If two top Muslim leaders in the Commission, U Tin Mg Than and U Nyunt Mg Shein are truly arrested UN and OIC must act quickly to save them from Genocide Murders silencing them permanently

Aung Tin ကိုတင်မောင်သန်းနှင့် ဦးညွန့်မောင်ရှိန်ကို ဖမ်းသွားပြီလို့ ကြားရတယ်။
If true…This is a case of Genocide Criminal Myanmar Government arresting the INNOCENT VICTIM Myanmar MUSLIMS…UN and OIC must act swiftly.
Storm Rider အထက်ပါ အင်တာဗျူးဖြေကြားချက် အပြည်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်ပင်ပြီး ပြည်နယ်အစိုးရသစ် ပြန်ဖွဲ့ပါ။

ဟာဂျီ ဦးတင်မောင်သန်း (ရခိုင်ပြည်နယ်အရေး စုံးစမ်းရေးကော်မရှင်အဖွဲ့ဝင်)


ရခိုင်ပြည်နယ်အရေးမှာ အစိုးရမှာ ကူညီစောင့်ရှောက်ပေးဖို့ လုံလောက်တဲ့ အင်အားမရှိဘူး။ အင်အားနည်းနေတယ်လို့ မဆိုနိုင်ပါဘူး။ လုံခြုံရေးအဖွဲ့တွေက လုံခြုံရေးတာဝန်တွေကို ပြည့်ပြည့်၀၀ ထမ်းဆောင်ခွင့်မရလို့ အခြေအနေတွေကို မအုပ်မိ မထိန်းမိတာလို့ပဲ ကျွန်တော်ကတော့ မြင်တယ်။ သမ္မတကြီးက စိတ်ကောင်းစေတနာကောင်းနဲ့ ဆောင်ရွက်ပေးနေတာတွေကို သိပါတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ အကျိုးသက်ရောက်မှုမရှိဘူး။ အောက်ခြေမှာ တာဝန်ခံပြီး အကောင်အထည်ဖော်နေတဲ့ လူတွေက မှန်မှန်ကန်ကန်နဲ့ တရားဥပဒေ စိုးမိုးရေးကို ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် ၀န်ထမ်းကျင့်ဝတ်သိက္ခာနဲ့ အလုပ်မလုပ်ကြဘူး။ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့လူတွေအားလုံးက အကြမ်းဖက်သမားတွေ မဟုတ်ကြပါဘူး။ ပြည်နယ်အစိုးရက အကြမ်းဖက်တဲ့လူတွေကို မထိန်းဘူး။ ၀န်ကြီးချုပ် ဦးလှမောင်တင်နဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း အပါအ၀င် ပြည်နယ်အစိုးရအဖွဲ့ကပါ အကြမ်းဖက် လူတစ်စုကို မလွန်ဆန်နိုင်တဲ့သဘော၊ အကြမ်းဖက် ကွန်ရက် အောက်ကို ရောက်ရှိနေတဲ့ သဘောရှိတယ်။ မထိန်းနိုင်ဘူးဆိုရင် နိုင်ငံတကာမှာ ကိစ္စတစ်ခုကို တာဝန်မယူနိုင်တဲ့ ပုဂ္ဂိုလ် အစိုးရများဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်ကြပါတယ်။ သူတို့လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်သင့်ပါတယ်။ အခု (၅)လ ကျော်ကြာတဲ့အထိ ဒီဒေသမှာ တရားဥပဒေစိုးမိုးရေးကို ဘာကြောင့်မလုပ်နိုင်တာလဲ။

တကယ် ဒီကိစ္စမှာ ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် ဥပဒေနဲ့အညီ အရေးယူလိုက်ရင် ဒီပြဿနာတွေ ပြေလည်သွားမယ်။ ဥပဒေနဲ့အညီ အရေးမယူဘဲ ပစ်ထားတဲ့အခါကျတော့ တိုင်းပြည်လည်း သိက္ခကျလှပါဘိ။ ရအောင်ထိန်းပါပဲလို့ ပြောချင်ပါတယ်။

ဒီကိစ္စကို ဖြေရှင်းဖို့အတွက် တရားဥပဒေစိုးမိုးရေးကို လုံးဝတာဝန်ယူနိုင်မှုမရှိတဲ့ လက်ရှိပြည်နယ်အစိုးရထွက်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ပြည်နယ်အစိုးရသစ်ပြန်ဖွဲ့ပါ။ ဒါမှမဟုတ်ရင် ပြည်ထောင်စုအစိုးရကပဲ တိုက်ရိုက်အုပ်ချုပ်ပါလို့ အကြံပြုတိုက်တွန်းပါတယ်။

ပြည်နယ်အစိုးရ နှုတ်ထွက်သင့်ကြောင်း ဝေဖန်သည့် ဦးတင်မောင်သန်းအား ကော်မရှင်က ထုတ်ပယ်ပာု သတင်းများ ပျံနှံ့

သတင်း – ပိာန်းအောင် (အောက်တိုဘာ ၂)

ရခိုင်ပြည်နယ် အရေး စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးတင်မောင်သန်းအား ကော်မရှင်အဖွဲ့မှ ထုတ်ပယ်ကြောင်း ဖေ့ဘုတ် စာမျက်နှာ အချို့၌ ပြန့်နှံ့နေမှုအပေါ် ကာယကံရှင့်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းထံသို myanmarmuslim.net မှ ဖုန်းဖြင့် ဆက်သွယ်   မေးမြန်းရာတွင် ငြင်းဆိုခြင်း မရှိသကဲ့သို့ အတည်ပြုခြင်းလည်း မရှိကြောင်း အသိပေး တင်ပြအပ်ပါသည်။

