ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာ ထက် သစ္စာရှိရန် သွေးမစွန်းရန် သာ အရေးကြီး ဟု မင်းကိုနိုင်ပြောကြား
ဦးရာရှစ် ရာပြည့်အခမ်းအနားသို့ တက်ရောက်လာသူ ၈၈ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က အမျိုးသား ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာထက် သစ္စာ ရှိရန် သာအရေးကြီး သည်ဟု ပြောကြား ခဲ့သည်။ “ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် အမျိုးသားခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ ဘယ်လို လက်မျိုး လဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားလို့ပါ။ အဲဒီလက်ဟာ လူမျိုးဘာသာမခွဲခြားဘူးဆိုတာကို ပထမ ဆုံး ဗ.က.သ ဥက္ကဋ္ဌအဖြစ် အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ကျွန်တော်တို့အားလုံး သဘော ထားကြီး စွာ နဲ့ ရက်ရက်ရော ရောကြီး ပေးခဲ့တယ်ဆိုတာကို အသိအမှတ်ပြုစေချင်ပါတယ်။ အဲဒီတော့ ကျွန်တော် တို့ တိုက်ပွဲ ၀င် ခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ လူမျိုးဘာသာ အရေးမကြီးပါဘူး။ ကျွန်တော် တို့အမျိုးသား တစ်ရပ် လုံး အပေါ်မှာ သစ္စာရှိဖို့ရယ်၊ နောက်တစ်ချက်က သွေးစွန်းနေတဲ့ လက်မျိုး မဖြစ်ဖို့ သန့်စင်ဖို့ပဲ လိုပါတယ်။” ဟု နိုင်ငံရေး တွင် လူမျိုးဘာသာ ခွဲခြားခြင်းမရှိ ရေးနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
မည်သည့်ဘာသာဝင်ဖြစ်ပါစေ ၊ အရည်အချင်းသာ ရှိပါက ထိုက်တန်သော နေရာ ရရှိမည်ဟု လည်း ၄င်းက ထပ်လောင်းပြောကြားခဲ့ သည်။ “ကျွန်တော်နားလည်ပါတယ်။ အဲဒီခေတ် ကတည်း က ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ဘိုင်ကြီးခေါ်ပြီးတော့ သူ့ကို တရင်းတနှီးဆက်ဆံခဲ့တယ်။ ထိုက်သင့် သလို နေရာ တာဝန်တွေပေး ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒါကြောင့် ကျွန်တော် တို့ အရည်အချင်းပဲ အရေးကြီး ပါတယ်။ ဘယ်ဘာသာဝင် ဘယ်လူမျိုးမဆို အားငယ်စရာ မလိုပါဘူး။ ကိုယ့်အရည်အချင်းတကယ်ရှိပြီဆိုရင် ထိုက်ထိုက်တန် တန်ပေးထား တာဖြစ် တယ်။” ဟု မင်းကိုနိုင်က ပြောပါသည်။
တ.က.သ/ဗ.ကသ ဥက္ကဋ္ဌ ဦးရာရှစ် (၁၉၁၂-၂၀၁၂)၏ ရာပြည့်အခမ်းအနားတစ်ရပ်ကို နိုဝင်ဘာလ ၅-ရက်၊ ရန်ကုန်မြို့ ဗဟန်းရှိ တော်ဝင်နှင်းဆီခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။ ယင်းအခမ်းအနားသို့ ဦးရာရှစ် ရာပြည့်အခမ်းအနားသို့ ဘာသာကြီးလေးခုမှ ဘာသာရေးခေါင်းဆောင်များ၊ ဗ.က.သ၊ တ.က.သ များ၊ နိုင်ငံရေး ပါတီ အဖွဲ့များ ၊ နိုင်ငံေ ရးခေါင်းဆောင် များ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် ဦးရာရှစ်ကို လေးစားမြတ်နိုးသူ ၇၀၀-ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။
Tags: Asia Society, Burma, Min Ko Naing, Myanmar, New York, Politics, Thein Sein, United States
Leave a Reply