သင်္ဃန်းကျွန်းမှ မွတ်စလင်ရပ်ကွက်များအား မီးကွင်းပစ်မည်ဟု ခြိမ်းခြောက်ခံရ

သင်္ဃန်းကျွန်းမှ မွတ်စလင်ရပ်ကွက်များအား မီးကွင်းပစ်မည်ဟု ခြိမ်းခြောက်ခံရ

အောက်တိုဘာ၊ ၂၈ ၊ ၂၀၁၂ M-Media သတင်း-အောင်မောင်း

ယမန်နေ့ အောက်တိုဘာ၊ ၂၈ ၊ ၂၀၁၂ ည ၁၀ နာရီဝန်းကျင်က သင်္ဃန်းကျွန်းမြို့နယ် အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ရပ်ကွက် ရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ( မွတ်စလင်မ်များ အသိများသည့် အမည် ဟာဖိဇ်ဆိုလိုင်မာန် ကျောင်း) ကို ဆလွန်ကားတစ်စီး (နံပါတ်အုပ်ပြီးဖျက်ထား) မှာ မျက်နှာဖုံးစွပ် လူအပြည့်နဲ့ ၄-၅ ပတ်လောာ်ပတ်နေတာကြောင်းကို မသင်္ကာသည့် အတွက် ရပ်ကွက်နေ ပြည်သူများ လမ်းပေါ်လို့ ထွက်လာချိန် သုဝဏ္ဏ ဘက်သို့ ကားဖြင့် ထွက်ပြေးသွားကြောင်းနှင့်  လမ်းလျောက်လာသည့် မွတ်စလင်မ် (၃) ယောက်အား”မင်းတို့ ကုလား ရပ်ကွက်များအား မီးကွင်းပစ်မယ် ” ဟု ကားပေါ်မှ အော်ဟစ်ခြိမ်းခြောက်သွားကြောင်း M-Media မှ စုံစမ်းသိရှိရပါသည်။

သင်္ဃန်းကျွန်းမြို့နယ်သည် အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ခေါင်းဆောင် ဦးသိန်းညွှန့် အနိုင်ရရှိထားသည့် မဲဆန္ဒနယ်မြေဖြစ်သည်။

ဦးသိန်းညွှန့်သည့် ပြည်သူလွှတ်တော်က ဖွဲ့စည်းပေးထားသည့်  တရားဥပဒေစိုးမိုးရေး ကော်မတီ အဖွဲ့တယောက်လဲဖြစ်ပါသည်။

Leave a comment