ယခုကဲ့သို့ ဟာဂျီ ဦးတင်မောင်သန်းအား ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ကြောင်း သတင်း ပျံ့နှံ့လာရခြင်းမှာ မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ် အမှတ် ၈၃ ပါ အင်တာဗျူး ဖြေဆိုမှုကြောင့် ဖြစ်နိုင်ကြောင်းလည်း အများစုက ထင်ကြေးပေး သုံးသပ်ထားသည်။

အဆိုပါ အင်တာဗျူးတွင် ဦးတင်မောင်သန်းက

ဝန်ကြီးချုပ် ဦးလှမောင်တင်နဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အပါအ၀င် ပြည်နယ်အစိုးရ အဖွဲ့ကပါ အကြမ်းဖက် လူတစ်စုကို မလွန်ဆန်နိုင်တဲ့သဘော၊ အကြမ်းဖက် ကွန်ရက်အောက်ကို ရောက်ရှိနေတဲ့ သဘောရှိတယ်။ မထိန်းနိုင်ဘူးဆိုရင် နိုင်ငံတကာမှာ ကိစ္စတစ်ခုကို တာဝန်မယူနိုင်တဲ့ ပုဂ္ဂိုလ် အစိုးရများဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်ကြပါတယ်။ သူတို့လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက် သင့်ပါတယ်။ အခု (၅)လ ကျော်ကြာတဲ့အထိ ဒီဒေသမှာ တရားဥပဒေစိုးမိုးရေးကို ဘာကြောင့်မလုပ်နိုင်တာလဲ။

ဟုဖြေကြားခဲ့သည်။ အထက်ပါ အင်တာဗျူးဖြေကြားချက် အပြည်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်ပင်ပြီး ပြည်နယ်အစိုးရသစ် ပြန်ဖွဲ့ပါ။

ဟာဂျီ ဦးတင်မောင်သန်း (ရခိုင်ပြည်နယ်အရေး စုံးစမ်းရေးကော်မရှင်အဖွဲ့ဝင်)

ရခိုင်ပြည်နယ်အရေးမှာ အစိုးရမှာ ကူညီစောင့်ရှောက်ပေးဖို့ လုံလောက်တဲ့ အင်အားမရှိဘူး။ အင်အားနည်းနေတယ်လို့ မဆိုနိုင်ပါဘူး။ လုံခြုံရေးအဖွဲ့တွေက လုံခြုံရေးတာဝန်တွေကို ပြည့်ပြည့်၀၀ ထမ်းဆောင်ခွင့်မရလို့ အခြေအနေတွေကို မအုပ်မိ မထိန်းမိတာလို့ပဲ ကျွန်တော်ကတော့ မြင်တယ်။ သမ္မတကြီးက စိတ်ကောင်းစေတနာကောင်းနဲ့ ဆောင်ရွက်ပေးနေတာတွေကို သိပါတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ အကျိုးသက်ရောက်မှုမရှိဘူး။ အောက်ခြေမှာ တာဝန်ခံပြီး အကောင်အထည်ဖော်နေတဲ့ လူတွေက မှန်မှန်ကန်ကန်နဲ့ တရားဥပဒေ စိုးမိုးရေးကို ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် ၀န်ထမ်းကျင့်ဝတ်သိက္ခာနဲ့ အလုပ်မလုပ်ကြဘူး။ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့လူတွေအားလုံးက အကြမ်းဖက်သမားတွေ မဟုတ်ကြပါဘူး။ ပြည်နယ်အစိုးရက အကြမ်းဖက်တဲ့လူတွေကို မထိန်းဘူး။ ၀န်ကြီးချုပ် ဦးလှမောင်တင်နဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း အပါအ၀င် ပြည်နယ်အစိုးရအဖွဲ့ကပါ အကြမ်းဖက် လူတစ်စုကို မလွန်ဆန်နိုင်တဲ့သဘော၊ အကြမ်းဖက် ကွန်ရက် အောက်ကို ရောက်ရှိနေတဲ့ သဘောရှိတယ်။ မထိန်းနိုင်ဘူးဆိုရင် နိုင်ငံတကာမှာ ကိစ္စတစ်ခုကို တာဝန်မယူနိုင်တဲ့ ပုဂ္ဂိုလ် အစိုးရများဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်ကြပါတယ်။ သူတို့လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်သင့်ပါတယ်။ အခု (၅)လ ကျော်ကြာတဲ့အထိ ဒီဒေသမှာ တရားဥပဒေစိုးမိုးရေးကို ဘာကြောင့်မလုပ်နိုင်တာလဲ။

တကယ် ဒီကိစ္စမှာ ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် ဥပဒေနဲ့အညီ အရေးယူလိုက်ရင် ဒီပြဿနာတွေ ပြေလည်သွားမယ်။ ဥပဒေနဲ့အညီ အရေးမယူဘဲ ပစ်ထားတဲ့အခါကျတော့ တိုင်းပြည်လည်း သိက္ခကျလှပါဘိ။ ရအောင်ထိန်းပါပဲလို့ ပြောချင်ပါတယ်။

ဒီကိစ္စကို ဖြေရှင်းဖို့အတွက် တရားဥပဒေစိုးမိုးရေးကို လုံးဝတာဝန်ယူနိုင်မှုမရှိတဲ့ လက်ရှိပြည်နယ်အစိုးရထွက်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ပြည်နယ်အစိုးရသစ်ပြန်ဖွဲ့ပါ။ ဒါမှမဟုတ်ရင် ပြည်ထောင်စုအစိုးရကပဲ တိုက်ရိုက်အုပ်ချုပ်ပါလို့ အကြံပြုတိုက်တွန်းပါတယ်။

Tags:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: