သာသနာ့အရေခြုံ ဒုစရိုက်သားလူမိုက်များပွါးများလာကြောင်း

သာသနာ့အရေခြုံ ဒုစရိုက်သားလူမိုက်များပွါးများလာကြောင်း by Patrick Tan

ယခု ရခိုင်အရေးအခင်း နဲ့ပါတ်သက်လို့ပြောချင်တာလေးတစ်ခု။

ယခုအရေးအခင်းမှာ ရခိုင်ဘုန်းကြီးတွေက ဝိနည်းတော်နဲ့ ဆန့်ကျင်ကာ

အာဏာပိုင်များသဖွယ်ပြုမူကျင့်ကြံပြီး၊ တုတ်ဒါးလက်နက်များစွဲကိုင်လျှက်

လူဆိုးဒါးပြ ဂိုဏ်းစတားများလေအလား လုယက်၊ မီးရှို့၊ သတ်ဖြတ်။

မိမိရရှိထားသောအဆင့်အတန်း၊ မိမိရဲ့ရုံထားလေတဲ့သင်္ကန်းရဲ့အရှိန်အဝါတို့ကို

တလွဲအသုံးချပြီး အသိဉာဏ်ပညာ နုံနဲ့သူ တွေကိုအစွန်းရောက်ဖြစ်အောင်တွန်းပို့။

ဗုဒ္ဓသားတော် အမည်ခံကာ ဗုဒ္ဒတရားတော်များကို ဆန့်ကျင်ကာ

နီယိုနာဇီများလေအလား

ဘာသာရေးကိုခုတုံးလုပ်

အစွန်းရောက်တရားများဟော။

ကဲ အဲဒီ ဘုန်းကြီးတွေထဲမှာ မြန်မာပြည်မှာ မီတင်းနေထိုင်ကြသော

တိုင်းရင်းသားများထဲကဘယ်လူမျိုးတွေပါဝင်ကြပါသလဲ?

လုံးဝ ရခိုင်ဘုန်းကြီးများသီးသန့်ပါပဲ။

အစ္စလာမ်ဆန့်ကျင်ရေး၊ မွတ်စ်လင်မ်ဆန့်ကျင်ရေး လုပ်ကြရာကနေ

အကြမ်းဖက်မီးရှို့သတ်ဖြတ်ရဲတဲ့အထိ လက်ယဉ်နေတဲ့ သွေးဆာနေတဲ့ ဘုန်းကြီးတွေဟာ

သီးသန့် ရခိုင် ဘုန်းကြီးတွေပါပဲ။

ကရင်ပြည်နယ်မှာ အစ္စလာမ်ဆန့်ကျင်ရေးလှုံ့ဆော်နေတဲ့ ဘုန်းကြီးတွေကိုကြည့်ပြန်ရင်လည်း

ရခိုင်ဘုန်းကြီးတွေပါပဲ။

ဒါဆို မြန်မာပြည်မှာ ရခိုင်ဘုန်းကြီးတွေဘာကြောင့် အလွန်များပြား ပျံ့နှံ့နေရတာလဲ?

အဖြေရှိပါတယ်။ သိချင်ကြပါသလား ?

ရခိုင်ပြည်ဟာ ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ရတယ်။

စီးပွါးရေး၊ လူမှုရေး၊ အထူးသဖြင့်ပညာရေး နိမ့်ကျကျန်ခဲ့ပါတယ်

အထူးသဖြင့် ရမ်းဗြဲ၊ မာန်အောင်၊ နဲ့ တောင်ကုတ်တို့ပါ။

ပညာရည် နိမ့်တော့ အတွေးအခေါ်ယဉ်ကျေးမှုအစစ နိမ့်ပါးပါတယ်။

သာမာန်အရပ်သား ( သူပုန်မပါ ) ဒုစရိုက်အကျူးလွန်ဆုံး ပြည်နယ်ဟာ ရခိုင်ပြည်နယ်ပါ။

အဲဒီဒေသတွေမှာ ရန်ပွဲဆိုတာ ထမင်းစားရေသောက်ပါ။

တုတ်ပွဲ ဒါးပွဲ က နေ့စဉ်နီးပါးပါလူသတ်မှု ( ဒါးနဲ့ခုတ်၊ လှံနဲ့ထိုး ) က တစ်ပါတ်ကို ၂ ကြိမ်ခန့်

အဲ့ဒီအမှုတွေမှာ တရားခံ မမိတရားခံပြေးက ၉၀ % ရှိပါတယ်။

ရဲတွေကိုယ်တိုင် မဖမ်းရဲတာပါ။ရဲတွေနဲ့အာဏာပိုင်တွေကိုယ်တိုင်လည်းနီးရာဒါး နဲ့ပိုမိုက်တဲ့လူကိုကြောက်ပါတယ်။

ဒါ ကြောင့် သူတို့ကလည်း လက်စားချေတဲ့ အလုပ်ပဲလုပ်ပါတယ်

ဥပဒေကို အားမထားရာကနေ ဥပဒေကိုပါမလေးစားတော့ပါဘူး။

အဲဒီ တရားခံပြေးတွေဘယ်ရောက်ကြပါသလဲ?

အဓိက ရခိုင်ရိုးမကိုကျော်လိုက်ရင် ကျောက်ပန်းတောင်းကိုရောက်ပါတယ်။

အဲဒီမှာ သင်္ကန်းစည်းလိုက်ပြီး ဘဝပြောင်းလိုက်ပါတယ်။

ရခိုင်ဟာ အဝေးမှာဆိုရင် အင်မတန် မျိုးချစ်ပါတယ်၊စည်းလုံးပါတယ်။

သူတို့ဒေသမှာ ရန်ဖက်ဖြစ်ခဲ့ရင်တောင် အဝေးတစ်နေရာမှာ ဘဝတူအဖြစ်ပြန်ဆုံရင်

ညီရင်းအကိုလိုပါပဲ။

တစ်ယောက် ( တစ်ပါး ပေါ့ဗျာ ) ကနေလမ်းပြလိုက်တာ ကျန်တရားခံပြေးများလည်းဒီလမ်းစဉ်လိုက်ကြရင်းနဲ့

ဆပွါးလာတာပေါ့ဗျာ။

ရခိုင်ဘုန်းကြီးတိုင်း ဒီလိုပဲလို့ကျနော်မဆိုလို မစွပ်စွဲပါဘူး။

ကြည်ညိုလေးစားဘွယ်ရာရခိုင်ဘုန်းတော်ကြီးစစ်စစ်အချို့လည်းရှိပါတယ်။

ဒီလိုနဲ့ မြန်မာနိုင်ငံအနှံ့အပြား သာသနာ့အရေခြုံ

ဒုစရိုက်သားလူမိုက်များပွါးများလာကြောင်းပါခင်ဗျား။

Tags: ,

2 Responses to “သာသနာ့အရေခြုံ ဒုစရိုက်သားလူမိုက်များပွါးများလာကြောင်း”

  1. drkokogyi Says:

    Hundrick Kil အဲဒီ တရားခံပြေးတွေဘယ်ရောက်ကြပါသလဲ?

    အဓိက ရခိုင်ရိုးမကိုကျော်လိုက်ရင် ကျောက်ပန်းတောင်းကိုရောက်ပါတယ်။

    အဲဒီမှာ သင်္ကန်းစည်းလိုက်ပြီး ဘဝပြောင်းလိုက်ပါတယ်
    Myo Tint Than ကို Patrick Tan !
    ခင်ဗျားမှတ်မိမှာပါ ။
    ကျနော်ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝနေလာခဲ့တဲ့
    စစ်ကိုင်းဆောင်ကို။
    အဆောင်မှူးကဦးဆန်းတင့် ( Botany )။
    အဆောင်မှာလူဦးရေအများဆုံးက ရခိုင်ကျောင်းသား။
    ချင်း၊ရှမ်း၊ မြေပြန့်သား နဲ့ ကျနော်တို့ ဧရာဝတီသားတွေကလူနည်းစု။
    တက္ကသိုလ်လာတက်တဲ့ရခိုင်တွေထဲမှာတောင်
    သံတွဲနဲ့စစ်တွေကလွဲရင် ကျန်ရခိုင်တွေဘယ်လောက်ရိုင်းစိုင်းကြတယ်၊
    ဘယ်လောက်ထိမ်းသိမ်းရခက်တယ်၊ ဆိုတာ ခင်ဗျားလဲကြုံဖူးတာပဲ။
    ရေချိုးတဲ့ဂါလန် ၁၅၀၀ ဆန့်အုတ်ကန်ထဲမှာ ညကြီးမိုးချုပ် ကိုယ်လုံးတည်းနဲ့ရေဆင်းကူးတယ်။
    အခန်းထဲ အရက်ပုလင်းဝယ်ထဲ့ထားတယ်၊ စုပြီးအရက်သောက်တယ်။ညဖက်အော်ဆဲတယ်။
    အပေါ်ထပ်ကနေလှမ်းပြီးသတိပေးတဲ့ အဆောင်မှူးဦးဆန်းတင့်ကို အော်ဆဲပြီးစိန်ခေါ်တယ်။
    ဦးဆန်းတင့်ကတော် ( ဆရာမအမည်မေ့သွားပြီဗျာ) ကိုဝန်ကြီးနဲ့

    ဝရန်တာမှာ ပက်လက်ကုလားထိုင်ပေါ်အနားယူနေတုန်း ဗျောက်အိုးနဲ့ပြစ်တာ
    ဆရာမ ကံကောင်းလို့သွေးတက်မသေတယ်။
    မြန်မာစာဆရာဦးအောင်ဇော် ( ယခု ဒေါက်တာအောင်ဇော် ) ၁၉၈၄ မှာ
    စစ်ကိုင်းဆောင် Hall tutor လုပ်ဖူးသေးတာပဲ၊သူ့မေးရင်အကုန်မှတ်မိမှာပါဗျာ။
    Khin Maung ကျွန်တော်လည်းကြုံဖူးတယ်၊ ရမ်းဗြဲတို့မာန်အောင်တို့ဘက်ကနေ ဧရာဝတီတိုင်းဘက်ကို ရခိုင်ရိုးမကိုကျော်ပြီးဝင်လာကြတယ်။ အရင်ရောက်နေတဲ့ အထိုင်ကြနေပြီးသား ရခိုင်ဘုန်းတော်ကြီးကျောင်းတွေမှာနေကျတယ်။ လူငယ်တွေက ဘုန်းကြီးကျောင်းမှာနေပြီး ပန်းတိမ်၊ ဆံပင်ညှပ်၊လက်သမား၊ သင်ယူပြီးအခြေချနေကြတယ်။ အမူ့တွေပါတွေ ဖြစ်ရင်လည်း အနောက်ဖက် (ရခိုင်ဘက်)ကိုပြန်ပြေးသွားကြတာပဲ။ဟိုဘက် (အနောက်ဖက်) မှာအမူ့ဖြစ်ပြီးဝင်လာတဲ့သူတွေလည်း ပြည်မဘက်ဝင်လာရင် လမ်းစပျောက်သွားပုံရတယ်။ အခုသတိထားမိတာ တစ်ခုကတစ်ချို့ဘုန်းကြီးကျောင်းတွေမှာရခိုင်ဘက် (အနောက်ဖက်)က ကိုယ်တော်တွေ များတယ်ဗျ။

  2. drkokogyi Says:

    Khin Maung တစ်ချို့ရခိုင်တွေ မွတ်ဆလင်တွေအပေါ်မှာ အမုန်းတရားကြီးတာက ကျွန်တော်တို့လည်းတက္ကသိုလ်မှာကြုံဖူးတယ်။ ကျောက်ပန်းတောင်တို့၊ဘာတို့ဘက်က တက္ကသိုလ်ကျောင်းသားတွေ မွတ်ဆလင်မုန်းတီးမူ့အတော်ပြင်းထန်တယ်။တစ်ခါတုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ငြင်းကြခုံကြရင်းနဲ့..ကျောက်ပန်းတောင်သားက မနိုင်တဲ့အခါကြတော့..ဘာပြောသလဲဆိုတော့…မင်းတို့ကုလားတွေ ငါတို့ကျောက်ပန်းတောင်မှာဆို ခေါင်းပြတ်သွားပြီတဲ့။ ကျွန်တော်လည်း အဲ့ဒီကျတော့မှ ကျောက်ပန်းတောင်ဘက်က အခြေအနေကိုသိသွားတယ်။ လွန်ခဲ့တဲ့၁၀နှစ်ကျော်ကကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးပါ။ အခုတော့တစ်နိုင်ငံလုံးများမွတ်ဆလင်မုန်းတီးရေးတရားများပြန့်နှံနေပြီလို့ခံစားရတယ်ဗျာ။

Leave a Reply to drkokogyi Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: