၁ ရက်မှစကာ ရခိုင်ပြည်နယ်တွင် ဖျက်ဆီးခံရသော အိမ်ခြေပေါင်း အနည်းဆုံး ၃၀၀၀ ရှိသည်၊ လူ့ခွင့်ရေအဖွဲ့များ၏ အဆိုအရ အမှန်တကယ်သေဆုံး သူရေတွက်မှာ တရားဝင် စာရင်း များ ထက် များစွာ ပိုနိုင်သည်ဟုဆိုသည်။

“ရခိုင်တွေရ မီးရှို့နေတဲ့အချိန်မှာ ရဲတွေက ရပ်ကြည့်နေတယ်” ဟု အသက် ၃၀ အရွယ် အဗဒူအန်ဝါး က ဆိုသည်။ “ရခိုင်တွေက လိုက်ရိုက်တယ် ရဲကသေနတ်နဲ့ ပစ်တယ်။ ကျနော်တို့ ပင်လယ်ထဲကို ထွက်ပြေးတော့ လည်း နောက်က လိုက်ပြီး ပစ်တယ် ရိုက်တယ်။” ဟုဆိုသည်။

ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတယောက်၏အဆိုမှာ မတူညီပေ။ ရိုတ်တာ မှ တယ်လီဖုန်းဆက် မေးမြန်းရာတွင် ရခိုင်နှင့် မွတ်ဆလင်တို့ အပြန်အလှန် ဓါးများ ဒုတ်များ လေးခွများ ဖြင့် တိုက်ခိုက် ကြသည်ဟုဆိုသည်။ အဆုံးစွန် မှာ မူဆလင်တွေဟာ နောက်ဆုံးရွေးချယ်မှုအဖြစ် သူတို့အိမ်သူတို့ မီးရှို့ ထွက်ပြေးကြတယ် — ဟုဆိုသည်။ ဒေသခံများ၏ခန့်မှန်းချက်အရ ကျောက်ဖြူမြို့ မှာ ထွက်ခွာသွားသော လှေအရေအတွက် ၈၀ မှ ၁၀၀ ခန့် ရှိသည်။

လူအမြောက်အများ အသတ်ခံရ

ခြေဗလာနှင့် ပြေးလာသော မွတ်ဆလင် ယောက်ကျား မိန်းမများသည် ရွှံ့ နွံထူထပ်သော သဲချောင်းကမ်းစပ် ပေါ်သို့ ကလေးများပွေ့ချီကာ ရောက်ရှိလာကြသည်။ ကလေးများနှင့် ၄င်းတို့၏ ကျန်ရစ်သော ဥစ္စာအနည်ငယ် ကို သယ်ဆောင် လာ၏။ “လူတွေအများကြီး အသတ်ခံရတာကို တွေ့ခဲ့ရတယ်” ဟု ကျောက်ဖြူမြို့ မှ ထွက်ပြေးလာသူ အသက် ၅၄ နှစ် အရွယ် နိုရူးဟူစိန် ကပြောသည်။ “ကျနော်တို့ ပြန်မတိုက်ခိုက်နိုင်ပါဘူး ။ ဘယ်လိုလုပ်တိုက်ခိုက် နိုင်မှာ လဲ ကျနော်တို့က ရခိုင်ရွာတွေအလယ်မှာနေရတာ။ ကျနော်တို့ ကမ်းခြေဖက်ကို ထွက်ပြေးပြီး လှေစီး ပြီး လွတ်မြောက်လာကြတာပါ” ဟုပြောသည်။

သဲချောင်းစခန်းသည် ပြီးခဲ့သော ဇွန်လက ဖြစ်ပွားခဲ့သော လူ (၈၀) သေဆုံးခဲ့ရပြီး အနည်းဆုံး လူ (၇၅၀၀၀) ထွက်ပြေးခဲ့ရသော အကြမ်းဖက်မှု့ အပြီးတွင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ ညစ်ပတ် မွန်းကြပ်လျှက် လူဦးရေပြွတ်သိပ်နေသော စခန်းမှာ ပိုမို များပြားလာနေသော ဒုက္ခသည်များအတွက် မလုံလောက်နိုင်ပေ။

အမည်မဖော်ပြလိုသူ ဒေသခံ တာဝန်ရှိသူအဦးအဆိုအရ စစ်တွေသို့ ယခု ရက်ပိုင်းအတွင်း ရိုဟင်ဂျာ ဦးရေ (၁၉၄၅) ကို သယ်ဆောင်လာသော လှေပေါင်း ၄၇ စင်း ဆိုက်ကပ်ခဲ့သည်။ မြန်မာ ဗုဒ္ဓဘာသာဝင် အများစု နှင့် ဖွဲ့စည်းထားသော မြန်မာအစိုးရကမူ လူဦးရေ (၈၀၀,၀၀၀) ခန့်သော ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများဟု ဆိုကာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ် ကမူ ရိုဟင်ဂျာ ဒုက္ခသည်များကို လက်ခံရန် ၁၉၉၂ ခုနှစ် ကတည်းက ငြင်းပယ်လျက် ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂ ကမူ ရိုဟင်ဂျာများမှာ မိတ်ဆွေမဲ့သော အခြေအနေဟုခေါ်ဆိုသည်။

နောက်ထပ်ရောက်လာစရာ ရိုဟင်ဂျာ လှေတွေ အများကြီး ကျန်သေးတယ်ဟု သဲချောင်းမှလူများကဆိုသည်။

ဒုက္ခသည်စခန်းများသည် စစ်တွေမြို့  မှဝေးသော ကမ်းခြေအနီရှိ ချိုင့်ခွက်ထူသော လမ်း၏အဆုံးတွင်ရှိသည်။ ရွက်ဖြင်တဲ နှင့် နှစ်ထပ်တဲအိမ်များသည် ရွှံထူသောလမ်းများဖြင့် ဆက်သွယ်ထားပြီး တစ်ဒါဇင်ခန့်ရှိသော လက်နက်မဲ့ လုံခြုံရေးများက စောင့်ကြပ်လျက်ရှိသည်။
မြင်သာတဲ့ အကူအညီဆို လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှာ ထောက်ပံ့သော ဆန်အိတ်များသာရှိသည်။ ဆန်အိတ်ခွန်များကို အခင်းလုပ်၍ အိပ်ကြရသည်။ လူအများအပြားမှာ သစ်ပင်အောက်တွင်သာ အိပ်ရသည်။

ရိုက်တာသတင်းထောက်မှ ကျန်းမာရေးဝန်ထမ်း တစ်ဦးတစ်ယောက်မှ မတွေ့ခဲ့ပေ။ အချို့ စခန်းများတွင် နေထိုင်သူများမှာ ငှက်ဖျားမိသူများ ရှိသည်။ ကလေးများသည် အဝတ်ဗလာ နေရပြီး အဟာရ မပြည့်ဝပေ။

ဇွန်လကတည်းက ဤစခန်းတွင်နေခဲ့သူ အသက် ၃၄နှစ် အရွယ်၊ ယခင်က ငါးရောင်းသူ မိုဟာမက် ဂျေကာ ကမူ ၎င်း၏ အမျိုး ၁၁ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ဘာမျှော်လင့်ချက်မှ မရှိဘူး။ ဒီအကြမ်းဖက်မှု့တွေ ရပ်တန့်စေချင်ပြီ။ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပြီ။ ဒီလိုဆက်နေသွားရရင်တော့ ဘယ်သူမှ အသက်ရှင်ကျန်မှာ မဟုတ်ပါဘူး။ ဟုဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ အဆိုအရ အကြမ်းဖက်မှုများကြောင့် ရှစ်မြို့နယ်ရှိ အိမ်ခြေ ၄၆၀၀ ခန့် ပျက်စီးခဲ့ပြီး ထပ်မံထွက်ပြေးရသူ ထပ်မံတိုးပွား လာဖွယ်ရှိသည် ဟုဆိုသည်။

“ကြောက်ရွံ့မှု့နှင့် မယုံကြည်မှု့တွေ ကို ထွက်ပြေးလာသူတွေရဲ့ မျက်လုံးတွေမှာ မြင်ရတဲ့ အတွက် ဝမ်းနည်း ပူပန်မိတယ် “ဟု ကမ္ဘာ့ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် အာရှော့နီဂမ် မှ ၎င်းဒေသမှ အပြန်တွင် ပြောဆိုသည်။

အကြမ်းဖက်မှု့ ကြောက်ရွံ့ အယုံအကြည် ကင်းမဲ့မှု့ များသည် စီးပွားရေး လူမှု့ရေး တိုးတက်မှူ နှင့် ဒီမိုကရေစီဖေါ်ဆောင် နေသော မြန်မာနိုင်ငံ ဆိုသော အချက်ကို ဝိရောဓိ ဖြစ်လျက်ရှိသည်။

Reuters.M-Media မှ မြန်မာလို ဆီလျော်အောင်ဘာသာပြန်ဆိုတင်ပြပါသည်။

Tags: , , , , , , ,

One Response to “၆ ရက်ကြာအကြမ်းဖက်မှုများ၊ ကျည်ဆံနှင့် မီးတောက်များကြားမှ မွတ်စလင်များရဲ့ အသံ”

  1. drkokogyi Says:

    အောက်တိုဘာ ၂၈ ၊ ၂၀၁၂
    M-Media
    သတင်း- ဇာဏီ

    ရသေ့တောင်မှာ ထွက်ပြေးနေရတဲ့ဒုက္ခသည်တွေဆီဖုန်းတွေကို မယက ဥက္ကဌက လိုက်သိမ်းနေတဲ့အကြောင်း၊ အဆက်အသွယ်ဖြတ်တောက်ဖို့  ကြိုးစားနေတဲ့ အကြောင်း M-Media သတင်းထောက် ဇာဏီက ရသေ့တောင်ကနေ ပေးပို့ ထားပါတယ်။

    “ရသေ့တောင် ညောင်ပင်ကြီးမှာ မယက ဥက္ကဌ ဇေ၀ဏ္ဏလှိုင်က အဲဒီက လူတွေရဲ့ ဖုန်းတွေကို လိုက်သိမ်းနေတယ်။ ဒါကြောင့် ဒုက္ခသည်တွေမှာ ဖုန်းတွေ မရှိသလောက်ဖြစ်နေတယ်။ ၀ှက်ထားတဲ့ ဖုန်းအနည်းငယ်နဲ့သာ ဆက်သွယ်နေရတယ်။”
    http://news.mmsy.info/news/7208
    ညောင်ပင်ကြီးက လူတွေကို နယ်မြေသစ် တောင်ပြိုကို နစက က ဇွတ်အတင်း ရွေ့ပြောင်းခိုင်းနေကြောင်းလည်းသတင်းရရှိပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: